liverpool

Unicode

လီဗာပူးဟာ ယနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စု ဒုတိယ‌မြောက် ပွဲစဉ် အဖြစ် ရက်ဘူးဇဲလ်ဘု အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်သာ အန်ဖီးရဲ့ အကြိမ် ၁၀၀ မြောက် ဥရောပ ပွဲစဉ် ဖြစ်လာမှာ ဖြစ်ပြီး လီဗာပူးဟာ ပြီးခဲ့တဲ့ ၉၉ ကြိမ်မှာ ပွဲ ၇၀ နိုင် ၁၂ ပွဲ သရေ ၁၇ ပွဲ ရှုံးနိမ့် ထားခဲ့ပါတယ်။

Liverpool

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က နာဘီကီတာဟာ အင်္ဂလိပ် ဘာသာစကားကို ပိုမို နားလည် လာပြီ ဖြစ်တာကြောင့် ဒါဟာ ၎င်းရဲ့ ကစားသမား ဘဝ တိုးတက်စေဖို့ အတွက် ကြီးမားတဲ့ ‌ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဘိုရပ်ရှား‌ဒေါမွန် အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ မိုက်ကယ်ဇော့က ဂျေဒွန်ဆန်ချိုဟာ အနာဂတ်မှာ အသင်းကနေ ထွက်ခွာ သွားမှာ ဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး လီ‌ဗာပူး အသင်းဟာ ၎င်းကို စိတ်ဝင်စားတဲ့ အသင်း‌တွေ ထဲမှာ ပါဝင် နိုင်တယ်လို့ ခန့်မှန်း သွားခဲ့ပါတယ်။

ယာဂန်ကလော့က ဗစ်တာမားတို့စ်ကို လီဗာပူးရဲ့ development coach အဖြစ် ခန့်အပ်မှာ ဖြစ်‌ကြောင်း အတည်ပြု ပြောဆို သွားခဲ့ပြီး အသက် ၃၁ နှစ်အရွယ် မားတို့စ် အနေနဲ့ အကယ်ဒမီက ကစားသမား‌‌တွေကို အသင်းကြီး အတွက် အဆင်သင့် ဖြစ်အောင် လုပ်ပေး ရမှာ ဖြစ်ပါတယ်။

ယာဂန်ကလော့က ရက်ဘူးဇဲလ်ဘု အသင်းဟာ အန်ဖီးမှာ ရလဒ်ကောင်း အတွက် အစွမ်းကုန် ကစား သွားမှာ ဖြစ်တာ‌ကြောင့် လီဗာပူး အသင်းသား‌တွေ အနေနဲ့ တကယ့်ကို ပြင်းပြင်းထန်ထန် ကြိုးစား ကစားမှ ဖြစ်မယ်လို့ သတိပေး သွားခဲ့ပါတယ်။

kloop

ချယ်ရိဗယ်လာရဲ့ ကိစ္စ နဲ့ ပက်သက်ပြီး ယာဂန်ကလော့က ‘ကျွန်တော် ကစားသမား အတွက် စိုးရိမ် မိပါတယ်။ ကျွန်‌တော် ဒါနဲ့ ပက်သက်ပြီး အများကြီး မ‌ပြောနိုင်ပါဘူး။ ဒီအချိန်မှာ ဒါနဲ့ ပက်သက်ပြီး အခြား သူတွေ အလုပ်လုပ်နေ ကြပါတယ်။ ကျွန်တော် ပြောနိုင်တာ ကတော့ ဒါဟာ ကျွန်တော်တို့ အမှား သက်သက် ဆိုရင် ကျွန်တော်တို့ပဲ အပြစ်ပေး ခံထိုက်ပါတယ်။ ဒါသာ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားဟာ လုံးဝ ရိုးသားတယ် ဆိုတာပါပဲ။

ပက်ဒရိုဟာ စပိန်မှာ တုန်းကလည်း နှစ်ဝက်လောက် မကစား ခဲ့ရတဲ့ ပြသနာ ရှိခဲ့ပါတယ်။ ပြသနာတွေ မ‌ပြေလည်မီ အထိ ကစားခွင့် မပေးဘူး ဆိုရင် ဒါဟာ အကြီးကြယ်ဆုံး ပြသနာ ဖြစ်ပါတယ်။ ဘဝမှာ အမှား ကျူးလွန်တာတော့ ရှိပါတယ်။ ဒါဟာ အမှား တစ်ခုလား ဆိုတာကတော့ ကျွန်တော့် ဘက်က မသေချာပါဘူး။ ဒါဟာ အမှားလို့ ဆုံးဖြတ်မယ် ဆိုရင်လည်း ကစားသမား ကို‌တော့ ၁၀၀% အပြစ်မပေး သင့်ပါဘူး။’

ယနေ့ဟာ လီဗာပူးအသင်းရဲ့ ဂိုးသမား အလီဆွန်ဘက်ကာ ရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ အလီဆွန်ဟာ ၎င်းရဲ့ လီဗာပူးကစားသမား ဘဝ ပထမဦးဆုံး ရာသီမှာ လီဗာပူးနဲ့ အတူ ချန်ပီယံလိဂ်ဖလား ရယူ နိုင်ခဲ့တဲ့ အပြင် ဥရောပ နဲ့ ဖီဖာရဲ့ အကောင်းဆုံး ဂိုးသမားဆု‌တွေ ရရှိ ထားခဲ့ပါတယ်။ happy birthday Allison!

ဟန်ဒါဆန်က အမ်ကေဒွန်းကို ၂-၀ နဲ့ အနိုင်ရရှိ ခဲ့တဲ့ ကာရာဘောင်ဖလား တတိယ အဆင့် ပွဲစဉ်မှာ စီနီယာ ကစားသမားကြီး‌‌တွေရဲ့ ထိန်းကျောင်း ပေးခဲ့ပုံဟာ လူငယ် ကစားသမားလေးတွေ အတွက် တကယ့်ကို အထောက်အကူ ဖြစ်ခဲ့ပြီး ဒါဟာ ဒီပွဲရဲ့ ကျေနပ်စရာ အကောင်းဆုံး ကဏ္ဍ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

Liverpool

လီဗာပူးဟာ ပြီးခဲ့တဲ့ မေလ နောက်ပိုင်း ပထမဦးဆုံး ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ်ကို ယနေ့ည အန်ဖီးမှာ ကစား သွားရမှာ ဖြစ်ပြီး ယာဂန်ကလော့ ကတော့ ရက်ဘူးဇဲလ်ဘုနဲ့ ပွဲမှာ ပြီးခဲ့တဲ့ ရာသီ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ဘာစီလိုနာ နဲ့ပွဲက အ‌ငွေ့အသက်မျိုး ပြန်လည် ဖန်တီး ပေးရန် ကစားသမားတွေနဲ့ ပရိတ်သတ်ကို တောင်းဆို လိုက်ပါတယ်။

 

ဇဲလ်ဘုနဲ့ ပက်သက်ပြီး ကလော့က ‘ကျွန်တော် သူတို့ ဘယ်လောက် ကောင်းအောင် လုပ်နေသလဲ ဆိုတာကို ၂ နာရီလောက် ‌ပြောနိုင်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက သူတို့ဟာ ကျွန်တော်တို့နဲ့ လုံးဝ မကစားဖူး သေးတာပါပဲ။ သူတို့ ဒီည အိပ်ယာ ဝင်တဲ့ အခါမှာ ဒါဟာ အန်ဖီး ၊ ကျွန်တော်တို့ ကွင်း ဆိုတာကို တွေးနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။’

SORT MYANMAR

Zawgyi

ဇဲလ္ဘုနဲ႔ ခ်န္ပီယံလိဂ္ ပြဲစဥ္မတိုင္မီ…လီဗာပူးသတင္းတိုမ်ား

လီဗာပူးဟာ ယေန႔ညမွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု ဒုတိယ‌ေျမာက္ ပြဲစဥ္ အျဖစ္ ရက္ဘူးဇဲလ္ဘု အသင္းကို အိမ္ကြင္းမွာ လက္ခံ ယွဥ္ၿပိဳင္ သြားရမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္သာ အန္ဖီးရဲ့ အႀကိမ္ ၁၀၀ ေျမာက္ ဥေရာပ ပြဲစဥ္ ျဖစ္လာမွာ ျဖစ္ၿပီး လီဗာပူးဟာ ၿပီးခဲ့တဲ့ ၉၉ ႀကိမ္မွာ ပြဲ ၇၀ နိုင္ ၁၂ ပြဲ သေရ ၁၇ ပြဲ ရွုံးနိမ့္ ထားခဲ့ပါတယ္။

လီဗာပူး မန္ေနဂ်ာ ယာဂန္ကေလာ့က နာဘီကီတာဟာ အဂၤလိပ္ ဘာသာစကားကို ပိုမို နားလည္ လာၿပီ ျဖစ္တာေၾကာင့္ ဒါဟာ ၎ရဲ့ ကစားသမား ဘဝ တိုးတက္ေစဖို႔ အတြက္ ႀကီးမားတဲ့ ‌ေျခလွမ္းတစ္ခု ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။

ဘိုရပ္ရွား‌ေဒါမြန္ အသင္းရဲ့ အားကစား ဒါရိုက္တာ ျဖစ္သူ မိုက္ကယ္ေဇာ့က ေဂ်ဒြန္ဆန္ခ်ိဳဟာ အနာဂတ္မွာ အသင္းကေန ထြက္ခြာ သြားမွာ ျဖစ္တယ္လို႔ ဝန္ခံလိုက္ၿပီး လီ‌ဗာပူး အသင္းဟာ ၎ကို စိတ္ဝင္စားတဲ့ အသင္း‌ေတြ ထဲမွာ ပါဝင္ နိုင္တယ္လို႔ ခန႔္မွန္း သြားခဲ့ပါတယ္။

ယာဂန္ကေလာ့က ဗစ္တာမားတို႔စ္ကို လီဗာပူးရဲ့ development coach အျဖစ္ ခန႔္အပ္မွာ ျဖစ္‌ေၾကာင္း အတည္ျပဳ ေျပာဆို သြားခဲ့ၿပီး အသက္ ၃၁ ႏွစ္အရြယ္ မားတို႔စ္ အေနနဲ႔ အကယ္ဒမီက ကစားသမား‌‌ေတြကို အသင္းႀကီး အတြက္ အဆင္သင့္ ျဖစ္ေအာင္ လုပ္ေပး ရမွာ ျဖစ္ပါတယ္။

ယာဂန္ကေလာ့က ရက္ဘူးဇဲလ္ဘု အသင္းဟာ အန္ဖီးမွာ ရလဒ္ေကာင္း အတြက္ အစြမ္းကုန္ ကစား သြားမွာ ျဖစ္တာ‌ေၾကာင့္ လီဗာပူး အသင္းသား‌ေတြ အေနနဲ႔ တကယ့္ကို ျပင္းျပင္းထန္ထန္ ႀကိဳးစား ကစားမွ ျဖစ္မယ္လို႔ သတိေပး သြားခဲ့ပါတယ္။

ခ်ယ္ရိဗယ္လာရဲ့ ကိစၥ နဲ႔ ပက္သက္ၿပီး ယာဂန္ကေလာ့က ‘ကၽြန္ေတာ္ ကစားသမား အတြက္ စိုးရိမ္ မိပါတယ္။ ကၽြန္‌ေတာ္ ဒါနဲ႔ ပက္သက္ၿပီး အမ်ားႀကီး မ‌ေျပာနိုင္ပါဘူး။ ဒီအခ်ိန္မွာ ဒါနဲ႔ ပက္သက္ၿပီး အျခား သူေတြ အလုပ္လုပ္ေန ၾကပါတယ္။ ကၽြန္ေတာ္ ေျပာနိုင္တာ ကေတာ့ ဒါဟာ ကၽြန္ေတာ္တို႔ အမွား သက္သက္ ဆိုရင္ ကၽြန္ေတာ္တို႔ပဲ အျပစ္ေပး ခံထိုက္ပါတယ္။ ဒါသာ ရည္ရြယ္ခ်က္နဲ႔ လုပ္ခဲ့တဲ့ အရာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကစားသမားဟာ လုံးဝ ရိုးသားတယ္ ဆိုတာပါပဲ။

ပက္ဒရိုဟာ စပိန္မွာ တုန္းကလည္း ႏွစ္ဝက္ေလာက္ မကစား ခဲ့ရတဲ့ ျပသနာ ရွိခဲ့ပါတယ္။ ျပသနာေတြ မ‌ေျပလည္မီ အထိ ကစားခြင့္ မေပးဘူး ဆိုရင္ ဒါဟာ အႀကီးၾကယ္ဆုံး ျပသနာ ျဖစ္ပါတယ္။ ဘဝမွာ အမွား က်ဴးလြန္တာေတာ့ ရွိပါတယ္။ ဒါဟာ အမွား တစ္ခုလား ဆိုတာကေတာ့ ကၽြန္ေတာ့္ ဘက္က မေသခ်ာပါဘူး။ ဒါဟာ အမွားလို႔ ဆုံးျဖတ္မယ္ ဆိုရင္လည္း ကစားသမား ကို‌ေတာ့ ၁၀၀% အျပစ္မေပး သင့္ပါဘူး။’

ယေန႔ဟာ လီဗာပူးအသင္းရဲ့ ဂိုးသမား အလီဆြန္ဘက္ကာ ရဲ့ အသက္ ၂၇ ႏွစ္ျပည့္ ေမြးေန႔ ျဖစ္ပါတယ္။ အလီဆြန္ဟာ ၎ရဲ့ လီဗာပူးကစားသမား ဘဝ ပထမဦးဆုံး ရာသီမွာ လီဗာပူးနဲ႔ အတူ ခ်န္ပီယံလိဂ္ဖလား ရယူ နိုင္ခဲ့တဲ့ အျပင္ ဥေရာပ နဲ႔ ဖီဖာရဲ့ အေကာင္းဆုံး ဂိုးသမားဆု‌ေတြ ရရွိ ထားခဲ့ပါတယ္။ happy birthday Allison!

ဟန္ဒါဆန္က အမ္ေကဒြန္းကို ၂-၀ နဲ႔ အနိုင္ရရွိ ခဲ့တဲ့ ကာရာေဘာင္ဖလား တတိယ အဆင့္ ပြဲစဥ္မွာ စီနီယာ ကစားသမားႀကီး‌‌ေတြရဲ့ ထိန္းေက်ာင္း ေပးခဲ့ပုံဟာ လူငယ္ ကစားသမားေလးေတြ အတြက္ တကယ့္ကို အေထာက္အကူ ျဖစ္ခဲ့ၿပီး ဒါဟာ ဒီပြဲရဲ့ ေက်နပ္စရာ အေကာင္းဆုံး က႑ ျဖစ္တယ္လို႔ ဆိုသြားပါတယ္။

လီဗာပူးဟာ ၿပီးခဲ့တဲ့ ေမလ ေနာက္ပိုင္း ပထမဦးဆုံး ခ်န္ပီယံလိဂ္ အိမ္ကြင္း ပြဲစဥ္ကို ယေန႔ည အန္ဖီးမွာ ကစား သြားရမွာ ျဖစ္ၿပီး ယာဂန္ကေလာ့ ကေတာ့ ရက္ဘူးဇဲလ္ဘုနဲ႔ ပြဲမွာ ၿပီးခဲ့တဲ့ ရာသီ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ဘာစီလိုနာ နဲ႔ပြဲက အ‌ေငြ႕အသက္မ်ိဳး ျပန္လည္ ဖန္တီး ေပးရန္ ကစားသမားေတြနဲ႔ ပရိတ္သတ္ကို ေတာင္းဆို လိုက္ပါတယ္။

ဇဲလ္ဘုနဲ႔ ပက္သက္ၿပီး ကေလာ့က ‘ကၽြန္ေတာ္ သူတို႔ ဘယ္ေလာက္ ေကာင္းေအာင္ လုပ္ေနသလဲ ဆိုတာကို ၂ နာရီေလာက္ ‌ေျပာနိုင္ပါတယ္။ ဒါေပမယ့္ အေရးႀကီးတာက သူတို႔ဟာ ကၽြန္ေတာ္တို႔နဲ႔ လုံးဝ မကစားဖူး ေသးတာပါပဲ။ သူတို႔ ဒီည အိပ္ယာ ဝင္တဲ့ အခါမွာ ဒါဟာ အန္ဖီး ၊ ကၽြန္ေတာ္တို႔ ကြင္း ဆိုတာကို ေတြးေနလိမ့္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ ထားပါတယ္။’

SPORTMYANMAR