ခ်ဲလ္ဆီး အသင္း နည္းျပ မာရီယုိ ဆာရီ ကအဂၤလန္ ျပည္တြင္း လိဂ္ဖလား တစ္ခု ျဖစ္ခုတဲ့ ကာရာေဘာင္း ဖလား ဗုိလ္လုပြဲ ကုိ တက္ေရာက္နုိင္ဖုိ႔ ဆုိတာဟာ ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲ တက္ဖုိ႔ထက္ ပုိမုိ ခက္ခဲေၾကာင္း သုံးသပ္ ေျပာၾကား လုိက္ပါတယ္ ။

ခ်ဲလ္ဆီး အသင္းဟာ ယခုလက္ရွိ အခ်ိန္မွာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနျပီး မနက္ျဖန္ နံနက္ ျမန္မာ စံေတာ္ခ်ိန္ ၁ နာရီ ခြဲ မွာ ဘန္ေလ အသင္းကုိ အိမ္ကြင္း စတမ္းဖုိဒ့္ ဘရစ္ခ်္မွာ ဧည့္ ခံ ယွဥ္ ျပိဳင္ က စား ရ မွာ လည္း ျဖစ္ ပါ တယ္ ။

ခ်ဲလ္ဆီး အသင္း ရဲ႕ အဓိက ျပိဳင္ဘက္ေတြ ျဖစ္တဲ့ ေတာ့တင္ဟမ္ ၊ အာဆင္နယ္ ၊ မန္ယူနုိက္တက္ အသင္းတုိ႔ဟာလည္း ရႈံး ပြဲ အသီးသီး ၾကံဳ ေတြ႕ ခဲ့ တာ ေၾကာင့္ ခ်ဲလ္ဆီး အသင္း အေနနဲ႔ ဘန္ေလ အသင္းကုိ အနုိင္ရပါက အဆင့္ သုံး ေနရာအထိ တက္လွမ္း နုိင္မယ့္ အခြင့္အေရးေကာင္း တစ္ခုက ေစာင့္ၾကိဳ ေနပါတယ္ ။

Daily Mirror ရဲ႕ ေဖာ္ျပခ်က္ အရ ခ်ဲလ္ဆီး အသင္း နည္းျပ ဆာရီ က ယခုႏွစ္ ရာသီမွာ ကာရာေဘာင္း ဗုိလ္လုပြဲ တက္ဖုိ႔ ျဖတ္သန္း လာခဲ့ရတဲ့ အသင္းေတြဟာ ခ်န္ပီယံလိဂ္ ဖုိင္နယ္ ေရာက္ဖုိ႔ ေက်ာ္ျဖတ္ ရတဲ့ အသင္းေတြေလာက္ မလြယ္ကူေၾကာင္း ေျပာၾကား သြားခဲ့တယ္လုိ႔ သိရပါတယ္ ။

ခ်ဲလ္ဆီး အသင္း ဟာ ကာရာေဘာင္းဖလားမွာ လီဗာပူး ၊ ေတာ့တင္ဟမ္ အသင္းတုိ႔ကုိ ခက္ခက္ခဲခဲ ေက်ာ္ျဖတ္ခဲ့ျပီး ဗုိလ္လုပြဲမွာေတာ့ မန္ခ်က္စတာ စီးတီး အသင္း နဲ႔ ေတြ႕ ဆုံ ခဲ့ ျပီး ပင္နယ္တီ အဆုံး အျဖတ္ ခံယူရာမွာ ၄-၃ နဲ႔ ရႈံး နိမ့္ သြား ခဲ့ပါတယ္ ။

ဆာရီ က ” ပရီးမီးယားလိဂ္ က အရမ္း ခက္ခဲတဲ့ လိဂ္ျပိဳင္ပြဲ တစ္ခုပါ ။ လိဂ္ဖလား ဗုိလ္လုပြဲ တက္ဖုိ႔ကုိ က်ေနာ္တုိ႔ လီဗာပူး ၊ ေတာ့တင္ဟမ္ အသင္းတုိ႔နဲ႔ ကစား ခဲ့ရသလုိ ဗုိလ္လုပြဲ မွာလည္း မန္စီးတီး အသင္း နဲ႕ ေတြ႕ ဆုံ ခဲ့ ရ ပါ တယ္ ။ ခ်န္ပီယံလိဂ္ ဗုိလ္လုပြဲ က ေရာက္ဖုိ႔ကမွ ပုိျပီး လြယ္ကူပါဦးမယ္ ။ ”

” ယူရုိပါလိဂ္ ျပိဳင္ပြဲမွာ ဆီမီးဖုိင္နယ္လုိ အဆင့္မ်ဳိး ကုိ ေရာက္လာရင္ေတာ့ အလြယ္တကူ ေက်ာ္ျဖတ္နုိင္ဖုိ႕က မလြယ္ကူ လွပါဘူး ။ က်ေနာ္တုိ႔ ႏွစ္ေက်ာ့စလုံး ၾကိဳးစား ကစားဖုိ႔ လုိ အပ္ ပါ တယ္ ။ လူေတြက ခ်န္ပီယံလိဂ္ ျပိဳင္ပြဲကုိပဲ အေရးပါတဲ့ ျပိဳင္ပြဲလုိ႔ မွတ္ယူထားၾကပါတယ္ ။ ကလပ္အသင္းေတြ အတြက္လည္း အေရးၾကီးတဲ့ ျပိဳင္ပြဲပါ ။ ”

” ရႈံးထြက္အဆင့္မွာဆုိ ေဘာလုံး ဂုိးတုိင္ထိသြားတာ ၊ ေဘးေခ်ာ္ သြားတာေလးကပါ အသင္းတစ္သင္း ေနာက္တစ္ဆင့္ တက္သြားမလား ၊ ျပဳတ္သြားမလား ဆုိတာကုိ အဆုံးအျဖတ္ ေပးနုိင္ပါတယ္ ။ ေျခစြမ္းေကာင္းေတြ ျပသနုိင္ဖုိ႔ လုိအပ္သလုိ ကံေကာင္းဖုိ႔လည္း လုိပါတယ္ ။ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ က တစ္ကမာၻလုံးက အသင္းေတြအတြက္ အေရးပါတဲ့ ျပိဳင္ပြဲပါ ၊ ဒါ့အျပင္ ကံတရားရဲ႕ ေဖးမမႈ ကုိ ရရွိဖုိ႔ လုိအပ္တဲ့ ျပိဳင္ပြဲလုိ႔လည္း ေျပာလုိ႔ရပါတယ္ ။ ” လုိ႔ ဆုိပါတယ္ ။

SPORTS MYANMAR

Unicode

ချန်ပီယံလိဂ် ဖိုင်နယ် တက်ဖို့က ကာရာဘောင်း ဖလား ဗိုလ်လုပွဲ တက်ဖို့လောက်တောင် မခက်ခဲကြောင်း ဆာရီ ပြောကြား
=============================

ချဲလ်ဆီး အသင်း နည်းပြ မာရီယို ဆာရီ ကအင်္ဂလန် ပြည်တွင်း လိဂ်ဖလား တစ်ခု ဖြစ်ခုတဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲ ကို တက်ရောက်နိုင်ဖို့ ဆိုတာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ဖို့ထက် ပိုမို ခက်ခဲကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ယခုလက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁ နာရီ ခွဲ မှာ ဘန်လေ အသင်းကို အိမ်ကွင်း စတမ်းဖိုဒ့် ဘရစ်ချ်မှာ ဧည့် ခံ ယှဉ် ပြိုင် က စား ရ မှာ လည်း ဖြစ် ပါ တယ် ။

ချဲလ်ဆီး အသင်း ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ တော့တင်ဟမ် ၊ အာဆင်နယ် ၊ မန်ယူနိုက်တက် အသင်းတို့ဟာလည်း ရှုံး ပွဲ အသီးသီး ကြုံ တွေ့ ခဲ့ တာ ကြောင့် ချဲလ်ဆီး အသင်း အနေနဲ့ ဘန်လေ အသင်းကို အနိုင်ရပါက အဆင့် သုံး နေရာအထိ တက်လှမ်း နိုင်မယ့် အခွင့်အရေးကောင်း တစ်ခုက စောင့်ကြို နေပါတယ် ။

Daily Mirror ရဲ့ ဖော်ပြချက် အရ ချဲလ်ဆီး အသင်း နည်းပြ ဆာရီ က ယခုနှစ် ရာသီမှာ ကာရာဘောင်း ဗိုလ်လုပွဲ တက်ဖို့ ဖြတ်သန်း လာခဲ့ရတဲ့ အသင်းတွေဟာ ချန်ပီယံလိဂ် ဖိုင်နယ် ရောက်ဖို့ ကျော်ဖြတ် ရတဲ့ အသင်းတွေလောက် မလွယ်ကူကြောင်း ပြောကြား သွားခဲ့တယ်လို့ သိရပါတယ် ။

ချဲလ်ဆီး အသင်း ဟာ ကာရာဘောင်းဖလားမှာ လီဗာပူး ၊ တော့တင်ဟမ် အသင်းတို့ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ စီးတီး အသင်း နဲ့ တွေ့ ဆုံ ခဲ့ ပြီး ပင်နယ်တီ အဆုံး အဖြတ် ခံယူရာမှာ ၄-၃ နဲ့ ရှုံး နိမ့် သွား ခဲ့ပါတယ် ။

ဆာရီ က ” ပရီးမီးယားလိဂ် က အရမ်း ခက်ခဲတဲ့ လိဂ်ပြိုင်ပွဲ တစ်ခုပါ ။ လိဂ်ဖလား ဗိုလ်လုပွဲ တက်ဖို့ကို ကျနော်တို့ လီဗာပူး ၊ တော့တင်ဟမ် အသင်းတို့နဲ့ ကစား ခဲ့ရသလို ဗိုလ်လုပွဲ မှာလည်း မန်စီးတီး အသင်း နဲ့ တွေ့ ဆုံ ခဲ့ ရ ပါ တယ် ။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ က ရောက်ဖို့ကမှ ပိုပြီး လွယ်ကူပါဦးမယ် ။ ”

” ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်လို အဆင့်မျိုး ကို ရောက်လာရင်တော့ အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့က မလွယ်ကူ လှပါဘူး ။ ကျနော်တို့ နှစ်ကျော့စလုံး ကြိုးစား ကစားဖို့ လို အပ် ပါ တယ် ။ လူတွေက ချန်ပီယံလိဂ် ပြိုင်ပွဲကိုပဲ အရေးပါတဲ့ ပြိုင်ပွဲလို့ မှတ်ယူထားကြပါတယ် ။ ကလပ်အသင်းတွေ အတွက်လည်း အရေးကြီးတဲ့ ပြိုင်ပွဲပါ ။ ”

” ရှုံးထွက်အဆင့်မှာဆို ဘောလုံး ဂိုးတိုင်ထိသွားတာ ၊ ဘေးချော် သွားတာလေးကပါ အသင်းတစ်သင်း နောက်တစ်ဆင့် တက်သွားမလား ၊ ပြုတ်သွားမလား ဆိုတာကို အဆုံးအဖြတ် ပေးနိုင်ပါတယ် ။ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ လိုအပ်သလို ကံကောင်းဖို့လည်း လိုပါတယ် ။ ချန်ပီယံလိဂ် ပြိုင်ပွဲ က တစ်ကမ္ဘာလုံးက အသင်းတွေအတွက် အရေးပါတဲ့ ပြိုင်ပွဲပါ ၊ ဒါ့အပြင် ကံတရားရဲ့ ဖေးမမှု ကို ရရှိဖို့ လိုအပ်တဲ့ ပြိုင်ပွဲလို့လည်း ပြောလို့ရပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR