man utd vs arsenal
Uncode
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ပြိုင်ဖက် ကောင်း အာဆင်နယ် အသင်း ကို ဧည့်ခံ ကစား ခဲ့ရ ပြီး တစ်ဖက် တစ်ဂိုး စီနဲ့ သရေ ရလဒ် သာ ထွက်ပေါ် ခဲ့ရ ပါတယ် ။
man utd vs arsenal
အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် အတွက် ဦးဆောင် ဂိုးကို ကွင်းလယ်လူ မက် တော်မီနေး က ပွဲချိန် 45 မိနစ် မှာ သွင်းယူ ပေးခဲ့ ပြီး ဧည့်သည် အသင်း အတွက် ခြေပ ဂိုး ကိုတော့ ဝါရင့် တိုက်စစ်မှူး အူဘာမီယန်း က သွင်းယူ ပေးသွား ခဲ့ ပါတယ် ။
ဒါပေမယ့် အူဘာမီယန်း ရဲ့ ခြေပ ဂိုး ကတော့ စည်းကြပ် ဒိုင်မှ လူကျွံဘော အဖြစ် သတ်မှတ် ခဲ့တာ ကြောင့် အာဆင်နယ် ပရိသတ် တွေ အတွက် စိတ်ပျက် စရာ ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဂန်နား တို့ကို ပြန်လည် ပျော်ရွှင် စေ ခဲ့တာ ကတော့ ဒီနှစ် မှ ထွက်ပေါ် လာတဲ့ VAR စနစ် ပါပဲ ။
ကွင်းလယ်ဒိုင် ဟာ အဆိုပါ ဂိုးကို သင်္ကာ မကင်း ဖြစ်ခဲ့ ရတဲ့ အတွက် VAR နဲ့ ပြန်လည် စစ်ဆေး ခဲ့ရာ မှာ လူ မကျွံ ခဲ့တဲ့ အတွက် ဂိုး အဖြစ် သတ်မှတ် ပေးသွား ခဲ့ ပါတယ် ။ အဲ့ဒီ အခါ မှသာ အူဘာမီယန်း နဲ့ အာဆင်နယ် ပရိသတ် တွေက အပြည့် အဝ အောင်ပွဲ ခံနိုင် ခဲ့ကြ ပါတယ် ။
VAR man utd vs arsenal
အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ က အူဘာမီယန်း ရဲ့ ဂိုးမှ တစ်ဆင့် ပြုလုပ် မိ ခဲ့တဲ့ အမှား တွေကို ထပ်မံ မလုပ် မိဖို့ ၊ အမှား တွေက တစ်ဆင့် သင်ယူ မှုတွေ ပြုလုပ် သွားဖို့ အသင်းဖော် တွေကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။
” ဟုတ်ပါတယ် ၊ ဒါဟာ ကျွန်တော် တို့ အတွက် ကြီးမားတဲ့ အမှား တစ်ခု ပါပဲ ။ ကျွန်တော် တို့ဟာ အရေး ပါတဲ့ ခြေပ ဂိုးကို ခွင့်ပြု ခဲ့ကြ ရ ပါတယ် ။ ပွဲစဉ် က ကောင်းမွန် တဲ့ မျှခြေ တစ်ခု မှာ ရှိနေ ခဲ့ ပါတယ် ။ သူတို့ တွေက အခွင့် အရေး အနည်းငယ် ရရှိ ခဲ့ကြ ပြီး ကျွန်တော် တို့က အခွင့်ကောင်း ပိုများ ခဲ့ကြ ပါတယ် ”
” အကယ်လို့ စည်းကြပ် ဒိုင်က အလံ မထောင် ခဲ့ရင် တောင်မှ သူတို့ ရရှိ ခဲ့တဲ့ ဂိုးကို ပြန်လည် စစ်ဆေး ဖို့ VAR ရှိနေ သေးတယ် ဆိုတာ ကျွန်တော် တို့ သတိရ သင့်ခဲ့ ပါတယ် ။ ကျွန်တော် တို့ အမှား တွေက တစ်ဆင့် သင်ယူ ကြရ ပါ့မယ် ”
” ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်တာ ကြောင့် ဒီလုုိ ပွဲစဉ် တွေကို ကျွန်တော် တို့ အနိုင် ကစား နိုင်ဖို့ လိုအပ်လှ ပါတယ် ။ ကောင်လေး တွေ အနေ နဲ့ ပွဲစဉ် အပေါ် တုန့်ပြန် နိုင်ဖို့ လိုအပ် နေခဲ့ ပြီး ပိုမို ကောင်းအောင် ကစား နိုင်ခဲ့ သင့် ပါတယ် ”
D\avid-de-GEa3
” ကျွန်တော် တို့ဟာ အသင်း အဖွဲ့ တစ်ခု ပါ ။ ဒီ အတွက် ကျွန်တော် တို့ ဆက်လက် တိုးတက် ကောင်းမွန် နေဖို့ လိုအပ် လှ ပါတယ် ။ ကျွန်တော် တို့ အခု နောက်ထပ် ပွဲစဉ် ကို စောင့်မျှော် နေကြ ပြီး အနိုင်ယူ နိုင်ဖို့ ကြိုးစား သွားကြ ပါ့မယ် ” လို့ ဒီဂီယာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ယူနိုက်တက် ဟာ ဒီ တစ်ပါတ် ကြာသာပတေး နေ့ နံနက် မှာ ယူရို ပါလိဂ် အုပ်စု ၊ အဝေးကွင်း ပွဲစဉ် အဖြစ် အေဇက် အယ်လ်ခမာ အသင်း နဲ့ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။
#Sports_Myanmar
(Zawgyi)
#Sports_Myanmar