မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ရွိုင်ကိန်း က အသင်းကို ပြန်လည် တည်ဆောက် ဖို့ လုပ်ဆောင် နေတဲ့ အသင်းဖော် ဟောင်း ဆိုးလ်ရှား ဖက်မှ ရပ်တည် ပေးသွား ဖို့ အတွက် ယူနိုက်တက် အသင်း နဲ့ ပရိသတ် တွေကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် အသင်း ဟာ ရှေ့ဆက် ပြီး ခက်ခဲ တဲ့ ပွဲစဉ် တွေနဲ့ အခိုက်အတန့် တွေကို သာ ဆက်လက် ရင်ဆိုင် ကြုံတွေ့ ရဖို့ ရှိ နေတာ ကြောင့် အသင်း ဖက်က နည်းပြ ဖြစ်သူ အပေါ် ယုံကြည် မှု ရှိကြောင်း ပြသ သွားဖို့ လိုအပ် ကြောင်း ရွိုင်ကိန်း က ဆက်လက် တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

Sky Sports ရဲ့ အမေး အဖြေ အစီအစဉ် မှာ ယူနိုက်တက် တို့ နည်းပြ ဆိုးလ်ရှား ကို ဆက်လက် အားပေး ထောက်ခံ သင့် သလား လို့ အမေး ခံလိုက် ရတဲ့ အချိန် ရွိုင်ကိန်း က …

” 100 % ပါပဲ ။ ယူနိုက်တက် က သူ့ကို အလုပ် နဲ့ စာချုပ် ပေးထား ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူ့ကို ထောက်ခံ အားပေး ပြီး ဆက်လက် ရှေ့ဆက် စေသင့် ပါတယ် ။ သူ့ကို နောက်ထပ် အပြောင်း အရွှေ့ ရာသီ နှစ်ကြိမ် ဖြတ်သန်း ခွင့် ပေးသင့် ပါ သေးတယ် ”

” ပိုပြီး ခက်ခဲ တဲ့ ရက်စွဲ တွေကို ပိုင်ဆိုင် ရလိမ့် ဦး မလား ? အသက် နဲ့ ရင်းပြီး လောင်းကြေး ထပ်လို့ ရနိုင် ပါတယ် ။ ဒါပေမယ့် သူတို့ တွေ အပတ်တကုတ် ကြိုးစား ကြရ ပါလိမ့်မယ် ” လို့ ရွိုင်ကိန်း က ဖြေကြား သွားခဲ့ ပြီး အာဆင်နယ် အသင်း နဲ့ တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့ခြင်း အပေါ် …

” ပွဲစဉ် တစ်ပွဲ ကို ကစား ကြဖို့ အတွက် ယုံကြည် မှုနဲ့ အရည် အသွေး တွေကို လိုအပ် ပါတယ် ။ လက်ရှိ ယူနိုက်တက် အသင်း မှာတော့ အဲ့တာ နှစ်ခုလုံး ပျောက်ဆုံး နေ ပါတယ် ။ သူတို့ တွေဟာ အားစိုက် ထုတ်မှု ပြုလုပ် ခဲ့ကြ ပေမယ့် အရည်အသွေး ပိုင်းမှာ လိုအပ်ချက် တွေ ရှိနေ ခဲ့ ပါတယ် ”

” ကျွန်တော် ကတော့ ယူနိုက်တက် ဟာ သက်သောင့် သက်သာ အနိုင်ယူ နိုင် လိမ့်မယ် လို့ တွေးနေ ခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ဆီမှာ ယုံကြည် မှုနဲ့ အရည်အသွေး တွေ ပျောက်ဆုံး နေခဲ့ ပါတယ် ။ သူတို့ တွေဟာ ပြိုင်ဖက် အသင်း တွေကို အပြည့် အဝ ဖွင့် မတိုက် နိုင်ခဲ့ ကြ ပါဘူး ”

” သူတို့ တွေဟာ ကောင်တာ တိုက်စစ် ကိုပဲ သုံးပြီး ကစား ချင်နေ ခဲ့ကြ ပါတယ် ။ သူတို့ တွေကို စောင့်ကြည့် ရခြင်း က တစ်ကယ့် ကို ခက်ခဲ လှတဲ့ အလုပ် တစ်ခု ပါပဲ ။ ဒါပေမယ့် အဲ့တာ က ကစားသမား တွေ အတွက် လည်း ခက်ခဲ နေ လိမ့်မယ် လို့ ယုံကြည် ပါတယ် ”

” ကျွန်တော် တို့ လိုချင် တဲ့ အရာ တွေ ဖြစ်ပေါ် မလာ ခဲ့ ပေမယ့် ကျွန်တော် တို့ ရှေ့ဆက် ပြီး အပတ်တကုတ် ကြိုးစား ကြရ ပါ့မယ် ။ သူတို့ တွေ အနေ နဲ့ ယုံကြည် မှုတွေ ပြန်လည် ရရှိ နိုင်ဖို့ အတွက် ကြီးမား တဲ့ နိုင်ပွဲ တစ်ခု ကို ပိုင်ဆိုင် နိုင်ဖို့ လိုအပ် နေ ပါတယ် ” လို့ ရွိုင်ကိန်း က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar