* ဂန္းနား ကြင္းလယ္လူေဟာင္း ပီတစ္ က အိုးထရက္ဖိုဒ့္မွာ ကစားမယ့္ပြဲမွာ အာဆင္နယ္ အသင္းအေနနဲ႔ ခံစစ္ကိုသာ ေသခ်ာ ကစားနိုင္ခဲ့ရင္ မန္ယူနိုက္တက္ အသင္းကို အနိုင္ရဖို႔ အခြင့္အေရး မ်ားေၾကာင္း Paddy Power မွာ ေျပာၾကား လိုက္ပါတယ္ ။

* အဂၤလန္ အမ်ိဳးသမီး စူပါလိဂ္ ပြဲစဥ္ ( ၃ ) မွာ အာဆင္နယ္ အမ်ိဳးသမီး အသင္းဟာ ဘရိုက္တန္ အမ်ိဳးသမီး အသင္းကို ေလးဂိုးျပတ္ အနိုင္ရသြားခဲ့ၿပီး ရာႏွုန္းျပည့္ နိုင္ပြဲနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနပါတယ္။အာဆင္နယ္ အမ်ိဳးသမီး အသင္းအတြက္ ဂိုးေတြကိုေတာ့ ကင္လစ္တယ္၊မီဒမ္မာ၊ဗန္ဒီဒြန႔္၊ေဂ်ာ္ဒန္ေနာ့္ဘ္တို႔က သြင္းယူ ေပးခဲ့တာပါ။

* အာဆင္နယ္ အသင္း ကေန စိန႔္အက္တီယန္ အသင္းကို တစ္ရာသီ အငွား သြားေရာက္ ကစားေနတဲ့ ဝီလီယံ ဆာလီဘာ ဟာ ဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီ ျဖစ္ၿပီး မေန႔ညက ကစားခဲ့တဲ့ နိုင္းမ္စ္ အသင္းနဲ႔ ပြဲမွာ လူစားဝင္ ကစားခဲ့ပါတယ္။ အဆိုပါပြဲမွာ စိန႔္အက္တီယန္ အသင္းဟာ တစ္ဂိုး ဂိုးမရွိနဲ႔ အနိုင္ရသြားခဲ့ၿပီး ဒီရာသီ ပထမဆုံး Clean-Sheet ကို ရယူနိုင္ခဲ့ပါတယ္ ။

* အက္စတြန္ဗီလာ အသင္း တိုက္စစ္မွူး ဂ်က္ဂရီးလစ္ရွ္ က ပရီးမီးယားလိဂ္ အသင္းေတြရဲ့ ေဘာလုံး ကြင္းေတြထဲမွာ အာဆင္နယ္ အသင္း အိမ္ကြင္း အမ္းမရိတ္ကြင္းကို သေဘာအက်ဆုံး ျဖစ္ေၾကာင္း သူ႔ရဲ့ အင္စတာဂရမ္ အေကာင့္မွာ တင္ထားတာကို ေတြ႕ရပါတယ္ ။

* မန္ယူနိုက္တက္ အသင္း ဂႏၲဝင္ ကစားသမား ေပါလ္အင္စ့္ က အာဆင္နယ္ နည္းၿပ အမ္မရီ အေနနဲ႔ ကြင္းလယ္လူ ဂရန္းနစ္ ရွာကာ ကို အပတ္တိုင္းလိုလို ပြဲထြက္ အသုံးျပဳ ေနတဲ့ အေပၚ နားမလည္နိုင္ေအာင္ ျဖစ္မိေၾကာင္း ေဝဖန္ ေျပာၾကား သြားခဲ့ပါတယ္ ။

* အာဆင္နယ္ အသင္း ကစားသမားသစ္ ကီရန္ တီယာေနး ဟာ လီဗာပူး ေနာက္ခံလူ ဗန္ဒိုက္ လိုမ်ိဳး ပြဲအေျခအေနကို ေကာင္းေကာင္း နားလည္ သေဘာေပါက္တဲ့သူ ျဖစ္ေၾကာင္း စေကာ့တလန္ လက္ေရြးစင္ နည္းျပေဟာင္း ေဂၚဒြန္ စထရာခ်န္ က ခ်ီးက်ဴး စကားဆိုသြားခဲ့ပါတယ္ ။

* ဟိုးလ္ဒင္းက မႏွစ္က သူ ဒဏ္ရာရခဲ့တဲ့ အိုးထရက္ဖိုဒ့္ ကြင္းမွာ ကစားမယ့္ မန္ယူနိုက္တက္ိ အသင္း နဲ႔ အာဆင္နယ္ အသင္းပြဲမွာ ပြဲထြက္ ကစားခြင့္ရဖို႔ ေမၽွာ္လင့္ထားေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။ဒါ့အျပင္ ဟိုးလ္ဒင္း က ေလ့က်င့္ေရးကြင္းမွာ တီယာေနး နဲ႔ ဘယ္လာရင္တို႔နဲ႔ ဘယ္သူပိုေကာင္းေအာင္ ကစားနိုင္သလဲဆိုတာ ယွဥ္ၿပိဳင္ေလ့ ရွိေၾကာင္း ဆိုပါတယ္။

* အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ က အသင္းသားအခ်ိဳ႕ဟာ သူေျပာတဲ့ အဂၤလိပ္ စကားကို နားမလည္ၾကဘူးလို႔ သတင္းေတြ ထြက္ေနတဲ့ အေပၚ ” က်ေနာ့္ အဂၤလိပ္စကားကို ၁ ကေန ၁၀ သတ္မွတ္မယ္ဆိုရင္ ၆ ေလာက္ေတာ့ ရွိပါတယ္။ဒါေၾကာင့္ ကစားသမားေတြနဲ႔ နားလည္နိုင္မွာပါ ၊ နားမလည္ရင္ေတာ့ တျခားသူေတြ ကူညီေပးတာက ေကာင္းပါတယ္။” လို႔ တုန႔္ျပန္ ေျပာၾကား သြားခဲ့ပါတယ္။အာဆင္နယ္ အသင္း လူငယ္ ကစားသမားေလး ဆာကာ ဟာ အမ္မရီ ရဲ့ အဂၤလိပ္စကားကို နားမလည္တာေၾကာင့္ ယြန္းဘတ္ဆီ အကူအညီေတာင္းရေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကား ခဲ့ပါတယ္ ။

* ဂါနာ ကြင္းလယ္လူေဟာင္း ဖရင္ေပါင္ က တိုက္စစ္မွူး ဗန္ပါစီ အေကာင္းဆုံး ပုံစံ ရေနတဲ့ အခ်ိန္မွာ ၿပိဳင္ဘက္ မန္ယူနိုက္တက္ အသင္းကို ေျပာင္းေရႊ႕ သြားတာဟာ ဖာဘရီဂက္စ္ ဘာစီလိုနာ အသင္းကို ေျပာင္းေရႊ႕တာထက္ အာဆင္နယ္ အသင္းအေပၚ ထိခိုက္ နစ္နာမွု မ်ားျပားေစခဲ့ေၾကာင္း သုံးသပ္ လိုက္ပါတယ္။

* မနက္ျဖန္ နံနက္ ျမန္မာစံေတာ္ခ်ိန္ ၁:၃၀ မွာ ကစားမယ့္ မန္ယူနိုက္တက္ နဲ႔ အာဆင္နယ္ အသင္းပြဲကို အဂၤလန္ ဒိုင္လူႀကီး ကီဗင္ဖရန႔္ တာဝန္ယူ ကိုင္တြယ္သြားမွာပါ ။ကီဖင္ ဖရန႔္ တာဝန္ယူ ကိုင္တြယ္တဲ့ ပရီးမီးယားလိဂ္ အေဝးကြင္း ၁၁ ပြဲမွာ အာဆင္နယ္ အသင္းဟာ ၆ ပြဲနိုင္၊၂ ပြဲ သေရ၊ ၃ ပြဲ ရွုံးနိမ့္ထားပါတယ္။

* ဒီေန႔ စက္တင္ဘာလ ၃၁ ရက္ေန႔ဟာ အာဆင္နယ္ အသင္း တိုက္စစ္မွူးေဟာင္း အိုလီဗီယာ ဂ်ီ႐ူး ရဲ့ ၃၃ ႏွစ္ျပည့္ ေမြးေန႔ ျဖစ္ပါတယ္ ။

* မန္ယူနိုက္တက္ အသင္း နဲ႔ ပြဲအတြက္ အာဆင္နယ္ အသင္းရဲ့ ျဖစ္နိုင္ဖြယ္ပြဲထြက္လူစာရင္း
——————————————
ဂိုး – လီနို ။
ေနာက္တန္း – ခ်ိန္ဘာ ၊ လူးဝဇ္ ၊ ဆိုကရက္တစ္ ၊ တီယာေနး ။
အလယ္တန္း – ဂြမ္ဒူဇီ ၊ ရွာကာ ၊ ဝီးေလာ့ ၊ စီဘယ္ေလာစ့္ ။
ေရွ႕တန္း – အူဘာမီယန္း ၊ နီကိုလပ္စ္ ပီပီ ။

* မန္ယူနိုက္တက္ နဲ႔ အာဆင္နယ္ ပြဲအေပၚ ေဘာလုံးကၽြမ္းက်င္သူမ်ားရဲ့ ခန္းမွန္းခ်က္မ်ား
——————————————

ခ်ာလီ နီကိုလပ္စ္ (မန္ယူနိုက္တက္ ၁-၂ အာဆင္နယ္ )
ေရာ္ဘီဆားေဗ့ဂ်္ (မန္ယူနိုက္တက္ ၁-၂ အာဆင္နယ္ )
ေလာ္ရိုး (မန္ယူနိုက္တက္ ၁-၁ အာဆင္နယ္ )
မိုက္ကယ္အိုဝင္ (မန္ယူနိုက္တက္ ႏွင့္ အာဆင္နယ္ သေရက် )

SPORTS MYANMAR

Unicode

အာဆင်နယ် သတင်းတိုများ
===================

* ဂန်းနား ကွင်းလယ်လူဟောင်း ပီတစ် က အိုးထရက်ဖိုဒ့်မှာ ကစားမယ့်ပွဲမှာ အာဆင်နယ် အသင်းအနေနဲ့ ခံစစ်ကိုသာ သေချာ ကစားနိုင်ခဲ့ရင် မန်ယူနိုက်တက် အသင်းကို အနိုင်ရဖို့ အခွင့်အရေး များကြောင်း Paddy Power မှာ ပြောကြား လိုက်ပါတယ် ။

* အင်္ဂလန် အမျိုးသမီး စူပါလိဂ် ပွဲစဉ် ( ၃ ) မှာ အာဆင်နယ် အမျိုးသမီး အသင်းဟာ ဘရိုက်တန် အမျိုးသမီး အသင်းကို လေးဂိုးပြတ် အနိုင်ရသွားခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။အာဆင်နယ် အမျိုးသမီး အသင်းအတွက် ဂိုးတွေကိုတော့ ကင်လစ်တယ်၊မီဒမ်မာ၊ဗန်ဒီဒွန့်၊ဂျော်ဒန်နော့်ဘ်တို့က သွင်းယူ ပေးခဲ့တာပါ။

* အာဆင်နယ် အသင်း ကနေ စိန့်အက်တီယန် အသင်းကို တစ်ရာသီ အငှား သွားရောက် ကစားနေတဲ့ ဝီလီယံ ဆာလီဘာ ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး မနေ့ညက ကစားခဲ့တဲ့ နိုင်းမ်စ် အသင်းနဲ့ ပွဲမှာ လူစားဝင် ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ စိန့်အက်တီယန် အသင်းဟာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ဒီရာသီ ပထမဆုံး Clean-Sheet ကို ရယူနိုင်ခဲ့ပါတယ် ။

* အက်စတွန်ဗီလာ အသင်း တိုက်စစ်မှူး ဂျက်ဂရီးလစ်ရှ် က ပရီးမီးယားလိဂ် အသင်းတွေရဲ့ ဘောလုံး ကွင်းတွေထဲမှာ အာဆင်နယ် အသင်း အိမ်ကွင်း အမ်းမရိတ်ကွင်းကို သဘောအကျဆုံး ဖြစ်ကြောင်း သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ထားတာကို တွေ့ရပါတယ် ။

* မန်ယူနိုက်တက် အသင်း ဂန္တဝင် ကစားသမား ပေါလ်အင်စ့် က အာဆင်နယ် နည်းပြ အမ်မရီ အနေနဲ့ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ကို အပတ်တိုင်းလိုလို ပွဲထွက် အသုံးပြု နေတဲ့ အပေါ် နားမလည်နိုင်အောင် ဖြစ်မိကြောင်း ဝေဖန် ပြောကြား သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ကစားသမားသစ် ကီရန် တီယာနေး ဟာ လီဗာပူး နောက်ခံလူ ဗန်ဒိုက် လိုမျိုး ပွဲအခြေအနေကို ကောင်းကောင်း နားလည် သဘောပေါက်တဲ့သူ ဖြစ်ကြောင်း စကော့တလန် လက်ရွေးစင် နည်းပြဟောင်း ဂေါ်ဒွန် စထရာချန် က ချီးကျူး စကားဆိုသွားခဲ့ပါတယ် ။

* ဟိုးလ်ဒင်းက မနှစ်က သူ ဒဏ်ရာရခဲ့တဲ့ အိုးထရက်ဖိုဒ့် ကွင်းမှာ ကစားမယ့် မန်ယူနိုက်တက်ိ အသင်း နဲ့ အာဆင်နယ် အသင်းပွဲမှာ ပွဲထွက် ကစားခွင့်ရဖို့ မျှော်လင့်ထားကြောင်း ပြောကြား လိုက်ပါတယ် ။ဒါ့အပြင် ဟိုးလ်ဒင်း က လေ့ကျင့်ရေးကွင်းမှာ တီယာနေး နဲ့ ဘယ်လာရင်တို့နဲ့ ဘယ်သူပိုကောင်းအောင် ကစားနိုင်သလဲဆိုတာ ယှဉ်ပြိုင်လေ့ ရှိကြောင်း ဆိုပါတယ်။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က အသင်းသားအချို့ဟာ သူပြောတဲ့ အင်္ဂလိပ် စကားကို နားမလည်ကြဘူးလို့ သတင်းတွေ ထွက်နေတဲ့ အပေါ် ” ကျနော့် အင်္ဂလိပ်စကားကို ၁ ကနေ ၁၀ သတ်မှတ်မယ်ဆိုရင် ၆ လောက်တော့ ရှိပါတယ်။ဒါကြောင့် ကစားသမားတွေနဲ့ နားလည်နိုင်မှာပါ ၊ နားမလည်ရင်တော့ တခြားသူတွေ ကူညီပေးတာက ကောင်းပါတယ်။” လို့ တုန့်ပြန် ပြောကြား သွားခဲ့ပါတယ်။အာဆင်နယ် အသင်း လူငယ် ကစားသမားလေး ဆာကာ ဟာ အမ်မရီ ရဲ့ အင်္ဂလိပ်စကားကို နားမလည်တာကြောင့် ယွန်းဘတ်ဆီ အကူအညီတောင်းရကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြား ခဲ့ပါတယ် ။

* ဂါနာ ကွင်းလယ်လူဟောင်း ဖရင်ပေါင် က တိုက်စစ်မှူး ဗန်ပါစီ အကောင်းဆုံး ပုံစံ ရနေတဲ့ အချိန်မှာ ပြိုင်ဘက် မန်ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ သွားတာဟာ ဖာဘရီဂက်စ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့တာထက် အာဆင်နယ် အသင်းအပေါ် ထိခိုက် နစ်နာမှု များပြားစေခဲ့ကြောင်း သုံးသပ် လိုက်ပါတယ်။

* မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၁:၃၀ မှာ ကစားမယ့် မန်ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းပွဲကို အင်္ဂလန် ဒိုင်လူကြီး ကီဗင်ဖရန့် တာဝန်ယူ ကိုင်တွယ်သွားမှာပါ ။ကီဖင် ဖရန့် တာဝန်ယူ ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၁၁ ပွဲမှာ အာဆင်နယ် အသင်းဟာ ၆ ပွဲနိုင်၊၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

* ဒီနေ့ စက်တင်ဘာလ ၃၁ ရက်နေ့ဟာ အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း အိုလီဗီယာ ဂျီရူး ရဲ့ ၃၃ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ် ။

* မန်ယူနိုက်တက် အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
——————————————
ဂိုး – လီနို ။
နောက်တန်း – ချိန်ဘာ ၊ လူးဝဇ် ၊ ဆိုကရက်တစ် ၊ တီယာနေး ။
အလယ်တန်း – ဂွမ်ဒူဇီ ၊ ရှာကာ ၊ ဝီးလော့ ၊ စီဘယ်လောစ့် ။
ရှေ့တန်း – အူဘာမီယန်း ၊ နီကိုလပ်စ် ပီပီ ။

* မန်ယူနိုက်တက် နဲ့ အာဆင်နယ် ပွဲအပေါ် ဘောလုံးကျွမ်းကျင်သူများရဲ့ ခန်းမှန်းချက်များ
——————————————

ချာလီ နီကိုလပ်စ် (မန်ယူနိုက်တက် ၁-၂ အာဆင်နယ် )
ရော်ဘီဆားဗေ့ဂျ် (မန်ယူနိုက်တက် ၁-၂ အာဆင်နယ် )
လော်ရိုး (မန်ယူနိုက်တက် ၁-၁ အာဆင်နယ် )
မိုက်ကယ်အိုဝင် (မန်ယူနိုက်တက် နှင့် အာဆင်နယ် သရေကျ )

SPORTS MYANMAR