solsjaker

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီေန့ နံနက္ ပရီးမီးယား လိဂ္ ပြဲစဥ္ 7 အျဖစ္ အာဆင္နယ္ အသင္း ကို အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ ဧည္ခံ ကစား ခဲ့ ရျပီး တစ္ဖက္ တစ္ဂိုးစီ သာ သေရ ရလဒ္ ထြက္ေပၚ ခဲ့တာ ေၾကာင့္ ျပိဳင္ဖက္ အသင္း နဲ့ တစ္မွတ္စီ ခြဲယူ ခဲ့ရ ပါတယ္ ။

man utd vs arsenal 2019

အဆုိပါ ပဲြစဥ္ ရဲ့ ပြဲခ်ိန္ 45 မိနစ္ မွာေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္ ကစားသမား ျဖစ္သူ စေကာ့ မက္ ေတာ္မီေနး က အသင္း အတြက္ ဦးေဆာင္ ဂိုး သြင္းယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။ အဆုိပါ သြင္းဂိုး က သူ့ရဲ့ ကစားသမား ဘဝ အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ သြင္းယူ ခဲ့တဲ့ ပထမဆံုး ဂိုး ျဖစ္ခဲ့ ရ ပါတယ္ ။

အဲ့ဒီေနာက္ ပြဲခ်ိန္ ဒုတိယပိုင္း စတင္ သြားတဲ့ အခါ 10 မိနစ္ ေလာက္ အၾကာ မွာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ျပိဳင္ဖက္ အသင္း ဂိုး ဧရိယာ ထဲ ေဘာလံုး ေပးပို့ လိုက္တဲ့ အခ်ိန္ အာဆင္နယ္ ေနာက္ခံလူ ကုိလာဆီနက္ ဟာ လက္ထိ သြားခဲ့ ပါတယ္ ။

ဒါကို ယူနုိက္တက္ ကစားသမား ေတြက ကြင္းလယ္ဒိုင္ ဆီ ေစာဒက တက္ခဲ့ ၾက ေပမယ့္ ကယ္ဗင္ ဖရန့္ က VAR စစ္ေဆး မွဳ မျပဳလုပ္ ခဲ့ပဲ ပြဲကို ဆက္လက္ ကစား သြား ေစခဲ့ ပါတယ္ ။ အဲ့ဒီေနာက္ မၾကာမီ မွာပဲ အာဆင္နယ္ အသင္း အတြက္ တုိက္စစ္မွဴး အူဘာမီယန္း က ေျခပဂိုး သြင္းယူ သြားနုိင္ ခဲ့ ပါတယ္ ။

အဆုိပါ ဂိုး ကိုေတာ့ စည္းၾကပ္ ဒိုင္က လူက်ြံေဘာ အျဖစ္ သတ္မွတ္ ခဲ့ ေပမယ့္ ကြင္းလယ္ဒိုင္ ကယ္ဗင္ ဖရန့္ က VAR နဲ့ စစ္ေဆး သြားခဲ့ ျပီး ဂိုး အျဖစ္ ခြင့္ျပဳ သြားခဲ့ လိုက္ ပါတယ္ ။ အခုေတာ့ ယူနုိက္တက္ နည္းျပ ဆုိးလ္ရွား က ပင္နယ္တီ ရရွိ သင့္လား ဆုိတဲ့ အေပၚ VAR ကို ေမးခြန္း ထုတ္သြား ခဲ့လိုက္ ပါတယ္ ။

VAR man utd vs arsenal 2019

” ဒါဟာ ( အူဘာမီယန္း ရဲ့ သြင္းဂိုး ) VAR ဖက္က ေန ခ်မွတ္ ခဲ့တဲ့ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ တစ္ခု ပါပဲ ။ ဒါေပမယ့္ က်ြန္ေတာ္ တုိ့ ကေရာ ပင္နယ္တီ တစ္ၾကိမ္ မရ ရွိခဲ့ သင့္ဘူးလား ? ” လို့ ဆုိးလ္ရွား က သူ့ရဲ့ မေက်နပ္ ခ်က္ကို ထုတ္ေဖာ္ ေျပာၾကား လိုက္ျပီး ဦးေဆာင္ ဂိုး ရရွိ ျပီးေနာက္ ဂိုးျပန္ ေပးခ့ဲ ရတဲ့ အေပၚ …

” က်ြန္ေတာ္ တုိ႔ ပြဲစဥ္ အတြင္း 1 – 0 ဆုိတဲ့ ရလဒ္ နဲ့ ဦးေဆာင္ ခဲ့ျပီး ဒုတိယ ဂိုးကုိ ဆက္လက္ မသြင္းယူ နုိင္ခဲ့ ၾကတာ ဟာ ပြဲ ဘယ္ေလာက္ ေတာင္ ရွိေန ျပီလဲ ? ဒါဟာ က်ြန္ေတာ္ တုိ႔ ေသခ်ာေပါက္ ေလ့လာ ၾကရ ေတာ့မယ့္ အရာ တစ္ခု ပါပဲ ။ က်ြန္ေတာ္ တုိ့ အလုပ္ေတြ ဆက္ျပီး ၾကိဳးစား သြားၾက မွာပါ ။ အေတြ့ အၾကံဳေတြ မ်ားျပား လာျခင္း နဲ့ အတူ က်ြန္ေတာ္ တုိ့ မွန္ကန္ တဲ့ ဆံုးျဖတ္ခ်က္ ေတြကို ခ်မွတ္ နုိင္မွာ ပါ ”

man utd

” ဒုတိယ ပိုင္း ျပန္လည္ စတင္ ခဲ့တဲ့ အခ်ိန္ မွာ က်ြန္ေတာ္ တုိ့ ေတြဟာ ျပိဳင္ဖက္ ကို ဒုကၡ ေပးနုိင္ ေလာက္တဲ့ အထိ ျမန္ဆန္ သြက္လက္ မွဳ မရွိခဲ့ ၾကဘူး လို့ ထင္မိ ပါတယ္ ။ ပြဲစဥ္ အေနအထား အရ အာဆင္နယ္ ကေတာင္ က်ြန္ေတာ္ ဂိုး မရခင္ အထိ က်ြန္ေတာ္ တုိ့ထက္ ပိုျပီး တက္ၾကြ ေနခဲ့ သလို ပါပဲ ”

” က်ြန္ေတာ္ တုိ့ တုိက္စစ္ ကစားပံု ပိုျပီး ပံုေဖာ္ နုိင္မယ္ ဆုိရင္ ဂိုး ရနုိင္ လိမ့္မယ္ လို့ က်ြန္ေတာ္ ထင္ခဲ့ ပါတယ္ ။ က်ြန္ေတာ္လည္း ကစားသမား ဘဝ တုန္းက ငါတုိ႔ ဒီထက္ ပိုျပီး လုပ္နုိင္ ခဲ့ သင့္တယ္ ဆုိတဲ့ အေတြး ေတြးခဲ့ ဖူး ပါတယ္ ။ က်ြန္ေတာ္ တုိ့ အခု ေတာ့ ေလ့လာ သင္ယူ မွဳေတြ ဆက္လက္ လုပ္ေဆာင္ ရပါ ေတာ့မယ္ ” လို႔ ဆုိးလ္ရွား က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

VAR ရဲ့ ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပေးရင်း ဘာကို မကျေမနပ် ဖြစ်မိခဲ့သလဲ ဆိုတာ ပြောကြားလိုက်တဲ့ #ဆိုးလ်ရှား

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် ပရီးမီးယား လိဂ် ပွဲစဉ် 7 အဖြစ် အာဆင်နယ် အသင်း ကို အိုးလ် ထရပ်ဖို့ဒ် မှာ ဧည်ခံ ကစား ခဲ့ ရပြီး တစ်ဖက် တစ်ဂိုးစီ သာ သရေ ရလဒ် ထွက်ပေါ် ခဲ့တာ ကြောင့် ပြိုင်ဖက် အသင်း နဲ့ တစ်မှတ်စီ ခွဲယူ ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် ရဲ့ ပွဲချိန် 45 မိနစ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ စကော့ မက် တော်မီနေး က အသင်း အတွက် ဦးဆောင် ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အဆိုပါ သွင်းဂိုး က သူ့ရဲ့ ကစားသမား ဘဝ အိုးလ် ထရပ်ဖို့ဒ် မှာ သွင်းယူ ခဲ့တဲ့ ပထမဆုံး ဂိုး ဖြစ်ခဲ့ ရ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်း စတင် သွားတဲ့ အခါ 10 မိနစ် လောက် အကြာ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြိုင်ဖက် အသင်း ဂိုး ဧရိယာ ထဲ ဘောလုံး ပေးပို့ လိုက်တဲ့ အချိန် အာဆင်နယ် နောက်ခံလူ ကိုလာဆီနက် ဟာ လက်ထိ သွားခဲ့ ပါတယ် ။

ဒါကို ယူနိုက်တက် ကစားသမား တွေက ကွင်းလယ်ဒိုင် ဆီ စောဒက တက်ခဲ့ ကြ ပေမယ့် ကယ်ဗင် ဖရန့် က VAR စစ်ဆေး မှု မပြုလုပ် ခဲ့ပဲ ပွဲကို ဆက်လက် ကစား သွား စေခဲ့ ပါတယ် ။ အဲ့ဒီနောက် မကြာမီ မှာပဲ အာဆင်နယ် အသင်း အတွက် တိုက်စစ်မှူး အူဘာမီယန်း က ခြေပဂိုး သွင်းယူ သွားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ဂိုး ကိုတော့ စည်းကြပ် ဒိုင်က လူကျွံဘော အဖြစ် သတ်မှတ် ခဲ့ ပေမယ့် ကွင်းလယ်ဒိုင် ကယ်ဗင် ဖရန့် က VAR နဲ့ စစ်ဆေး သွားခဲ့ ပြီး ဂိုး အဖြစ် ခွင့်ပြု သွားခဲ့ လိုက် ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပင်နယ်တီ ရရှိ သင့်လား ဆိုတဲ့ အပေါ် VAR ကို မေးခွန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

” ဒါဟာ ( အူဘာမီယန်း ရဲ့ သွင်းဂိုး ) VAR ဖက်က နေ ချမှတ် ခဲ့တဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့ ကရော ပင်နယ်တီ တစ်ကြိမ် မရ ရှိခဲ့ သင့်ဘူးလား ? ” လို့ ဆိုးလ်ရှား က သူ့ရဲ့ မကျေနပ် ချက်ကို ထုတ်ဖော် ပြောကြား လိုက်ပြီး ဦးဆောင် ဂိုး ရရှိ ပြီးနောက် ဂိုးပြန် ပေးခဲ့ ရတဲ့ အပေါ် …

” ကျွန်တော် တို့ ပွဲစဉ် အတွင်း 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ဦးဆောင် ခဲ့ပြီး ဒုတိယ ဂိုးကို ဆက်လက် မသွင်းယူ နိုင်ခဲ့ ကြတာ ဟာ ပွဲ ဘယ်လောက် တောင် ရှိနေ ပြီလဲ ? ဒါဟာ ကျွန်တော် တို့ သေချာပေါက် လေ့လာ ကြရ တော့မယ့် အရာ တစ်ခု ပါပဲ ။ ကျွန်တော် တို့ အလုပ်တွေ ဆက်ပြီး ကြိုးစား သွားကြ မှာပါ ။ အတွေ့ အကြုံတွေ များပြား လာခြင်း နဲ့ အတူ ကျွန်တော် တို့ မှန်ကန် တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် နိုင်မှာ ပါ ”

” ဒုတိယ ပိုင်း ပြန်လည် စတင် ခဲ့တဲ့ အချိန် မှာ ကျွန်တော် တို့ တွေဟာ ပြိုင်ဖက် ကို ဒုက္ခ ပေးနိုင် လောက်တဲ့ အထိ မြန်ဆန် သွက်လက် မှု မရှိခဲ့ ကြဘူး လို့ ထင်မိ ပါတယ် ။ ပွဲစဉ် အနေအထား အရ အာဆင်နယ် ကတောင် ကျွန်တော် ဂိုး မရခင် အထိ ကျွန်တော် တို့ထက် ပိုပြီး တက်ကြွ နေခဲ့ သလို ပါပဲ ”

” ကျွန်တော် တို့ တိုက်စစ် ကစားပုံ ပိုပြီး ပုံဖော် နိုင်မယ် ဆိုရင် ဂိုး ရနိုင် လိမ့်မယ် လို့ ကျွန်တော် ထင်ခဲ့ ပါတယ် ။ ကျွန်တော်လည်း ကစားသမား ဘဝ တုန်းက ငါတို့ ဒီထက် ပိုပြီး လုပ်နိုင် ခဲ့ သင့်တယ် ဆိုတဲ့ အတွေး တွေးခဲ့ ဖူး ပါတယ် ။ ကျွန်တော် တို့ အခု တော့ လေ့လာ သင်ယူ မှုတွေ ဆက်လက် လုပ်ဆောင် ရပါ တော့မယ် ” လို့ ဆိုးလ်ရှား က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar