frim pong

ဂန္းနား ကြင္းလယ္လူေဟာင္း ဖရင္ေပါင္က အာဆင္နယ္ အသင္း ၾကဳံေတြ႕ ေနရတဲ့ ျပႆနာ တစ္ရပ္ ဟာ အဓိက ကစားသမားေတြကို အျမဲတမ္းလိုလို ၿပိဳင္ဘက္ အသင္းေတြထံကို လက္လႊတ္ ဆုံးရွုံး ရျခင္း ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္ ။

ဂါနာ ကြင္းလယ္လူေဟာင္း ဖရင္ေပါင္ က တိုက္စစ္မွူး ဗန္ပါစီ အေကာင္းဆုံး ပုံစံ ရေနတဲ့ အခ်ိန္မွာ ၿပိဳင္ဘက္ မန္ယူနိုက္တက္ အသင္းကို ေျပာင္းေရႊ႕ သြားတာဟာ အာဆင္နယ္ အသင္းအေပၚ ထိခိုက္ နစ္နာမွု မ်ားျပားေစခဲ့ေၾကာင္း ဆိုပါတယ္ ။

အာဆင္နယ္ အသင္း နဲ႔ နယ္သာလန္ လက္ေရြးစင္ အသင္း တိုက္စစ္မွူးေဟာင္း ဗန္ပါစီ ဟာ ကစားသမား ဘဝ ကေန အနားယူသြားခဲ့ၿပီ ျဖစ္ၿပီး ေဘာလုံးပြဲ ေဝဖန္ သုံးသပ္သူ အျဖစ္ စတင္ လုပ္ကိုင္ေနၿပီလည္း ျဖစ္ပါတယ္ ။

ဗန္ပါစီ ဟာ ၂၀၀၄ ခုႏွစ္တုန္းက ဖီယင္ႏု အသင္းကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ သြားၿပီး ပထမဆုံး ရာသီ မွာတင္ အက္ဖ္ေအ ဖလား ရယူ နိုင္ခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းမွာ ေျခစြမ္းၿပ ဂိုးေတြ သြင္းယူ နိုင္ခဲ့ၿပီး ေနာက္ ယူနိုက္တက္ အသင္းကို ထပ္မံ ေျပာင္းေရႊ႕ သြားခဲ့ၿပီး ပရီးမီးယားလိဂ္ ဖလား ရယူ နိုင္ခဲ့ပါတယ္ ။

van persie

ဖရင္ေပါင္ က Meta Ratings နဲ႔ အင္တာဗ်ဴးမွာ ” အာဆင္နယ္ အသင္း ရဲ့ အဓိက ျပႆနာက သူတို႔ရဲ့ အေကာင္းဆုံး ကစားသမားေတြကို ဘယ္လို ထိန္းသိမ္း ရမလဲ ဆိုတာ မသိတာလို႔ ထင္ပါတယ္၊ ဒီျပႆနာကို အဆုံးသတ္နိုင္ဖို႔ က်ေနာ္ကေတာ့ ေမၽွာ္လင့္ပါတယ္ ။ ”

” ဗန္ပါစီ ထြက္ခြာ သြားတုန္းကဆို သူက ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ကစားသမား တစ္ဦးပါ ၊ အရည္အေသြးေကာင္းေတြ ရွိတဲ့ ကစားသမား တစ္ဦးကို ဆုံးရွုံး လိုက္ရတာပါပဲ ၊ အဲ့အခ်ိန္တုန္းက အာဆင္နယ္ အသင္းက အျမဲတမ္း လိုလို အေကာင္းဆုံး ကစားသမား ေတြကို လက္လႊတ္ေနရတာက ထုံးစံလို ျဖစ္ေနတာပါ ။ ”

” ဗန္ပါစီ မထြက္ခြာသြားခင္တုန္းက သူက အဲ့ဖြယ္ စြမ္းေဆာင္ရည္ေတြကို ျပသေနတာပါ ၊ အသင္း ေခါင္းေဆာင္လည္း ျဖစ္သလို ထိပ္တန္း ဂိုးသြင္းရွင္လည္း ျဖစ္ပါတယ္ ။ သူ႔ကို မန္ယူနိုက္တက္ အသင္းထံ ေရာင္းခ်လိုက္တာက စိတ္ပ်က္ စရာပါပဲ ။ ဒါေပမယ့္ ေနာက္ကြယ္ က အေၾကာင္းအရင္းကို က်ေနာ့္ထက္ အသင္းက ပိုသိပါလိမ့္မယ္ ။ ”

” လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္က ဗန္ပါစီရဲ့ အင္တာဗ်ဴးမွာ အဲ့အခ်ိန္တုန္းက အေျခအေနေတြကို သူဖြင့္ေျပာျပတာကို က်ေနာ္ ၾကားလိုက္ ရပါတယ္ ၊ သူ႔ရဲ့ ဆုံးျဖတ္ခ်က္ကို ေလးစားရမွာပါ ၊ တစ္ခါတစ္ေလက်ရင္ ကိုယ့္ကစားသမား တျခားအသင္းမွာ အဆင္ေျပပါေစ လို႔ ဆုေတာင္းေပး႐ုံကလြဲလို႔ ဘာမွ လုပ္ေပးလို႔ မရပါဘူး ၊ သူက အာဆင္နယ္ အသင္းမွာ ရွိေနတုန္းက အေကာင္းဆုံး ေပးဆပ္ ကစားခဲ့တာပါ ။

ဗန္ပါစီ မထြက္ခြာခင္ တစ္ႏွစ္ အလိုေလာက္မွာ အာဆင္နယ္ အသင္းဟာ ဖာဘရီဂက္စ္ ကို ဘာစီလိုနာ အသင္းထံ ေရာင္းခ် ခဲ့ပါတယ္ ။ ဖရင္ေပါင္ကေတာ့ဗန္ပါစီ နဲ႔ ဖာဘရီဂက္စ္ တို႔ႏွစ္ဦးမွာ ဗန္ပါစီ ထြက္ခြာသြားတာဟာ အာဆင္နယ္အသင္းကို ဆိုးက်ိဳးပိုမ်ားေစခဲ့တယ္လို႔ ဆိုပါတယ္ ။

” က်ေနာ္ကေတာ့ ဗန္ပါစီ ထြက္ခြာသြားတာကို ပိုၿပီး မေက်မနပ္ ျဖစ္ခဲ့ပါတယ္ ။ အဲ့အခ်ိန္တုန္းက သူက အသင္းေခါင္းေဆာင္လည္း ျဖစ္သလို ပရီးမီးယားလိဂ္ ရဲ့ အေကာင္းဆုံး ကစားသမား တစ္ဦးပါ ၊ ဗန္ပါစီကို ဆုံးရွုံး လိုက္ရတာက ဆက္စ္ (ဖာဘရီဂက္စ္) ထြက္ခြာသြားတာထက္ အသင္းကို ပိုထိခိုက္ခဲ့ပါတယ္။ေရာ္ဘင္က ဂိုးေတြသြင္းၿပီး အသင္းကို နိုင္ပြဲေတြ ေဖာ္ေဆာင္ ေပးေနတဲ့သူ မို႔လို႔ပါပဲ ။ ”

” အဲ့အခ်ိန္တုန္းက ဗန္ပါစီ က အေကာင္းဆုံး ပုံစံ ရေနတာပါ ၊ ဆက္စ္ ထြက္ခြာသြားတုန္းကထက္ အသင္းအေပၚ ရိုက္ခတ္မွု မ်ားျပား ခဲ့ပါတယ္၊ဒါေတြက ေဘာလုံးမွာ ျဖစ္ေနၾကပါပဲ၊ထိန္းခ်ဳပ္လို႔ မရပါဘူး၊ကစားသမားတစ္ေယာက္က စာခ်ဳပ္သက္တမ္း တစ္ႏွစ္ပဲ က်န္ရွိေတာ့ၿပီး ထြက္ခြာဖို႔ ဆႏၵရွိေနၿပီး ကလပ္ အသင္းဘက္ကလည္း ေငြရွာခ်င္တဲ့ အခါမွာ ဒီအေျပာင္းအေရႊ႕ က လက္ေတြ႕က်ပါတယ္ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္။

SPORTS MYANMAR

Unicode

ဗန်ပါစီ နဲ့ ဖာဘရီဂက်စ် တို့နှစ်ဦးမှာ ဘယ်သူထွက်ခွာသွားတာဟာ အာဆင်နယ်အသင်းကို ဆိုးကျိုးပိုများစေခဲ့သလဲဆိုတာ သုံးသပ်လိုက်တဲ့ ဖရင်ပေါင်
==================================

ဂန်းနား ကွင်းလယ်လူဟောင်း ဖရင်ပေါင်က အာဆင်နယ် အသင်း ကြုံတွေ့ နေရတဲ့ ပြဿနာ တစ်ရပ် ဟာ အဓိက ကစားသမားတွေကို အမြဲတမ်းလိုလို ပြိုင်ဘက် အသင်းတွေထံကို လက်လွှတ် ဆုံးရှုံး ရခြင်း ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ဂါနာ ကွင်းလယ်လူဟောင်း ဖရင်ပေါင် က တိုက်စစ်မှူး ဗန်ပါစီ အကောင်းဆုံး ပုံစံ ရနေတဲ့ အချိန်မှာ ပြိုင်ဘက် မန်ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ သွားတာဟာ အာဆင်နယ် အသင်းအပေါ် ထိခိုက် နစ်နာမှု များပြားစေခဲ့ကြောင်း ဆိုပါတယ် ။

အာဆင်နယ် အသင်း နဲ့ နယ်သာလန် လက်ရွေးစင် အသင်း တိုက်စစ်မှူးဟောင်း ဗန်ပါစီ ဟာ ကစားသမား ဘဝ ကနေ အနားယူသွားခဲ့ပြီ ဖြစ်ပြီး ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ အဖြစ် စတင် လုပ်ကိုင်နေပြီလည်း ဖြစ်ပါတယ် ။

ဗန်ပါစီ ဟာ ၂၀၀၄ ခုနှစ်တုန်းက ဖီယင်နု အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ သွားပြီး ပထမဆုံး ရာသီ မှာတင် အက်ဖ်အေ ဖလား ရယူ နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နိုင်ခဲ့ပြီး နောက် ယူနိုက်တက် အသင်းကို ထပ်မံ ပြောင်းရွှေ့ သွားခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ရယူ နိုင်ခဲ့ပါတယ် ။

ဖရင်ပေါင် က Meta Ratings နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် အသင်း ရဲ့ အဓိက ပြဿနာက သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ဘယ်လို ထိန်းသိမ်း ရမလဲ ဆိုတာ မသိတာလို့ ထင်ပါတယ်၊ ဒီပြဿနာကို အဆုံးသတ်နိုင်ဖို့ ကျနော်ကတော့ မျှော်လင့်ပါတယ် ။ ”

” ဗန်ပါစီ ထွက်ခွာ သွားတုန်းကဆို သူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမား တစ်ဦးပါ ၊ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦးကို ဆုံးရှုံး လိုက်ရတာပါပဲ ၊ အဲ့အချိန်တုန်းက အာဆင်နယ် အသင်းက အမြဲတမ်း လိုလို အကောင်းဆုံး ကစားသမား တွေကို လက်လွှတ်နေရတာက ထုံးစံလို ဖြစ်နေတာပါ ။ ”

” ဗန်ပါစီ မထွက်ခွာသွားခင်တုန်းက သူက အဲ့ဖွယ် စွမ်းဆောင်ရည်တွေကို ပြသနေတာပါ ၊ အသင်း ခေါင်းဆောင်လည်း ဖြစ်သလို ထိပ်တန်း ဂိုးသွင်းရှင်လည်း ဖြစ်ပါတယ် ။ သူ့ကို မန်ယူနိုက်တက် အသင်းထံ ရောင်းချလိုက်တာက စိတ်ပျက် စရာပါပဲ ။ ဒါပေမယ့် နောက်ကွယ် က အကြောင်းအရင်းကို ကျနော့်ထက် အသင်းက ပိုသိပါလိမ့်မယ် ။ ”

” လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဗန်ပါစီရဲ့ အင်တာဗျူးမှာ အဲ့အချိန်တုန်းက အခြေအနေတွေကို သူဖွင့်ပြောပြတာကို ကျနော် ကြားလိုက် ရပါတယ် ၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမှာပါ ၊ တစ်ခါတစ်လေကျရင် ကိုယ့်ကစားသမား တခြားအသင်းမှာ အဆင်ပြေပါစေ လို့ ဆုတောင်းပေးရုံကလွဲလို့ ဘာမှ လုပ်ပေးလို့ မရပါဘူး ၊ သူက အာဆင်နယ် အသင်းမှာ ရှိနေတုန်းက အကောင်းဆုံး ပေးဆပ် ကစားခဲ့တာပါ ။

ဗန်ပါစီ မထွက်ခွာခင် တစ်နှစ် အလိုလောက်မှာ အာဆင်နယ် အသင်းဟာ ဖာဘရီဂက်စ် ကို ဘာစီလိုနာ အသင်းထံ ရောင်းချ ခဲ့ပါတယ် ။ ဖရင်ပေါင်ကတော့ဗန်ပါစီ နဲ့ ဖာဘရီဂက်စ် တို့နှစ်ဦးမှာ ဗန်ပါစီ ထွက်ခွာသွားတာဟာ အာဆင်နယ်အသင်းကို ဆိုးကျိုးပိုများစေခဲ့တယ်လို့ ဆိုပါတယ် ။

” ကျနော်ကတော့ ဗန်ပါစီ ထွက်ခွာသွားတာကို ပိုပြီး မကျေမနပ် ဖြစ်ခဲ့ပါတယ် ။ အဲ့အချိန်တုန်းက သူက အသင်းခေါင်းဆောင်လည်း ဖြစ်သလို ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးပါ ၊ ဗန်ပါစီကို ဆုံးရှုံး လိုက်ရတာက ဆက်စ် (ဖာဘရီဂက်စ်) ထွက်ခွာသွားတာထက် အသင်းကို ပိုထိခိုက်ခဲ့ပါတယ်။ရော်ဘင်က ဂိုးတွေသွင်းပြီး အသင်းကို နိုင်ပွဲတွေ ဖော်ဆောင် ပေးနေတဲ့သူ မို့လို့ပါပဲ ။ ”

” အဲ့အချိန်တုန်းက ဗန်ပါစီ က အကောင်းဆုံး ပုံစံ ရနေတာပါ ၊ ဆက်စ် ထွက်ခွာသွားတုန်းကထက် အသင်းအပေါ် ရိုက်ခတ်မှု များပြား ခဲ့ပါတယ်၊ဒါတွေက ဘောလုံးမှာ ဖြစ်နေကြပါပဲ၊ထိန်းချုပ်လို့ မရပါဘူး၊ကစားသမားတစ်ယောက်က စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့ပြီး ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ကလပ် အသင်းဘက်ကလည်း ငွေရှာချင်တဲ့ အခါမှာ ဒီအပြောင်းအရွှေ့ က လက်တွေ့ကျပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ်။

SPORTS MYANMAR