hazard

( Unicode )

ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား အီဒင် ဟာဇတ် ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ ရီးရဲလ် မက်ဒရစ် အသင်း ထံသို့ ပေါင် ၈၈ သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီး အခု အခါမှာတော့ ၄င်း ကိုယ်တိုင် အလုပ် တွဲလုပ်လိုတဲ့ Idol ဇီဒန်း နဲ့ အတူ အလုပ်လုပ်ခွင့် ရနေပြီ ဖြစ်ပါတယ် ။

hazard

သို့ပေမယ့် လည်း ဟာဇတ် ဟာ ဘောလုံး ရာသီ မစတင်မီ မှာပဲ ဒဏ်ရာ ကြောင့် ကာလရှည် အနားယူ နေခဲ့ရပြီး နိုင်ပွဲ ပွဲစဉ် တွေ အပြီး မှာမှ ရီးရဲလ် မက်ဒရစ် အသင်း အတွက် ပြန်လည် ကစား ပေးနိုင် ခဲ့ပါတယ် ။ တဖက် မှာ ဟာဇတ် ဟာ အခု အချိန် အထိ ချယ်လ်ဆီး အသင်း မှာ ပြသ ခဲ့တုန်းက မှော်ဝင် ခြေစွမ်း တွေကို ထုတ်ပြဖို့ ရုန်းကန် နေရသလို ၊ ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ နည်းစနစ် မှာ အံဝင်အောင် လည်း ကြိုးစား နေရပါတယ် ။

ယနေ့ည မှာတော့ ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယမြောက် ပွဲစဉ် အဖြစ် ရီးရဲလ် မက်ဒရစ် အသင်း ဟာ ဘယ်လ်ဂျီယမ် ကလပ် ဘရူဂေး အသင်း ကို အိမ်ကွင်း ဘာနေဗျူး မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ဟာဇတ် ဟာ ပီအက်စ်ဂျီ ကို ၃ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာလည်း ခြေစွမ်းကောင်း ပြသ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

hazard

 

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဟာဇတ် က သူဟာ ရီးရဲလ် မက်ဒရစ် ရဲ့ ကြယ်စင်စု ကစားသမား အစုအဖွဲ့ တွေထဲမှာ မပါဝင်သေးကြောင်း ၊ ကြယ်စင်စု ကစားသမား စင်စစ် ဖြစ်လာဖို့ အတွက် အခုထက် ပိုပြီး ခြေစွမ်း တိုးတက်လာဖို့ ၊ ကြိုးစားဖို့ လိုအပ် နေသေးကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

ဟာဇတ် က ” ကျွန်တော် ဟာ ကြယ်စင်စု ကစားသမား တယောက် မဖြစ်သေးပါဘူး ။ တကယ့် ပွဲစဉ် တွေမှာ ကျွန်တော် ဟာ ကြယ်စင်စု ကစားသမား ရဲ့ ခြေစွမ်း တွေကို ထုတ်ပြ နိုင်ဖို့ ကြိုးစား ရပါဦးမယ် ။ ကျွန်တော် တို့ အားလုံး ဟာ ဒီ ကလပ် ရဲ့ ကျောနံပါတ် ရ ဂျာစီ ရဲ့ သမိုင်းကြောင်း ကို ကောင်းကောင်း သိထားကြပါတယ် ။ ကျွန်တော် ဟာလည်း ဒီ ကျောနံပါတ် ကို ဝတ်ဆင် သွားတဲ့ အကောင်းဆုံး ကစားသမား တွေထဲက တယောက် ဖြစ်လာဖို့ သက်သေ ပြနိုင်ဖို့ လိုအပ် နေပါတယ် ။ ”

” ကျွန်တော် ဟာ ဘောလုံးကွင်း ထဲမှာ ပျော်ပျော်ရွှင်ရွှင် ကစားချင်သလို ၊ အသင်း အတွက် လည်း အစွမ်းကုန် အပြည့်အဝ ပေးဆပ် ကစားသွား ချင်ပါတယ် ။ တကယ့် ပွဲစဉ် တွေမှာ သာမက လေ့ကျင့်ရေး အစီအစဉ် တွေမှာပါ ကျွန်တော် အကောင်းဆုံး ကြိုးစား သွားမှာပါ ။ ကျွန်တော် ဟာ ကိုယ့်ကိုယ် ဘယ်တော့မှ သံသယ မဝင်သလို ၊ မန်နေဂျာ အပေါ် မှာလည်း ဘယ်တော့မှ သံသယ မဖြစ်မိပါဘူး ။ ”

” တယောက် နဲ့ တယောက် ယုံကြည်မှု ရှိနေကြဖို့သာ အရေးကြီးပါတယ် ။ ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေသလို မကြာခင် မှာ အရာရာ ဟာ သူ့ဟာ နဲ့သူ အဆင် ပြန်ပြေ သွားမယ် လို့ မျှော်လင့် ထားပါတယ် ။ ဝေဖန်မှု တွေက ကျွန်တော့ ကို သက်ရောက်မှု ရှိစေမှာ မဟုတ်ပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း ဒီ ဝေဖန် ပြောဆို နေတာတွေကို သတိမထားမိပါဘူး ။ ”

” ကျွန်တော့ ရဲ့ စွမ်းဆောင်ရည် အပြည့်ဝဆုံး အခိုက်အတန့် တွေကို ကျွန်တော် သေသေချာချာ သိထားပါတယ် ။ လူတွေက ကျွန်တော့ကို တပွဲ ၃ဂိုးလောက် သွင်းဖို့ကို မျှော်မှန်း နေကြတာပါ ။ အခုထက် ပိုကောင်းအောင် ကျွန်တော် ဆက်လက် လုပ်ဆောင် နိုင်မယ် လို့ ယူဆ မိပါတယ် ။ နောက်ပြီး ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို အမြဲ ဆင်ခြင် သုံးသပ် နေတဲ့ သူတယောက်ပါ ။ အလုပ်လည်း နေ့စဉ်နေ့တိုင်း ကြိုးစား ပါတယ် ။ ”

” ဒဏ်ရာ ကြောင့် ကာလရှည် အနားယူ ခဲ့ရတာမို့ ခြေစွမ်း တိုးတက်လာဖို့ နှောင့်နှေးနေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် အခု အချိန် မှာ ရာနှုန်းပြည့် ပြန်ကောင်း နေပါပြီ ။ အခုဆို ကျွန်တော် ဟာ ကိုယ့်ရဲ့ အဆင့်အတန်း အမှန်ကို ပရိသတ် တွေ ရှေ့မှောက်မှာ ပြသ သွားချင်နေပြီး ကျွန်တော့ ကြောင့် ပရိသတ် တွေ ဂုဏ်ယူ နေရတာမျိုး ဖြစ်စေချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

( Zawgyi )

ဘယ္လ္ဂ်ီယမ္ လက္ေရြးစင္ ေတာင္ပံ တိုက္စစ္ ကစားသမား အီဒင္ ဟာဇတ္ ဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ မွာ ခ်ယ္လ္ဆီး အသင္း ကေန ရီးရဲလ္ မက္ဒရစ္ အသင္း ထံသို႕ ေပါင္ ၈၈ သန္း နဲ႕ ေျပာင္းေရႊ႕ သြားခဲ့ျပီး အခု အခါမွာေတာ့ ၄င္း ကိုယ္တိုင္ အလုပ္ တြဲလုပ္လိုတဲ့ Idol ဇီဒန္း နဲ႕ အတူ အလုပ္လုပ္ခြင့္ ရေနျပီ ျဖစ္ပါတယ္ ။

 

သို႕ေပမယ့္ လည္း ဟာဇတ္ ဟာ ေဘာလံုး ရာသီ မစတင္မီ မွာပဲ ဒဏ္ရာ ေၾကာင့္ ကာလရွည္ အနားယူ ေနခဲ့ရျပီး ႏိုင္ပြဲ ပြဲစဥ္ ေတြ အျပီး မွာမွ ရီးရဲလ္ မက္ဒရစ္ အသင္း အတြက္ ျပန္လည္ ကစား ေပးႏိုင္ ခဲ့ပါတယ္ ။ တဖက္ မွာ ဟာဇတ္ ဟာ အခု အခ်ိန္ အထိ ခ်ယ္လ္ဆီး အသင္း မွာ ျပသ ခဲ့တုန္းက ေမွာ္ဝင္ ေျခစြမ္း ေတြကို ထုတ္ျပဖို႕ ရုန္းကန္ ေနရသလို ၊ ရီးရဲလ္ မက္ဒရစ္ အသင္း ရဲ႕ နည္းစနစ္ မွာ အံဝင္ေအာင္ လည္း ၾကိဳးစား ေနရပါတယ္ ။

ယေန႕ည မွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ဒုတိယေျမာက္ ပြဲစဥ္ အျဖစ္ ရီးရဲလ္ မက္ဒရစ္ အသင္း ဟာ ဘယ္လ္ဂ်ီယမ္ ကလပ္ ဘရူေဂး အသင္း ကို အိမ္ကြင္း ဘာေနဗ်ဴး မွာ လက္ခံ ကစား ရမွာ ျဖစ္ပါတယ္ ။ ဟာဇတ္ ဟာ ပီအက္စ္ဂ်ီ ကို ၃ဂိုးျပတ္ နဲ႔ အေရးနိမ့္ ခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ မွာလည္း ေျခစြမ္းေကာင္း ျပသ ႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး ။

 

မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ဟာဇတ္ က သူဟာ ရီးရဲလ္ မက္ဒရစ္ ရဲ႕ ၾကယ္စင္စု ကစားသမား အစုအဖြဲ႕ ေတြထဲမွာ မပါဝင္ေသးေၾကာင္း ၊ ၾကယ္စင္စု ကစားသမား စင္စစ္ ျဖစ္လာဖို႕ အတြက္ အခုထက္ ပိုျပီး ေျခစြမ္း တိုးတက္လာဖို႕ ၊ ၾကိဳးစားဖို႕ လိုအပ္ ေနေသးေၾကာင္း ဖြင့္ဟ ေျပာၾကား ခဲ့ပါတယ္ ။

ဟာဇတ္ က ” ကြ်န္ေတာ္ ဟာ ၾကယ္စင္စု ကစားသမား တေယာက္ မျဖစ္ေသးပါဘူး ။ တကယ့္ ပြဲစဥ္ ေတြမွာ ကြ်န္ေတာ္ ဟာ ၾကယ္စင္စု ကစားသမား ရဲ႕ ေျခစြမ္း ေတြကို ထုတ္ျပ ႏိုင္ဖို႕ ၾကိဳးစား ရပါဦးမယ္ ။ ကြ်န္ေတာ္ တို႕ အားလံုး ဟာ ဒီ ကလပ္ ရဲ႕ ေက်ာနံပါတ္ ၇ ဂ်ာစီ ရဲ႕ သမိုင္းေၾကာင္း ကို ေကာင္းေကာင္း သိထားၾကပါတယ္ ။ ကြ်န္ေတာ္ ဟာလည္း ဒီ ေက်ာနံပါတ္ ကို ဝတ္ဆင္ သြားတဲ့ အေကာင္းဆံုး ကစားသမား ေတြထဲက တေယာက္ ျဖစ္လာဖို႕ သက္ေသ ျပႏိုင္ဖို႕ လိုအပ္ ေနပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ ေဘာလံုးကြင္း ထဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားခ်င္သလို ၊ အသင္း အတြက္ လည္း အစြမ္းကုန္ အျပည့္အဝ ေပးဆပ္ ကစားသြား ခ်င္ပါတယ္ ။ တကယ့္ ပြဲစဥ္ ေတြမွာ သာမက ေလ့က်င့္ေရး အစီအစဥ္ ေတြမွာပါ ကြ်န္ေတာ္ အေကာင္းဆံုး ၾကိဳးစား သြားမွာပါ ။ ကြ်န္ေတာ္ ဟာ ကိုယ့္ကိုယ္ ဘယ္ေတာ့မွ သံသယ မဝင္သလို ၊ မန္ေနဂ်ာ အေပၚ မွာလည္း ဘယ္ေတာ့မွ သံသယ မျဖစ္မိပါဘူး ။ ”

” တေယာက္ နဲ႕ တေယာက္ ယံုၾကည္မႈ ရွိေနၾကဖို႕သာ အေရးၾကီးပါတယ္ ။ ကြ်န္ေတာ္ ဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္ ရွိေနသလို မၾကာခင္ မွာ အရာရာ ဟာ သူ႕ဟာ နဲ႕သူ အဆင္ ျပန္ေျပ သြားမယ္ လို႕ ေမွ်ာ္လင့္ ထားပါတယ္ ။ ေဝဖန္မႈ ေတြက ကြ်န္ေတာ့ ကို သက္ေရာက္မႈ ရွိေစမွာ မဟုတ္ပါဘူး ။ ကြ်န္ေတာ္ ကိုယ္တိုင္လည္း ဒီ ေဝဖန္ ေျပာဆို ေနတာေတြကို သတိမထားမိပါဘူး ။ ”

” ကြ်န္ေတာ့ ရဲ႕ စြမ္းေဆာင္ရည္ အျပည့္ဝဆံုး အခိုက္အတန္႕ ေတြကို ကြ်န္ေတာ္ ေသေသခ်ာခ်ာ သိထားပါတယ္ ။ လူေတြက ကြ်န္ေတာ့ကို တပြဲ ၃ဂိုးေလာက္ သြင္းဖို႕ကို ေမွ်ာ္မွန္း ေနၾကတာပါ ။ အခုထက္ ပိုေကာင္းေအာင္ ကြ်န္ေတာ္ ဆက္လက္ လုပ္ေဆာင္ ႏိုင္မယ္ လို႕ ယူဆ မိပါတယ္ ။ ေနာက္ျပီး ကြ်န္ေတာ္ ဟာ ကိုယ့္ကိုယ္ကို အျမဲ ဆင္ျခင္ သံုးသပ္ ေနတဲ့ သူတေယာက္ပါ ။ အလုပ္လည္း ေန႕စဥ္ေန႕တိုင္း ၾကိဳးစား ပါတယ္ ။ ”

 

” ဒဏ္ရာ ေၾကာင့္ ကာလရွည္ အနားယူ ခဲ့ရတာမို႕ ေျခစြမ္း တိုးတက္လာဖို႕ ေႏွာင့္ေႏွးေနတာ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္ ။ ဒါေပမယ့္ အခု အခ်ိန္ မွာ ရာႏႈန္းျပည့္ ျပန္ေကာင္း ေနပါျပီ ။ အခုဆို ကြ်န္ေတာ္ ဟာ ကိုယ့္ရဲ႕ အဆင့္အတန္း အမွန္ကို ပရိသတ္ ေတြ ေရွ႕ေမွာက္မွာ ျပသ သြားခ်င္ေနျပီး ကြ်န္ေတာ့ ေၾကာင့္ ပရိသတ္ ေတြ ဂုဏ္ယူ ေနရတာမ်ိဳး ျဖစ္ေစခ်င္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR