Coto

ရီးရဲမက်ဒရစ် အသင်း ဟာ ယမန်နေ့ ညက ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် မှာ ဘယ်လ်ဂျီယံ ကလပ် ဘရုဂေး နဲ့ ၂ ဂိုးစီ သရေ ကျခဲ့ ပါတယ် ။ စပိန် ကလပ် ဟာ ပထမ ပိုင်း မှာ ၂ – ၀ နဲ့ ရှုံးနိမ့် နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ ရာမိုစ့် နဲ့ ကက်စမဲရိုး တို့ က ပြန်လည် ချေပ နိုင် ခဲ့ ပါတယ် ။ ဒါကြောင့် ရီးရဲ ဟာ သမိုင်း ကြွေး ထပ်တင် မယ့် အရေး ကနေ ကင်းလွတ် သွားခဲ့ ပြီး နည်းပြ ဇီဒန်း အပေါ် လည်း ဖိအား တွေ လျော့နည်း သွားစေခဲ့ ပါတယ် ။

ရီးရဲ နည်းပြ ဇီဒန်း ဟာ ဂိုး သမား သီဘောက် ကော့တွိုက် ကို ပထမ ပိုင်း အပြီး မှာ အရန် ဂိုး သမား အေရိုလာ နဲ့ လူစား လဲ ခဲ့ ပါတယ် ။ ပြီးခဲ့ တဲ့ ရာသီ တုန်းက ချဲလ်ဆီး ကနေ ရီးရဲ မက်ဒရစ် ကို ပြောင်းရွှေ့ လာခဲ့ တဲ့ ဘယ်လ်ဂျီယံ ဂိုး သမား ကော့တွိုက် ဟာ အမှား အယွင်း တွေ ကျုးလွန် ပြီး ဂိုးတွေ ပေးခဲ့ရ တာ ကြောင့် မက်ဒရစ် ပရိသတ်တွေ ရဲ့ ငြိုငြင်မှု ကို ခံ နေရသူ ဖြစ် ပါတယ် ။

ကော့တွိုက် ရောက်ရှိ လာမှု ကြောင့် ရီးရဲ နဲ့ အတူ ချန်ပီယံ လိဂ် ၃ နှစ် ဆက် ရယူ နိုင် ခဲ့တဲ့ ကော်စတာ ရီကာ ဂိုး သမားကြီး နာဗက်စ် ထွက်ခွာ ခဲ့ရပြီး ဒီ ကိစ္စ ဟာလည်း ရီးရဲ ပရိသတ်တွေ ကို မကျေ မနပ် ဖြစ်စေ ခဲ့ကာ ကော့တွိုက် အမှား ကျုးလွန် မိတိုင်း ၊ ဂိုးတွေ ပေးရတိုင်း မှာ နာဗက်စ် နဲ့ နှိုင်းယှဉ် မှုတွေ ပြုလုပ် ရေးသားခဲ့ ကြပါတယ် ။

ယမန်နေ့ ညက ပွဲ မှာလည်း ကော့တွိုက် ဟာ ၂ – ၀ နဲ့ ရှုံးနိမ့် နေတဲ့ ပထမပိုင်း အပြီး မှာ လူစားလဲ ခံ ခဲ့ရတာ ကြောင့် ဝေဖန်မှု တွေ ထပ်မံ ပေါ်ထွက် လာခဲ့ ပြန် ပါတယ် ။ ဒါပေမယ့် ရီးရဲ ဘက် ကတော့ ကော့တွိုက် ကို လူစား လဲခဲ့ တာဟာ လက်စွမ်း ကြောင့် မဟုတ်ဘူး လို့ ကာကွယ် ပြောဆို ပေးသွားခဲ့ ပါတယ် ။

“ကော့တွိုက် ဟာ အစာအိမ် ထဲက အောင့် နေခဲ့ ပါတယ်” လို့ အသင်းရဲ့ ဒါရို်က်တာ အီမီလီယို ဘူထရာဂွယ်နို က ဘာကြောင့် ကော့တွိုက် ကို လူစားလဲ ခဲ့ရသလဲ ဆိုတဲ့ မေးခွန်း ကို ပွဲ အပြီး မှာ ဖြေကြားသွား ခဲ့ တာဖြစ် ပါတယ် ။ ဒါ့အပြင် လူစားလဲ ၀င်ရောက် လာခဲ့တဲ့ ဂိုး သမား အေရိုလာ အပေါ်လည်း “၂-၁ ဖြစ်နေတဲ့ အချိန် မှာ အသင်း ကို အေရိုလာ ကယ်တင် ပေးခဲ့ ပါတယ် ။ သူ ဟာ တကယ် ကောင်းတဲ့ ဂိုး သမားပါ” လို့ ပြောဆို သွားခဲ့ ပါတယ် ။

ကလပ် ဘရုဂေး တိုက်စစ်မှုး ဒင်းနစ် ဟာ တန်ပြန် တိုက်စစ် က တဆင့် ရီးရဲ ဘက်ကို အဖွင့်ဂိုး သွင်းယူ ခဲ့ ပါတယ် ။ အသင်းဖော် ဖြတ်တင်ပေး လိုက်တဲ့ ဘောလုံး ကို ဒင်းနစ် ထိန်းလိုက်ချိန် မှာ ထိချက် မမှန်ဘဲ ဘယ်ခြေ ကို ထပ်မံ ထိမှန် ခဲ့ ပါတယ် ။ ဒါပေမယ့် ကော့တွိုက် ဟာ ဒင်းနစ် ဘောလုံး စထိ ချိန် မှာ ဟန်ချက်ပျက် ပြီး လဲကျ သွားတဲ့ အတွက် ဂိုးထဲ ကို လိမ့်ဝင် လာတဲ့ ဘောလုံးကို မတားဆီးနိုင် ဖြစ် ခဲ့ ရ ပါတယ် ။

ရီးရဲ နည်းပြ ကြီး ဇီဒန်း ကတော့ ကော့တွိုက် အပေါ် အပြစ်တင် စကား မဆိုခဲ့ ဘဲ ဘရုဂေး ရဲ့ အဖွင့်ဂိုး ဟာ ရီစရာ ကောင်းခဲ့ ပါတယ် လို့ ပြောဆို ကာ လမ်းကြောင်း လွှဲသွား ခဲ့ ပါတယ် ။

“ပထမဂိုး က တကယ် ရီစရာကြီးပါ ။ ဒီလိုပွဲ မျိုး မှာ အဖွင့်ဂိုး သွင်းပြီး ဦးဆောင် နိုင်တဲ့ သူက အသာရတတ် တာပါပဲ ။ သူတို့ နောက်တစ် ဂိုး ထပ်သွင်း ပေမယ့် ကျွန်တော်တို့ ပြန်လာ နိုင်ခဲ့ ပါတယ် ။ ပထမ ပိုင်း ကစားပုံ နဲ့ ပတ်သက် လို့ တော့ စိတ်တိုင်း မကျမိ ပါဘူး”

“ပထမပိုင်း အပြီး မှာ ဒါကို ပြောင်းလဲ ဖို့ ၄၅ မိနစ် အချိန် ရနေ သေးတယ် လို့ အသင်းသား တွေကို ကျွန်တော် ပြောခဲ့ ပါတယ် ။ မပြောင်းလဲ နိုင်ရင်တော့ ရှုံးမှာ ပါပဲ ။ ဒါပေမယ့် သူတို့ ပြောင်းလဲ ပစ်နိုင် ခဲ့ ပါတယ်” လို့ နည်းပြ ဇီဒန်း က ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် ဟာ ချန်ပီယံ လိဂ် အုပ်စု အေ မှာ ၂ ပွဲ ကစား အပြီး ရမှတ် တစ်မှတ် နဲ့ အုပ်စု အောက်ဆုံး မှာ ရှိ နေခဲ့ ပါတယ် ။ လာလီဂါ မှာတော့ ပွဲစဉ် ရ အပြီး မှာ အဆင့် ၁ နေရာ ကို ရယူထား နိုင်ပြီး လာမယ့် စနေနေ့ မှာတော့ ဒုတိယ နေရာက ဂရန်နာဒါ အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

ေကာ့တြဳိက္ ကို လူစားလဲခဲ့တာ ဟာ လက္စြမ္းေၾကာင့္မဟုတ္ဟု ရီးရဲမက္ဒရစ္ ရွင္းခ်က္ထုတ္

===============================================

ရီးရဲမက္ဒရစ္ အသင္း ဟာ ယမန္ေန႔ ညက ခ်န္ပီယံ လိဂ္ အုပ္စု ပြဲစဥ္ မွာ ဘယ္လ္ဂ်ီယံ ကလပ္ ဘရုေဂး နဲ႔ ၂ ဂုိးစီ သေရ က်ခဲ့ ပါတယ္ ။ စပိန္ ကလပ္ ဟာ ပထမ ပိုင္း မွာ ၂ – ၀ နဲ႔ ရွဳံးနိမ့္ ေနခဲ့ၿပီး ဒုတိယပုိင္း မွာေတာ့ ရာမိုစ့္ နဲ႔ ကက္စမဲရိုး တို႔ က ျပန္လည္ ေခ်ပ ႏုိင္ ခဲ့ ပါတယ္ ။ ဒါေၾကာင့္ ရီးရဲ ဟာ သမုိင္း ေၾကြး ထပ္တင္ မယ့္ အေရး ကေန ကင္းလြတ္ သြားခဲ့ ၿပီး နည္းျပ ဇီဒန္း အေပၚ လည္း ဖိအား ေတြ ေလ်ာ့နည္း သြားေစခဲ့ ပါတယ္ ။

ရီးရဲ နည္းျပ ဇီဒန္း ဟာ ဂိုး သမား သီေဘာက္ ေကာ့တြဳိက္ ကို ပထမ ပုိင္း အၿပီး မွာ အရန္ ဂုိး သမား ေအရိုလာ နဲ႔ လူစား လဲ ခဲ့ ပါတယ္ ။ ၿပီးခဲ့ တဲ့ ရာသီ တုန္းက ခ်ဲလ္ဆီး ကေန ရီးရဲ မက္ဒရစ္ ကို ေျပာင္းေရႊ႕ လာခဲ့ တဲ့ ဘယ္လ္ဂ်ီယံ ဂုိး သမား ေကာ့တြဳိက္ ဟာ အမွား အယြင္း ေတြ က်ဳးလြန္ ၿပီး ဂုိးေတြ ေပးခဲ့ရ တာ ေၾကာင့္ မက္ဒရစ္ ပရိသတ္ေတြ ရဲ႕ ၿငဳိျငင္မႈ ကို ခံ ေနရသူ ျဖစ္ ပါတယ္ ။

ေကာ့တြဳိက္ ေရာက္ရွိ လာမႈ ေၾကာင့္ ရီးရဲ နဲ႕ အတူ ခ်န္ပီယံ လိဂ္ ၃ ႏွစ္ ဆက္ ရယူ ႏုိင္ ခဲ့တဲ့ ေကာ္စတာ ရီကာ ဂုိး သမားႀကီး နာဗက္စ္ ထြက္ခြာ ခဲ့ရၿပီး ဒီ ကိစၥ ဟာလည္း ရီးရဲ ပရိသတ္ေတြ ကို မေက် မနပ္ ျဖစ္ေစ ခဲ့ကာ ေကာ့တြဳိက္ အမွား က်ဳးလြန္ မိတုိင္း ၊ ဂုိးေတြ ေပးရတုိင္း မွာ နာဗက္စ္ နဲ႔ ႏႈိင္းယွဥ္ မႈေတြ ျပဳလုပ္ ေရးသားခဲ့ ၾကပါတယ္ ။

ယမန္ေန႔ ညက ပြဲ မွာလည္း ေကာ့တြဳိက္ ဟာ ၂ – ၀ နဲ႔ ရွဳံးနိမ့္ ေနတဲ့ ပထမပိုင္း အၿပီး မွာ လူစားလဲ ခံ ခဲ့ရတာ ေၾကာင့္ ေ၀ဖန္မႈ ေတြ ထပ္မံ ေပၚထြက္ လာခဲ့ ျပန္ ပါတယ္ ။ ဒါေပမယ့္ ရီးရဲ ဘက္ ကေတာ့ ေကာ့တြဳိက္ ကို လူစား လဲခဲ့ တာဟာ လက္စြမ္း ေၾကာင့္ မဟုတ္ဘူး လို႔ ကာကြယ္ ေျပာဆို ေပးသြားခဲ့ ပါတယ္ ။

“ေကာ့တြဳိက္ ဟာ အစာအိမ္ ထဲက ေအာင့္ ေနခဲ့ ပါတယ္” လို႔ အသင္းရဲ႕ ဒါရုိ္က္တာ အီမီလီယို ဘူထရာဂြယ္ႏို က ဘာေၾကာင့္ ေကာ့တြဳိက္ ကို လူစားလဲ ခဲ့ရသလဲ ဆုိတဲ့ ေမးခြန္း ကို ပြဲ အၿပီး မွာ ေျဖၾကားသြား ခဲ့ တာျဖစ္ ပါတယ္ ။ ဒါ့အျပင္ လူစားလဲ ၀င္ေရာက္ လာခဲ့တဲ့ ဂိုး သမား ေအရိုလာ အေပၚလည္း “၂-၁ ျဖစ္ေနတဲ့ အခ်ိန္ မွာ အသင္း ကို ေအရိုလာ ကယ္တင္ ေပးခဲ့ ပါတယ္ ။ သူ ဟာ တကယ္ ေကာင္းတဲ့ ဂုိး သမားပါ” လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

ကလပ္ ဘရုေဂး တိုက္စစ္မႈး ဒင္းနစ္ ဟာ တန္ျပန္ တုိက္စစ္ က တဆင့္ ရီးရဲ ဘက္ကို အဖြင့္ဂုိး သြင္းယူ ခဲ့ ပါတယ္ ။ အသင္းေဖာ္ ျဖတ္တင္ေပး လုိက္တဲ့ ေဘာလံုး ကို ဒင္းနစ္ ထိန္းလုိက္ခ်ိန္ မွာ ထိခ်က္ မမွန္ဘဲ ဘယ္ေျခ ကို ထပ္မံ ထိမွန္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ေကာ့တြဳိက္ ဟာ ဒင္းနစ္ ေဘာလံုး စထိ ခ်ိန္ မွာ ဟန္ခ်က္ပ်က္ ၿပီး လဲက် သြားတဲ့ အတြက္ ဂုိးထဲ ကို လိမ့္၀င္ လာတဲ့ ေဘာလံုးကို မတားဆီးႏုိင္ ျဖစ္ ခဲ့ ရ ပါတယ္ ။

ရီးရဲ နည္းျပ ႀကီး ဇီဒန္း ကေတာ့ ေကာ့တြဳိက္ အေပၚ အျပစ္တင္ စကား မဆိုခဲ့ ဘဲ ဘရုေဂး ရဲ႕ အဖြင့္ဂုိး ဟာ ရီစရာ ေကာင္းခဲ့ ပါတယ္ လို႔ ေျပာဆို ကာ လမ္းေၾကာင္း လႊဲသြား ခဲ့ ပါတယ္ ။

“ပထမဂုိး က တကယ္ ရီစရာႀကီးပါ ။ ဒီလိုပြဲ မ်ဳိး မွာ အဖြင့္ဂုိး သြင္းၿပီး ဦးေဆာင္ ႏုိင္တဲ့ သူက အသာရတတ္ တာပါပဲ ။ သူတို႔ ေနာက္တစ္ ဂုိး ထပ္သြင္း ေပမယ့္ ကြ်န္ေတာ္တို႔ ျပန္လာ ႏုိင္ခဲ့ ပါတယ္ ။ ပထမ ပုိင္း ကစားပံု နဲ႔ ပတ္သက္ လုိ႔ ေတာ့ စိတ္တုိင္း မက်မိ ပါဘူး”

“ပထမပုိင္း အၿပီး မွာ ဒါကို ေျပာင္းလဲ ဖုိ႔ ၄၅ မိနစ္ အခ်ိန္ ရေန ေသးတယ္ လို႔ အသင္းသား ေတြကို ကြ်န္ေတာ္ ေျပာခဲ့ ပါတယ္ ။ မေျပာင္းလဲ ႏိုင္ရင္ေတာ့ ရွဳံးမွာ ပါပဲ ။ ဒါေပမယ့္ သူတို႔ ေျပာင္းလဲ ပစ္ႏုိင္ ခဲ့ ပါတယ္” လုိ႔ နည္းျပ ဇီဒန္း က ဆက္လက္ ေျပာဆို သြားခဲ့ ပါတယ္ ။

ရီးရဲမက္ဒရစ္ ဟာ ခ်န္ပီယံ လိဂ္ အုပ္စု ေအ မွာ ၂ ပြဲ ကစား အၿပီး ရမွတ္ တစ္မွတ္ နဲ႔ အုပ္စု ေအာက္ဆံုး မွာ ရွိ ေနခဲ့ ပါတယ္ ။ လာလီဂါ မွာေတာ့ ပြဲစဥ္ ၇ အၿပီး မွာ အဆင့္ ၁ ေနရာ ကို ရယူထား ႏုိင္ၿပီး လာမယ့္ စေနေန႔ မွာေတာ့ ဒုတိယ ေနရာက ဂရန္နာဒါ အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစား ၇မွာ ျဖစ္ ပါတယ္ ။

SPORTS MYANMAR