ဗာဂ်ယ္ဗန္ဒုိက္က ခ်န္ပီယံလိဂ္ ဖိုင္နယ္ ေနရာ တစ္ေနရာစာ အတြက္ ဘာစီလိုနာ အသင္းနဲ႕ တုိက္ပြဲ ဆင္ႏႊဲ ရတဲ့ အခါမွာ လီဗာပူး အသင္း အေနနဲ႕ လီယြန္နယ္မက္ဆီ ကုိ စုဖြဲ႕မွဳ ေကာင္းေကာင္းနဲ႕ အတူတကြ လက္တြဲညီညီ ကာကြယ္ သြားရမယ္လို႕ ထုတ္ေဖာ္ သြားခဲ့ပါတယ္။

လီဗာပူး အသင္းဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႕က ကစား ခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယ အေက်ာ့မွာ ေပၚတုိ အသင္းကို ေပၚတူဂီ ေျမမွာ ဆာဒီယုိ မာေနး ၊ မုိဟာမက္ ဆာလား ၊ ေရာ္ဘတ္တုိ ဖာမီႏို ၊ ဗန္ဒုိက္ တုိ႕ရဲ႕ သြင္းဂိုး ေတြနဲ႕ အတူ ၄ – ၁ နဲ႕ အႏိုင္ယူကာ ႏွစ္ေက်ာ့ေပါင္း ၆ – ၁ ဆုိတဲ့ ရလဒ္နဲ႕ ဆီမီးဖိုင္နယ္ကို တက္ေရာက္ ႏုိင္ခဲ့ပါတယ္။

လီဗာပူး အသင္းဟာ လာမည့္လ အစပိုင္းမွာေတာ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ အျဖစ္ ဘာစီလိုနာ အသင္းနဲ႕ ရင္ဆုိင္ သြားရမွာ ျဖစ္ျပီး ကေလာ့ ရဲ႕ အသင္းသားေတြဟာ လက္ရွိ ကစားသမားဘ၀ရဲ႕ အေကာင္းဆံုး ပံုစံကုိ ရေနတယ္လို႕ ဆုိႏုိင္တဲ့ မက္ဆီ နဲ႕ ရင္ဆုိင္ ရေတာ့ မွာပါ။

မက္ဆီ ဟာ ဆုိရင္ ျပီးခဲ့တဲ့ ၾကားရက္က မန္ယူႏုိက္တက္ ကို ၃ – ၀ နဲ႕ ႏူးကမ့္ မွာ အႏုိင္ယူ ခဲ့တဲ့ ပြဲစဥ္္မွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို ျပသ ခဲ့ျပီး ၂ ဂိုး သြင္းယူ ေပးခဲ့ကာ ဘာကာကို ႏွစ္ေက်ာ့ေပါင္း ရလဒ္ ၄ – ၀ နဲ႕ ေနာက္တဆင့္ ကို ပို႕ေဆာင္ ေပးခဲ့ ပါတယ္။

လာမည့့္ ဆီမီးဖိုင္နယ္ မွာ မက္ဆီ ကို ဘယ္လုိ ရပ္တန္႕ သြားမလဲလို႕ ေမးျမန္းမွဳ ကို ဗန္ဒုိက္က ‘ကၽြန္ေတာ္ မသိပါဘူး။ ကၽြန္ေတာ္တုိ႕ ေစာင့္ၾကည့္ သြားရတာေပါ့။ ဒါဟာ အားလံုး အတြက္ အရမ္းကို ေကာင္းတဲ့ ဆီမီးဖိုင္နယ္ ပြဲစဥ္ ျဖစ္လာမွာပါ။ ကၽြန္ေတာ္တုိ႕ အခု ဆုိရင္ ဆီမီးဖိုင္နယ္ကို ေနာက္တစ္ၾကိမ္ ထပ္ေရာက္ ႏိုင္ခဲ့တဲ့ အတြက္ အရမ္းကို ေပ်ာ္ရႊင္ ေနၾက ပါတယ္။ ဒါဟာ ကၽြန္ေတာ္ ေျပာႏုိင္တဲ့ တစ္ခုတည္းေသာ အရာ ပါပဲ။

မက္ဆီကုိ ရပ္တန္႕ဖို႕ ဆုိတာ အားလံုး အတူတကြ လက္တြဲညီညီ လုပ္သြား ရမယ့္ အရာပါ။ ဘယ္ေတာ့မွ တစ္ဦးခ်င္း ရင္ဆုိင္ ေတြ႕ရတဲ့ အေျခအေန ျဖစ္လုိ႕ မရပါဘူး။ ဒီလိုမ်ိဳး ထိပ္တန္း တုိက္စစ္မွဳး တစ္ဦးနဲ႕ ရင္ဆုိင္ ရတဲ့ အခါ ကၽြန္ေတာ္ တစ္ဦးတည္း ဘယ္ေတာ့မွ ျဖစ္ေနလို႕ မရပါဘူး။

အျမဲတမ္း အားလံုး နဲ႕ ရင္ဆုိင္ ရတဲ့ အေျခအေန ျဖစ္ေန ရမွာပါ။ ကၽြန္ေတာ္ ကေတာ့ ဒါဟာ ကၽြန္ေတာ္တုိ႕ ေကာင္းမြန္တဲ့ ခံစစ္ စြမ္းရည္ကို ျပသ ႏုိင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းလို႕ ထင္ပါတယ္။ ျပီးေတာ့ မက္ဆီ နဲ႕ ရင္ဆုိင္ ရမယ့္ ကိစၥဟာ အရမ္းကို ခက္ခဲတဲ့ အရာ ျဖစ္လာ မွာပါ။ ကၽြန္ေတာ္ ကေတာ့ သူဟာ ကမာၻ႕ အေကာင္းဆံုး ကစားသမားလို႕ ထင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ ၾကည့္သြား ရတာေပါ့။

နည္းျပ ယာဂန္ကေလာ့ ကလည္း ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ မွာ လီယြန္နယ္ မက္ဆီ ကို ရပ္တန္႕ဖို႕ အတြက္ နည္းလမ္း ရွာေဖြ သြားရမယ့္ အေရးကို စိတ္လွဳပ္ရွား ေနပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္ မွာ ၁၀ ဂိုး သြင္းကာ သြင္းဂိုး အမ်ားဆံုး ကစားသမား ျဖစ္တဲ့ မက္ဆီ ဟာ လာလီဂါ မွာ ဆုိရင္လည္း သြင္းဂိုး ၃၃ ဂိုးထိ သြင္းယူ ထားခဲ့ျပီး ကေလာ့ ကေတာ့ အာဂ်င္တီးနား ၾကယ္ပြင့္ ကို ထိန္းခ်ဳပ္ ႏုိင္ဖို႕ဟာ အရမ္းကို ခက္ခဲမွာ ျဖစ္တယ္လို႕ ၀န္ခံ သြားပါတယ္။

မက္ဆီ နဲ႕ ရင္ဆုိင္ သြားရမယ့္ စိန္ေခၚမွဳ အေပၚ ေမးျမန္းရာမွာ ကေလာ့ က “ဘုရားသခင္ကုိ ေက်းဇူး တင္ပါတယ္။ ဒီအေၾကာင္းကို ကၽြန္ေတာ္ ဒီည မွာ စဥ္းစားစရာ မလိုေသး လို႕ပါ။ ( ရယ္လ်က္ ) ျပီးေတာ့ မက္ဆီ ကို ဘယ္လို တားဆီး သြားရမလဲ ဆုိတာကို စဥ္းစားဖို႕ အတြက္ ရက္အနည္းငယ္ ရေန ေသးတဲ့ အတြက္လည္း ဘုရားသခင္ ကို ေက်းဇူး တင္ပါတယ္။ ဘာလို႕လဲ ဆုိေတာ့ အားလံုးဟာ မက္ဆီကုိ ရပ္တန္႕ဖို႕ အတြက္ ၾကိဳးစား ခဲ့ၾက ေပမယ့္လည္း ဘယ္သူမွ မလုပ္ႏုိင္ ေသးလို႕ ျဖစ္ပါတယ္။

ကၽြန္ေတာ္တုိ႕လည္း ၾကိဳးစားေနတုန္းပါ။ ဒီ့အတြက္ ကၽြန္ေတာ္တို႕ ရင္ခုန္ ေနၾက ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာ နဲ႕ မေတြ႕မီ ကၽြန္ေတာ္တုိ႕ လုပ္စရာ အလုပ္ေတြ အမ်ားၾကီး ရွိပါတယ္။ ဒါ့ေၾကာင့္ ဒီပြဲေတြကို အရင္ ကစား ရတာေပါ့။ ျပီးရင္ေတာ့ ဘာကာ နဲ႕ ပြဲအတြက္ ျပင္ဆင္ကာ ဘာျဖစ္လာမလဲ ၾကည့္ရ တာေပါ့။

ကၽြန္ေတာ့္ နည္းျပ ဘ၀ မွာ ဘာစီလိုနာ နဲ႕ မရင္ဆုိင္ ဖူးခဲ့ပါဘူး။ ျပိဳင္ပြဲ အသြင္ပြဲကို ေျပာတာပါ။ ဒ့ါေၾကာင့္ ဒါဟာ ကၽြန္ေတာ့္ရဲ႕ ပထမဦးဆံုး အၾကိမ္ ျဖစ္လာမွာပါ။ ကၽြန္ေတာ္ ဒီပြဲစဥ္ေတြကို ရင္ခုန္ ေနပါတယ္။” လို႕ ဆုိသြား ပါတယ္။

Unicode

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မက်ဆီကို လီဗာပူး တို့ ဘယ်လို ရပ်တန့်ဖို့ စီစဉ်ထားသလဲ ဆိုတာ ပြောပြလိုက်တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်က ချန်ပီယံလိဂ် ဖိုင်နယ် နေရာ တစ်နေရာစာ အတွက် ဘာစီလိုနာ အသင်းနဲ့ တိုက်ပွဲ ဆင်နွှဲ ရတဲ့ အခါမှာ လီဗာပူး အသင်း အနေနဲ့ လီယွန်နယ်မက်ဆီ ကို စုဖွဲ့မှု ကောင်းကောင်းနဲ့ အတူတကွ လက်တွဲညီညီ ကာကွယ် သွားရမယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့မှာ ပေါ်တို အသင်းကို ပေါ်တူဂီ မြေမှာ ဆာဒီယို မာနေး ၊ မိုဟာမက် ဆာလား ၊ ရော်ဘတ်တို ဖာမီနို ၊ ဗန်ဒိုက် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၄ – ၁ နဲ့ အနိုင်ယူကာ နှစ်ကျော့ပေါင်း ၆ – ၁ ဆိုတဲ့ ရလဒ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ လာမည့်လ အစပိုင်းမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဖြစ် ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင် သွားရမှာ ဖြစ်ပြီး ကလော့ ရဲ့ အသင်းသားတွေဟာ လက်ရှိ ကစားသမားဘဝရဲ့ အကောင်းဆုံး ပုံစံကို ရနေတယ်လို့ ဆိုနိုင်တဲ့ မက်ဆီ နဲ့ ရင်ဆိုင် ရတော့ မှာပါ။

မက်ဆီ ဟာ ဆိုရင် ပြီးခဲ့တဲ့ ကြားရက်က မန်ယူနိုက်တက် ကို ၃ – ၀ နဲ့ နူးကမ့် မှာ အနိုင်ယူ ခဲ့တဲ့ ပွဲစဉ််မှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသ ခဲ့ပြီး ၂ ဂိုး သွင်းယူ ပေးခဲ့ကာ ဘာကာကို နှစ်ကျော့ပေါင်း ရလဒ် ၄ – ၀ နဲ့ နောက်တဆင့် ကို ပို့ဆောင် ပေးခဲ့ ပါတယ်။

လာမည့့် ဆီမီးဖိုင်နယ် မှာ မက်ဆီ ကို ဘယ်လို ရပ်တန့် သွားမလဲလို့ မေးမြန်းမှု ကို ဗန်ဒိုက်က ‘ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ စောင့်ကြည့် သွားရတာပေါ့။ ဒါဟာ အားလုံး အတွက် အရမ်းကို ကောင်းတဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် ဖြစ်လာမှာပါ။ ကျွန်တော်တို့ အခု ဆိုရင် ဆီမီးဖိုင်နယ်ကို နောက်တစ်ကြိမ် ထပ်ရောက် နိုင်ခဲ့တဲ့ အတွက် အရမ်းကို ပျော်ရွှင် နေကြ ပါတယ်။ ဒါဟာ ကျွန်တော် ပြောနိုင်တဲ့ တစ်ခုတည်းသော အရာ ပါပဲ။

မက်ဆီကို ရပ်တန့်ဖို့ ဆိုတာ အားလုံး အတူတကွ လက်တွဲညီညီ လုပ်သွား ရမယ့် အရာပါ။ ဘယ်တော့မှ တစ်ဦးချင်း ရင်ဆိုင် တွေ့ရတဲ့ အခြေအနေ ဖြစ်လို့ မရပါဘူး။ ဒီလိုမျိုး ထိပ်တန်း တိုက်စစ်မှုး တစ်ဦးနဲ့ ရင်ဆိုင် ရတဲ့ အခါ ကျွန်တော် တစ်ဦးတည်း ဘယ်တော့မှ ဖြစ်နေလို့ မရပါဘူး။

အမြဲတမ်း အားလုံး နဲ့ ရင်ဆိုင် ရတဲ့ အခြေအနေ ဖြစ်နေ ရမှာပါ။ ကျွန်တော် ကတော့ ဒါဟာ ကျွန်တော်တို့ ကောင်းမွန်တဲ့ ခံစစ် စွမ်းရည်ကို ပြသ နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလို့ ထင်ပါတယ်။ ပြီးတော့ မက်ဆီ နဲ့ ရင်ဆိုင် ရမယ့် ကိစ္စဟာ အရမ်းကို ခက်ခဲတဲ့ အရာ ဖြစ်လာ မှာပါ။ ကျွန်တော် ကတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြည့်သွား ရတာပေါ့။

နည်းပြ ယာဂန်ကလော့ ကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာ လီယွန်နယ် မက်ဆီ ကို ရပ်တန့်ဖို့ အတွက် နည်းလမ်း ရှာဖွေ သွားရမယ့် အရေးကို စိတ်လှုပ်ရှား နေပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် မှာ ၁၀ ဂိုး သွင်းကာ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်တဲ့ မက်ဆီ ဟာ လာလီဂါ မှာ ဆိုရင်လည်း သွင်းဂိုး ၃၃ ဂိုးထိ သွင်းယူ ထားခဲ့ပြီး ကလော့ ကတော့ အာဂျင်တီးနား ကြယ်ပွင့် ကို ထိန်းချုပ် နိုင်ဖို့ဟာ အရမ်းကို ခက်ခဲမှာ ဖြစ်တယ်လို့ ၀န်ခံ သွားပါတယ်။

မက်ဆီ နဲ့ ရင်ဆိုင် သွားရမယ့် စိန်ခေါ်မှု အပေါ် မေးမြန်းရာမှာ ကလော့ က “ဘုရားသခင်ကို ကျေးဇူး တင်ပါတယ်။ ဒီအကြောင်းကို ကျွန်တော် ဒီည မှာ စဉ်းစားစရာ မလိုသေး လို့ပါ။ ( ရယ်လျက် ) ပြီးတော့ မက်ဆီ ကို ဘယ်လို တားဆီး သွားရမလဲ ဆိုတာကို စဉ်းစားဖို့ အတွက် ရက်အနည်းငယ် ရနေ သေးတဲ့ အတွက်လည်း ဘုရားသခင် ကို ကျေးဇူး တင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အားလုံးဟာ မက်ဆီကို ရပ်တန့်ဖို့ အတွက် ကြိုးစား ခဲ့ကြ ပေမယ့်လည်း ဘယ်သူမှ မလုပ်နိုင် သေးလို့ ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း ကြိုးစားနေတုန်းပါ။ ဒီ့အတွက် ကျွန်တော်တို့ ရင်ခုန် နေကြ ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ နဲ့ မတွေ့မီ ကျွန်တော်တို့ လုပ်စရာ အလုပ်တွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် ဒီပွဲတွေကို အရင် ကစား ရတာပေါ့။ ပြီးရင်တော့ ဘာကာ နဲ့ ပွဲအတွက် ပြင်ဆင်ကာ ဘာဖြစ်လာမလဲ ကြည့်ရ တာပေါ့။

ကျွန်တော့် နည်းပြ ဘဝ မှာ ဘာစီလိုနာ နဲ့ မရင်ဆိုင် ဖူးခဲ့ပါဘူး။ ပြိုင်ပွဲ အသွင်ပွဲကို ပြောတာပါ။ ဒ့ါကြောင့် ဒါဟာ ကျွန်တော့်ရဲ့ ပထမဦးဆုံး အကြိမ် ဖြစ်လာမှာပါ။ ကျွန်တော် ဒီပွဲစဉ်တွေကို ရင်ခုန် နေပါတယ်။” လို့ ဆိုသွား ပါတယ်။