man utd vs arsenal 2019

မန္ခ်က္ စတာ ယူႏုိက္တက္ ရဲ႕ အျဖစ္ ကေတာ့ ၃-၄ လ ေလာက္ ပင္ပင္ ပန္းပန္း ရွာေဖြ ထားတဲ့ ေငြေတြ ကို ကာစီႏို မွာ တစ္ညတည္း အကုန္သံုး ပစ္ခဲ့တဲ့ လူမိုက္ တစ္ေယာက္ လို ပါပဲ ။ ပြဲ ကေတာ့ အားလံုး ေမွ်ာ္လင့္ ထား တာ နဲ႔ ဆန္႔က်င္ ခဲ့ၿပီး No offence vs No defence ဆိုတဲ့ အသံုး အႏႈန္း ဟာ ေျပာင္းျပန္ ျဖစ္ခဲ့ ပါတယ္ ။ ဒီ သေရ ပြဲ ဟာ ယူႏုိက္တက္ အတြက္ အထူး နစ္နာ ခဲ့တယ္ ဆုိတာ ေျပာဖို႔ ေတာင္ မလိုေတာ့ ပါဘူး ။

man utd vs arsenal  2019

လူထုတ္ ပံု ကေန စလုိက္ ၾကရ ေအာင္ . . . ပြဲ မစတင္ တုန္းက မပါ ေလာက္ဘူး လို႔ သတင္း ထြက္ ထားတဲ့ ေပါ့ဘာ ေရာ ရက္ဖိုဒ့္ ပါ လူစာရင္း ထဲ ျပန္ပါ လာခဲ့ၿပီး ဘာသံ မွ မၾကားတဲ့ ဘစ္ဆာကာ က မပါလာခဲ့ ပါဘူး ။ ဘစ္ဆာကာ မပါတဲ့ အတြက္ တြမ္ဇီဘီ ကို ထည့္ ခဲ့ၿပီး အက္ရွ္ေလယန္း နဲ႔ Side ေျပာင္း ကစား သြားခဲ့ ပါတယ္

ကြင္းလယ္ မွာ ပါရဲရား ၊ ေပါ့ဘာ နဲ႔ ေတာ္မီေနး တို႔ ပြဲထြက္ ခဲ့ၿပီး ေတာ္မီေနး ပံုစံ ေကာင္း ရခဲ့ သလို ေပါ့ဘာ က လည္း ေျခမွန္ ရခဲ့တာ ေၾကာင့္ အာဆင္နယ္ ကြင္းလယ္ ကို အသာစီး ရခဲ့ ပါတယ္ ။ တိုက္စစ္ မွာေတာ့ ဂ်ိမ္းစ္ ၊ လင္ဂတ္ နဲ႔ ရက္ဖိုဒ့္ တို႔ ကစားခဲ့ ၿပီး ဂ်ိမ္းစ္ က လြဲရင္ က်န္တဲ့ သူေတြ က အားရ စရာ မရွိ ခဲ့ ပါဘူး ။

ဒီပြဲ မွာ အထူး ညံ့ခဲ့ တာ ကေတာ့ ဂ်က္ဆီ လင္ဂတ္ နဲ႔ အက္ရွ္ေလ ယန္း တို႔ ပါ ။ ယူႏုိက္တက္ ဟာ ေထာင့္ကန္ ေဘာ ၈ လံုး ရခဲ့ ပါတယ္ ။ ဟယ္ရီ မက္ဂြဲယား လို အျမင့္ေဘာ အားသာသူ ကို ေခၚထား ေပမယ့္ ေထာင့္ကန္ေဘာေတြ ကေန အခုထိ တစ္လံုးမွ ဂုိးမရ ခဲ့ ေသးပါဘူး ။ တည္ကန္ေဘာ ကေန ၿခိမ္းေျခာက္ႏုိင္ တယ္ ဆုိတာ ေခါင္းတိုက္ ေကာင္းသူ ရွိဖို႔ လိုသလို ျဖတ္တင္ေဘာ ေကာင္းသူ ရွိဖုိ႔လည္း လိုတယ္ ဆုိတာ ကို ဆိုးရွား ေမ့ ေန ပံု ပါပဲ ။ ေထာင့္ကန္ေဘာ ေတြ ကို အက္ရွ္ေလယန္း ကန္ေန သေရြ႕ ကေတာ့ ယူႏုိက္တက္ တို႔ ဂိုးရမွာ မဟုတ္ပါဘူး ။

man utd vs arsenal 2019

ဂ်က္ဆီ လင္ဂတ္ ကေတာ့ တစ္ပြဲလံုး ေႏွးေကြး ေလးလံၿပီး မၾကာခဏ ဆုိသလုိ ဂ်ိမ္းစ္ ရဲ႕ ေတာင္ပံ ဘက္ကို လာလာ ေရာေန ခဲ့ ပါတယ္ ။ ၁ နာရီခြဲ ပြဲၾကည့္ဖုိ႔ ထ လာတဲ့ ျမန္မာ ႏုိင္ငံ က အိပ္ခ်င္ မူးတူး ပရိသတ္ တစ္ေယာက္လို ပံုစံမ်ဳိး နဲ႔ လင္ဂတ္ တစ္ေယာက္ ကစား သြားခဲ့ တာပါ ။ ဒီလူေတြ ကို ဆက္သံုးေနရင္ေတာ့ ေသခ်ာ ေပါက္ ဒုကၡ ေရာက္ ေနဦး မွာပါပဲ ။

ရက္ဖိုဒ့္ ကိုလည္း ေျခမေပၚသူ တစ္ေယာက္ အျဖစ္ ခံစားမိ ခဲ့ ပါတယ္ ။ ဒါေပမယ့္ အဂၤလန္ တိုက္စစ္မႈး ဟာ ႀကံ႕ခိုင္မႈ မျပည့္ခဲ့ ဘူးဆိုတာ ကို ထည့္တြက္ ေပးသင့္ သလို တိုက္စစ္မႈး စစ္စစ္ တစ္ေယာက္ ျဖစ္ဖို႔ အတြက္ လည္း အရည္ အေသြး လိုအပ္မႈ ေတြ ရွိေနခဲ့ ပါတယ္ ။

ယူႏုိက္တက္ အတြက္ အား၇ စရာ ကေတာ့ ေတာ္မီေနး ပါပဲ ။ စေကာ့တလန္ကြင္းလယ္လူ ဟာ ဒီႏွစ္ ထဲ မွာ ပိုမို တိုးတက္ လာခဲ့ၿပီး ခံစစ္ပုိင္း ကိုသာ မက တုိက္စစ္ပိုင္း မွာပါ အားကိုး ရသူ ျဖစ္လာခဲ့ ပါတယ္ ။ မာေက်ာမႈ ၊ လွ်င္ျမန္မႈ ၊ လိမ္ေခါက္ ႏုိင္မႈေတြ အျပင္ ဇြဲေကာင္းမႈ ၊ ဦးေဆာင္ႏုိင္မႈ ေတြ ေၾကာင့္ ေတာ္မီေနး ဟာ ဖလက္ခ်ာ လက္သစ္ ဆိုတဲ့ အမည္ထက္ ပိုမို ထုိက္တန္သူ ျဖစ္လာ ဖို႔ အလားအလာ ေကာင္းေတြ ေတြ႕ျမင္ခဲ့ရ ပါတယ္ ။

man utd vs arsenal

ယူႏုိက္တက္ ဟာ ေခ်ပဂုိး ျပန္မေပးရခင္ အထိ အာဆင္နယ္ ရဲ႕ တုိက္စစ္ ကို ထိန္းခ်ဳပ္ ထားၿပီး ကစားပံု အသာစီး ရခဲ့ ပါတယ္ ။ ဂုိးျပန္ ေပး လုိက္ရၿပီး ၁၀ မိနစ္ ေလာက္ အထိ ကစားပံု ျပန္တည္ မရခဲ့ဘဲ အရင္ ယူႏုိက္တက္ ျပန္ျဖစ္သြားခဲ့ ရပါတယ္ ။ ဂုိးေတြ ထပ္မေပး လုိက္ရတာ ပဲ ကံေကာင္းလွတယ္လို႔ ေတာင္ဆို ရမလို ပါပဲ ။ အာဆင္နယ္ ထက္ အျပတ္အသတ္ သာခဲ့တာကေတာ့ ျပစ္ဒဏ္ေဘာေတြ ပါပဲ ။

ဒီဂီယာ နဲ႔ ပတ္သက္ၿပီး လည္း နည္းနည္း ေျပာခ်င္ ပါတယ္ ။ စပိန္ ဂုိး သမား ဟာ ခံစစ္ အရည္အေသြး တစ္မ်ဳိးသာ ပုိင္ႏုိင္တယ္ ဆုိတာ ကို တစ္ပြဲ ထက္ တစ္ပြဲ ပိုမို လက္ခံ လာခဲ့ မိပါတယ္ ။ ကာကြယ္မႈ အပုိင္း မွာ ဒီဂီယာ ဟာ ေျပာစရာ မလိုေအာင္ ထူးခြ်န္ေပမယ့္ တုိက္စစ္ အရည္ အေသြးေတြ ျဖစ္တဲ့ ကန္တင္ တာ ၊ လက္နဲ႔ ပစ္ေပးတာ ၊ ဖမ္းမိတဲ့ ေဘာလံုး ကို ကန္ပို႔ေပး တဲ့ ေနရာေတြ မွာေတာ့ တိက်မႈ အလြန္ အားနည္း တာကို ေတြ႕ျမင္ ခဲ့ရ ပါတယ္ ။ ကာကြယ္မႈ တစ္မ်ဳိး တည္းနဲ႔ ေတာ့ တစ္ပတ္ ေပါင္ ၃၇၅၀၀၀ ဆိုတာ မ်ားလြန္း တယ္လို႔ ထင္မိ ပါတယ္ ။

ဒီႏွစ္ ပရီးမီး ယားလိဂ္ မွာ VAR ကို စသံုးခဲ့ၿပီး တရားမွ်တမႈ အေတာ္မ်ားမ်ား ကို ရွာေဖြ ေပးႏုိင္ခဲ့ ပါတယ္ ။ မေန႔ ညက ပြဲမွာလည္း ေအာ္ဘားမီးယန္း ရဲ႕ ဂုိး အတြက္ VAR ဟာ အမွန္တရား ဘက္မွာ ရပ္တည္ ေပးခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒီဂုိး မတုိင္ခင္ မွာ အာဆင္နယ္ ေနာက္ခံလူရဲ႕ လက္ထိ ေဘာ ကိုေတာ့ VAR ႀကီးၾကပ္သူေတြ က ျပန္လည္ သံုးသပ္ဖို႔ လစ္လွ်ဴရွဳခဲ့ ပါတယ္ ။

man utd vs arsenal 2019

ဘာပဲ ျဖစ္ျဖစ္ ေနာက္ဆံုး မွာေတာ့ ယူႏုိက္တက္ ဟာ ခက္ခက္ ခဲခဲ နဲ႔ ရထားတဲ့ ဦးေဆာင္မႈ ကို ေပါ့ေပါ့ ဆဆ လႊင့္ပစ္ ခဲ့ ၾကပါတယ္ ။ ေပးလုိက္ရတဲ့ ဂုိးမွာ မက္ဂြဲယား ရဲ႕ အျပစ္ လံုး၀ မရွိပါဘူး ။ လူေပး မတိက်တဲ့ တြမ္ဇီဘီ ၊ အသင့္ ရွိမေနတဲ့ လင္ဒီေလာ့ဖ္ တို႔ က သာ အဓိက တရားခံ ျဖစ္ခဲ့ၿပီး မားကပ္ရက္ဖိုဒ့္ ကေတာ့ အေထာင္တိုက္စစ္မႈး ေကာင္းတစ္ ေယာက္ ျဖစ္ခ်င္တယ္ ဆိုရင္ ေအာ္ဘားမီးယန္း ရဲ႕ သြင္းဂုိး ကို ခဏခဏ ျပန္ၾကည့္ ေပးသင့္ ပါတယ္ ။

လာမယ့္ ၾကာသပေတးေန႔ မွာ ယူႏုိက္တက္ တို႔ ယူရိုပါ လိဂ္ အေ၀းကြင္းပြဲ ကို ကစား ရပါမယ္ ။ ဒါၿပီးရင္ အဂၤလန္ ကို ျပန္လာၿပီး နယူးကာဆယ္ နဲ႔ အေ၀းကြင္းပြဲ ကို ဆက္ကစား ရပါဦး မယ္ ။ အေ၀းကြင္း ရလဒ္ေတြ အလြန္ ဆိုးတဲ့ ယူႏုိက္တက္ တို႔ ဘယ္လုိပံုစံမ်ဳိး နဲ႔ ပရိသတ္ေတြ ကို ေသာကေတြ ေပးဦးမလဲ ဆိုတာ ေတာ့ ေစာင့္ၾကည့္ ရဦး မွာပါ . . .

SPORTS MYANMAR

Uncode

ကိုယ့်လက်ထဲက ဒိန်ခဲကို အရည်ပျော်စေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ( MNF အတွက် ယူနိုက်တက် ဘက်မှ သုံးသပ်ခြင်း )

=========================================

မန်ချက် စတာ ယူနိုက်တက် ရဲ့ အဖြစ် ကတော့ ၃-၄ လ လောက် ပင်ပင် ပန်းပန်း ရှာဖွေ ထားတဲ့ ငွေတွေ ကို ကာစီနို မှာ တစ်ညတည်း အကုန်သုံး ပစ်ခဲ့တဲ့ လူမိုက် တစ်ယောက် လို ပါပဲ ။ ပွဲ ကတော့ အားလုံး မျှော်လင့် ထား တာ နဲ့ ဆန့်ကျင် ခဲ့ပြီး No offence vs No defence ဆိုတဲ့ အသုံး အနှုန်း ဟာ ပြောင်းပြန် ဖြစ်ခဲ့ ပါတယ် ။ ဒီ သရေ ပွဲ ဟာ ယူနိုက်တက် အတွက် အထူး နစ်နာ ခဲ့တယ် ဆိုတာ ပြောဖို့ တောင် မလိုတော့ ပါဘူး ။

လူထုတ် ပုံ ကနေ စလိုက် ကြရ အောင် . . . ပွဲ မစတင် တုန်းက မပါ လောက်ဘူး လို့ သတင်း ထွက် ထားတဲ့ ပေါ့ဘာ ရော ရက်ဖိုဒ့် ပါ လူစာရင်း ထဲ ပြန်ပါ လာခဲ့ပြီး ဘာသံ မှ မကြားတဲ့ ဘစ်ဆာကာ က မပါလာခဲ့ ပါဘူး ။ ဘစ်ဆာကာ မပါတဲ့ အတွက် တွမ်ဇီဘီ ကို ထည့် ခဲ့ပြီး အက်ရှ်လေယန်း နဲ့ Side ပြောင်း ကစား သွားခဲ့ ပါတယ်

ကွင်းလယ် မှာ ပါရဲရား ၊ ပေါ့ဘာ နဲ့ တော်မီနေး တို့ ပွဲထွက် ခဲ့ပြီး တော်မီနေး ပုံစံ ကောင်း ရခဲ့ သလို ပေါ့ဘာ က လည်း ခြေမှန် ရခဲ့တာ ကြောင့် အာဆင်နယ် ကွင်းလယ် ကို အသာစီး ရခဲ့ ပါတယ် ။ တိုက်စစ် မှာတော့ ဂျိမ်းစ် ၊ လင်ဂတ် နဲ့ ရက်ဖိုဒ့် တို့ ကစားခဲ့ ပြီး ဂျိမ်းစ် က လွဲရင် ကျန်တဲ့ သူတွေ က အားရ စရာ မရှိ ခဲ့ ပါဘူး ။

ဒီပွဲ မှာ အထူး ညံ့ခဲ့ တာ ကတော့ ဂျက်ဆီ လင်ဂတ် နဲ့ အက်ရှ်လေ ယန်း တို့ ပါ ။ ယူနိုက်တက် ဟာ ထောင့်ကန် ဘော ၈ လုံး ရခဲ့ ပါတယ် ။ ဟယ်ရီ မက်ဂွဲယား လို အမြင့်ဘော အားသာသူ ကို ခေါ်ထား ပေမယ့် ထောင့်ကန်ဘောတွေ ကနေ အခုထိ တစ်လုံးမှ ဂိုးမရ ခဲ့ သေးပါဘူး ။ တည်ကန်ဘော ကနေ ခြိမ်းခြောက်နိုင် တယ် ဆိုတာ ခေါင်းတိုက် ကောင်းသူ ရှိဖို့ လိုသလို ဖြတ်တင်ဘော ကောင်းသူ ရှိဖို့လည်း လိုတယ် ဆိုတာ ကို ဆိုးရှား မေ့ နေ ပုံ ပါပဲ ။ ထောင့်ကန်ဘော တွေ ကို အက်ရှ်လေယန်း ကန်နေ သရွေ့ ကတော့ ယူနိုက်တက် တို့ ဂိုးရမှာ မဟုတ်ပါဘူး ။

ဂျက်ဆီ လင်ဂတ် ကတော့ တစ်ပွဲလုံး နှေးကွေး လေးလံပြီး မကြာခဏ ဆိုသလို ဂျိမ်းစ် ရဲ့ တောင်ပံ ဘက်ကို လာလာ ရောနေ ခဲ့ ပါတယ် ။ ၁ နာရီခွဲ ပွဲကြည့်ဖို့ ထ လာတဲ့ မြန်မာ နိုင်ငံ က အိပ်ချင် မူးတူး ပရိသတ် တစ်ယောက်လို ပုံစံမျိုး နဲ့ လင်ဂတ် တစ်ယောက် ကစား သွားခဲ့ တာပါ ။ ဒီလူတွေ ကို ဆက်သုံးနေရင်တော့ သေချာ ပေါက် ဒုက္ခ ရောက် နေဦး မှာပါပဲ ။

ရက်ဖိုဒ့် ကိုလည်း ခြေမပေါ်သူ တစ်ယောက် အဖြစ် ခံစားမိ ခဲ့ ပါတယ် ။ ဒါပေမယ့် အင်္ဂလန် တိုက်စစ်မှုး ဟာ ကြံ့ခိုင်မှု မပြည့်ခဲ့ ဘူးဆိုတာ ကို ထည့်တွက် ပေးသင့် သလို တိုက်စစ်မှုး စစ်စစ် တစ်ယောက် ဖြစ်ဖို့ အတွက် လည်း အရည် အသွေး လိုအပ်မှု တွေ ရှိနေခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် အားရ စရာ ကတော့ တော်မီနေး ပါပဲ ။ စကော့တလန်ကွင်းလယ်လူ ဟာ ဒီနှစ် ထဲ မှာ ပိုမို တိုးတက် လာခဲ့ပြီး ခံစစ်ပိုင်း ကိုသာ မက တိုက်စစ်ပိုင်း မှာပါ အားကိုး ရသူ ဖြစ်လာခဲ့ ပါတယ် ။ မာကျောမှု ၊ လျှင်မြန်မှု ၊ လိမ်ခေါက် နိုင်မှုတွေ အပြင် ဇွဲကောင်းမှု ၊ ဦးဆောင်နိုင်မှု တွေ ကြောင့် တော်မီနေး ဟာ ဖလက်ချာ လက်သစ် ဆိုတဲ့ အမည်ထက် ပိုမို ထိုက်တန်သူ ဖြစ်လာ ဖို့ အလားအလာ ကောင်းတွေ တွေ့မြင်ခဲ့ရ ပါတယ် ။

ယူနိုက်တက် ဟာ ချေပဂိုး ပြန်မပေးရခင် အထိ အာဆင်နယ် ရဲ့ တိုက်စစ် ကို ထိန်းချုပ် ထားပြီး ကစားပုံ အသာစီး ရခဲ့ ပါတယ် ။ ဂိုးပြန် ပေး လိုက်ရပြီး ၁၀ မိနစ် လောက် အထိ ကစားပုံ ပြန်တည် မရခဲ့ဘဲ အရင် ယူနိုက်တက် ပြန်ဖြစ်သွားခဲ့ ရပါတယ် ။ ဂိုးတွေ ထပ်မပေး လိုက်ရတာ ပဲ ကံကောင်းလှတယ်လို့ တောင်ဆို ရမလို ပါပဲ ။ အာဆင်နယ် ထက် အပြတ်အသတ် သာခဲ့တာကတော့ ပြစ်ဒဏ်ဘောတွေ ပါပဲ ။

ဒီဂီယာ နဲ့ ပတ်သက်ပြီး လည်း နည်းနည်း ပြောချင် ပါတယ် ။ စပိန် ဂိုး သမား ဟာ ခံစစ် အရည်အသွေး တစ်မျိုးသာ ပိုင်နိုင်တယ် ဆိုတာ ကို တစ်ပွဲ ထက် တစ်ပွဲ ပိုမို လက်ခံ လာခဲ့ မိပါတယ် ။ ကာကွယ်မှု အပိုင်း မှာ ဒီဂီယာ ဟာ ပြောစရာ မလိုအောင် ထူးချွန်ပေမယ့် တိုက်စစ် အရည် အသွေးတွေ ဖြစ်တဲ့ ကန်တင် တာ ၊ လက်နဲ့ ပစ်ပေးတာ ၊ ဖမ်းမိတဲ့ ဘောလုံး ကို ကန်ပို့ပေး တဲ့ နေရာတွေ မှာတော့ တိကျမှု အလွန် အားနည်း တာကို တွေ့မြင် ခဲ့ရ ပါတယ် ။ ကာကွယ်မှု တစ်မျိုး တည်းနဲ့ တော့ တစ်ပတ် ပေါင် ၃၇၅၀၀၀ ဆိုတာ များလွန်း တယ်လို့ ထင်မိ ပါတယ် ။

ဒီနှစ် ပရီးမီး ယားလိဂ် မှာ VAR ကို စသုံးခဲ့ပြီး တရားမျှတမှု အတော်များများ ကို ရှာဖွေ ပေးနိုင်ခဲ့ ပါတယ် ။ မနေ့ ညက ပွဲမှာလည်း အော်ဘားမီးယန်း ရဲ့ ဂိုး အတွက် VAR ဟာ အမှန်တရား ဘက်မှာ ရပ်တည် ပေးခဲ့ ပါတယ် ။ ဒါပေမယ့် ဒီဂိုး မတိုင်ခင် မှာ အာဆင်နယ် နောက်ခံလူရဲ့ လက်ထိ ဘော ကိုတော့ VAR ကြီးကြပ်သူတွေ က ပြန်လည် သုံးသပ်ဖို့ လစ်လျှူရှုခဲ့ ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် နောက်ဆုံး မှာတော့ ယူနိုက်တက် ဟာ ခက်ခက် ခဲခဲ နဲ့ ရထားတဲ့ ဦးဆောင်မှု ကို ပေါ့ပေါ့ ဆဆ လွှင့်ပစ် ခဲ့ ကြပါတယ် ။ ပေးလိုက်ရတဲ့ ဂိုးမှာ မက်ဂွဲယား ရဲ့ အပြစ် လုံးဝ မရှိပါဘူး ။ လူပေး မတိကျတဲ့ တွမ်ဇီဘီ ၊ အသင့် ရှိမနေတဲ့ လင်ဒီလော့ဖ် တို့ က သာ အဓိက တရားခံ ဖြစ်ခဲ့ပြီး မားကပ်ရက်ဖိုဒ့် ကတော့ အထောင်တိုက်စစ်မှုး ကောင်းတစ် ယောက် ဖြစ်ချင်တယ် ဆိုရင် အော်ဘားမီးယန်း ရဲ့ သွင်းဂိုး ကို ခဏခဏ ပြန်ကြည့် ပေးသင့် ပါတယ် ။

လာမယ့် ကြာသပတေးနေ့ မှာ ယူနိုက်တက် တို့ ယူရိုပါ လိဂ် အဝေးကွင်းပွဲ ကို ကစား ရပါမယ် ။ ဒါပြီးရင် အင်္ဂလန် ကို ပြန်လာပြီး နယူးကာဆယ် နဲ့ အဝေးကွင်းပွဲ ကို ဆက်ကစား ရပါဦး မယ် ။ အဝေးကွင်း ရလဒ်တွေ အလွန် ဆိုးတဲ့ ယူနိုက်တက် တို့ ဘယ်လိုပုံစံမျိုး နဲ့ ပရိသတ်တွေ ကို သောကတွေ ပေးဦးမလဲ ဆိုတာ တော့ စောင့်ကြည့် ရဦး မှာပါ . . .

SPORTS MYANMAR