saurez

( Uncode )

ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ် မှုးကြီး လူးဝစ် ဆွာရက် ဟာ လာမယ့် ဇန်နဝါရီ မှာ ၃၃ နှစ် ပြည့် တော့မှာ ဖြစ်ပြီး အသက် အရွယ် ကြီးမြင့် လာတာ နဲ့ အမျှ ထိပ်တန်း အဆင့် ကစားပုံ ကို အမြဲ တစေ ပြသနိုင် ခြင်း မရှိ တော့ ပါဘူး ။ ဘာစီလိုနာ ဟာ ဆွာရက် ကို ရောင်းထုတ် ဖို့ စိတ်ကူး မရှိ ပေမယ့် အနာဂါတ် အတွက် ကြိုတင် ပြင်ဆင် တဲ့ အနေနဲ့ ဥရုဂွေး တိုက်စစ်မှုး ရဲ့ ခြေရာ ကို လိုက်နင်း နိုင်မယ့် ကစား သမား ကို ရှာဖွေ လျက် ရှိ ပါတယ် ။

saurez

ဥရောပ ထိပ်သီး ကလပ် တွေ မှာ ကစား နေတဲ့ တိုက်စစ် မှုး တွေ ကို လိုက်လံ စောင့်ကြည့် နေခဲ့ပြီး မာရီယို မန်ဇူကစ် ၊ တီမို ၀ါနာ ၊ ဂျာမိန်း မာတာ ၊ လူတာရို မာတီနက် စတဲ့ အမည်တွေ သတင်း ထွက်ခဲ့ ဖူး ပါတယ် ။ ဘာကာ ရဲ့ ရေဒါ ထဲ ကို နောက်ဆုံး ရောက်လာ သူ ကတော့ အေစီ မီလန် တိုက်စစ် မှုး ပီယာတက် ပဲ ဖြစ်ပြီး ယခု ရာသိ အကုန် မှာ ကမ်းလှမ်း ဖို့ စဉ်းစား နေတယ် လို့ သတင်း ထွက်လာ ခဲ့ ပါတယ် ။

အသက် ၂၄ နှစ် ရှိပြီ ဖြစ်တဲ့ တိုက်စစ် မှုးလေး ဟာ ဂိုးသွင်း ကောင်း သူတို့ ထွက်ပေါ် ရာ ပိုလန် နိုင်ငံ သား တစ်ဦး ဖြစ်ပြီး ဘိုင်ယန် တိုက်စစ်မှုးကြီး ရောဘတ် လီဝန်ဒေါ့စကီး ရဲ့ ခြေရာ ကို လိုက်နင်း နိုင်မယ့် သူ လို့ ပြောဆို ခြင်း ခံထား ရ ပါတယ် ။

ပီယာတက် ဟာ ပြီး ခဲ့တဲ့ ဇန်နဝါရီ တုန်းက ဂျီနိုအာ အသင်း ကနေ အေစီ မီလန် အသင်းထံ ပေါင် ၃၁ သန်း ( ယူရို ၃၅ သန်း ) နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ ပြီး အသင်းရဲ့ အဓိက ဂိုးသွင်းရှင် ဖြစ်လာ ခဲ့ ပါတယ် ။ အေစီမီလန် ဟာ ယခု ရာသီ မှာ ရလဒ် တွေ မကောင်း ဖြစ်နေ ပေမယ့် ပီယာတက် ကတော့ မီလန် ကလပ် အတွက် ၂၇ ပွဲ ကစား ရာကနေ ၁၃ ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

Piatek

ပီယာတက် ဟာ လူးဝစ်ဆွာရက် ရဲ့ နေရာကို တိုက်ရိုက် အစားထိုး နိုင်လောက် အောင် ထက်မြက်သူ မဟုတ် သေး ပေမယ့် အလားအလာ ကောင်းတွေ ပိုင်ဆိုင် ထားမှု က ဘာစီလိုနာ အကြီးအကဲ တွေ ကို မျက်စိကျ စေခဲ့ တာဖြစ် နိုင်တယ် လို့ ကတ်တလန် သတင်းစာ တွေ က ဖော်ပြခဲ့ ပါတယ် ။

ပီယာတက် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ၁၂ ပွဲ မှာ ကစားကွက် ကနေ သွင်းယူနိုင် တဲ့ ဂိုး ၁ ဂိုး သာ ရှိနေခဲ့ တာက ပိုလန် တိုက်စစ်မှုးလေး ကို ဘာစီလိုနာ ကစားကွက် နဲ့ အံဝင်စေဖို့ အတွက် ပြုပြင် ပြောင်းလဲ မှုတွေ ပြုလုပ်ပေး ရမယ် ဆိုတာ သိသာ မြင်သာ စေခဲ့ ပါတယ် ။

Piatek

ဒါ့အပြင် အေစီမီလန် ကလည်း ပီယာတက် ကို အနည်းဆုံး ယူရို သန်း ၅၀ လောက် ရရှိ မှသာ ရောင်းထုတ် ဖို့ စိတ်ကူး ရှိလာ နိုင်ပြီး ဘာစီလိုနာ ရဲ့ အရှိန် အဝါ ၊ မက်ဆီ နဲ့ တွဲ ကစားရနိုင် မယ့် အခွင့် အရေး ၊ ဥရောပ ပြိုင်ပွဲ တွေကို ကစားရ နိုင်ခြင်း တွေ ဟာ ပီယာတက် အတွက် ဘာစီလိုနာ က သာ အမှန်တကယ် ကမ်းလှမ်း လာခဲ့ ပါက ငြင်းဆန် ဖို့ ခက်ခဲမယ့် ကိစ္စ တွေ ဖြစ်လာ နိုင် ပါတယ် ။

SPORTS MYANMAR

( Zawgyi )

ဆြာရက္ ရဲ႕ ေနရာ အတြက္ အလားအလာရွိတဲ့ တုိက္စစ္မႈး တစ္ဦးကို စဥ္းစားေနတဲ့ ဘာစီလုိနာ

=======================================

ဘာစီလိုနာ အသင္း ရဲ႕ တိုက္စစ္ မႈးႀကီး လူး၀စ္ ဆြာရက္ ဟာ လာမယ့္ ဇန္န၀ါရီ မွာ ၃၃ ႏွစ္ ျပည့္ ေတာ့မွာ ျဖစ္ၿပီး အသက္ အရြယ္ ႀကီးျမင့္ လာတာ နဲ႔ အမွ် ထိပ္တန္း အဆင့္ ကစားပံု ကို အၿမဲ တေစ ျပသႏုိင္ ျခင္း မရွိ ေတာ့ ပါဘူး ။ ဘာစီလိုနာ ဟာ ဆြာရက္ ကို ေရာင္းထုတ္ ဖို႔ စိတ္ကူး မရွိ ေပမယ့္ အနာဂါတ္ အတြက္ ႀကဳိတင္ ျပင္ဆင္ တဲ့ အေနနဲ႔ ဥရုေဂြး တိုက္စစ္မႈး ရဲ႕ ေျခရာ ကို လုိက္နင္း ႏုိင္မယ့္ ကစား သမား ကို ရွာေဖြ လ်က္ ရွိ ပါတယ္ ။

ဥေရာပ ထိပ္သီး ကလပ္ ေတြ မွာ ကစား ေနတဲ့ တုိက္စစ္ မႈး ေတြ ကို လုိက္လံ ေစာင့္ၾကည့္ ေနခဲ့ၿပီး မာရီယို မန္ဇူကစ္ ၊ တီမို ၀ါနာ ၊ ဂ်ာမိန္း မာတာ ၊ လူတာရို မာတီနက္ စတဲ့ အမည္ေတြ သတင္း ထြက္ခဲ့ ဖူး ပါတယ္ ။ ဘာကာ ရဲ႕ ေရဒါ ထဲ ကို ေနာက္ဆံုး ေရာက္လာ သူ ကေတာ့ ေအစီ မီလန္ တိုက္စစ္ မႈး ပီယာတက္ ပဲ ျဖစ္ၿပီး ယခု ရာသိ အကုန္ မွာ ကမ္းလွမ္း ဖို႔ စဥ္းစား ေနတယ္ လို႔ သတင္း ထြက္လာ ခဲ့ ပါတယ္ ။

အသက္ ၂၄ ႏွစ္ ရွိၿပီ ျဖစ္တဲ့ တိုက္စစ္ မႈးေလး ဟာ ဂုိးသြင္း ေကာင္း သူတို႔ ထြက္ေပၚ ရာ ပိုလန္ ႏုိင္ငံ သား တစ္ဦး ျဖစ္ၿပီး ဘုိင္ယန္ တိုက္စစ္မႈးႀကီး ေရာဘတ္ လီ၀န္ေဒါ့စကီး ရဲ႕ ေျခရာ ကို လုိက္နင္း နုိင္မယ့္ သူ လို႔ ေျပာဆို ျခင္း ခံထား ရ ပါတယ္ ။

ပီယာတက္ ဟာ ၿပီး ခဲ့တဲ့ ဇန္န၀ါရီ တုန္းက ဂ်ီႏိုအာ အသင္း ကေန ေအစီ မီလန္ အသင္းထံ ေပါင္ ၃၁ သန္း ( ယူရို ၃၅ သန္း ) နဲ႔ ေျပာင္းေရႊ႕ ေရာက္ရွိ လာခဲ့ ၿပီး အသင္းရဲ႕ အဓိက ဂုိးသြင္းရွင္ ျဖစ္လာ ခဲ့ ပါတယ္ ။ ေအစီမီလန္ ဟာ ယခု ရာသီ မွာ ရလဒ္ ေတြ မေကာင္း ျဖစ္ေန ေပမယ့္ ပီယာတက္ ကေတာ့ မီလန္ ကလပ္ အတြက္ ၂၇ ပြဲ ကစား ရာကေန ၁၃ ဂုိး သြင္းယူ ေပးထား ႏိုင္ခဲ့ ပါတယ္ ။

ပီယာတက္ ဟာ လူး၀စ္ဆြာရက္ ရဲ႕ ေနရာကို တိုက္ရုိက္ အစားထိုး ႏုိင္ေလာက္ ေအာင္ ထက္ျမက္သူ မဟုတ္ ေသး ေပမယ့္ အလားအလာ ေကာင္းေတြ ပုိင္ဆုိင္ ထားမႈ က ဘာစီလိုနာ အႀကီးအကဲ ေတြ ကို မ်က္စိက် ေစခဲ့ တာျဖစ္ ႏုိင္တယ္ လို႔ ကတ္တလန္ သတင္းစာ ေတြ က ေဖာ္ျပခဲ့ ပါတယ္ ။

ပီယာတက္ ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ၁၂ ပြဲ မွာ ကစားကြက္ ကေန သြင္းယူႏုိင္ တဲ့ ဂုိး ၁ ဂုိး သာ ရွိေနခဲ့ တာက ပိုလန္ တုိက္စစ္မႈးေလး ကို ဘာစီလုိနာ ကစားကြက္ နဲ႔ အံ၀င္ေစဖို႔ အတြက္ ျပဳျပင္ ေျပာင္းလဲ မႈေတြ ျပဳလုပ္ေပး ရမယ္ ဆုိတာ သိသာ ျမင္သာ ေစခဲ့ ပါတယ္ ။

ဒါ့အျပင္ ေအစီမီလန္ ကလည္း ပီယာတက္ ကို အနည္းဆံုး ယူရို သန္း ၅၀ ေလာက္ ရရွိ မွသာ ေရာင္းထုတ္ ဖုိ႔ စိတ္ကူး ရွိလာ ႏုိင္ၿပီး ဘာစီလုိနာ ရဲ႕ အရွိန္ အ၀ါ ၊ မက္ဆီ နဲ႔ တြဲ ကစားရႏုိင္ မယ့္ အခြင့္ အေရး ၊ ဥေရာပ ၿပဳိင္ပြဲ ေတြကို ကစားရ ႏုိင္ျခင္း ေတြ ဟာ ပီယာတက္ အတြက္ ဘာစီလုိနာ က သာ အမွန္တကယ္ ကမ္းလွမ္း လာခ့ဲ ပါက ျငင္းဆန္ ဖို႔ ခက္ခဲမယ့္ ကိစၥ ေတြ ျဖစ္လာ ႏုိင္ ပါတယ္ ။

SPORTS MYANMAR