အမ်းမရိတ်မှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ အာဆင်နယ် အသင်းက ပဲလေ့စ်အသင်းကို ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ လို့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကိုထိခိုက်သွားခဲ့ရပါတယ်။တနှစ်လောက်နီးပါ ဂိုးပေါက်ပျောက်နေတဲ့ ဘန်တီကီက ဧည့်သည်အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အိုဇေးလ်ကအံ့မခန်း အဆုံးသတ်နဲ့ ချေပခဲ့ပေမယ့် ဇာဟာ၊မက်အာသာတို့က ပဲလေ့စ်အတွက် ၂ဂိုးဆက်တိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာ အူဘာမီယန်က နောက်ထပ်ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် နောက်ကျသွားခဲ့သလိုအခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့လို့ အာဆင်နယ်အသင်း အရေးပါတဲ့ ပွဲတပွဲကို အိမ်ကွင်းမှာပဲ အရေးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပါဝင်ကစားသွားခဲ့တဲ့ နှစ်ဖက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကတော့-

#အာဆင်နယ်အသင်း

လီနို – ၆

ူသူ့ရဲ့ ကာကွယ်မှု အချို့ကောင်းမွန်ခဲ့လို့သာ အာဆင်နယ် အသင်းအခုထက်ပိုပြီး ဂိုးပြတ်အရေးမနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဂျန်ကင်ဆန် – ၃

ပထမပိုင်းမှာပဲ အတော်လေး ခြေစွမ်းဆိုးရွားခဲ့ လို့ ဒုတိယပိုင်းပြန်မစခင်းမှာပဲ လူစားခဲခြင်း ခံခဲ့ရပါတယ်။

မူစတာဖီ – ၎

ဒီရာသီ အာဆင်နယ် အသင်းရဲ့
ခံစစ်မှာ အမြဲလိုလို ဆိုးရွားတဲ့ ခြေစွမ်းမျိုး ပြသနေခဲ့တဲ့ သူ့ရဲ့ နောက်ထပ် စိတ်ပျက်စရာပွဲတပွဲဖြစ်ခဲ့ပါတယ်။

မာဗရိုပန်းနော့စ် – ၃

ူသူရဲ့ ပထမပိုင်းခြေစွမ်း အကြောင်းကို မပြောတာပိုကောင်းပါတယ်။

ကိုစီရယ်နီ – ၅

တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အသင်းဖော် တွေနည်းပါးခဲ့ပြီး သူကိုယ်တိုင်ကလည်း အများကြီး မလုပ်ပြနိုင်ခဲ့ပါဘူး။

ကိုလာစီနက်စ် – ၅

ပဲလေ့စ်ဂိုးသမား ဂူအီတာ ကိုအပြင်းကန်ချက်တကြိမ်နဲ့ ခြိမ်းခြောက်သွားနိုင်ခဲ့ပါတယ်။

အယ်နန်နီ – ၎

တော်ရဲယား ကြံ့ခိုင်မှု ပြန်ပြည့်ဝလာပေမယ့် အယ်နန်နီကို ဘယ်အချိန်အထိ အူနိုင်းအမ်မရီ အသုံးပြုနေဦးမလဲဆိုတာ သိချင်မိပါတယ်။

အိုဇေးလ် – ၇

ကောင်းမွန်တဲ့ သွင်းဂိုးတဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ အချိန်မှာပျောက်နေခဲ့ပါတယ်။အဝါကတ်လည်းထိခဲ့ပါတယ်။

ဂွမ်ဒူဇီ – ၆

ပွဲကို အာရုံစူးစိုက်မှု နည်းပါးသလိုဖြစ်ခဲ့ပြီး ဇာဟာနဲ့ တအချိန်လုံး ပြသနာတက်နေခဲ့ပါတယ်။

လာကာဇက် – ၈

ဒုတိယပိုင်းမှာ ပုံစံကောင်းပြသသွားခဲ့ပြီး အိုဇေးလ်ရဲ့ ဂိုးကိုလည်း အံ့မခန်း ဖြတ်တင်ပေးမှုနဲ့ အစပျိုးပေးခဲ့ပါတယ်။

အူဘာမီယန် – ၈

အသင်းအတွက် မျှော်လင့်ချက်သွင်း ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

လူစားဝင် ကစားသမား များ

အီဝိုဘီ – ၆
မိတ်လန်းနိုင်းစ် -၆
တော်ရဲယား- ၅

#ပဲလေ့စ်အသင်း

ဂူအီတာ – ၆

ဂျိုးဝက်ဒ် – ၆

စကော့ဒန်း – ၇

မာတင်ကယ်လီ – ၆

ဘစ်ဆာကာ – ၆

မီလီဗိုဂျီဗစ် – ၇

ကူယာတေ- ၇

မက်စ်မေယာ – ၇

မက်အာသာ – ၇

ဘန်တီကီ – ၈

ဇာဟာ – ၉

လူစားဝင်ကစားသမား

တောင်ဆန် – ( Not Rated)