မန္စီးတီး အသင္း ဟာ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ ရဲ့ ကြာတား ဖုိင္နယ္ အဆင့္ မွာ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္းကို ႏွစ္ေက်ာ့ ေပါင္း 4 – 4 ဆုိတဲ့ ရလဒ္ ၊ အေဝး ဂိုး စည္းမ်ဥ္း နဲ့ ရွံဳးနိမ့္ ျပီး ျပိဳင္ပြဲ မွ ထြက္ခြာ ခဲ့ရ ေပမဲ့ ဘာစီလုုိနာ အသင္း နည္းျပ ျဖစ္သူ အာနက္စတုိ ဗယ္လ္ဗာဒီ က ပက္ ဂြာဒီယိုလာ သာ အေကာင္းဆံုး နည္းျပ ျဖစ္တယ္ လို့ ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ဒုတိယ အေက်ာ့ ပြဲစဥ္ မွာေတာ့ မန္စီးတီး နဲ့ ေတာ့တင္ဟမ္ တုိ့ တစ္ကယ့္ ကို ပြဲခ်ိန္ ျပည့္ အၾကိတ္ အနယ္ ကစား ရင္း အျပန္ အလွန္ ဂိုးေတြ သြင္းယူ နုိင္ခဲ့ ၾက ပါတယ္ ။ ဒါေပမဲ့ အဆံုးသတ္ မွာေတာ့ VAR ရဲ့ အဆံုးအျဖတ္ ေတြက မန္စီးတီး တုိ့ကို ေခါင္းငိုက္ စုိက္က် ကြင္းထဲ မွ ထြက္ခြာ သြားေစ ခဲ့ ပါတယ္ ။

” မန္စီးတီး အသင္း ဟာ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ မွ ထြက္ခြာ သြားခဲ့ ရ ပါတယ္ ။ ဒါေပမဲ့ လံုးဝ သံသယ မျဖစ္ သင့္ စရာ အေၾကာင္း အရာ တစ္ခု ကေတာ့ ဂြာဒီယိုလာ ဟာ အေကာင္းဆံုး နည္းျပ ျဖစ္တယ္ ဆုိတာ ပါပဲ ” လို့ ဗယ္လ္ဗာဒီ က ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ဘာစီလိုနာ တုိ့ ယူနုိက္တက္ နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာ ႏူူကမ့္ ကြင္းထဲ အသင္း အတြက္ တတိယ ေျမာက္ သြင္းဂိုး သြင္းယူ ေပးခဲ့ တဲ့ ေနာက္ ကြင္းလယ္ ဖန္တီးရွင္ ကစားသမား ျဖစ္သူ ဖိလစ္ပီ ေကာ္တင္ဟို က နားထဲ လက္ ထုိးထည့္ ျပီး ေအာင္ပြဲ ခံ သြားခဲ့ ပါတယ္ ။

အဆုိပါ အေၾကာင္း အရာ က တစ္ ရာသီ လံုး သူ့ကို ေဝဖန္ ေနခဲ့ ၾကတဲ့ ပရိသတ္ ေတြ ၊ ေဝဖန္ သူေတြ ကို ဂရု မစိုက္ တဲ့ ပံုစံ ျဖစ္သြား ခဲ့ ေပမဲ့ ဘာစီလိုနာ အသင္း နည္းျပ ဗယ္လ္ဗာဒီ ကေတာ့ ကစားသမား ျဖစ္သူ ေအာင္ပြဲ ခံခဲ့ ပံုနဲ့ ပတ္သက္ လို့ ကာကြယ္ စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

” သူဟာ ဂိုး သြင္းယူ အျပီး ေအာင္ပြဲ ခံ ခဲ့တဲ့ ပံုစံ အေပၚ လူေတြ က စကား ေတြ အမ်ား ၾကီး ေျပာဆုိ ၊ မွတ္ခ်က္ ေတြ ေပးခဲ့ ၾက ပါတယ္ ။ ဒါေပမဲ့ က်ြန္ေတာ္ အံ့ၾသ မိတာ တစ္ခု က ဘယ္သူ မွ သူ့ရဲ့ အလန္းစား သြင္းဂိုး အေၾကာင္း ကို မေျပာ ခဲ့ ၾကတာ ပါပဲ ”

” အဲ့တာ က လူေတြ ကို မေလး မစား လုပ္ ခဲ့တဲ့ ပံုစံ ျဖစ္ပံု မေပၚ ခဲ့ ပါဘူူး ။ ကစားသမား တစ္ဦး ဟာ ဂိုးေပါက္ ကန္သြင္း ျပီး ဂိုး သြင္းယူ နုိင္ လိုက္တဲ့ အခ်ိန္ မွာ ေျခစြမ္း ေပ်ာက္ဆံုး ေနတဲ့ အခ်ိန္ ေတြ တုန္းက ထက္ ယံုၾကည္ မွဳေတြ ျမင့္တက္ လာမွာ ပါပဲ ”

” က်ြန္ေတာ္ တုိ့ေတြ ကေတာ့ ေဝဖန္ မွဳ ေတြကို အျမဲတမ္း ၾကိဳဆုိ ၾက ပါတယ္ ။ ျပီးေတာ့ က်ြန္ေတာ္ တုိ့ ေတြဟာ အဲ့ဒီ ေဝဖန္ မွဳ ေတြကို ေက်ာ္လႊား လိုတဲ့ စိတ္ဓါတ္ အျပည့္ လည္း ရွိေန တက္ၾက ပါတယ္ ” လို့ ဗယ္လ္ဗာဒီ က ကစားသမား ျဖစ္သူ ဖက္မွ ကာကြယ္ စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ဘာစီလိုနာ အသင္း ဟာ ဒီ တစ္ပါတ္ ရီးယဲ ဆုိဆီဒက္ အသင္း နဲ့ ကစား သြား ရမွာ ျဖစ္ျပီး နုိင္ပြဲ ရယူ နုိင္ဖုိ့ အတြက္ ဗယ္လ္ဗာဒီ က စိတ္အား ထက္သန္ ေနခဲ့ ပါတယ္ ။

” ရီးယဲ ဆုိဆီဒက္ အသင္း မွာ ကစားသမား ေကာင္းေတြ ရွိေန ၾက ပါတယ္ ။ ဒါေပမဲ့ က်ြန္ေတာ္ တုိ့ အားလံုး ကို ေရွ့ဆက္ ေစေန တဲ့ စိတ္ဓါတ္ က အနုိင္ ယူဖုိ့ ပဲ ဦးတည္ ေန ပါတယ္ ။ က်ြန္ေတာ္ တုိ့ဟာ ရမွတ္ 9 မွတ္ အထိ ရွာေဖြ နုိင္မဲ့ ရက္ သတၱပါတ္ တစ္ခု ထဲ ေရာက္ရွိ ေနၾက ပါတယ္ ”

” ဒီ နုိင္ပြဲ ေတြက က်ြန္ေတာ္ တုိ့ကို လိဂ္ ဖလား ဆြတ္ခူး သြားနုိင္ ေစမွာ ပါ ။ က်ြန္ေတာ္ တုိ့ အမွတ္ေပး ဖလား ဆြတ္ခူး လိုေန ၾကတာ ေၾကာင့္ ဒါကို ေကာင္းေကာင္း သိရွိ ၾက ပါတယ္ ”

” ဒီ ပြဲစဥ္ ေတြဟာ မတူ ညီတဲ့ အျခား ပြဲစဥ္ ေတြ ျဖစ္ရုံ တင္ မက ပါဘူး ၊ ခ်န္ပီယံ လိဂ္ ကစား ရတဲ့ အခါ မွာ ေကာင္းမြန္ တဲ့ စိတ္ ခံစား ခ်က္ ေတြကို ျဖစ္ေပၚ ေစနုိင္ မဲ့ အေရးၾကီး ပြဲစဥ္ ေတြလည္း ျဖစ္ၾက ပါတယ္ ” လို့ ဗယ္လ္ဗာဒီ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

အကောင်းဆုံး နည်းပြ က ဘယ်သူ လဲ ဆိုတာ ပြောပြလိုက်ရင်း ကော်တင်ဟိုရဲ့ အောင်ပွဲ ခံတဲ့ ပုံစံံအပေါ် ကာကွယ် သွားတဲ့ #ဗယ်လ်ဗာဒီ

===============

မန်စီးတီး အသင်း ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ရဲ့ ကွာတား ဖိုင်နယ် အဆင့် မှာ တော့တင်ဟမ် ဟော့ စပါး အသင်းကို နှစ်ကျော့ ပေါင်း 4 – 4 ဆိုတဲ့ ရလဒ် ၊ အဝေး ဂိုး စည်းမျဉ်း နဲ့ ရှုံးနိမ့် ပြီး ပြိုင်ပွဲ မှ ထွက်ခွာ ခဲ့ရ ပေမဲ့ ဘာစီလုုိနာ အသင်း နည်းပြ ဖြစ်သူ အာနက်စတို ဗယ်လ်ဗာဒီ က ပက် ဂွာဒီယိုလာ သာ အကောင်းဆုံး နည်းပြ ဖြစ်တယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒုတိယ အကျော့ ပွဲစဉ် မှာတော့ မန်စီးတီး နဲ့ တော့တင်ဟမ် တို့ တစ်ကယ့် ကို ပွဲချိန် ပြည့် အကြိတ် အနယ် ကစား ရင်း အပြန် အလှန် ဂိုးတွေ သွင်းယူ နိုင်ခဲ့ ကြ ပါတယ် ။ ဒါပေမဲ့ အဆုံးသတ် မှာတော့ VAR ရဲ့ အဆုံးအဖြတ် တွေက မန်စီးတီး တို့ကို ခေါင်းငိုက် စိုက်ကျ ကွင်းထဲ မှ ထွက်ခွာ သွားစေ ခဲ့ ပါတယ် ။

” မန်စီးတီး အသင်း ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှ ထွက်ခွာ သွားခဲ့ ရ ပါတယ် ။ ဒါပေမဲ့ လုံးဝ သံသယ မဖြစ် သင့် စရာ အကြောင်း အရာ တစ်ခု ကတော့ ဂွာဒီယိုလာ ဟာ အကောင်းဆုံး နည်းပြ ဖြစ်တယ် ဆိုတာ ပါပဲ ” လို့ ဗယ်လ်ဗာဒီ က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘာစီလိုနာ တို့ ယူနိုက်တက် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ နူူကမ့် ကွင်းထဲ အသင်း အတွက် တတိယ မြောက် သွင်းဂိုး သွင်းယူ ပေးခဲ့ တဲ့ နောက် ကွင်းလယ် ဖန်တီးရှင် ကစားသမား ဖြစ်သူ ဖိလစ်ပီ ကော်တင်ဟို က နားထဲ လက် ထိုးထည့် ပြီး အောင်ပွဲ ခံ သွားခဲ့ ပါတယ် ။

အဆိုပါ အကြောင်း အရာ က တစ် ရာသီ လုံး သူ့ကို ဝေဖန် နေခဲ့ ကြတဲ့ ပရိသတ် တွေ ၊ ဝေဖန် သူတွေ ကို ဂရု မစိုက် တဲ့ ပုံစံ ဖြစ်သွား ခဲ့ ပေမဲ့ ဘာစီလိုနာ အသင်း နည်းပြ ဗယ်လ်ဗာဒီ ကတော့ ကစားသမား ဖြစ်သူ အောင်ပွဲ ခံခဲ့ ပုံနဲ့ ပတ်သက် လို့ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” သူဟာ ဂိုး သွင်းယူ အပြီး အောင်ပွဲ ခံ ခဲ့တဲ့ ပုံစံ အပေါ် လူတွေ က စကား တွေ အများ ကြီး ပြောဆို ၊ မှတ်ချက် တွေ ပေးခဲ့ ကြ ပါတယ် ။ ဒါပေမဲ့ ကျွန်တော် အံ့သြ မိတာ တစ်ခု က ဘယ်သူ မှ သူ့ရဲ့ အလန်းစား သွင်းဂိုး အကြောင်း ကို မပြော ခဲ့ ကြတာ ပါပဲ ”

” အဲ့တာ က လူတွေ ကို မလေး မစား လုပ် ခဲ့တဲ့ ပုံစံ ဖြစ်ပုံ မပေါ် ခဲ့ ပါဘူူး ။ ကစားသမား တစ်ဦး ဟာ ဂိုးပေါက် ကန်သွင်း ပြီး ဂိုး သွင်းယူ နိုင် လိုက်တဲ့ အချိန် မှာ ခြေစွမ်း ပျောက်ဆုံး နေတဲ့ အချိန် တွေ တုန်းက ထက် ယုံကြည် မှုတွေ မြင့်တက် လာမှာ ပါပဲ ”

” ကျွန်တော် တို့တွေ ကတော့ ဝေဖန် မှု တွေကို အမြဲတမ်း ကြိုဆို ကြ ပါတယ် ။ ပြီးတော့ ကျွန်တော် တို့ တွေဟာ အဲ့ဒီ ဝေဖန် မှု တွေကို ကျော်လွှား လိုတဲ့ စိတ်ဓါတ် အပြည့် လည်း ရှိနေ တက်ကြ ပါတယ် ” လို့ ဗယ်လ်ဗာဒီ က ကစားသမား ဖြစ်သူ ဖက်မှ ကာကွယ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ဒီ တစ်ပါတ် ရီးယဲ ဆိုဆီဒက် အသင်း နဲ့ ကစား သွား ရမှာ ဖြစ်ပြီး နိုင်ပွဲ ရယူ နိုင်ဖို့ အတွက် ဗယ်လ်ဗာဒီ က စိတ်အား ထက်သန် နေခဲ့ ပါတယ် ။

” ရီးယဲ ဆိုဆီဒက် အသင်း မှာ ကစားသမား ကောင်းတွေ ရှိနေ ကြ ပါတယ် ။ ဒါပေမဲ့ ကျွန်တော် တို့ အားလုံး ကို ရှေ့ဆက် စေနေ တဲ့ စိတ်ဓါတ် က အနိုင် ယူဖို့ ပဲ ဦးတည် နေ ပါတယ် ။ ကျွန်တော် တို့ဟာ ရမှတ် 9 မှတ် အထိ ရှာဖွေ နိုင်မဲ့ ရက် သတ္တပါတ် တစ်ခု ထဲ ရောက်ရှိ နေကြ ပါတယ် ”

” ဒီ နိုင်ပွဲ တွေက ကျွန်တော် တို့ကို လိဂ် ဖလား ဆွတ်ခူး သွားနိုင် စေမှာ ပါ ။ ကျွန်တော် တို့ အမှတ်ပေး ဖလား ဆွတ်ခူး လိုနေ ကြတာ ကြောင့် ဒါကို ကောင်းကောင်း သိရှိ ကြ ပါတယ် ”

” ဒီ ပွဲစဉ် တွေဟာ မတူ ညီတဲ့ အခြား ပွဲစဉ် တွေ ဖြစ်ရုံ တင် မက ပါဘူး ၊ ချန်ပီယံ လိဂ် ကစား ရတဲ့ အခါ မှာ ကောင်းမွန် တဲ့ စိတ် ခံစား ချက် တွေကို ဖြစ်ပေါ် စေနိုင် မဲ့ အရေးကြီး ပွဲစဉ် တွေလည်း ဖြစ်ကြ ပါတယ် ” လို့ ဗယ်လ်ဗာဒီ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar