farbregas

Unicode

ဂန်းနား ကွင်းလယ်လူဟောင်း ဖာဘရီဂက်စ် က ယနေ့ နံနက် ကစားခဲ့တဲ့ ဖန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ အာဆင်နယ် လူငယ် ကြယ်ပွင့် ဆာကာ ကို တွစ်တာကနေ တစ်ဆင့် ချီးကျူး စကား ဆိုသွားခဲ့ပါတယ် ။

saka

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဘူကာရို ဆာကာ ဟာ အသက် အရွယ်နဲ့ မလိုက်အောင် ဘောလုံးကိုင်ကစားရဲတာ ၊ ပြိုင်ဘက် ကစားသမားတွေကို ကျော်ဖြတ်နိုင်စွမ်း ရှိတာကို တွေ့ရပြီး ပီပီ ထက်တောင် လုပ်အားနှုန်း ပိုကောင်းခဲ့ပါတယ် ။

ဆာကာ ဟာ အူဘာမီယန်း ရဲ့ ချေပဂိုးကို ဖန်တီး ပေးနိုင်ခဲ့သလို ဂိုးရနိုင်တဲ့ အခွင့်အရေး နှစ်ကြိမ် အထိလည်း ဖော်ဆောင် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဆာကာ ဟာ ဘောလုံး ဖျက်ထုတ်မှု ၅ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပြီး တစ်သင်းလုံးမှာ အများဆုံးလည်း ဖြစ်ပါတယ်။ဒါကြောင့် ဆာကာဟာ အာဆင်နယ် အသင်းအတွက် တိုက်စစ်ကော ခံစစ်ကော အတွက်အားကိုးရတဲ့ ကစားသမား တစ်ဦးလို့ ဆိုရမှာပါ။

ဆာကာ ဟာ အာဆင်နယ် အသင်းရဲ့ ဒီရာသီ ယူရိုပါလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး သွင်းဂိုး တစ်ဂိုး ၊ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ယနေ့ နံနက် ပွဲမှာလည်း ဆာကာ ရဲ့ ကန်ချက်ကို ဒီဂီယာ ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရသလို သူ့ကို ထိန်းချုပ်ဖို့ ယူနိုက်တက် နောက်တန်း ကစားသမားတွေ အလုပ်ရှုပ်ခဲ့ပါတယ်။

ဆာကာ ဟာ သူ့ရဲ့ အမြန်နှုန်း နဲ့ ယူနိုက်တက် အသင်း ခေါင်းဆောင် အက်ရ်ှလေယန်း ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး အူဘာမီယန်း ရဲ့ သွင်းဂိုးကိုလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်တဲ့ ဖာဘရီဂက်စ် ကတော့ ဆာကာကို ချီးကျူး စကားဆို သွားခဲ့ပါတယ်။

saka

ဖာဘရီဂက်စ် က သူ့ရဲ့ တွစ်တာ အကောင့်မှာ ” ဆာကာ က အသက် ၁၈ နှစ် အရွယ်နဲ့ မလိုက်အောင် ရင့်ကျက် တည်ငြိမ်တဲ့ ကစားဟန် ကို ပြသနိုင်ခဲ့တဲ့ လူငယ် ကစားသမားလေးပါဗျာ ။ ပွဲကို ကြည့်ပြီး ဘာတွေးမိသလဲ ဆိုတာကို အရမ်းကြီး မဆိုးရွားတဲ့ စကားလုံးနဲ့ ညွှန်းဆိုပါဆိုရင် ဖန်တီးနိုင်စွမ်း ရှိအောင် ကြိုးစားဖို့ ပြောချင်ပါတယ် ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။

ဆာကာ ဟာ မနေ့ညကပွဲမှာ မန်ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာ ပွဲထွက် ကစားခွင့်ရတဲ့ အသက် အငယ်ဆုံး ကစားသမား ( ၁၈ နှစ် ၂၅ ရက် ) ဆိုတဲ့ စံချိန် မှတ်တမ်းကို ရရှိ သွားခဲ့ပါတယ် ။

saka

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကလည်း ဆာကာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ” သူ့ရဲ့ခြေစွမ်းပိုင်းက အတော်တိုးတက်လာပြီး မနေ့ညက ပွဲမှာဆို ကစားခွင့်တောင် ရခဲ့ပါတယ်။ သူ့အနေနဲ့ အဓိက ကစားသမား တစ်ဦးလို အသင်းကို ကူညီ ပေးနိုင်ခဲ့ပါတယ် ၊ ဒါပေမယ့် သူ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်၊သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ကြည့်ပြီး ကစားခိုင်းသွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

မန္ယူနိုက္တက္နဲ႔ ပြဲမွာ ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ အာဆင္နယ္ လူငယ္ ၾကယ္ပြင့္ကို ခ်ီးက်ဴးစကားဆိုလိုက္တဲ့ ဖာဘရီဂက္စ္
==================================

ဂန္းနား ကြင္းလယ္လူေဟာင္း ဖာဘရီဂက္စ္ က ယေန႔ နံနက္ ကစားခဲ့တဲ့ ဖန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႔ ပြဲမွာ ေျခစြမ္းေကာင္းေတြ ျပသခဲ့တဲ့ အာဆင္နယ္ လူငယ္ ၾကယ္ပြင့္ ဆာကာ ကို တြစ္တာကေန တစ္ဆင့္ ခ်ီးက်ဴး စကား ဆိုသြားခဲ့ပါတယ္ ။

အသက္ ၁၈ ႏွစ္ အရြယ္သာ ရွိေသးတဲ့ အဂၤလန္ လူငယ္ ေတာင္ပံ ကစားသမား ဘူကာရို ဆာကာ ဟာ အသက္ အရြယ္နဲ႔ မလိုက္ေအာင္ ေဘာလုံးကိုင္ကစားရဲတာ ၊ ၿပိဳင္ဘက္ ကစားသမားေတြကို ေက်ာ္ျဖတ္နိုင္စြမ္း ရွိတာကို ေတြ႕ရၿပီး ပီပီ ထက္ေတာင္ လုပ္အားႏွုန္း ပိုေကာင္းခဲ့ပါတယ္ ။

ဆာကာ ဟာ အူဘာမီယန္း ရဲ့ ေခ်ပဂိုးကို ဖန္တီး ေပးနိုင္ခဲ့သလို ဂိုးရနိုင္တဲ့ အခြင့္အေရး ႏွစ္ႀကိမ္ အထိလည္း ေဖာ္ေဆာင္ နိုင္ခဲ့ပါတယ္ ။ ဒါ့အျပင္ ဆာကာ ဟာ ေဘာလုံး ဖ်က္ထုတ္မွု ၅ ႀကိမ္ အထိ ျပဳလုပ္ နိုင္ခဲ့ၿပီး တစ္သင္းလုံးမွာ အမ်ားဆုံးလည္း ျဖစ္ပါတယ္။ဒါေၾကာင့္ ဆာကာဟာ အာဆင္နယ္ အသင္းအတြက္ တိုက္စစ္ေကာ ခံစစ္ေကာ အတြက္အားကိုးရတဲ့ ကစားသမား တစ္ဦးလို႔ ဆိုရမွာပါ။

ဆာကာ ဟာ အာဆင္နယ္ အသင္းရဲ့ ဒီရာသီ ယူရိုပါလိဂ္ အုပ္စု အဖြင့္ပြဲစဥ္မွာလည္း ေျခစြမ္းၿပ ကစားနိုင္ခဲ့ၿပီး သြင္းဂိုး တစ္ဂိုး ၊ ဂိုးဖန္တီးမွု ႏွစ္ႀကိမ္ ျပဳလုပ္ နိုင္ခဲ့ပါတယ္ ။ ယေန႔ နံနက္ ပြဲမွာလည္း ဆာကာ ရဲ့ ကန္ခ်က္ကို ဒီဂီယာ ခက္ခက္ခဲခဲ ကာကြယ္ခဲ့ရသလို သူ႔ကို ထိန္းခ်ဳပ္ဖို႔ ယူနိုက္တက္ ေနာက္တန္း ကစားသမားေတြ အလုပ္ရွုပ္ခဲ့ပါတယ္။

ဆာကာ ဟာ သူ႔ရဲ့ အျမန္ႏွုန္း နဲ႔ ယူနိုက္တက္ အသင္း ေခါင္းေဆာင္ အက္ရ္ွေလယန္း ကို ဖိအားေပး ကစားနိုင္ခဲ့ၿပီး အူဘာမီယန္း ရဲ့ သြင္းဂိုးကိုလည္း ဖန္တီး ေပးနိုင္ခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းေခါင္းေဆာင္ေဟာင္း တစ္ဦး ျဖစ္တဲ့ ဖာဘရီဂက္စ္ ကေတာ့ ဆာကာကို ခ်ီးက်ဴး စကားဆို သြားခဲ့ပါတယ္။

ဖာဘရီဂက္စ္ က သူ႔ရဲ့ တြစ္တာ အေကာင့္မွာ ” ဆာကာ က အသက္ ၁၈ ႏွစ္ အရြယ္နဲ႔ မလိုက္ေအာင္ ရင့္က်က္ တည္ၿငိမ္တဲ့ ကစားဟန္ ကို ျပသနိုင္ခဲ့တဲ့ လူငယ္ ကစားသမားေလးပါဗ်ာ ။ ပြဲကို ၾကည့္ၿပီး ဘာေတြးမိသလဲ ဆိုတာကို အရမ္းႀကီး မဆိုးရြားတဲ့ စကားလုံးနဲ႔ ညႊန္းဆိုပါဆိုရင္ ဖန္တီးနိုင္စြမ္း ရွိေအာင္ ႀကိဳးစားဖို႔ ေျပာခ်င္ပါတယ္ ။ ” လို႔ ေရးသား သြားခဲ့ပါတယ္ ။

ဆာကာ ဟာ မေန႔ညကပြဲမွာ မန္ယူနိုက္တက္ နဲ႔ အာဆင္နယ္ အသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာ ပြဲထြက္ ကစားခြင့္ရတဲ့ အသက္ အငယ္ဆုံး ကစားသမား ( ၁၈ ႏွစ္ ၂၅ ရက္ ) ဆိုတဲ့ စံခ်ိန္ မွတ္တမ္းကို ရရွိ သြားခဲ့ပါတယ္ ။

အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ ကလည္း ဆာကာရဲ့ ေျခစြမ္းနဲ႔ ပတ္သက္ၿပီး ” သူ႔ရဲ့ေျခစြမ္းပိုင္းက အေတာ္တိုးတက္လာၿပီး မေန႔ညက ပြဲမွာဆို ကစားခြင့္ေတာင္ ရခဲ့ပါတယ္။ သူ႔အေနနဲ႔ အဓိက ကစားသမား တစ္ဦးလို အသင္းကို ကူညီ ေပးနိုင္ခဲ့ပါတယ္ ၊ ဒါေပမယ့္ သူ႔ကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းဖို႔ လိုအပ္ပါတယ္၊သူ႔ရဲ့ စြမ္းေဆာင္ရည္အေပၚ ၾကည့္ၿပီး ကစားခိုင္းသြားမွာပါ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR