ဘာစီလိုနာ အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ လာလီဂါ ပြဲစဥ္ မွာ ရီးရဲလ္ ဆိုစီဒက္ အသင္း ကို ၂ – ၁ နဲ႕ အႏိုင္ ရခဲ့ေပမယ့္ ခက္ခက္ခဲခဲ ရုန္းကန္ ယွဥ္ျပိဳင္ ခဲ့ရပါတယ္ ။ ဘာစီလိုနာ ဟာ ဆိုစီဒက္ နဲ႕ ပြဲမတိုင္မီ ၾကားရက္ မွာ မန္ယူ နဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပြဲစဥ္ ကို အားကုန္ ထုတ္ ကစား ခဲ့ရတာေၾကာင့္ ဆိုစီဒက္ နဲ႕ ပြဲမွာ ပြဲပန္းဒဏ္ ခံစား ေနခဲ့ ရပါတယ္ ။

သို႕ေပမယ့္ လည္း ဘာကာ ဟာ လိုအပ္ ေနတဲ့ အႏိုင္ ၃မွတ္ ကို အမွားအယြင္း မရွိ ယူေဆာင္ သြားႏိုင္ခဲ့ ပါတယ္ ။ ပထမပိုင္း ျပီးခါနီး မွာပဲ ဒမ္ဘီလီ ရဲ႕ ေထာင့္ကန္ေဘာ ကေန ဘာကာ ခံစစ္မွဴး လန္ဂလက္ က ေခါင္းတိုက္ သြင္းယူ ျပီး အဖြင့္ဂိုး ရယူ ေပးခဲ့ပါတယ္ ။ ဒုတိယပိုင္း ၆၂ မိနစ္ မွာေတာ့ ဆိုစီဒက္ ဖက္က ဟြမ္မီ က ေခ်ပဂိုး သြင္းယူ ေပးခဲ့ျပီး ေနာက္ ၂မိနစ္ အၾကာ မွာပဲ ေဂ်ာ္ဒီ အယ္လ္ဘာ က ဘာကာ အတြက္ ဦးေဆာင္ဂိုး ျပန္ယူ ေပးႏိုင္ခဲ့ပါတယ္ ။

လက္က်န္ ပြဲခ်ိန္ ေတြမွာ ဆုိစီဒက္ တို႕ တရစပ္ ဖိအားေပး ခဲ့ေပမယ့္ ေခ်ပဂိုး မရခဲ့ပဲ ဘာကာ တို႕ အႏိုင္ ၃မွတ္ ထပ္မံ စုေဆာင္း ႏိုင္ခဲ့ပါတယ္ ။ ပြဲအျပီး အင္တာဗ်ဴး မွာေတာ့ အႏိုင္ဂိုးရွင္ ေဂ်ာ္ဒီ အယ္လ္ဘာ ကေတာ့ ၄င္းတို႕ အသင္း ဟာ မန္ယူ ကို ၃ဂိုးျပတ္ နဲ႕ အႏိုင္ ရခဲ့တဲ့ ပြဲမွာ အားကုန္ ထုတ္ကစား ခဲ့လို႕ ဆိုစီဒက္ နဲ႕ပြဲ မွာ ရုန္းကန္ ခဲ့ရတယ္ လို႕ ဆိုပါတယ္ ။

အယ္လ္ဘာ က ” ဒီေန႕ပြဲ ဟာ အရမ္း ခက္ခဲ ခဲ့ပါတယ္ ။ အထူးသျဖင့္ မန္ယူ နဲ႕ ပြဲက ေျခစံု ထုတ္ကန္ခဲ့တဲ့ အတြက္ေၾကာင့္ ဒီေန႕ပြဲ မွာ ပိုျပီး ရုန္းကန္ ခဲ့ရပါတယ္ ။ ဒါေပမယ့္ အခုဆို ကြ်န္ေတာ္ တို႕ဟာ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ ေနပါျပီ ။ ကြ်န္ေတာ့ အျမင္မွာေတာ့ ကြ်န္ေတာ္ တို႕ အသင္း ဟာ ပထမပိုင္း ထက္ ဒုတိယပိုင္း မွွာ ကစားပံု ပိုေကာင္း ခဲ့တယ္ လို႕ ထင္ပါတယ္ ။ ”

” ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ ကြ်န္ေတာ္ တို႕ ေက်နပ္ ေနၾကသလို ဒီေန႕ပြဲ မွာ ရရွိ ခဲ့တဲ့ သြင္းဂိုး အတြက္လည္း ကြ်န္ေတာ္ ေပ်ာ္ရႊင္ ေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဆက္လက္ျပီး အယ္လ္ဘာ က ၄င္းတို႕ အသင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာလည္း လာလီဂါ ခ်န္ပီယံ ထပ္ျဖစ္ ဖို႕ အလိုရွိ ေနေၾကာင္း ဆိုခဲ့သလို အသင္း ရဲ႕ ပြဲစဥ္ ေတြတိုင္း မွာ စီမံ ခန္႕ခြဲပံု ေကာင္းတဲ့ ဗယ္လ္ဗာဒီ ကိုလည္း ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

အယ္လ္ဘာ က ” မန္ေနဂ်ာ ဟာ အသင္းသား ေတြ အားလံုး အတြက္ ညီမွ် တဲ့ ပြဲထြက္ခြင့္ ေတြ ၊ မိနစ္ အပုိင္းအျခား ေတြ ေပးေနတယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ဒါေပမယ့္ ဒီေန႕ ပြဲမွာ အေရးၾကီးတဲ့ အႏိုင္ ရလဒ္ ကို ကြ်န္ေတာ္ တို႕ ပိုင္ဆိုင္ ခဲ့ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ပြဲကို အခ်ိန္ျပည့္ ထိန္းခ်ဳပ္ ႏိုင္ခဲ့သလို ကြ်န္ေတာ္ တို႕ ထင္ထားတာ ထက္လည္း အခြင့္အေရး ေတြ ပိုျပီး ဖန္တီး ႏိုင္ခဲ့ပါတယ္ ။ ”

” ရီးရဲလ္ ဆိုစီဒက္ ဟာ အမွန္တကယ္ တိုက္ပြဲဝင္ စိတ္ဓာတ္ အျပည့္ နဲ႕ ကစား ေလ့ ရွိတဲ့ အသင္း ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ ဒီေန႕ ပြဲ အတြက္ သူတို႕ရဲ႕ တုန္႕ျပန္မႈ ကို ၾကိဳတင္ မွန္းဆ ခဲ့ျပီးသားပါ ။ ဒီေန႕ ပြဲျပီးသြားတဲ့ အခါမွာေတာ့ ေနာက္ထပ္ လိုအပ္ ေနတဲ့ ႏိုင္ပြဲ တပြဲ ရျပီး ခက္ခက္ခဲခဲ နဲ႕ အႏိုင္ ရလဒ္ ကို ယူေဆာင္ ႏိုင္ခဲ့တယ္ လို႕ပဲ ကြ်န္ေတာ္ တို႕ ယူဆ ပါတယ္ ။ ”

” လက္ရွိ အသင္းသား ေတြရဲ႕ တုန္႕ျပန္မႈ ဟာ အေကာင္းဆံုး အေျခအေန တရပ္ မွာ ရွိေနျပီး ကစားသမား ေတြ အားလံုး အသင္း အတြက္ ရာႏႈန္းျပည့္ ေပးဆပ္ ေနၾကပါတယ္ ။ ကြ်န္ေတာ္ တို႕ အားလံုး ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ လာလီဂါ ခ်န္ပီယံ ျဖစ္ဖို႕ ဆႏၵ ျပင္းျပ ေနၾကပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ အမွတ္ အမ်ားၾကီး ျဖတ္ျပီး ဦးေဆာင္ ထားတာေၾကာင့္ ခ်န္ပီယံ ျဖစ္ဖို႕ လြယ္ကူ ေနျပီ လို႕ လူေတြက ထင္ထားၾက ပါတယ္ ။ ”

” ဒါေပမယ့္ ခင္ဗ်ား တို႕ဟာ ကြ်န္ေတာ္ တို႕ ဒီလို အေနအထား ေရာက္လာဖို႕ အသင္း နဲ႕ သက္ဆိုင္ တ့ဲ သူတိုင္းရဲ႕ ေပးဆပ္မႈ ေတြ အေပၚ တန္ဖိုး ထားဖို႕ လိုပါတယ္ ။ ဒါ့အျပင္ ကြ်န္ေတာ္ တို႕ဟာ အသင္း အတြက္ အျမဲ အားေပး ေထာက္ခံ ေလ့ ရွိတဲ့ ပရိသတ္ ေတြကို ေက်းဇူး တင္ခ်င္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

မန်ယူ နဲ့ ချန်ပီယံလိဂ် ပွဲမှာ အားကုန် ထုတ်ကစား ခဲ့လို့ မနေ့ည က ဆိုစီဒက် နဲ့ ပွဲမှာ ရုန်းကန် ခဲ့ရတယ် လို့ ဝန်ခံ စကား ဆိုလိုက်တဲ့ #ဂျော်ဒီအယ်လ်ဘာ

ဘာစီလိုနာ အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ ရီးရဲလ် ဆိုစီဒက် အသင်း ကို ၂ – ၁ နဲ့ အနိုင် ရခဲ့ပေမယ့် ခက်ခက်ခဲခဲ ရုန်းကန် ယှဉ်ပြိုင် ခဲ့ရပါတယ် ။ ဘာစီလိုနာ ဟာ ဆိုစီဒက် နဲ့ ပွဲမတိုင်မီ ကြားရက် မှာ မန်ယူ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ကို အားကုန် ထုတ် ကစား ခဲ့ရတာကြောင့် ဆိုစီဒက် နဲ့ ပွဲမှာ ပွဲပန်းဒဏ် ခံစား နေခဲ့ ရပါတယ် ။

သို့ပေမယ့် လည်း ဘာကာ ဟာ လိုအပ် နေတဲ့ အနိုင် ၃မှတ် ကို အမှားအယွင်း မရှိ ယူဆောင် သွားနိုင်ခဲ့ ပါတယ် ။ ပထမပိုင်း ပြီးခါနီး မှာပဲ ဒမ်ဘီလီ ရဲ့ ထောင့်ကန်ဘော ကနေ ဘာကာ ခံစစ်မှူး လန်ဂလက် က ခေါင်းတိုက် သွင်းယူ ပြီး အဖွင့်ဂိုး ရယူ ပေးခဲ့ပါတယ် ။ ဒုတိယပိုင်း ၆၂ မိနစ် မှာတော့ ဆိုစီဒက် ဖက်က ဟွမ်မီ က ချေပဂိုး သွင်းယူ ပေးခဲ့ပြီး နောက် ၂မိနစ် အကြာ မှာပဲ ဂျော်ဒီ အယ်လ်ဘာ က ဘာကာ အတွက် ဦးဆောင်ဂိုး ပြန်ယူ ပေးနိုင်ခဲ့ပါတယ် ။

လက်ကျန် ပွဲချိန် တွေမှာ ဆိုစီဒက် တို့ တရစပ် ဖိအားပေး ခဲ့ပေမယ့် ချေပဂိုး မရခဲ့ပဲ ဘာကာ တို့ အနိုင် ၃မှတ် ထပ်မံ စုဆောင်း နိုင်ခဲ့ပါတယ် ။ ပွဲအပြီး အင်တာဗျူး မှာတော့ အနိုင်ဂိုးရှင် ဂျော်ဒီ အယ်လ်ဘာ ကတော့ ၄င်းတို့ အသင်း ဟာ မန်ယူ ကို ၃ဂိုးပြတ် နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ အားကုန် ထုတ်ကစား ခဲ့လို့ ဆိုစီဒက် နဲ့ပွဲ မှာ ရုန်းကန် ခဲ့ရတယ် လို့ ဆိုပါတယ် ။

အယ်လ်ဘာ က ” ဒီနေ့ပွဲ ဟာ အရမ်း ခက်ခဲ ခဲ့ပါတယ် ။ အထူးသဖြင့် မန်ယူ နဲ့ ပွဲက ခြေစုံ ထုတ်ကန်ခဲ့တဲ့ အတွက်ကြောင့် ဒီနေ့ပွဲ မှာ ပိုပြီး ရုန်းကန် ခဲ့ရပါတယ် ။ ဒါပေမယ့် အခုဆို ကျွန်တော် တို့ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက် နေပါပြီ ။ ကျွန်တော့ အမြင်မှာတော့ ကျွန်တော် တို့ အသင်း ဟာ ပထမပိုင်း ထက် ဒုတိယပိုင်း မှှာ ကစားပုံ ပိုကောင်း ခဲ့တယ် လို့ ထင်ပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ အတွက် ကျွန်တော် တို့ ကျေနပ် နေကြသလို ဒီနေ့ပွဲ မှာ ရရှိ ခဲ့တဲ့ သွင်းဂိုး အတွက်လည်း ကျွန်တော် ပျော်ရွှင် နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး အယ်လ်ဘာ က ၄င်းတို့ အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာလည်း လာလီဂါ ချန်ပီယံ ထပ်ဖြစ် ဖို့ အလိုရှိ နေကြောင်း ဆိုခဲ့သလို အသင်း ရဲ့ ပွဲစဉ် တွေတိုင်း မှာ စီမံ ခန့်ခွဲပုံ ကောင်းတဲ့ ဗယ်လ်ဗာဒီ ကိုလည်း ချီးကျူး ပြောဆို ခဲ့ပါတယ် ။

အယ်လ်ဘာ က ” မန်နေဂျာ ဟာ အသင်းသား တွေ အားလုံး အတွက် ညီမျှ တဲ့ ပွဲထွက်ခွင့် တွေ ၊ မိနစ် အပိုင်းအခြား တွေ ပေးနေတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲမှာ အရေးကြီးတဲ့ အနိုင် ရလဒ် ကို ကျွန်တော် တို့ ပိုင်ဆိုင် ခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ ပွဲကို အချိန်ပြည့် ထိန်းချုပ် နိုင်ခဲ့သလို ကျွန်တော် တို့ ထင်ထားတာ ထက်လည်း အခွင့်အရေး တွေ ပိုပြီး ဖန်တီး နိုင်ခဲ့ပါတယ် ။ ”

” ရီးရဲလ် ဆိုစီဒက် ဟာ အမှန်တကယ် တိုက်ပွဲဝင် စိတ်ဓာတ် အပြည့် နဲ့ ကစား လေ့ ရှိတဲ့ အသင်း ဖြစ်ပါတယ် ။ ကျွန်တော် တို့ဟာ ဒီနေ့ ပွဲ အတွက် သူတို့ရဲ့ တုန့်ပြန်မှု ကို ကြိုတင် မှန်းဆ ခဲ့ပြီးသားပါ ။ ဒီနေ့ ပွဲပြီးသွားတဲ့ အခါမှာတော့ နောက်ထပ် လိုအပ် နေတဲ့ နိုင်ပွဲ တပွဲ ရပြီး ခက်ခက်ခဲခဲ နဲ့ အနိုင် ရလဒ် ကို ယူဆောင် နိုင်ခဲ့တယ် လို့ပဲ ကျွန်တော် တို့ ယူဆ ပါတယ် ။ ”

” လက်ရှိ အသင်းသား တွေရဲ့ တုန့်ပြန်မှု ဟာ အကောင်းဆုံး အခြေအနေ တရပ် မှာ ရှိနေပြီး ကစားသမား တွေ အားလုံး အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ် နေကြပါတယ် ။ ကျွန်တော် တို့ အားလုံး ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ လာလီဂါ ချန်ပီယံ ဖြစ်ဖို့ ဆန္ဒ ပြင်းပြ နေကြပါတယ် ။ ကျွန်တော် တို့ဟာ အမှတ် အများကြီး ဖြတ်ပြီး ဦးဆောင် ထားတာကြောင့် ချန်ပီယံ ဖြစ်ဖို့ လွယ်ကူ နေပြီ လို့ လူတွေက ထင်ထားကြ ပါတယ် ။ ”

” ဒါပေမယ့် ခင်ဗျား တို့ဟာ ကျွန်တော် တို့ ဒီလို အနေအထား ရောက်လာဖို့ အသင်း နဲ့ သက်ဆိုင် တဲ့ သူတိုင်းရဲ့ ပေးဆပ်မှု တွေ အပေါ် တန်ဖိုး ထားဖို့ လိုပါတယ် ။ ဒါ့အပြင် ကျွန်တော် တို့ဟာ အသင်း အတွက် အမြဲ အားပေး ထောက်ခံ လေ့ ရှိတဲ့ ပရိသတ် တွေကို ကျေးဇူး တင်ချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR