ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၁ မှာတော့ အင်္ဂလန် အသင်းတွေရဲ့ ရလဒ်တွေ သိပ်မကောင်း ခဲ့ဘဲ လက်ရှိ ချန်ပီယံ လီဗာပူး နဲ့ ယူရိုပါလိဂ် ချန်ပီယံ ချဲလ်ဆီး တို့ ရှုံးပွဲ ကြုံတွေ့ ခဲ့ကြရပြီး စပါး ကလည်း အိုလံပီယာကော့စ်ကို သရေ ကျခဲ့ပါတယ်။ ပွဲစဉ် ၁ မှာ ရလဒ်ကောင်းတဲ့ အင်္ဂလန် အသင်း ဆိုလို့ မန်စီးတီး တစ်သင်းတည်းသာ ရှိခဲ့ပြီး ဒုတိယမြောက် ပွဲစဉ်မှာတော့ လီဗာပူး နဲ့ ချဲလ်ဆီး တို့ အနိုင် ၃ မှတ် ရယူဖို့ ဆန္ဒ ပြင်းပြ နေကြမှာပါ။

၁~ စပါး Vs ဘိုင်ယန်
စပါး အသင်းဟာ တော့တင်ဟမ် ဟော့စပါးကွင်းမှာ ၃၅ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ဘိုင်ယန်မြူးနစ် ရဲ့ ပြိုင်ပွဲ အသွင် ပွဲစဉ် ကစား ရမှာ ဖြစ်ပြီး ဒါဟာ အရမ်းကို ကောင်းမွန်တဲ့ ပွဲစဉ် ဖြစ်လာမှာတော့ သေချာပါတယ်။ မော်ရီစီယို ပိုချက်တီနို ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဆောက်သမ်တန် အသင်းကို ၁၀ ယောက်ကျန် နဲ့ ကစား ခဲ့ရပေမ့ယ်လည်း အနိုင်ရအောင် ကစား ခဲ့ကာ ၎င်းတို့ရဲ့ မာကျောမှုကို ပြသ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါး အနေနဲ့ ဘွန်ဒက်လီဂါ အမှတ်ပေးဇယား ရဲ့ ထိပ်မှာ ရပ်တည် နေတဲ့ ဘိုင်ယန်နဲ့ တွေ့ဆုံ ရာမှာတော့ သရေ တစ်မှတ်နဲ့သာ ကျေနပ် ရလိမ့်မယ်လို့ ကျွန်တော် ခံစား မိပါတယ်။

စပါး အသင်းဟာ အုပ်စု ပွဲစဉ် ၁ မှာ တုန်းက အေသင်မှာ ၂ ဂိုး အသာနဲ့ ဦးဆောင် နိုင်ခဲ့ပြီးမှ ခြေချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးဟာ ဂျာမန်ပြိုင်ဘက်နဲ့ တွေ့ဆုံတဲ့ လေးကြိမ်စလုံး အနိုင် ရအောင် ကစား နိုင်ခဲ့ပြီး ဒီပွဲ အားလုံး ကတော့ ဒေါ့မွန် နဲ့ချည်း ချန်ပီယံလိဂ် မှာ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ ခရာဗီနာ ဇဗီဒါ အသင်းကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင် ရရှိ ခဲ့ပြီးနောက် အုပ်စု ထိပ်ဆုံး နေရာမှာ ရပ်တည်နေပြီး လန်ဒန် မှာ သရေ တစ်မှတ် ရခြင်းဟာ Bavarian တို့ အတွက် ရလဒ်ဆိုးတော့ မဟုတ်ပါဘူး။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် – စပါး ၂ – ၂ ဘိုင်ယန်မြူးနစ်

၂~ မန်စီးတီး Vs ဒိုင်နမိုဇာဂရက်

စီးတီးဟာ သမိုင်းတစ်လျှောက် ခရိုအေးရှား ပြိုင်ဘက်နဲ့ ပထမဦးဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ နောက်ဆုံး ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း စုစုပေါင်း သွင်းဂိုး ပေးဂိုး ၁၉-၄ အထိ ရှိခဲ့ပေမယ့် ဒီပြိုင်ပွဲမှာ ငါးပွဲဆက်တိုက် နိုင်ထားတာတော့ မရှိထား သေးပါဘူး။

ဒိုင်နမိုဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံး ကစားခဲ့တဲ့ အုပ်စု ပွဲစဉ် ၁၂ ပွဲစလုံးကို အနိုင်မရ ထားသေးပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ နောက်ဆုံး ကစား ခဲ့တဲ့ လိဂ်ပွဲစဉ်တွေ မှာတော့ ရလဒ်တွေ ကောင်းထား ပါတယ်။ အီတီဟတ်မှာတော့ ဂိုးတွေ သွင်းပြဖို့ အတွက်တော့ ဒိုင်နမို အတွက် ခက်ခဲမှာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ စနေနေ့က ဂွတ်ဒီဆင်ပက်မှာ အဲဗာတန်ကို တိုက်စစ် အစွမ်းပြကာ အနိုင် ရခဲ့ပေမယ့်လည်း ခံစစ်ပိုင်း ကတော့ အားနည်းမှု ရှိနေတာကို တွေ့ခဲ့ ရပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် – မန်းစီးတီး ၄ – ၁ ဒိုင်နမိုဇာဂရက်

၃~ လီဗာပူး Vs ဆဲလ်ဘတ်

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က Bramall Lane မှာ အနိုင်ယူကာ ပရီးမီးယားလိဂ်မှာ ၁၀၀% နိုင်ပွဲ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ အုပ်စု ပထမပွဲစဉ်မှာ နာပိုလီကို ရှုံးထားခဲ့တာကြောင့် ဒီတစ်ပွဲမှာတော့ အန်ဖီးမှာ ဆဲဘတ် ကို အနိုင်ယူကာ ချန်ပီယံလိဂ် ဖလား ကာကွယ်ရေး လမ်းကြောင်း မှန်ပေါ် ပြန်ရောက်အောင် လုပ်သွားဖို့ လိုအပ် နေပါတယ်။

ကြိုးကြာနီ တို့ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ဥရောပ အိမ်ကွင်း ၂၂ ပွဲမှာ လုံးဝ မရှုံးထား ခဲ့တဲ့ အပြင် နောက်ဆုံး ၅ ပွဲမှာလည်း ဂိုးပေး ထားရခြင်း မရှိသေး ပါဘူး။ သြစတီယန် တို့ဟာ ဂိုးတွေ သွင်းနိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်ပြီး အုပ်စု ပွဲစဉ် ၁ မှာ ဂျန့်ကို ၆ ဂိုးတောင် သွင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ လီဗာပူး အသင်းရဲ့ နောက်ထပ် အောင်ပွဲခံမယ့် ဥရောပ ညတစ်ညကို မြင်တွေ့ ရဖို့ မျှော်လင့် ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် – လီဗာပူး ၂ – ၀ ဆဲလ်ဘတ်

၎~ လိုင်လီ Vs ချဲလ်ဆီး

လိုင်လီ အသင်းဟာ နောက်ဆုံး ကစား ခဲ့တဲ့ ဥရောပ အိမ်ကွင်း ပွဲစဉ် ၉ ပွဲကို အနိုင် ရထားခြင်း မရှိ ခဲ့ပါဘူး။ လိုင်လီ နဲ့ ချဲလ်ဆီး တို့ နှစ်သင်းစလုံးဟာ အုပ်စု အဖွင့်ပွဲစဉ် တွေကို သွင်းဂိုး မရဘဲ ရှုံးနိမ့် ထားခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ၎င်းတို့ရဲ့ ချန်ပီယံလိဂ် ရာသီကို အနိုင်ရလဒ်နဲ့ စတင်ဖို့ ရည်မှန်း နေကြမှာ ဖြစ်ပြီး ကျွန်တော် ကတော့ နှစ်သင်းစလုံး ပြင်သစ်မြောက်ပိုင်းမှာ သရေ တစ်မှတ်နဲ့ ကျေနပ် ရလိမ့်မယ်လို့ ခံစား မိပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် – လိုင်လီ ၂ – ၂ ချဲလ်ဆီး

SM