ပရီးမီးယားလိဂ္ျပိဳင္ပြဲျကီးျပီးဆံုးဖို႕ ပြဲစဥ္ အနည္းငယ္သာ လိုအပ္ေတာ့ေပမယ့္ ခ်န္ပီယံဆု အတြက္ လီဗာပူး နဲ႔ မန္စီးတီး တို႕က အျပိဳင္ ျဖစ္ေနျပီး ေနာက္ဆံုး အခ်ိန္အထိ ေစာင့္ျကည္႔ရဖြယ္ရွိေနပါတယ္။

လတ္တေလာ မွာ လီဗာပူး အသင္းက တပြဲအသာ ၂မွတ္အသာနဲ႔ ဦးေဆာင္ေနေပမယ့္ မန္စီးတီ အသင္းဟာ ယူႏိုက္တက္နဲ႔ ကစားရမယ့္ ပြဲက်န္တပြဲ ရွိေနလို႔ အမွတ္ေပးဇယားကို ျပန္လည္ဦးေဆာင္ ႏိုင္ေျခ ရွိေနေသးတာျဖစ္ပါတယ္။

နည္းျပျကီး ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္ အသင္းအတြက္ေတာ့ အဆိုပါပြဲစဥ္ဟာ စုပ္လဲစူး၊ စားလည္းရူး အေနအထားလို ျဖစ္ေနျပီး ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီး အသင္းကို အႏိုင္ကန္ ခဲ႕ပါက အစဥ္အလာခါးသီးျပိဳင္ဘက္ လီဗာပူး အသင္းကို ဆုဖလား နဲ႔ပိုမို နီးစပ္သြားေစမွာျဖစ္ျပီး ၊ မန္စီးတီးကို အႏိုင္မကန္ခဲ႔ပါက သူတို႕အသင္းရဲ႕ ခ်န္ပီယံလိဂ္ ဝင္ခြင့္ေမ်ွာ္လင့္ခ်က္ပါ ဆံုးရွံုး
သြားႏိုင္ေနတာျဖစ္ပါတယ္။

လီဗာ ပူး အသင္းရဲ႕ ဗဟိုခံစစ္မွဴး ဗန္ဒိုက္ကေတာ့ ယူႏိုက္တက္တို႔ အေနနဲ႕ ၂ဦး ၂ဖက္ အက်ိဳးျဖစ္ထြန္းႏိုင္ဖို႕ မန္စီးတီးအသင္းကို အႏိုင္ကန္သင့္တယ္လို႔ဆိုသြားခဲ႔ပါတယ္။အင္တာဗ်ဴးတခုမွာ ဗန္ဒိုက္က – – – ” သူတို႕ (ယူႏိုက္တက္) အသင္းအေနနဲ႔သူတို႔ကိုယ္တိုင္ မ်က္ႏွာသာရမယ့္ ကိစၥကို လုပ္ဖို႔လိုပါတယ္။အဲဗာတန္ အသင္းကိုသူတို႔ အိမ္ကြင္းမွာ အႏိုင္ကန္ဖို႔ဆိုတာမလြယ္ေပမယ့္ ၄-၀ ဂိုးနဲ႔ ရွံးတာကေတာ့ တကယ္ကို မ်ားပါတယ္။

ဒါေပမယ့္ ဒီပြဲ ဟာ က်ြန္ေတာ္တို႔ရဲ႕ယူႏိုက္တက္ အသင္းအေပၚ ေမ်ွာ္လင့္ခ်က္ကို လႊမ္းမိုးမွဳ မရွိပါဘူး။ယူႏိုက္တက္ အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ျကိုးစားေနေသးတာျဖစ္ျပီး ဒိီအတြက္ လည္း ရလဒ္ေကာင္းဖို႔ လိုေနတာ ျဖစ္ပါတယ္ ” လို႔ေျပာသြား ခဲ႕ပါတယ္။

လီဗာပူး အသင္းဟာ ေနာက္ဆံုး ျပိဳင္ပြဲစံု ၉ပြဲဆက္ အႏိုင္ရထားျပီး လိဂ္ပြဲ က ၆ပဲြဲအထိပါဝင္ေနတာျဖစ္ပါတယ္။ဒါ့အျပင္ သူတို႔ ဟာ အခုႏွစ္အတြင္းမွာ လိဂ္ရွံုးပြဲတပြဲသာ ျကံုေတြ႔ထားေသးတာျဖစ္ပါတယ္။

ဗန္ဒိုက္ကေတာ့ ဟက္ဒါဖီးလ္၊ နယူးကာဆယ္၊ ဝုဗ္လ္ တို႔နဲ႔ ကစားရမယ့္ လက္က်န္ ပြဲစဥ္ ၃ပြဲလံုးကိုပါ အႏိုင္ ကစားဖို႔ ပစ္မွတ္ထားေနပါတယ္။

ဗန္ဒိုက္က ဆက္လက္ျပီး – – – ” က်ြန္ေတာ္တို႕ အတြက္ တခုတည္းေသာအာရံုစုိက္ရမွာ ကေတာ့ လက္က်န္ပြဲေတြကို ရာႏွဳန္းျပည့္အႏိုင္ ကစားႏိုင္ဖို႕ျဖစ္ပါတယ္။က်ြန္ေတာ္တို႕ ၃ပဲြ ကစားရဖို႔ ရွိေနတာျဖစ္ျပီး ပြဲတိုင္းကို အႏိုင္ရဖို႕ ျကိုးစားသြားမွာျဖစ္ပါတယ္။

အဲ႔ဒီလို လုပ္ေဆာင္ႏိုင္ဖို႔ဆိုတာ ခက္ခဲမွာ ျဖစ္ေပမယ့္ က်ြန္ေတာ္တုိ႔ကေတာ့ လုပ္ေဆာင္သြားရမွာပါပဲ။က်ြန္ေတာ္တုိ႔ဟာ ကာဒစ္နဲ႕ ပြဲမွာ လည္း သည္းခံမွဳရွိရွိနဲ႔ရင့္က်က္တဲ႕ ကစားပံုကို ျပသသြားႏိုင္ခဲ႕ပါတယ္။

၃မွတ္ျပည့္ရခဲ႔တာေျကာင့္ လည္း တကယ္ကိုေကာင္းပါတယ္။ က်ြန္ေတာ္တို႔ အတြက္ ေနာက္ထပ္ စိန္ေခၚ မွဳကေတာ့ လာမယ့္ ေသာျကာေန႔မွာ ကစားရမယ့္ ပြဲစဥ္ျဖစ္ပါတယ္။ဘာေတြဆက္ျဖစ္မယ္ဆိုတာေနာက္ေတာ့ျမင္ရပါလိမ့္မယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

Unicode

မန်ချက်စတာ ဒါဘီပွဲ မတိုင်မီ ယူနိုက်တက် အသင်းဆီ မက်ဆေ့ ပို့သွားတဲ့ #ဗန်ဒိုက်
==============================

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးပြီးဆုံးဖို့ ပွဲစဉ် အနည်းငယ်သာ လိုအပ်တော့ပေမယ့် ချန်ပီယံဆု အတွက် လီဗာပူး နဲ့ မန်စီးတီး တို့က အပြိုင် ဖြစ်နေပြီး နောက်ဆုံး အချိန်အထိ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

လတ်တလော မှာ လီဗာပူး အသင်းက တပွဲအသာ ၂မှတ်အသာနဲ့ ဦးဆောင်နေပေမယ့် မန်စီးတီ အသင်းဟာ ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲကျန်တပွဲ ရှိနေလို့ အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင် နိုင်ခြေ ရှိနေသေးတာဖြစ်ပါတယ်။

နည်းပြကြီး ဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းအတွက်တော့ အဆိုပါပွဲစဉ်ဟာ စုပ်လဲစူး၊ စားလည်းရူး အနေအထားလို ဖြစ်နေပြီး မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို အနိုင်ကန် ခဲ့ပါက အစဉ်အလာခါးသီးပြိုင်ဘက် လီဗာပူး အသင်းကို ဆုဖလား နဲ့ပိုမို နီးစပ်သွားစေမှာဖြစ်ပြီး ၊ မန်စီးတီးကို အနိုင်မကန်ခဲ့ပါက သူတို့အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်ပါ ဆုံးရှုံး
သွားနိုင်နေတာဖြစ်ပါတယ်။

လီဗာ ပူး အသင်းရဲ့ ဗဟိုခံစစ်မှူး ဗန်ဒိုက်ကတော့ ယူနိုက်တက်တို့ အနေနဲ့ ၂ဦး ၂ဖက် အကျိုးဖြစ်ထွန်းနိုင်ဖို့ မန်စီးတီးအသင်းကို အနိုင်ကန်သင့်တယ်လို့ဆိုသွားခဲ့ပါတယ်။အင်တာဗျူးတခုမှာ ဗန်ဒိုက်က – – – ” သူတို့ (ယူနိုက်တက်) အသင်းအနေနဲ့သူတို့ကိုယ်တိုင် မျက်နှာသာရမယ့် ကိစ္စကို လုပ်ဖို့လိုပါတယ်။အဲဗာတန် အသင်းကိုသူတို့ အိမ်ကွင်းမှာ အနိုင်ကန်ဖို့ဆိုတာမလွယ်ပေမယ့် ၄-၀ ဂိုးနဲ့ ရှံးတာကတော့ တကယ်ကို များပါတယ်။

ဒါပေမယ့် ဒီပွဲ ဟာ ကျွန်တော်တို့ရဲ့ယူနိုက်တက် အသင်းအပေါ် မျှော်လင့်ချက်ကို လွှမ်းမိုးမှု မရှိပါဘူး။ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေသေးတာဖြစ်ပြီး ဒိီအတွက် လည်း ရလဒ်ကောင်းဖို့ လိုနေတာ ဖြစ်ပါတယ် ” လို့ပြောသွား ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ နောက်ဆုံး ပြိုင်ပွဲစုံ ၉ပွဲဆက် အနိုင်ရထားပြီး လိဂ်ပွဲ က ၆ပွဲဲအထိပါဝင်နေတာဖြစ်ပါတယ်။ဒါ့အပြင် သူတို့ ဟာ အခုနှစ်အတွင်းမှာ လိဂ်ရှံုးပွဲတပွဲသာ ကြံုတွေ့ထားသေးတာဖြစ်ပါတယ်။

ဗန်ဒိုက်ကတော့ ဟက်ဒါဖီးလ်၊ နယူးကာဆယ်၊ ဝုဗ်လ် တို့နဲ့ ကစားရမယ့် လက်ကျန် ပွဲစဉ် ၃ပွဲလုံးကိုပါ အနိုင် ကစားဖို့ ပစ်မှတ်ထားနေပါတယ်။

ဗန်ဒိုက်က ဆက်လက်ပြီး – – – ” ကျွန်တော်တို့ အတွက် တခုတည်းသောအာရုံစိုက်ရမှာ ကတော့ လက်ကျန်ပွဲတွေကို ရာနှုန်းပြည့်အနိုင် ကစားနိုင်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ ၃ပွဲ ကစားရဖို့ ရှိနေတာဖြစ်ပြီး ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

အဲ့ဒီလို လုပ်ဆောင်နိုင်ဖို့ဆိုတာ ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ လုပ်ဆောင်သွားရမှာပါပဲ။ကျွန်တော်တို့ဟာ ကာဒစ်နဲ့ ပွဲမှာ လည်း သည်းခံမှုရှိရှိနဲ့ရင့်ကျက်တဲ့ ကစားပုံကို ပြသသွားနိုင်ခဲ့ပါတယ်။

၃မှတ်ပြည့်ရခဲ့တာကြောင့် လည်း တကယ်ကိုကောင်းပါတယ်။ ကျွန်တော်တို့ အတွက် နောက်ထပ် စိန်ခေါ် မှုကတော့ လာမယ့် သောကြာနေ့မှာ ကစားရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ဘာတွေဆက်ဖြစ်မယ်ဆိုတာနောက်တော့မြင်ရပါလိမ့်မယ် ” လို့ပြောသွားခဲ့ပါတယ်။