Mahrez

စေန ေန႔မွာ ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ မန္စီးတီးအသင္းက အဲဗာတန္ အသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ ဂြတ္ဒီဆင္ပါ့တ္မွာ ကစားခဲ႔တဲ႕ ဒီပြဲမွာ အဲဗာတန္ အသင္းရဲ႕ တုန္႔ျပန္ပံုအခ်ိဳ႔ေျကာင့္ လက္ရွိခ်န္ပီယံ တို႔ အေတာ္ေလးအခက္ေတြ႔ခဲ႔ရေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ေဂ်းဆုက ဦးေဆာင္ဂိုးသြင္းယူေပးႏိုင္ခဲ႔ေပမယ့္ မျကာခင္မွာပဲ ကဲလ္ဗက္လီဝင္က ျပန္ျပီးေခ်ပခဲ႔တာျဖစ္ပါတယ္။ဒါ့အျပင္ေနာက္ထပ္ဖိအားေပးမွဳ အခ်ိဳ႔ကို အီဒါဆန္ ကာကြယ္ႏိုင္ခဲ႔လို႕သာ မန္စီးတီးတို႔သက္သာရာရခဲ႔တာျဖစ္ပါတယ္။

အဲဗာတန္ခံစစ္ကို ေက်ာ္ျဖတ္ရခက္ေနတဲ႔ မန္စီးတီးအသင္းအတြက္ႏိုင္ပြဲကို ဦးတည္ေစခဲ႔တာကေတာ့ ပြဲခ်ိန္ ၇၁ မိနစ္မွာရခဲ႕တဲ႔ မာရက္ဇ္ရဲ႕ ဖရီးကစ္သြင္းဂိုးျဖစ္ပါတယ္။အႏိုင္ေသခ်ာေစမယ့္ ဂိုးကိုေတာ့ပြဲျပီး ခါနီးမွာ စတာလင္က သြင္းယူေပးခဲ႔ပါတယ္။

မာရက္ဇ္ ဟာ လက္စတာအသင္းကေန ေပါင္သန္း ၆၀ နဲ႔ေျပာင္းေရႊ႕လာခဲ့တဲ႔ ကစားသမားတဦးျဖစ္ေပမယ့္ ျပီးခဲ႔တဲ႔ ရာသီမန္စီးတီးအသင္းမွာ ပံုမွန္ေနရာရဖို႔ေတာင္ရုန္းကန္ခဲ႔ရတာျဖစ္ပါတယ္။ဒါေပမယ့္ အခုရာသီအစမွာဆာေနး ဒဏ္ရာ ရသြားအျပီးမွာ မာရက္ဇ္က ပံုမွန္ ကစားခြင့္ရသူျဖစ္ေနခဲ႔တာျဖစ္ပါတယ္။

ေျခစြမ္းေကာင္းျပသေနခဲ႔တာေျကာင့္လည္း ယမန္ႏွစ္ရဲ႕ အေကာင္းဆံုးကစားစမားတဦးျဖစ္တဲ႔ ဘာနာဒိုေဆးဗားလ္ကိုေတာင္ အရံခံုမွာ ထိုင္ေနရေစတာျဖစ္ပါတယ္။မာရက္ဇ္တေယာက္ဒီလိုေျခစြမ္းနဲ႔ ယံုျကည္မွဳရခဲ႕တာဟာအယ္ဂ်ီးရီးယားအသင္းနဲ႔အတူရခဲ႔တဲ႔ အာဖရိကႏိုင္ငံမ်ားဖလားေအာင္ျမင္မွဳေျကာင့္ျဖစ္တယ္လို႔ ဂြာဒီယိုလာက ဆိုပါတယ္။

အင္တာဗ်ဴးတခုမွာ ဂြာဒီယိုလာက –
” မာရက္ဇ္ဟာ ပြဲခ်ိန္အမ်ားျကီးမရေပမယ့္ေကာင္းေကာင္းကစားႏိုင္ခဲ႔တယ္ဆိုတာကိုျပီးခဲ႔တဲ႔ရာသီတုန္းက က်ြန္ေတာ္အျကိမ္ျကိမ္ေျပာထားဖူးပါတယ္။အဲ႔ဒီတုန္းက ဘာနာဒို ေဆးဗားလ္က အံ့မခန္းေျခစြမ္းမ်ိဳးျပသေနခဲ႔တာျဖစ္ပါတယ္။

အာဖရိက ႏိုင္ငံမ်ားဖလားျပိဳင္ပြဲဟာ မာရက္ဇ္ကို သူဘယ္ေလာက္အထိေကာင္းတဲ႔ ကစားသမားတဦးျဖစ္ႏိုင္တယ္ဆိုတဲ႔ ယံုျကည္မွဳနဲ႔ အသိျဖစ္သြားေစခဲ႔ပါတယ္။သူ႔ရဲ႕ အယ္ဂ်ီးရီးယားႏိုင္ငံအတြက္ ကူညီျပီး ဆုဖလားရယူေပးႏိုင္ခဲ႔တာဟာသူကိုယ္တိုင္အတြက္ လည္းတကယ္ကို အေရးပါ ခဲ႔တာျဖစ္ပါတယ္။

ဒါေျကာင့္လည္း ရာသီျကို ကာလေတြ အတြင္းမွာကတည္းက သူဟာ အံံ႔မခန္း စိတ္ပိုင္းျဖတ္မွဳ မ်ိဳး နဲ႔ေရာက္လာခဲ႔တာျဖစ္ျပီး အေကာင္းျမင္စိတ္ဓာတ္ေတြေျကာင့္ ဒီလို ေျခစြမ္းမ်ိဳးနဲ႔ ကစားႏိုင္ေနခဲ႔တာ ျဖစ္ပါတယ္” လို႔ေျပာသြားခဲ႕ပါတယ္။

မာရက္ဇ္ဟာ ၂၀၁၅-၁၆ရာသီပရီးမီးယားလိဂ္ခ်န္ပီယံ လက္စတာအသင္းရဲ႕အဓိက ကစားသမားတဦးျဖစ္ျပီး ထိုရာသီရဲ႕ အေကာင္းဆံုးကစားသမားဆုကိုဆြတ္ခူးထားခဲ႔ဖူးသူျဖစ္ပါတယ္။ညာေတာင္ပံတိုက္စစ္မွာ ဒီဘရိုင္း နဲ႔အေကာင္းဆံုးအတြဲညီေနတဲ႔ မာရက္ဇ္ အေပၚ ဂြာဒီယိုလာကဆက္လက္ျပီး –

” အဲ႔ဒီေနရာမွာသူဟာ ေဘာလံုးကိုရယူႏိုင္ခဲ႔ရင္ ၁၈ကိုက္စည္းနဲ႔အနီးဆံုးကို ဆြဲယူေပးသြားဖို႕ သူ႔မွာခံစားခ်က္ရွိပါတယ္။ျပိဳင္ဘက္ဂိုးနားကိုကပ္လာရင္ေတာ့တခုခုျဖစ္လာေတာ့မွာျဖစ္ပါတယ္။ပရိသတ္ေတြလည္းဒါကိုခံစားရပါလိမ့္မယ္။

ဒီ တရာသီလံုးမွာ သူ႔ရဲ႔ေျခစြမ္းကေျပာင္ေျမာက္ေကာင္းမြန္ေနတာျဖစ္ပါတယ္။ဂိုးေတြသြင္းေပးေနသလို စတာလင္ကိုဖန္တီးေပးတဲ႔ စြမ္းေဆာင္မွဳေတြကလည္းအံ့မခန္းပါပဲ။ခံစစ္ပိုင္းစြမ္းေဆာင္ရည္ မွာလည္းတာဝန္ေက်ပြန္သူျဖစ္ပါတယ္။

သူဟာတခ်ိန္တုန္းက ဒီျပိဳင္ပြဲရဲ႕အေကာင္းဆံုးကစားသမားျဖစ္ခဲ႔ျပီး ၊ၿခြင္းခ်က္မဲ႔ အေကာင္းဆံုး ကစားသမားျဖစ္ပါတယ္။သူဟာအ့ံမခန္းေျခစြမ္းအဆင့္အတန္းမ်ိဳးနဲ႔ ကစားေနတာျဖစ္ လို႕လည္းက်ြန္ေတာ္ သူ႔အတြက္ ေက်နပ္ေပ်ာ္ရႊင္မိပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

မာရက်ဇ်ပိုကောင်းလာခဲ့တဲ့ အကြောင်းရင်းက ဘာလဲဆိုတာပြောပြလိုက်တဲ့ #ဂွာဒီယိုလာ
==================================

စနေ နေ့မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ မန်စီးတီးအသင်းက အဲဗာတန် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဂွတ်ဒီဆင်ပါ့တ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အဲဗာတန် အသင်းရဲ့ တုန့်ပြန်ပုံအချို့ကြောင့် လက်ရှိချန်ပီယံ တို့ အတော်လေးအခက်တွေ့ခဲ့ရသေးတာဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ဂျေးဆုက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် မကြာခင်မှာပဲ ကဲလ်ဗက်လီဝင်က ပြန်ပြီးချေပခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်နောက်ထပ်ဖိအားပေးမှု အချို့ကို အီဒါဆန် ကာကွယ်နိုင်ခဲ့လို့သာ မန်စီးတီးတို့သက်သာရာရခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ခံစစ်ကို ကျော်ဖြတ်ရခက်နေတဲ့ မန်စီးတီးအသင်းအတွက်နိုင်ပွဲကို ဦးတည်စေခဲ့တာကတော့ ပွဲချိန် ရ၁ မိနစ်မှာရခဲ့တဲ့ မာရက်ဇ်ရဲ့ ဖရီးကစ်သွင်းဂိုးဖြစ်ပါတယ်။အနိုင်သေချာစေမယ့် ဂိုးကိုတော့ပွဲပြီး ခါနီးမှာ စတာလင်က သွင်းယူပေးခဲ့ပါတယ်။

မာရက်ဇ် ဟာ လက်စတာအသင်းကနေ ပေါင်သန်း ၆၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားတဦးဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီမန်စီးတီးအသင်းမှာ ပုံမှန်နေရာရဖို့တောင်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် အခုရာသီအစမှာဆာနေး ဒဏ်ရာ ရသွားအပြီးမှာ မာရက်ဇ်က ပုံမှန် ကစားခွင့်ရသူဖြစ်နေခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းကောင်းပြသနေခဲ့တာကြောင့်လည်း ယမန်နှစ်ရဲ့ အကောင်းဆုံးကစားစမားတဦးဖြစ်တဲ့ ဘာနာဒိုဆေးဗားလ်ကိုတောင် အရံခုံမှာ ထိုင်နေရစေတာဖြစ်ပါတယ်။မာရက်ဇ်တယောက်ဒီလိုခြေစွမ်းနဲ့ ယုံကြည်မှုရခဲ့တာဟာအယ်ဂျီးရီးယားအသင်းနဲ့အတူရခဲ့တဲ့ အာဖရိကနိုင်ငံများဖလားအောင်မြင်မှုကြောင့်ဖြစ်တယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။

အင်တာဗျူးတခုမှာ ဂွာဒီယိုလာက –
” မာရက်ဇ်ဟာ ပွဲချိန်အများကြီးမရပေမယ့်ကောင်းကောင်းကစားနိုင်ခဲ့တယ်ဆိုတာကိုပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်အကြိမ်ကြိမ်ပြောထားဖူးပါတယ်။အဲ့ဒီတုန်းက ဘာနာဒို ဆေးဗားလ်က အံ့မခန်းခြေစွမ်းမျိုးပြသနေခဲ့တာဖြစ်ပါတယ်။

အာဖရိက နိုင်ငံများဖလားပြိုင်ပွဲဟာ မာရက်ဇ်ကို သူဘယ်လောက်အထိကောင်းတဲ့ ကစားသမားတဦးဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အသိဖြစ်သွားစေခဲ့ပါတယ်။သူ့ရဲ့ အယ်ဂျီးရီးယားနိုင်ငံအတွက် ကူညီပြီး ဆုဖလားရယူပေးနိုင်ခဲ့တာဟာသူကိုယ်တိုင်အတွက် လည်းတကယ်ကို အရေးပါ ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ရာသီကြို ကာလတွေ အတွင်းမှာကတည်းက သူဟာ အံံ့မခန်း စိတ်ပိုင်းဖြတ်မှု မျိုး နဲ့ရောက်လာခဲ့တာဖြစ်ပြီး အကောင်းမြင်စိတ်ဓာတ်တွေကြောင့် ဒီလို ခြေစွမ်းမျိုးနဲ့ ကစားနိုင်နေခဲ့တာ ဖြစ်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။

မာရက်ဇ်ဟာ ၂၀၁၅-၁၆ရာသီပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းရဲ့အဓိက ကစားသမားတဦးဖြစ်ပြီး ထိုရာသီရဲ့ အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးထားခဲ့ဖူးသူဖြစ်ပါတယ်။ညာတောင်ပံတိုက်စစ်မှာ ဒီဘရိုင်း နဲ့အကောင်းဆုံးအတွဲညီနေတဲ့ မာရက်ဇ် အပေါ် ဂွာဒီယိုလာကဆက်လက်ပြီး –

” အဲ့ဒီနေရာမှာသူဟာ ဘောလုံးကိုရယူနိုင်ခဲ့ရင် ၁၈ကိုက်စည်းနဲ့အနီးဆုံးကို ဆွဲယူပေးသွားဖို့ သူ့မှာခံစားချက်ရှိပါတယ်။ပြိုင်ဘက်ဂိုးနားကိုကပ်လာရင်တော့တခုခုဖြစ်လာတော့မှာဖြစ်ပါတယ်။ပရိသတ်တွေလည်းဒါကိုခံစားရပါလိမ့်မယ်။

ဒီ တရာသီလုံးမှာ သူ့ရဲ့ခြေစွမ်းကပြောင်မြောက်ကောင်းမွန်နေတာဖြစ်ပါတယ်။ဂိုးတွေသွင်းပေးနေသလို စတာလင်ကိုဖန်တီးပေးတဲ့ စွမ်းဆောင်မှုတွေကလည်းအံ့မခန်းပါပဲ။ခံစစ်ပိုင်းစွမ်းဆောင်ရည် မှာလည်းတာဝန်ကျေပွန်သူဖြစ်ပါတယ်။

သူဟာတချိန်တုန်းက ဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ၊ခြွင်းချက်မဲ့ အကောင်းဆုံး ကစားသမားဖြစ်ပါတယ်။သူဟာအ့ံမခန်းခြေစွမ်းအဆင့်အတန်းမျိုးနဲ့ ကစားနေတာဖြစ် လို့လည်းကျွန်တော် သူ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR