kewone

( Unicode )

ယနေ့ နံနက် အစောပိုင်းမှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက်တက် အသင်းနဲ့ အာဆင်နယ်တို့ ၁ဂိုးစီ သရေ နဲ့ ပွဲပြီးခဲ့ပါတယ်။ယူနိုက်တက်အသင်းက ခြိမ်းခြောက်မှုအသာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားသွားခဲ့ပေမယ့် အခွင့်အရေးအချို့ကိုအသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဦးဆောင်ဂိုးကို ယူနိုက်တက် အသင်းက ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ တွန်မီနေးလ်က အားပါပြင်းထန်တဲ့ ကန်ချက်မျိုးနဲ့ ဧရိယာထိပ်ကနေကန်သွင်းခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အတွက်ချေပဂိုးကိုတော့ ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာ အူဘာမီယန်က ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

man utd vs arsenal

ဒီဂိုး ကို ဖန်တီးပေးခဲ့တာကတော့ အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ ဆာကာ့ဖြစ်ပြီး သူ့ရဲ့ ပေးပို့မှုကို အူဘာမီယန်က လူကျွံထောင်ခြောက်ကျော်ဖြတ်ပြီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ်သတ်မှတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR နဲ့ပြန်ကြည့်အပြီးမှာ ဂိုးအဖြစ်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် လူငယ်ကြယ်ပွင့် ကစားသမားလေး ဆာကာဟာ အာဆင်နယ် အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတဦးဖြစ်ပြီး လာကာဇက် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ပွဲကစားခွင့် အခွင့်အရေးအချို့ ရရှိနေခဲ့တာဖြစ်ပါတယ်။

သူဟာ ဖရန့်ဖတ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ စတင်ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြသနိုင်ခဲ့လို့ ဗီလာ၊ နော်တင်ဟမ် ဖောရက်စ် တို့နဲ့ ပွဲတွေမှာပါ ဆက်တိုက်ကစားခွင့်ရနေခဲ့တာဖြစ်ပါတယ်။ဆာကာဟာ ယနေ့ည ပွဲမှာလည်း ပရိသတ်တွေကျေနပ်စရာခြေစွမ်းမျိုးပြသသွားနိုင်ခဲ့တာပါတယ်။

ဘောလုံးထိချက် ၄၈ခု၊ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု အကြိမ် ၂၀၊ တဦးချင်းကျော်ဖြတ်နိုင်မှု ၁၀ကြိမ်၊ ဘောလုံးဝင်လုနိုင်မှု ၅ကြိမ်၊ ဘောလုံးဆွဲယူပြီးပြိုင်ဘက်ကိုကျော်ဖြတ်နိုင်မှု ၄ကြိမ်၊ အခွင့်အရေးဖန်တီးမှု ၂ကြိမ်အစရှိတဲ့ စွမ်းဆောင်မှုတွေကို လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

saka

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ကလပ်စံ ချိန်တင်ကြေး နဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား ပီပီ ကတော့စိတ်ပျက်စရာ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်မျိုးကို သာပြသသွားနိုင်ခဲ့ပြီး ဘောလုံးပေးပို့မှုအမှားတွေ၊ ပြိုင်ဘက်ရဲ့ ဘောလုံးလုယူမှု ခံရတာတွေ အပိုင်ကန်သွင်းခွင့်တွေကို ဂိုးပေါက်နဲ့ နီးစပ်အောင်ကန်သွင်းနိုင်ခြင်း မရှိတာတွေပဲ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC , BT Sport တွေမှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်ကတော့ လူငယ်ကြယ်ပွင့်လေး ဆာကာဟာ ပီပီထက်ပိုပြီး ပေါင်ရ၂ သန်းတန် တောင်ပံကစားသမားတဦးနဲ့ တူတယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

ပွဲအပြီး သုံးသပ်ချက် အစီအစဉ် တခုမှာမာတင်ကီအွန်က – ” အာဆင်နယ်အသင်းကို ကြည့်ရတာ သူတို့မှာ မြေအောက်က အဖိုးတန် ကျောက်မြတ်ရတနာတခုကို ပိုင်ဆိုင်ထားသလိုပါပဲ။ပေါင်ရ၂ သန်းတန် တောင်ပံကစားသမား က ဘယ်သူလဲဆိုတာကို ကျွန်တော်ခန့်မှန်းရမယ်ဆိုရင် ပီပီထက် ဆာကာကိုပဲပြောဆိုမှာဖြစ်ပါတယ်။

saka

ကျွန်တော် ဒီလို ပြောပြတာဟာ နွေရာသီ အတွင်းမှာ လိုင်လီကနေ ရောက်လာတဲ့ နီကိုလက်စ် ပီပီကို နှိမ့်ချပြီး ဝေဖန် ပြစ်တင်နေတာမဟုတ်ပါဘူး။လန်ဒန်မြို့ဖွား အာဆင်နယ် အကယ်ဒမီ ထွက် ကစားသမားတဦးဖြစ်တဲ့ ဆာကာ ကို ချီးမွမ်းဂုဏ်တင်ခြင်းသာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီပွဲရလဒ်ကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ ရှုံးပွဲတပွဲသာရှိထားသေးတဲ့ မှတ်တမ်းကောင်းကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။သူတို့ဟာကြားရက် အတွင်းမှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် စတန်ဒက်လိဂ် အသင်းကို အမ်းမရိတ်မှာ ဧည့်ခံသွားရမှာဖြစ်ပါတယ်။

SPORT MYANMAR

( Zawgyi )

ပီပီနဲ႔ဆာကာဘယ္သူက ေပါင္၇၂သန္းတန္ေတာင္ပံကစားသမားလဲဆိုိတာေျပာျပလိုက္တဲ႔ #မာတင္ကီအြန္
===================================

ယေန႔ နံနက္ အေစာပိုင္းမွာကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ယူႏိုက္တက္ အသင္းနဲ႕ အာဆင္နယ္တို႔ ၁ဂိုးစီ သေရ နဲ႕ ပြဲျပီးခဲ႔ပါတယ္။ယူႏိုက္တက္အသင္းက ျခိမ္းေျခာက္မွဳအသာ ေဘာလံုးပိုင္ဆိုင္မွဳအသာနဲ႔ ကစားသြားခဲ႔ေပမယ့္ အခြင့္အေရးအခ်ိဳ႔ကိုအသံုးမခ်ႏိုင္ခဲ႔လို႕ နစ္နာခဲ႔ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ဦးေဆာင္ဂိုးကို ယူႏိုက္တက္ အသင္းက ရရွိခဲ႔တာျဖစ္ျပီး ပထမပိုင္းျပီးခါနီးမွာ တြန္မီေနးလ္က အားပါျပင္းထန္တဲ႔ ကန္ခ်က္မ်ိဳးနဲ႕ ဧရိယာထိပ္ကေနကန္သြင္းခဲ႔တာျဖစ္ပါတယ္။အာဆင္နယ္အတြက္ေခ်ပဂိုးကိုေတာ့ ဒုတိယပိုင္းျပန္စျပီး မျကာခင္မွာ အူဘာမီယန္က ကန္သြင္းယူေပးခဲ႕တာျဖစ္ပါတယ္။

ဒီဂိုး ကို ဖန္တီးေပးခဲ႔တာကေတာ့ အသက္ ၁၈ႏွစ္အရြယ္သာရွိေသးတဲ႔ ဆာကာ့ျဖစ္ျပီး သူ႔ရဲ႕ ေပးပို႕မွဳကို အူဘာမီယန္က လူက်ြံေထာင္ေျခာက္ေက်ာ္ျဖတ္ျပီးသြင္းယူေပးခဲ႔တာျဖစ္ပါတယ္။စည္းျကပ္ဒိုင္က လူက်ြံေဘာအျဖစ္သတ္မွတ္ခဲ႔ေပမယ့္ ကြင္းလယ္ဒိုင္က VAR နဲ႔ျပန္ျကည့္အျပီးမွာ ဂိုးအျဖစ္ခြင့္ျပဳေပးခဲ႔တာျဖစ္ပါတယ္။

အဂၤလန္ လူငယ္ျကယ္ပြင့္ ကစားသမားေလး ဆာကာဟာ အာဆင္နယ္ အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားတဦးျဖစ္ျပီး လာကာဇက္ ဒဏ္ရာေျကာင့္ အနားယူေနရခ်ိန္မွာ ပြဲကစားခြင့္ အခြင့္အေရးအခ်ိဳ႔ ရရွိေနခဲ႕တာျဖစ္ပါတယ္။

သူဟာ ဖရန္႔ဖတ္အသင္းနဲ႔ ကစားခဲ႔တဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ စတင္ပြဲထြက္ခြင့္ရျပီး ေျခစြမ္းျပသႏိုင္ခဲ႔လို႕ ဗီလာ၊ ေနာ္တင္ဟမ္ ေဖာရက္စ္ တို႔နဲ႔ ပြဲေတြမွာပါ ဆက္တိုက္ကစားခြင့္ရေနခဲ႔တာျဖစ္ပါတယ္။ဆာကာဟာ ယေန႔ည ပြဲမွာလည္း ပရိသတ္ေတြေက်နပ္စရာေျခစြမ္းမ်ိဳးျပသသြားႏိုင္ခဲ႔တာပါတယ္။

ေဘာလံုးထိခ်က္ ၄၈ခု၊ ေအာင္ျမင္တဲ႔ ေဘာလံုးေပးပို႔မွဳ အျကိမ္ ၂၀၊ တဦးခ်င္းေက်ာ္ျဖတ္ႏိုင္မွဳ ၁၀ျကိမ္၊ ေဘာလံုးဝင္လုႏိုင္မွဳ ၅ျကိမ္၊ ေဘာလံုးဆြဲယူျပီးျပိဳင္ဘက္ကိုေက်ာ္ျဖတ္ႏိုင္မွဳ ၄ျကိမ္၊ အခြင့္အေရးဖန္တီးမွဳ ၂ျကိမ္အစရွိတဲ႔ စြမ္းေဆာင္မွဳေတြကို လုပ္ျပႏိုင္ခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းရဲ႕ ကလပ္စံ ခ်ိန္တင္ေျကး နဲ႔ ေခၚယူထားခဲ႔တဲ႔ ေတာင္ပံကစားသမား ပီပီ ကေတာ့စိတ္ပ်က္စရာ ေျခစြမ္းနဲ႔ စြမ္းေဆာင္ရည္မ်ိဳးကို သာျပသသြားႏိုင္ခဲ႔ျပီး ေဘာလံုးေပးပို႕မွဳအမွားေတြ၊ ျပိဳင္ဘက္ရဲ႔ ေဘာလံုးလုယူမွဳ ခံရတာေတြ အပိုင္ကန္သြင္းခြင့္ေတြကို ဂိုးေပါက္နဲ႔ နီးစပ္ေအာင္ကန္သြင္းႏိုင္ျခင္း မရွိတာေတြပဲ လုပ္ေဆာင္ႏိုင္ခဲ႔တာ ျဖစ္ပါတယ္။

BBC , BT Sport ေတြမွာ ေဘာလံုးပြဲေဝဖန္သံုးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ႔ အာဆင္နယ္ ကစားသမားေဟာင္း မာတင္ကီအြန္ကေတာ့ လူငယ္ျကယ္ပြင့္ေလး ဆာကာဟာ ပီပီထက္ပိုျပီး ေပါင္၇၂ သန္းတန္ ေတာင္ပံကစားသမားတဦးနဲ႔ တူတယ္လို႕ ေဝဖန္ေျပာဆိုသြားခဲ႔ပါတယ္။

ပြဲအျပီး သံုးသပ္ခ်က္ အစီအစဥ္ တခုမွာမာတင္ကီအြန္က – ” အာဆင္နယ္အသင္းကို ျကည့္ရတာ သူတို႔မွာ ေျမေအာက္က အဖိုးတန္ ေက်ာက္ျမတ္ရတနာတခုကို ပိုင္ဆိုင္ထားသလိုပါပဲ။ေပါင္၇၂ သန္းတန္ ေတာင္ပံကစားသမား က ဘယ္သူလဲဆိုတာကို က်ြန္ေတာ္ခန္႔မွန္းရမယ္ဆိုရင္ ပီပီထက္ ဆာကာကိုပဲေျပာဆိုမွာျဖစ္ပါတယ္။

က်ြန္ေတာ္ ဒီလို ေျပာျပတာဟာ ေႏြရာသီ အတြင္းမွာ လိုင္လီကေန ေရာက္လာတဲ႔ နီကိုလက္စ္ ပီပီကို ႏွိမ့္ခ်ျပီး ေဝဖန္ ျပစ္တင္ေနတာမဟုတ္ပါဘူး။လန္ဒန္ျမိဳ႔ဖြား အာဆင္နယ္ အကယ္ဒမီ ထြက္ ကစားသမားတဦးျဖစ္တဲ႔ ဆာကာ ကို ခ်ီးမြမ္းဂုဏ္တင္ျခင္းသာျဖစ္ပါတယ္ ” လို႕ေျပာခဲ႔ပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီပြဲရလဒ္ေျကာင့္ ဒီရာသီျပိဳင္ပြဲစံုမွာ ရွံုးပြဲတပြဲသာရွိထားေသးတဲ႔ မွတ္တမ္းေကာင္းကိုဆက္ထိန္းႏိုင္ခဲ႔ပါတယ္။သူတို႔ဟာျကားရက္ အတြင္းမွာေတာ့ ယူရိုပါလိဂ္ပြဲစဥ္အျဖစ္ စတန္ဒက္လိဂ္ အသင္းကို အမ္းမရိတ္မွာ ဧည့္ခံသြားရမွာျဖစ္ပါတယ္။

SPORT MYANMAR