man utd vs arsenal 2019

(Uncode)

ယူနိုက်တက် 1 – 1 အာဆင်နယ် ပွဲစဉ်မှ ပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် 5 ချက်

===============

ဒီနေ့ နံနက် အိုးလ် ထရပ်ဖို့ဒ် မှာ ကစား ခဲ့ ကြတဲ့ ယူနိုက်တက် နဲ့ အာဆင်နယ် ပွဲစဉ် ကတော့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် နဲ့သာ ပြီးဆုံး သွားခဲ့ ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် အဖွင့် ဂိုးကို ကွင်းလယ် ကစားသမား လေး မက် တော်မီနေး က ပထမပိုင်း ပြီးဆုံး ကာနီး မှာ အဝေး ကန်ချက် နဲ့ ရယူ ပေးနိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်း အတွက် ခြေပဂိုး ကိုတော့ ဝါရင့် တိုက်စစ်မှူး အူဘာမီယန်း က ပွဲချိန် 58 မိနစ် မှာ ပြန်လည် ရယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အစ ကတော့ စည်းကြပ် ဒိုင်ဟာ အူဘာမီဟန်း ကို လူကျွံ နေတယ် လို့ ယူဆ ခဲ့တာ ကြောင့် ဂိုး မပေးခဲ့ ပေမယ့် VAR နဲ့ စစ်ဆေး ကြည့်ရာ မှာတော့ လူကျွံ နေခြင်း လုံးဝ မရှိ ခဲ့တဲ့ အတွက် အာဆင်နယ် တို့ သွင်းဂိုး အတွက် အပြည့်အဝ အောင်ပွဲ ခံသွား နိုင်ခဲ့ ကြ ပါတယ် ။

သရေ ရလဒ် ဟာ ကစားပုံ ထူးခြား ပြီး မကောင်းခဲ့ ကြတဲ့ နှစ်သင်းလုံး အတွက် မျှတ တဲ့ ရလဒ် ဖြစ်ခဲ့တယ် လို့ ခံစား ခဲ့ ရတဲ့ အဆိုပါ ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ထိပ်တိုက် ရင်ဆိုင်ပွဲ ရဲ့ ပြိုင်ဆိုင် မှု ပြင်းထန်ပုံ ပျောက်ဆုံး ခဲ့ခြင်း

ယူနိုက်တက် နဲ့ အာဆင်နယ် အသင်း ဆိုတာ ထိပ်တိုက် ရင်ဆိုင် ကစား ကြပြီ ဆိုတိုင်း ကွင်း မရွေးပဲ ပြိုင်ဆိုင် မှု ပြင်းထန် လှတဲ့ အသင်း တွေ အဖြစ် နှစ်ပေါင်း 20 ကျော်လောက် အထိ ပရီးမီးယား လိဂ် ပြိုင်ပွဲ ကို မြိုင်ဆိုင် စေခဲ့ ကြ ပါတယ် ။ လက်ရှိ အချိန် နဲ့ ယှဉ်ထိုး ကြည့်ရင် မန်စီးတီး နဲ့ လီဗာပူး တို့ အကြိတ်အနယ် ပြိုင်ဆိုင် နေကြ သလို မျိုးပေါ့ ။

ရွိင်ကိန်း နဲ့ ဗီအဲရား ၊ နစ္စတယ်ရွိုင်း နဲ့ အွန်နရီ ၊ အဲ့ဒီ ခေတ်က ယူနိုက်တက် နဲ့ အာဆင်နယ် တို့ရဲ့ ပြိုင်ဆိုင် မှုကို မြင်တွေ့ ခဲ့ဖူး တဲ့ သူတိုင်း ဒီ ပွဲစဉ် ကို ကြည့်ပြီး အထူး စိတ်ပျက် နေကြ မှာ အမှန် ပါပဲ ။ ပြိုင်ဆိုင် မုှတွေ ၊ အရည် အသွေး တွေ ဘယ်မှာလဲ ??

ဒီနေ့ ပွဲစဉ် အတွင်း လူပေး မှာခဲ့ တာတွေ များစွာ မြင်တွေ့ ခဲ့ရ သလို လျော့တိလျော့ရဲ နိုင်တဲ့ စိတ်ပျက်ဖွယ် ကစားဟန် တွေကို လည်း မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒါ့အပြင် ဂိုးပေါက် ကန်ချက် တွေ ဟာလည်း တလွဲ ဖြစ်နေ တာ များခဲ့ ပါတယ် ။

ဒီလို ခြေစွမ်း မျိုးနဲ့ ဒီလို ကစားကွက် မျိုးတွေ နဲ့ ထိပ်သီး လေးသင်း စာရင်း ဝင်ဖို့ ၊ အမှတ်ပေး ဖလား အကြောင်း တွေးဖို့ လုပ်မယ် ဆိုရင် မန်စီးတီး နဲ့ လီဗာပူး အသင်း တွေက လှောင်ရယ် နေကြ မှာ အသေအချာ ပါပဲ ။

man utd vs arsenal

(2) ပရီးမီးယားလိဂ် မှာ ရုန်းကန် နေရဆဲ ပီပီ

ဘောလုံး အား ကစား ပြိုင်ပွဲ မှာ အသင်း တစ်သင်း လုံးထက် ကစားသမား တစ်ဦး တစ်ယောက် တည်း ကိုသာ ဝေဖန် အပြစ်တင် နေမယ် ဆိုရင် ဒါဟာ မျှတမှု မရှိတဲ့ အရာ တစ်ခု လို့ ထင်ကြေး ပေးခံ ရပါ လိမ့်မယ် ။ ဒါပေမယ့် ဒီနေ့ နံနက် ပွဲစဉ် မှာတော့ အာဆင်နယ် ဆီ မြင့်မား တဲ့ ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ လာ ခဲ့တဲ့ ပီပီ ရဲ့ ခြေစွမ်း က ပြောချင် စရာ ဖြစ်နေ ခဲ့ ပါတယ် ။

သူဟာ ပရီးမီးယား လိဂ်မှာ ကစားတာ အချိန် နည်းပါး နေပါ သေးတယ် ။ ဒီ အတွက် အသင်း ရဲ့ ကစား ကွက်နဲ့ အံမဝင် နိုင်တာ ၊ နည်း စနစ်ပိုင်း မှာ လိုအပ်ချက် ရှိနေတာ မျိုး ဆိုရင် နားလည် လက်ခံ ပေးလို့ ရနိုင် ပါ သေးတယ် ။

ဒါပေမယ့် ယူနိုက်တက် နဲ့ ပွဲမှာ သူ လုပ်ဆောင် ခဲ့တာ တွေက ထိပ်တန်း ကစားသမား တစ်ယောက် အတွက် စိတ်ပျက် ဖွယ်ရာ တွေ ပါပဲ ။ သူ့ရဲ့ ဘောလုံး ပေးပို့ မှု တွေဟာ အကြိမ် များစွာ တလွဲ ဖြစ်ခဲ့ ရ သလို ဂိုးပေါက် ကန်ချက် တွေ ဟာလည်း ဂိုးပေါက် မတည့် ခဲ့ရ ပါဘူး ။

သူဟာ ယူနိုက်တက် ခံစစ် နဲ့ ဂိုးသမား တွေကို ထူးခြား တဲ့ ပုံစံ တစ်ခုခု နဲ့တောင် ဒုက္ခတွေ လုံလောက်စွာ မပေး နိုင်ခဲ့ ပါဘူး ။ အာဆင်နယ် အတွက် ကတော့ ကစားသမား ကို ခေါ်ယူ နိုင်ဖို့ ပေါင် 72 သန်းထိ သုံးစွဲ ခဲ့ခြင်း က ထူူးခြား ခြင်း မရှိ ခဲ့သေး ပါဘူူး ။ ဒါပေမယ့် ပီပီ ဟာ ငယ်ရွယ် ပါ သေးတယ် ၊ သူဟာ ပရီးမီးယား လိဂ်နဲ့ အသားကျသွား ပါက အာဆင်နယ် အတွက် ရှေ့ဆက် အကျိုးပြု ပေးနိုင် မယ့် အလား အလာ ကောင်းတွေ ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။

pepe

(3) ဆိုးလ်ရှား ရဲ့ စတား ကစားသမား ဖြစ်ကြောင်း သက်သေ ပြ ခဲ့တဲ့ တော်မီနေး

ဆိုးလ်ရှား ဟာ အိုးလ် ထရပ်ဖို့ဒ် ကို ရောက်ရှိ လာ ခဲ့တဲ့ နောက် ယူနိုက်တက် ရဲ့ ကစားသမား တွေထဲ အတိုးတက် လာဆုံး သူက တော်မီနေး ပဲ ဖြစ်ခဲ့ ရ ပါတယ် ။ သူဟာ ဒီ နံနက် အာဆင်နယ် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာလည်း အသင်း ရဲ့ ကွင်းလယ် မှာ အရေး ပါတဲ့ ကစားသမား ဖြစ်ကြောင်း သက်သေ ပြသွား နိုင်ခဲ့ ပါတယ် ။

သူဟာ ဒီနေ့ ပွဲစဉ် မှာတော့ ကွင်းလယ်ပိုင်း မှာ တာဝန် ကျေခဲ့ သလို တိုက်စစ် ပိုင်း ကိုလည်း အမြဲလို တက်ရောက် ကူညီ ပေးနိုင် ခဲ့ပြီး ခံစစ် ကစားသမား တွေရဲ့ ဖိအား ကိုလည်း လျော့ချ ပေးသွား နိုင်ခဲ့ ပါတယ် ။ သူဟာ အသင်း ရဲ့ တစ်လုံး တည်းသော ဂိုးကို အဝေး ကန်ချက် နဲ့ ရယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

ဟိုဆေး မော်ရင်ဟို ကိုင်တွယ် ခဲ့တဲ့ အချိန် က စတင် ပြီး ယူနိုက်တက် မှာ နေရာ တစ်ခု ရရှိ လာ ခဲ့တဲ့ တော်မီနေး ဟာ ပွဲထွက် ကစား ခွင့် တွေနဲ့ ထိုက်တန် သူ ဖြစ်ကြောင်း ၊ အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ကောင်း တစ်ဦး ဖြစ်လာ နိုင်ကြောင်း ဆက်လက် သက်သေ ပြနေ ဆဲ ပါပဲ ။

tominay

(4) ပရိသတ်တွေ ယုံကြည်မှု မရှိတဲ့ အရာကို ဆက်တိုက် လုပ်ဆောင် ပြနေတဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ နည်းပြ အာဆင်ဝင်းဂါး လက်အောက် မှာ တိကျ သေချာ တဲ့ ကစား ကွက်နဲ့ ကစား ခဲ့ ရတဲ့ အချိန် ကစား ကွက်ကို ခံစစ် ကနေ တည် ကစားတာ မျိုး ၊ ဘောလုံး ကို ပိုင်ပိုင် နိုင်နိုင် ကိုင် ကစား နိုင်တာ မျိုး လုပ်ဆောင် ခဲ့ ပါတယ် ။ ဒီ အတွက် ပရိသတ် တွေလည်း အသင်း ရဲ့ ကစား ပုံကို နှစ်ခြိုက် ခဲ့ကြ ပါတယ် ။

ဒါပေမယ့် နည်းပြ အမ်မရီ ရဲ့ လက်အောက် မှာတော့ အသင်း ရဲ့ ကစား ကွက်ဟာ ဖရိုဖရဲ ဖြစ်နေ ခဲ့ သလို ခံစစ် ကစားသမား တွေဟာ လည်း ယုံကြည် သင့်တဲ့ ခြေစွမ်း မပိုင်ဆိုင် ထားတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် လည်း အာဆင်နယ် ပရိသတ် တွေက ခံစစ်ပိုင်း ဘောလုံး ကိုင် ကစားတာ ကို မမြင်တွေ့ လိုခဲ့ ကြ ပါဘူး ။
ဒါပေမယ့် ဂိုးသမား လီနို ကတော့ ဘောလုံး ရရှိ တဲ့ အချိန် တိုင်းမှာ ဒေးဗစ် လုဝစ် နဲ့ ဆိုကရေးတစ် တို့ကို ရှာဖွေ နေခဲ့ ပြီး ဘောလုံး အတို ကစား ရင်း ကစား ကွက် တည်ဆောက် ဖို့ လုပ်ခဲ့ တာကို အကြိမ် များစွာ မြင်တွေ့ ခဲ့ရ ခြင်းက အာဆင်နယ် ပရိသတ် တွေကို စိတ်သောက ရောက်ရှိ စေခဲ့ ပါတယ် ။ ဒါကို မြန်ဆန် သွက်လက် တဲ့ ယူနိုက်တက် တိုက်စစ် ကစားသမား တွေက ဒုက္ခ ပေးသွား ဖို့ ကြိုးစား ခဲ့ကြ ပါ သေးတယ် ။

ဒါပေမယ့် နောက်ပိုင်း အထာနပ် သွားတဲ့ လီနို ဟာ ခံစစ် မှူး တွေကို ဘောလုံး မပေး တော့ပဲ တိုက်ရိုက် ကန်တင် မှုတွေ ပြုလုပ် သွားခဲ့တဲ့ အချိန် ပရိသတ် တွေရဲ့ လက်ခုပ် သြဘာ ပေးမှု ကို ရရှိ ခဲ့ ပါတယ် ။ ဒါဟာ ဒီနေ့ ပွဲစဉ် မှာ မြင်တွေ့ လိုက် ရတဲ့ အာဆင်နယ် အသင်း ရဲ့ ပြောင်းလဲ မှု တစ်ရပ် ပါပဲ ။

man utd vs arsenal

(5) VAR ရဲ့ မှန်ကန်မှု

ဒီနှစ် ဘောလုံး ရာသီ စတင် ခဲ့စဉ် တုန်းက VAR ဟာ အသင်း အတော် များများ ကို မှားယွင်း တဲ့ ဆုံးဖြတ်ချက် အချို့ နဲ့ ဒုက္ခ တွေ ပေးခဲ့ ပါတယ် ။ အဲ့ဒီ ဒဏ်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အချို့ လည်း ခံစား ခဲ့ ကြရ ပါတယ် ။ ဒါပေမယ့် ဒီ တစ်ကြိမ် မှာတော့ VAR ရဲ့ ဆုံးဖြတ်ချက် တစ်ရပ် ဟာ မှန်ကန် သွားခဲ့ ပါတယ် ။

အာဆင်နယ် တို့ ခြေပဂိုး သွင်းယူ ခဲ့ရာ မှာ စည်းကြပ် ဒိုင်က လူကျွံဘော အဖြစ် သတ်မှတ် ခဲ့ ပေမယ့် VAR ကို ပြန်လည် စစ်ဆေး ကြည့်ရှု ခဲ့တဲ့ နောက် အူဘာမီယန်း ဟာ လူ မကျွံ ခဲ့တာ ကြောင့် အာဆင်နယ် တို့ ပျော်ရွှင် ခဲ့ရ ပါတယ် ။

VAR man utd vs arsenal

ဒါပေမယ့် ယူနိုက်တက် ဖက်က ကြည့်လိုက်မယ် ဆိုရင် ပြိုင်ဖက် အသင်း ရဲ့ ဧရိယာ ထဲ အာဆင်နယ် နောက်ခံလူ လက်ထိ ခဲ့တာ ကို VAR နဲ့ ပြန်လည် မစစ်ဆေး ခဲ့ခြင်း က ဆိုးလ်ရှား နဲ့ ယူနိုက်တက် ကစားသမား တွေ အတွက် စိတ် မကျေနပ် စရာ ကိစ္စ တစ်ရပ် ဖြစ်သွား ခဲ့ရ ပါတယ် ။

#Sports_Myanmar

( Zawgyi )

ယူနုိက္တက္ 1 – 1 အာဆင္နယ္ ပြဲစဥ္မွ ေျပာစရာ ျဖစ္ခဲ့ရတဲ့ အခ်က္ 5 ခ်က္

===============

ဒီေန့ နံနက္ အိုးလ္ ထရပ္ဖို႔ဒ္ မွာ ကစား ခဲ့ ၾကတဲ့ ယူနုိက္တက္ နဲ့ အာဆင္နယ္ ပြဲစဥ္ ကေတာ့ တစ္ဖက္ တစ္ဂိုးစီ သေရ ရလဒ္ နဲ့သာ ျပီးဆံုး သြားခဲ့ ရ ပါတယ္ ။ အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ အတြက္ အဖြင့္ ဂိုးကို ကြင္းလယ္ ကစားသမား ေလး မက္ ေတာ္မီေနး က ပထမပိုင္း ျပီးဆံုး ကာနီး မွာ အေဝး ကန္ခ်က္ နဲ့ ရယူ ေပးနုိင္ ခဲ့ ပါတယ္ ။

ဒါေပမယ့္ အာဆင္နယ္ အသင္း အတြက္ ေျခပဂိုး ကိုေတာ့ ဝါရင့္ တုိက္စစ္မွဴး အူဘာမီယန္း က ပြဲခ်ိန္ 58 မိနစ္ မွာ ျပန္လည္ ရယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။ အစ ကေတာ့ စည္းၾကပ္ ဒုိင္ဟာ အူဘာမီဟန္း ကို လူက်ြံ ေနတယ္ လို့ ယူဆ ခဲ့တာ ေၾကာင့္ ဂိုး မေပးခဲ့ ေပမယ့္ VAR နဲ့ စစ္ေဆး ၾကည့္ရာ မွာေတာ့ လူက်ြံ ေနျခင္း လံုးဝ မရွိ ခဲ့တဲ့ အတြက္ အာဆင္နယ္ တုိ႔ သြင္းဂိုး အတြက္ အျပည့္အဝ ေအာင္ပြဲ ခံသြား နုိင္ခဲ့ ၾက ပါတယ္ ။

သေရ ရလဒ္ ဟာ ကစားပံု ထူးျခား ျပီး မေကာင္းခဲ့ ၾကတဲ့ ႏွစ္သင္းလံုး အတြက္ မ်ွတ တဲ့ ရလဒ္ ျဖစ္ခဲ့တယ္ လို့ ခံစား ခဲ့ ရတဲ့ အဆုိပါ ပြဲစဥ္ မွ ေျပာစရာ ျဖစ္ခဲ့ ရတဲ့ အခ်က္ 5 ခ်က္ကို ေဖာ္ျပ ေပးလိုက္ ပါတယ္ ။

(1) ထိပ္တုိက္ ရင္ဆုိင္ပြဲ ရဲ့ ျပိဳင္ဆုိင္ မွဳ ျပင္းထန္ပံု ေပ်ာက္ဆံုး ခဲ့ျခင္း

ယူနုိက္တက္ နဲ့ အာဆင္နယ္ အသင္း ဆုိတာ ထိပ္တုိက္ ရင္ဆုိင္ ကစား ၾကျပီ ဆုိတိုင္း ကြင္း မေရြးပဲ ျပိဳင္ဆုိင္ မွဳ ျပင္းထန္ လွတဲ့ အသင္း ေတြ အျဖစ္ ႏွစ္ေပါင္း 20 ေက်ာ္ေလာက္ အထိ ပရီးမီးယား လိဂ္ ျပိဳင္ပြဲ ကို ျမိဳင္ဆုိင္ ေစခဲ့ ၾက ပါတယ္ ။ လက္ရွိ အခ်ိန္ နဲ့ ယွဥ္ထုိး ၾကည့္ရင္ မန္စီးတီး နဲ့ လီဗာပူး တုိ့ အၾကိတ္အနယ္ ျပိဳင္ဆုိင္ ေနၾက သလို မ်ိဳးေပါ့ ။

ရြိင္ကိန္း နဲ့ ဗီအဲရား ၊ နစၥတယ္ရြိဳင္း နဲ့ အြန္နရီ ၊ အဲ့ဒီ ေခတ္က ယူနုိက္တက္ နဲ့ အာဆင္နယ္ တုိ့ရဲ့ ျပိဳင္ဆုိင္ မွဳကို ျမင္ေတြ့ ခဲ့ဖူး တဲ့ သူတုိင္း ဒီ ပဲြစဥ္ ကို ၾကည့္ျပီး အထူး စိတ္ပ်က္ ေနၾက မွာ အမွန္ ပါပဲ ။ ျပိဳင္ဆုိင္ မဳွေတြ ၊ အရည္ အေသြး ေတြ ဘယ္မွာလဲ ??

ဒီေန့ ပြဲစဥ္ အတြင္း လူေပး မွာခဲ့ တာေတြ မ်ားစြာ ျမင္ေတြ့ ခဲ့ရ သလို ေလ်ာ့တိေလ်ာ့ရဲ နုိင္တဲ့ စိတ္ပ်က္ဖြယ္ ကစားဟန္ ေတြကို လည္း ျမင္ေတြ့ ခဲ့ရ ပါတယ္ ။ ဒါ့အျပင္ ဂိုးေပါက္ ကန္ခ်က္ ေတြ ဟာလည္း တလြဲ ျဖစ္ေန တာ မ်ားခဲ့ ပါတယ္ ။

ဒီလို ေျခစြမ္း မ်ိဳးနဲ့ ဒီလို ကစားကြက္ မ်ိဳးေတြ နဲ့ ထိပ္သီး ေလးသင္း စာရင္း ဝင္ဖုိ႔ ၊ အမွတ္ေပး ဖလား အေၾကာင္း ေတြးဖုိ႔ လုပ္မယ္ ဆုိရင္ မန္စီးတီး နဲ့ လီဗာပူး အသင္း ေတြက ေလွာင္ရယ္ ေနၾက မွာ အေသအခ်ာ ပါပဲ ။

(2) ပရီးမီးယားလိဂ္ မွာ ရုန္းကန္ ေနရဆဲ ပီပီ

ေဘာလံုး အား ကစား ျပိဳင္ပြဲ မွာ အသင္း တစ္သင္း လံုးထက္ ကစားသမား တစ္ဦး တစ္ေယာက္ တည္း ကိုသာ ေဝဖန္ အျပစ္တင္ ေနမယ္ ဆုိရင္ ဒါဟာ မ်ွတမွဳ မရွိတဲ့ အရာ တစ္ခု လို့ ထင္ေၾကး ေပးခံ ရပါ လိမ့္မယ္ ။ ဒါေပမယ့္ ဒီေန့ နံနက္ ပြဲစဥ္ မွာေတာ့ အာဆင္နယ္ ဆီ ျမင့္မား တဲ့ ေျပာင္းေရႊ့ေၾကး နဲ့ ေရာက္ရွိ လာ ခဲ့တဲ့ ပီပီ ရဲ့ ေျခစြမ္း က ေျပာခ်င္ စရာ ျဖစ္ေန ခဲ့ ပါတယ္ ။

သူဟာ ပရီးမီးယား လိဂ္မွာ ကစားတာ အခ်ိန္ နည္းပါး ေနပါ ေသးတယ္ ။ ဒီ အတြက္ အသင္း ရဲ့ ကစား ကြက္နဲ့ အံမဝင္ နုိင္တာ ၊ နည္း စနစ္ပိုင္း မွာ လိုအပ္ခ်က္ ရွိေနတာ မ်ိဳး ဆုိရင္ နားလည္ လက္ခံ ေပးလို့ ရနုိင္ ပါ ေသးတယ္ ။

ဒါေပမယ့္ ယူနုိက္တက္ နဲ့ ပြဲမွာ သူ လုပ္ေဆာင္ ခဲ့တာ ေတြက ထိပ္တန္း ကစားသမား တစ္ေယာက္ အတြက္ စိတ္ပ်က္ ဖြယ္ရာ ေတြ ပါပဲ ။ သူ႔ရဲ့ ေဘာလံုး ေပးပို႔ မွဳ ေတြဟာ အၾကိမ္ မ်ားစြာ တလြဲ ျဖစ္ခဲ့ ရ သလို ဂိုးေပါက္ ကန္ခ်က္ ေတြ ဟာလည္း ဂိုးေပါက္ မတည့္ ခဲ့ရ ပါဘူး ။

သူဟာ ယူနုိက္တက္ ခံစစ္ နဲ့ ဂိုးသမား ေတြကို ထူးျခား တဲ့ ပံုစံ တစ္ခုခု နဲ့ေတာင္ ဒုကၡေတြ လံုေလာက္စြာ မေပး နုိင္ခဲ့ ပါဘူး ။ အာဆင္နယ္ အတြက္ ကေတာ့ ကစားသမား ကို ေခၚယူ နုိင္ဖုိ႔ ေပါင္ 72 သန္းထိ သံုးစြဲ ခဲ့ျခင္း က ထူူးျခား ျခင္း မရွိ ခဲ့ေသး ပါဘူူး ။ ဒါေပမယ့္ ပီပီ ဟာ ငယ္ရြယ္ ပါ ေသးတယ္ ၊ သူဟာ ပရီးမီးယား လိဂ္နဲ့ အသားက်သြား ပါက အာဆင္နယ္ အတြက္ ေရွ့ဆက္ အက်ိဳးျပဳ ေပးနုိင္ မယ့္ အလား အလာ ေကာင္းေတြ ပိုင္ဆိုင္ နုိင္ပါ လိမ့္မယ္ ။

(3) ဆိုးလ္ရွား ရဲ့ စတား ကစားသမား ျဖစ္ေၾကာင္း သက္ေသ ျပ ခဲ့တဲ့ ေတာ္မီေနး

ဆုိးလ္ရွား ဟာ အိုးလ္ ထရပ္ဖုိ့ဒ္ ကို ေရာက္ရွိ လာ ခဲ့တဲ့ ေနာက္ ယူနုိက္တက္ ရဲ့ ကစားသမား ေတြထဲ အတိုးတက္ လာဆံုး သူက ေတာ္မီေနး ပဲ ျဖစ္ခဲ့ ရ ပါတယ္ ။ သူဟာ ဒီ နံနက္ အာဆင္နယ္ နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာလည္း အသင္း ရဲ့ ကြင္းလယ္ မွာ အေရး ပါတဲ့ ကစားသမား ျဖစ္ေၾကာင္း သက္ေသ ျပသြား နုိင္ခဲ့ ပါတယ္ ။

သူဟာ ဒီေန့ ပြဲစဥ္ မွာေတာ့ ကြင္းလယ္ပိုင္း မွာ တာဝန္ ေက်ခဲ့ သလုိ တုိက္စစ္ ပိုင္း ကိုလည္း အျမဲလို တက္ေရာက္ ကူညီ ေပးနုိင္ ခဲ့ျပီး ခံစစ္ ကစားသမား ေတြရဲ့ ဖိအား ကုိလည္း ေလ်ာ့ခ် ေပးသြား နုိင္ခဲ့ ပါတယ္ ။ သူဟာ အသင္း ရဲ့ တစ္လံုး တည္းေသာ ဂိုးကို အေဝး ကန္ခ်က္ နဲ့ ရယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။

ဟုိေဆး ေမာ္ရင္ဟုိ ကုိင္တြယ္ ခဲ့တဲ့ အခ်ိန္ က စတင္ ျပီး ယူနုိက္တက္ မွာ ေနရာ တစ္ခု ရရွိ လာ ခဲ့တဲ့ ေတာ္မီေနး ဟာ ပြဲထြက္ ကစား ခြင့္ ေတြနဲ့ ထုိက္တန္ သူ ျဖစ္ေၾကာင္း ၊ အသင္း ရဲ့ အားထား ရတဲ့ ကြင္းလယ္ ကစားသမား ေကာင္း တစ္ဦး ျဖစ္လာ နုိင္ေၾကာင္း ဆက္လက္ သက္ေသ ျပေန ဆဲ ပါပဲ ။

(4) ပရိသတ္ေတြ ယံုၾကည္မွဳ မရွိတဲ့ အရာကို ဆက္တုိက္ လုပ္ေဆာင္ ျပေနတဲ့ အာဆင္နယ္

အာဆင္နယ္ အသင္းဟာ နည္းျပ အာဆင္ဝင္းဂါး လက္ေအာက္ မွာ တိက် ေသခ်ာ တဲ့ ကစား ကြက္နဲ့ ကစား ခဲ့ ရတဲ့ အခ်ိန္ ကစား ကြက္ကို ခံစစ္ ကေန တည္ ကစားတာ မ်ိဳး ၊ ေဘာလံုး ကို ပိုင္ပိုင္ နုိင္နုိင္ ကိုင္ ကစား နုိင္တာ မ်ိဳး လုပ္ေဆာင္ ခဲ့ ပါတယ္ ။ ဒီ အတြက္ ပရိသတ္ ေတြလည္း အသင္း ရဲ့ ကစား ပံုကို ႏွစ္ျခိဳက္ ခဲ့ၾက ပါတယ္ ။

ဒါေပမယ့္ နည္းျပ အမ္မရီ ရဲ့ လက္ေအာက္ မွာေတာ့ အသင္း ရဲ့ ကစား ကြက္ဟာ ဖရုိဖရဲ ျဖစ္ေန ခဲ့ သလို ခံစစ္ ကစားသမား ေတြဟာ လည္း ယံုၾကည္ သင့္တဲ့ ေျခစြမ္း မပိုင္ဆုိင္ ထားတာ ကို ျမင္ေတြ့ ခဲ့ရ ပါတယ္ ။ ဒါ့ေၾကာင့္ လည္း အာဆင္နယ္ ပရိသတ္ ေတြက ခံစစ္ပိုင္း ေဘာလံုး ကိုင္ ကစားတာ ကို မျမင္ေတြ့ လိုခဲ့ ၾက ပါဘူး ။
ဒါေပမယ့္ ဂိုးသမား လီနုိ ကေတာ့ ေဘာလံုး ရရွိ တဲ့ အခ်ိန္ တုိင္းမွာ ေဒးဗစ္ လုဝစ္ နဲ့ ဆုိကေရးတစ္ တုိ့ကို ရွာေဖြ ေနခဲ့ ျပီး ေဘာလံုး အတုိ ကစား ရင္း ကစား ကြက္ တည္ေဆာက္ ဖုိ႔ လုပ္ခဲ့ တာကို အၾကိမ္ မ်ားစြာ ျမင္ေတြ့ ခဲ့ရ ျခင္းက အာဆင္နယ္ ပရိသတ္ ေတြကို စိတ္ေသာက ေရာက္ရွိ ေစခဲ့ ပါတယ္ ။ ဒါကို ျမန္ဆန္ သြက္လက္ တဲ့ ယူနုိက္တက္ တုိက္စစ္ ကစားသမား ေတြက ဒုကၡ ေပးသြား ဖုိ႔ ၾကိဳးစား ခဲ့ၾက ပါ ေသးတယ္ ။

ဒါေပမယ့္ ေနာက္ပိုင္း အထာနပ္ သြားတဲ့ လီနုိ ဟာ ခံစစ္ မွဴး ေတြကို ေဘာလံုး မေပး ေတာ့ပဲ တိုက္ရိုက္ ကန္တင္ မွဳေတြ ျပဳလုပ္ သြားခဲ့တဲ့ အခ်ိန္ ပရိသတ္ ေတြရဲ့ လက္ခုပ္ ၾသဘာ ေပးမွဳ ကို ရရွိ ခဲ့ ပါတယ္ ။ ဒါဟာ ဒီေန့ ပြဲစဥ္ မွာ ျမင္ေတြ့ လိုက္ ရတဲ့ အာဆင္နယ္ အသင္း ရဲ့ ေျပာင္းလဲ မွဳ တစ္ရပ္ ပါပဲ ။

(5) VAR ရဲ့ မွန္ကန္မွဳ

ဒီႏွစ္ ေဘာလံုး ရာသီ စတင္ ခဲ့စဥ္ တုန္းက VAR ဟာ အသင္း အေတာ္ မ်ားမ်ား ကို မွားယြင္း တဲ့ ဆံုးျဖတ္ခ်က္ အခ်ိဳ့ နဲ့ ဒုကၡ ေတြ ေပးခဲ့ ပါတယ္ ။ အဲ့ဒီ ဒဏ္ကို ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ အခ်ိဳ့ လည္း ခံစား ခဲ့ ၾကရ ပါတယ္ ။ ဒါေပမယ့္ ဒီ တစ္ၾကိမ္ မွာေတာ့ VAR ရဲ့ ဆံုးျဖတ္ခ်က္ တစ္ရပ္ ဟာ မွန္ကန္ သြားခဲ့ ပါတယ္ ။

အာဆင္နယ္ တုိ့ ေျခပဂိုး သြင္းယူ ခဲ့ရာ မွာ စည္းၾကပ္ ဒိုင္က လူက်ြံေဘာ အျဖစ္ သတ္မွတ္ ခဲ့ ေပမယ့္ VAR ကို ျပန္လည္ စစ္ေဆး ၾကည့္ရွဳ ခဲ့တဲ့ ေနာက္ အူဘာမီယန္း ဟာ လူ မက်ြံ ခဲ့တာ ေၾကာင့္ အာဆင္နယ္ တုိ့ ေပ်ာ္ရႊင္ ခဲ့ရ ပါတယ္ ။

ဒါေပမယ့္ ယူနုိက္တက္ ဖက္က ၾကည့္လိုက္မယ္ ဆုိရင္ ျပိဳင္ဖက္ အသင္း ရဲ့ ဧရိယာ ထဲ အာဆင္နယ္ ေနာက္ခံလူ လက္ထိ ခဲ့တာ ကို VAR နဲ့ ျပန္လည္ မစစ္ေဆး ခ့ဲျခင္း က ဆုိးလ္ရွား နဲ့ ယူနုိက္တက္ ကစားသမား ေတြ အတြက္ စိတ္ မေက်နပ္ စရာ ကိစၥ တစ္ရပ္ ျဖစ္သြား ခဲ့ရ ပါတယ္ ။

#Sports_Myanmar