man utd vs arsenal


man utd vs arsenal 2019




——————————–

ဒီဂီယာ ( 7 )


ယန်း ( 6 )


လင်ဒီလော့ဖ် ( 7 )


man utd vs arsenal

မက်ဂွားယား ( 7 )


man utd vs arsenal

တွမ်ဇီဘီ ( 7 )


မက် တော်မီနေး ( 8 )


man utd vs arsenal

ပေါ့ဂ်ဘာ ( 6 )


လင်ဂတ် ( 7 )


ဂျိမ်းစ် ( 7 )


man utd vs arsenal

ပါရဲရား ( 7 )


man utd vs arsenal

ရပ်ရှ်ဖို့ ( 6 )


man utd vs arsenal


ဖရက်ဒ် ( 6 )
ဂရင်းဝုဒ် ( 6 )

အာဆင်နယ်
—————

လီနို ( 6 )


man utd vs arsenal

ချန်ဘာ ( 6 )


လူးဝစ် ( 6 )


ဆိုကရေးတစ် ( 7 )


sokarats

ကိုလာဆီနက် ( 6 )


ရှာကာ ( 5 )


ဂွမ်ဒူဇီ ( 6 )

တော်ရဲရား ( 7 )


ပီပီ ( 6 )


pepe

ဆာကာ ( 7 )


saka

 

အူဘာမီယန်း ( 7 )


man utd vs arsenal


ဆီဘယ်လော့စ် ( 6 )
နယ်လ်ဆင် ( 6 )

#Sports_Myanmar

Unicode

စိတ်လှုပ်ရှားမုှတွေ သိပ်မပေးနိုင်ခဲ့တဲ့ ယူနိုက်တက် 1 – 1 အာဆင်နယ် ပွဲစဉ် မှ နှစ်ဖက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်များ

================

ဒီနေ့ နံနက် အိုးလ် ထရပ်ဖို့ဒ် မှာ ကစား ခဲ့ ကြတဲ့ ယူနိုက်တက် နဲ့ အာဆင်နယ် ပွဲစဉ် ကတော့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် နဲ့သာ ပြီးဆုံး သွားခဲ့ ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် အဖွင့် ဂိုးကို ကွင်းလယ် ကစားသမား လေး တော်မီနေး က ပထမပိုင်း ပြီးဆုံး ကာနီး မှာ အဝေး ကန်ချက် နဲ့ ရယူ ပေးနိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်း အတွက် ခြေပဂိုး ကိုတော့ ဝါရင့် တိုက်စစ်မှူး အူဘာမီယန်း က ပွဲချိန် 58 မိနစ် မှာ ပြန်လည် ရယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် စည်းကြပ်ဒိုင် ကတော့ ‘ ဂိုး ‘ လို့ အောင်ပွဲ ခံသွား ကြတဲ့ အာဆင်နယ် ပရိသတ် တွေရဲ့ ပျော်ရွှင်မှု ကို အလံထောင် ပြရင်း ခေတ္တ ဆိတ်ငြိမ် သွားစေ ခဲ့ ပါတယ် ။

ဒါကို VAR နဲ့ ပြန်လည် စစ်ဆေး ကြည့်ရှု လိုက်တဲ့ အခါ မှာတော့ အူဘာမီယန်း ဟာ လူကျွံ နေတဲ့ အနေအထား မှာ ရှိ မနေ ခဲ့တဲ့ အတွက် အာဆင်နယ် ကစားသမား တွေနဲ့ ပရိသတ် တွေဟာ အပြည့်အဝ ပျော်ရွှင်ခွင့် ရရှိ သွားခဲ့ ကြပြီး ဒုတိယ အကြိမ် အဖြစ် သွင်းဂိုး အတွက် အောင်ပွဲ ခံသွား ခဲ့ကြ ပါတယ် ။

အူဘာမီယန်းဟာ ပါးနပ် တဲ့ ဂိုး မုဆိုး တစ်ဦး ဖြစ်ကြောင်း ဆက်လက် သက်သေ ပြသ သွားနိုင် ခဲ့တဲ့ အဆိုပါ ပွဲစဉ်မှ နှစ်ဖက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်
——————————–

ဒီဂီယာ ( 7 )

ဆာကာ နဲ့ ဂွမ်ဒူဇီ တို့ရဲ့ ကန်ချက် တွေကို ဟန့်တားရင်း လက်စွမ်းကောင်း ပြသ သွားနိုင် ခဲ့ ပါတယ် ။

ယန်း ( 6 )

ဘစ်ဆာကာ ရဲ့ နေရာ မှာ ပါဝင် ကစားခွင့် ရရှိ ခဲ့ပြီး ယခင် အတိုင်း ပဲ ကြိုးကြိုးစားစား ကစား သွားခဲ့ ပေမယ့် ထူးခြား မှုတွေ မလုပ် နိုင်ခဲ့ ပါဘူး ။ အဝါကဒ် ပြသ ခံခဲ့ ရ ပါတယ် ။

လင်ဒီလော့ဖ် ( 7 )

အမှား အချို့ ပြုလုပ် ခဲ့ ပေမယ့် မက်ဂွားယား နဲ့ အကောင်းဆုံး ပူးပေါင်း ကစား နိုင်ခဲ့ပြီး အန္တရာယ် ဖြစ်စေ နိုင်မယ့် ဘောလုံး တွေကို ရှင်းထုတ် နိုင်ခဲ့ ပါတယ် ။

မက်ဂွားယား ( 7 )

ယူနိုက်တက် ခံစစ် ရဲ့ အကောင်းဆုံး ကစားသမား ပါပဲ ။ သူဟာ အူဘာမီယန်း ကို ကောင်းကောင်း ဟန့်တား နိုင်ခဲ့ သလို တိုက်စစ်ပိုင်း ကိုလည်း တက်ရောက် ကူညီ ပေးနိုင် ခဲ့ ပါတယ် ။

တွမ်ဇီဘီ ( 7 )

ဘယ် ခံစစ် ကို ဖြည့် ကစား ပေးခဲ့ ရပြီး ပြိုင်ဖက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ပီပီ ကို အကောင်းဆုံး ထိန်း ကစား ပြသွား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် တိုက်စစ် လိုက်ပါ ကစား ရာမှာ လိုအပ်ချက် တွေ ရှိနေ ခဲ့ ပါတယ် ။

မက် တော်မီနေး ( 8 )

ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ပါပဲ ။ ဘောလုံး လုယူမှု တွေကို ကောင်းမွန်စွာ ပြုလုပ် နိုင်ခဲ့ သလို ပြိုင်ဖက် တွေကို လည်း စိတ်ကြိုက် တိုက်စစ် ဆင်ခွင့် မရရှိအောင် လိုက်လံ ဒုက္ခ ပေးနိုင် ခဲ့ ပါတယ် ။ အသင်း ရဲ့ တစ်လုံး တည်းသော ဂိုးကို သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။

ပေါ့ဂ်ဘာ ( 6 )

ပွဲစဉ် နဲ့ အံဝင်စွာ ကစား နိုင်ဖို့ အတွက် အနည်းငယ် ရုန်းကန် ခဲ့ရ ပါတယ် ။ ကောင်းမွန်တဲ့ ဘောလုံး ပေးပို့ မှုတွေ ပြုလုပ် နိုင်ခဲ့ ပေမယ့် ပရိသတ် မျှော်လင့် ထားခဲ့ သလောက် မလုပ်ပြ နိုင်ခဲ့ ပါဘူး ။

လင်ဂတ် ( 7 )

အဝါကဒ် ပြသ ခံခဲ့ ရ ပါတယ် ။ ပွဲချိန် အတွင်း တိုက်စစ်ပိုင်းမှာ သာမက ခံစစ်ပိုင်း ကိုပါ လှည့်ပတ် ကစား ခဲ့ပြီး သူ့ရဲ့ လုပ်အား တွေနဲ့ ကြိုးစား မှု တွေက အသင်း အတွက် အပေါင်း လက္ခဏာ ဖြစ်စေခဲ့ ပါတယ် ။

ဂျိမ်းစ် ( 7 )

သူ့ရဲ့ ပြေးအား လှုပ်ရှား ကစား မှု တွေနဲ့ အတူ အာဆင်နယ် ခံစစ် ကို အတော်လေး မွှေနှောက် နိုင်ခဲ့ ပါတယ် ။ ပေါင် 15 သန်း ဆိုတဲ့ ပြောင်းရွှေ့ကြေး ထက် ပိုတန်တဲ့ ကစားသမား ဖြစ်ကြောင်း ခြေစွမ်း နဲ့ ပြသ သွားခဲ့ ပါတယ် ။

ပါရဲရား ( 7 )

အဝါကဒ်ပြား ပြသ ခံခဲ့ ရ ပါတယ် ။ သူ့ရဲ့ လျင်မြန်မှု နဲ့ တိုက်စစ် အသားပေး ကစား မှု တွေက အတော်လေး တိုးတက် ကောင်းမွန် လာခဲ့ တာကို တွေ့မြင် ခဲ့ရ ပါတယ် ။

ရပ်ရှ်ဖို့ ( 6 )

အဝါကဒ်ပြား ပြသ ခံခဲ့ ရ ပါတယ် ။ ကြံ့ခိုင်မှု ပြည့်ဝ ပုံ မပေါ်ခဲ့ ပေမယ့် ကြိုးကြိုးစားစား ကစားပေး သွားခဲ့ ပါတယ် ။ ဒါပေမယ့် အခွင့် အရေး တွေကို အသုံးချ ဖို့ ရုန်းကန် နေရဆဲ ပါပဲ ။ တော်မီနေး ရဲ့ ဂိုးကို ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ …

ဖရက်ဒ် ( 6 )
ဂရင်းဝုဒ် ( 6 )

အာဆင်နယ်
—————

လီနို ( 6 )

ပြိုင်ဖက် အသင်း ကို ပေးခဲ့ ရတဲ့ ဂိုးမှာ သူဟာ ဘာမှ မတက် နိုင်ခဲ့ ပါဘူး ။ ဒါဟာ ကာကွယ် နိုင်ဖို့ ခက်ခဲ လှတဲ့ ကန်ချက် တစ်ခု ပဲ ဖြစ်ခဲ့ ရ ပါတယ် ။ လျော့တိ လျော့ရဲ နိုင်တဲ့ အာဆင်နယ် ခံစစ် နဲ့ ကစား ရခြင်း က သူ့ အတွက် တော့ အိပ်မက်ဆိုး တစ်ခုလို ပါပဲ ။

ချန်ဘာ ( 6 )

အဝါကဒ်ပြား ပြသ ခံခဲ့ ရ ပါတယ် ။ ဂျိမ်းစ် ကို ရင်ဆိုင် ရာမှာ အတော်လေး ခက်ခဲ ခဲ့ ပေမယ့် ညာ တောင်ပံ တစ်လျောက် မှာတော့ ကောင်းမွန် တဲ့ ကစားပုံ ကို ပြသ သွားနိုင် ခဲ့ ပါတယ် ။

လူးဝစ် ( 6 )

အသင်း ရဲ့ ခံစစ် မှာ အန္တရာယ် ဖြစ်စေ နိုင်မယ့် ကစားပုံ တွေ များစွာ လုပ်ဆောင် ခဲ့ ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ခံစစ် ကို အကောင်းဆုံး ဦးဆောင် နိုင်ခြင်း မရှိခဲ့ ပါဘူး ။

ဆိုကရေးတစ် ( 7 )

ခံစစ် ကို မာမာထန်ထန် ကစား ပြသွား နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ရပ်ရှ်ဖို့ ရဲ့ ကန်ချက် တစ်ကြိမ် ကိုလည်း ပိတ်ဆို့ ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။

ကိုလာဆီနက် ( 6 )

အသင်း ရဲ့ ဘယ် ခံစစ် တစ်လျောက် အတက် အဆင်း မှန်မှန် နဲ့ ကစားပေး သွားခဲ့ ပေမယ့် ကောင်းမွန် တဲ့ ကစား အား ၊ ထူးခြား တဲ့ စွမ်းဆောင်ရည် တွေကို မပြသ နိုင်ခဲ့ ပါဘူး ။

ရှာကာ ( 5 )

အသင်း ခေါင်းဆောင် ကတော့ ပြိုင်ဖက် ကစားသမား ဖြစ်တဲ့ တော်မီနေး ရဲ့ ကန်ချက် ကို ခေါင်းငုံ ရှောင်ပေး သလို ဖြစ်သွား ခဲ့ရ ပါတယ် ။ ခြေစွမ်း တွေ ဆက်လက် တိုးတက် ဖို့ လိုအပ် နေပါ သေးတယ် ။

ဂွမ်ဒူဇီ ( 6 )

ပွဲစဉ် အတွင်း တစ်ကွင်းလုံး နီးပါး ပြေးလွှား ကစား ခဲ့ပြီး မမောနိုင် မပမ်းနိုင် ကြိုးစား အားထုတ် ခဲ့ ပါတယ် ။ ဒါ့အပြင် တိုက်စစ် ကိုလည်း ပံ့ပိုး ပေးနိုင် ဖို့ ကြိုးစား ခဲ့ပါ သေးတယ် ။
တော်ရဲရား ( 7 )

ဒီပွဲ မှာတော့ အာဆင်နယ် အသင်း ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား ပါပဲ ။ ခွန်အား အပြည့် ၊ မာန် အပြည့် နဲ့ ပါဝင် ကစား ပေးနိုင် ခဲ့ ပေမယ့် ကံဆိုးစွာ ပဲ အခွင့်ကောင်း တစ်ကြိမ် ကို လွဲချော် ခဲ့ရ ပါတယ် ။

ပီပီ ( 6 )

ဘောလုံး ပေးပို့ မှု ၊ ဂိုးပေါက် ကန်သွင်း မှု တွေမှာ လိုအပ်ချက် တွေ ရှိနေ ခဲ့ သလို လျင်မြန်မှု လည်း နည်းပါး နေခဲ့ ပါတယ် ။ ပရီးမီးယား လိဂ်မှာ အံဝင် နိုင်ဖို့ အတော်လေး ကြိုးစား ရပါ ဦးမယ် ။

ဆာကာ ( 7 )

အသက် 18 နှစ်သာ ရှိနေ သေးပေမယ့် ပီပီ ထက် ပိုကောင်း ခဲ့ ပါတယ် ။ အစောပိုင်း မှာ အမှားတွေ ရှိခဲ့ ပေမယ့် နောက်ပိုင်း မှာတော့ အသင်း ရဲ့ တိုက်စစ် ကို ပံ့ပေး နိုင်ခဲ့ သလို ဂိုးလည်း ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။

အူဘာမီယန်း ( 7 )

အသင်းဖော်တွေ ဆီက လုံလောက် တဲ့ ပံ့ပိုး မှုတွေ မရရှိ ခဲ့တဲ့ အတွက် စိတ်ပျက် နေမှာ အသေအချာ ပါပဲ ။ ဒါပေမယ့် ရရှိ ခဲ့တဲ့ အခွင့်ကောင်းကို ဂိုး အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ …

ဆီဘယ်လော့စ် ( 6 )
နယ်လ်ဆင် ( 6 )
ဝီလော့ခ် ( ပွဲ ကစားချိန် မလုံလောက်ခဲ့ )

#Sports_Myanmar