solsjaker

Unicode

မန်ချက် စတာ စီးတီး ကို ၅ – ၁ နဲ့ ရှုံးတယ် ၊ ပရိသတ် တွေ က လေ့ကျင့်ရေး ကွင်း အထိ လာ သောင်းကျန်း ကြတယ် ၊ ထွက်သွား ဖို့ စာတမ်း တွေ ကို ပွဲတိုင်းမှာ မြင်တွေ့ နေရ တယ် ၊ ရာသီ အကုန် မှာ ချန်ပီယံ နဲ့ အမှတ် ၃၀ ကျော် ကွာခဲ့ တယ် ။ ဒါပေမယ့် သူ ဟာ အသင်း မှာ ဆက်ရှိ နေခဲ့ပြီး မန်ချက် စတာ ယူနိုက်တက် ကို ပရီးမီးယားလိဂ် ခေတ် မှာ ဘယ်သူ မှ လိုက်မမီ နိုင်သေးတဲ့ အောင်မြင်မှု တွေကို ရယူပေး နိုင် ခဲ့ ပါတယ် ။ အဲ့ဒီ သူ ဆိုတာ ကတော့ ဆာအဲလက်စ် ဖာဂူဆန် ပါ

ferguson

အပေါ် က အဖြစ်အပျက် တွေ ဟာ ယူနိုက်တက် ကို ဆာအဲလက်စ် ကိုင်တွယ် အပြီး ၃ နှစ် အကြာ ၁၉၈၉ – ၁၉၉၀ ရာသီ မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးရှား ရင်ဆိုင် နေရတဲ့ အဖြစ်မျိုး နဲ့ တူညီနေခဲ့ ပါတယ် ။ ဆိုးရှား ဟာ အာဆင်နယ် နဲ့ သရေ ကျ အပြီးမှာ ရာသီ အဖွင့် ရ ပွဲ အပြီး ၉ မှတ်သာ ရယူ ထားနိုင် ခဲ့ပြီး ၁၉၈၉ – ၉၀ ရာသီ က ရ မှတ် နောက်ပိုင်း အဆိုးရွားဆုံး ရာသီ အဖွင့် ဖြစ်ခဲ့ ပါတယ် ။

အီလန်ရုဒ် ကွင်းမှာ မြို့ခံ ပြိုင်ဘက် မန်စီးတီး ရဲ့ ၅ ဂိုး သွင်းမှု ကို ခွင့်ပြု ခဲ့ အပြီး မှာတော့ ပရိသတ် တွေ ဟာ ဖာဂူဆန် ကို “၃ နှစ် သည်းခံ ပေးတာ လုံလောက် ပါပြီ ။ နှုတ်ဆက် ပါတယ် ဖာဂီ” ဆိုတဲ့ စာတမ်းတွေ ကို ကိုင်ဆောင် ကာ ဆန္ဒ ပြလာ ခဲ့ ပါတယ် ။ အဆိုပါ အချိန် မှာ လီဗာပူး ဟာ အင်္ဂလိပ် ဘောလုံး လောက ကို လွှမ်းမိုး နေခဲ့ပြီး ရာသီ အကုန် မှာ အမှတ်ပေး ချန်ပီယံ ဆု ကို ရယူ နိုင်ခဲ့ ပါတယ် ။

ဖာဂူဆန် ရဲ့ ပထမဆုံး ရာသီမှာ ယူနိုက်တက် ဟာ လီဗာပူး ရဲ့ နောက် ဒုတိယ နေရာ အထိ တက်လှမ်း နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ချန်ပီယံ နဲ့ ၉ မှတ်ကွာဟ ခဲ့တာ ကြောင့် လိုအပ်ချက် များစွာ ရှိနေ သေးတယ်လို့ သုံးသပ် ခံခဲ့ရ ပါတယ် ။ ဒုတိယ ရာသီ မှာတော့ အသင်း ဟာ အဆင့် ၁၁ နဲ့ ရာသီ ကုန်ခဲ့ပြီး ၀င်ဘယ်ဒန် ၊ မီဝေါ တို့ လို အသင်းတွေ အကြား ကို ရောက်ခဲ့ရ ပါတယ် ။

tominay

တတိယ ရာသီ မှာတော့ စံချိန်တင် ပြောင်းရွှေ့ ကြေး နဲ့ နောက်ခံလူ ဂယ်ရီပယ်လစ်စတာ ကို မစ်ဒယ်ဘရော့ ကနေ ခေါ်ယူ ခဲ့ သလို နီးလ် ၀ဘ် နဲ့ မိုက်ဖီလန် ( လက်ရှိ ယူနိုက်တက် လက်ထောက် နည်းပြ ) တို့ကို လည်း ခေါ်ယူ အား ဖြည့်ခဲ့ ပါတယ် ။ အဖွင့် ပွဲ မှာ အာဆင်နယ် ကို ၄ – ၁ နဲ့ နိုင်ခဲ့ပြီး ပရိသတ်တွေ ကို အထူး ပျော်ရွှင် စေခဲ့ ပါတယ် ။ ဒီနှစ် ဆိုးရှား ရဲ့ ယူနိုက်တက် ဟာ လည်း အဖွင့်ပွဲ မှာ ချဲလ်ဆီး ကို ၄ – ၀ နဲ့ နိုင်ခဲ့ကာ ပရိသတ်တွေ ကို မဆုံးနိုင်တဲ့ အိပ်မက်တွေ မက်စေခဲ့ ပါတယ် ။

ဖာဂူဆန် ရဲ့ ၈၉-၉၀ အသင်း ဟာ ဒုတိယပွဲ စဉ် မှာ ပဲလေ့စ် ကို သရေ ၊ တတိယ ပွဲစဉ် မှာ ဒါဘီ ကောင်တီ အသင်း ကို ရှုံးနိမ့် ခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ ဒီရာသီ အဖွင့် ပွဲစဉ် ၁ ကနေ ၃ အထိ ရလဒ်တွေ ကလည်း ဒီအတိုင်းပဲ ဖြစ်နေခဲ့ ပါတယ် ။ ဖာဂူဆန် ရဲ့ ယူနို်က်တက် အသင်း ဟာ နောက်ထပ် ၂ ပွဲ ဆက်တိုက် ရှုံးခဲ့ ပြီး ဆဌမမြောက် ပွဲစဉ် မှ သာ နိုင်ပွဲ ပြန်ရ ခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲစဉ် ရ မှာ မန်စီးတီး ကို ၅ – ၁ နဲ့ အရေးနိမ့် ခဲ့ပြီး အခြေအနေ တွေ အလွန် ဆိုးရွား လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အဆိုပါ အချိန် မှာ အဆင့် ၁၆ အထိ ရောက်သွား ခဲ့ပြီး ဖာဂူဆန် ကို ထုတ်ပယ် ကာ အဲဗာတန် နည်းပြ ဟောင်း ဟောင်းဝက် ကန်ဒဲလ် ကို ခန့်အပ် မယ်လို့ သတင်းတွေ ကျယ်လောင်စွာ ပေါ်ထွက် လာခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ကွင်းလယ်လူ ပေါလ် အင့်စ် ကို ၀က်စ်ဟမ်း ယူနိုက်တက် ကနေ ခေါ်ယူ ခဲ့သလို ဒန်နီ ဝေါလေ့စ် ကိုလည်း ဆောက်သမ်တန် ကနေ ခေါ်ယူခဲ့ပြန် ပါတယ် ( အဆိုပါ ကာလ တုန်းက အပြောင်းအရွှေ့ စျေးကွက် သည် အကြာကြီး ဖွင့်လှစ် ခဲ့သည် )

မန်စီးတီး ကို ဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ ပွဲမှာ မြို့ခံ ပြိုင်ဘက် ပရိသတ်တွေ ဟာ “ဖာဂူဆန် ဆက်နေပါ” လို့ အော်ဟစ် လှောင်ပြောင် ခဲ့ကြ ပါတယ် ။ ပွဲအပြီး မှာ ဖာဂူဆန် ဟာ အိမ်ကို တန်းပြန်သွား ခဲ့ပြီး အိပ်ယာထဲ ကို တန်းဝင် ခဲ့တယ် လို့ ပြန်ပြောင်း ပြောပြ ခဲ့သလို စံချိန်တင် နောက်ခံလူသစ် ပယ်လစ်စတာ ဟာလည်း စိတ်ဆိုး ဒေါသထွက် နေတဲ့ ယူနိုက်တက် ပရိသတ် ၄ ဦး က နောက်ကနေ တောက်လျောက် လိုက်လာ ခြင်းကို ခံခဲ့ရ တယ် လို့ ပြန်ပြောင်း ပြောပြ ခဲ့ကြ ပါတယ် ။

ယူနိုက်တက် ဘုတ်အဖွဲ့ ကတော့ လက်ရှိ နည်းပြ ဆိုးရှား ကို ယုံကြည် အားပေး နေခဲ့ သလိုပဲ ၁၉၈၉ ခုနှစ် တုန်းက ဖာဂူဆန် ကို ထောက်ခံ အားပေး ခဲ့ကာ ၁၉၉၂ – ၉၃ အထိ ဆက်ရှိ နေမယ့် စာချုပ်သစ် ကို ချုပ်ဆို ခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းရဲ့ ရလဒ်တွေ ကတော့ ဆက်တိုက် ဆိုးရွား နေခဲ့ပြီး ဒီဇင်ဘာ အထိ ဆယ်ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့ရ ပါတယ် ။

ဒါပေမယ့် ဖာဂူဆန် အတွက် အလှည့် အပြောင်း ဖြစ်ဖို့ FA Cup က အကြောင်း ဖန်လာ ခဲ့ ပါတယ် ။ ရာသီ အကုန် မှာ အဆင့် ၁၃ သာ ရရှိခဲ့ ပေမယ့် ခရစ္စတယ် ပဲလေ့စ် ကို အနိုင် ရပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘဝ ပထမဆုံး ဖလား အဖြစ် FA Cup ကို ဆာအဲလက်စ် ရယူ နိုင်ခဲ့ ပါတယ် ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို နောက်ထပ် ၂၃ နှစ် ကြာ ကိုင်တွယ်ပြီး ဆုဖလား ပေါင် ၃၈ လုံး ရယူပေးမယ့် သူ တစ်ဦး ရဲ့ အောင်မြင်မှု အစပြု ခဲ့ရာ ပဲ ဖြစ် ပါတယ် ။

man utd vs arsenal

ယူနို်က်တက် ဟာ လည်း ယခု ရာသီ မှာ အလွန် အခြေအနေ ဆိုးရွား နေပြီး ကစား သမားတွေ ၊ နည်းပြ နဲ့ အဖွဲ့ဝင်တွေ ၊ အသင်း ဘုတ်အဖွဲ့ဝင်တွေ အပေါ် မှာ ပရိသတ်တွေ ရဲ့ စိတ်ရှည် သည်းခံမှု တွေ ကုန်ဆုံး နေပြီ ဖြစ် ပါတယ် ။ ဒါပေမယ့် ဆိုးရှား ကတော့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှု ကို ရရှိ ထားဆဲပါ ။ ဆာအဲလက်စ် ဖာဂူဆန် လိုမျိုး ဖြစ်လာ မလား ဆိုတာ ကတော့ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ် . . .

SPORTS MYANMAR

Zawgyi

လြန္ခဲ့တဲ့ အႏွစ္ ၃၀ က ဖာဂူဆန္ ရဲ႕ အျဖစ္မ်ဳိး နဲ႔ ထပ္တူက်ေနတဲ့ ဆုိးရွား

==========================================

မန္ခ်က္ စတာ စီးတီး ကို ၅ – ၁ နဲ႔ ရွဳံးတယ္ ၊ ပရိသတ္ ေတြ က ေလ့က်င့္ေရး ကြင္း အထိ လာ ေသာင္းက်န္း ၾကတယ္ ၊ ထြက္သြား ဖုိ႔ စာတမ္း ေတြ ကို ပြဲတုိင္းမွာ ျမင္ေတြ႕ ေနရ တယ္ ၊ ရာသီ အကုန္ မွာ ခ်န္ပီယံ နဲ႔ အမွတ္ ၃၀ ေက်ာ္ ကြာခဲ့ တယ္ ။ ဒါေပမယ့္ သူ ဟာ အသင္း မွာ ဆက္ရွိ ေနခဲ့ၿပီး မန္ခ်က္ စတာ ယူႏုိက္တက္ ကို ပရီးမီးယားလိဂ္ ေခတ္ မွာ ဘယ္သူ မွ လုိက္မမီ ႏုိင္ေသးတဲ့ ေအာင္ျမင္မႈ ေတြကို ရယူေပး ႏုိင္ ခဲ့ ပါတယ္ ။ အဲ့ဒီ သူ ဆုိတာ ကေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ ပါ

အေပၚ က အျဖစ္အပ်က္ ေတြ ဟာ ယူနုိက္တက္ ကို ဆာအဲလက္စ္ ကိုင္တြယ္ အၿပီး ၃ ႏွစ္ အၾကာ ၁၉၈၉ – ၁၉၉၀ ရာသီ မွာ ျဖစ္ပြား ခဲ့တာ ျဖစ္ၿပီး လက္ရွိ ယူႏုိက္တက္ နည္းျပ ဆုိးရွား ရင္ဆုိင္ ေနရတဲ့ အျဖစ္မ်ဳိး နဲ႔ တူညီေနခဲ့ ပါတယ္ ။ ဆုိးရွား ဟာ အာဆင္နယ္ နဲ႔ သေရ က် အၿပီးမွာ ရာသီ အဖြင့္ ၇ ပြဲ အၿပီး ၉ မွတ္သာ ရယူ ထားႏုိင္ ခဲ့ၿပီး ၁၉၈၉ – ၉၀ ရာသီ က ၇ မွတ္ ေနာက္ပိုင္း အဆိုးရြားဆံုး ရာသီ အဖြင့္ ျဖစ္ခဲ့ ပါတယ္ ။

အီလန္ရုဒ္ ကြင္းမွာ ၿမဳိ႕ခံ ၿပဳိင္ဘက္ မန္စီးတီး ရဲ႕ ၅ ဂုိး သြင္းမႈ ကို ခြင့္ျပဳ ခဲ့ အၿပီး မွာေတာ့ ပရိသတ္ ေတြ ဟာ ဖာဂူဆန္ ကို “၃ ႏွစ္ သည္းခံ ေပးတာ လံုေလာက္ ပါၿပီ ။ ႏႈတ္ဆက္ ပါတယ္ ဖာဂီ” ဆိုတဲ့ စာတမ္းေတြ ကို ကိုင္ေဆာင္ ကာ ဆႏၵ ျပလာ ခဲ့ ပါတယ္ ။ အဆိုပါ အခ်ိန္ မွာ လီဗာပူး ဟာ အဂၤလိပ္ ေဘာလံုး ေလာက ကို လႊမ္းမိုး ေနခဲ့ၿပီး ရာသီ အကုန္ မွာ အမွတ္ေပး ခ်န္ပီယံ ဆု ကို ရယူ ႏုိင္ခဲ့ ပါတယ္ ။

ဖာဂူဆန္ ရဲ႕ ပထမဆံုး ရာသီမွာ ယူႏုိက္တက္ ဟာ လီဗာပူး ရဲ႕ ေနာက္ ဒုတိယ ေနရာ အထိ တက္လွမ္း ႏုိင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ခ်န္ပီယံ နဲ႔ ၉ မွတ္ကြာဟ ခဲ့တာ ေၾကာင့္ လိုအပ္ခ်က္ မ်ားစြာ ရွိေန ေသးတယ္လို႔ သံုးသပ္ ခံခဲ့ရ ပါတယ္ ။ ဒုတိယ ရာသီ မွာေတာ့ အသင္း ဟာ အဆင့္ ၁၁ နဲ႔ ရာသီ ကုန္ခဲ့ၿပီး ၀င္ဘယ္ဒန္ ၊ မီေ၀ါ တို႔ လုိ အသင္းေတြ အၾကား ကို ေရာက္ခဲ့ရ ပါတယ္ ။

တတိယ ရာသီ မွာေတာ့ စံခ်ိန္တင္ ေျပာင္းေရႊ႕ ေၾကး နဲ႔ ေနာက္ခံလူ ဂယ္ရီပယ္လစ္စတာ ကို မစ္ဒယ္ဘေရာ့ ကေန ေခၚယူ ခဲ့ သလို နီးလ္ ၀ဘ္ နဲ႔ မုိက္ဖီလန္ ( လက္ရွိ ယူႏုိက္တက္ လက္ေထာက္ နည္းျပ ) တို႔ကို လည္း ေခၚယူ အား ျဖည့္ခဲ့ ပါတယ္ ။ အဖြင့္ ပြဲ မွာ အာဆင္နယ္ ကို ၄ – ၁ နဲ႔ ႏုိင္ခဲ့ၿပီး ပရိသတ္ေတြ ကို အထူး ေပ်ာ္ရႊင္ ေစခဲ့ ပါတယ္ ။ ဒီႏွစ္ ဆုိးရွား ရဲ႕ ယူနုိက္တက္ ဟာ လည္း အဖြင့္ပြဲ မွာ ခ်ဲလ္ဆီး ကို ၄ – ၀ နဲ႔ ႏုိင္ခဲ့ကာ ပရိသတ္ေတြ ကို မဆံုးႏုိင္တဲ့ အိပ္မက္ေတြ မက္ေစခဲ့ ပါတယ္ ။

ဖာဂူဆန္ ရဲ႕ ၈၉-၉၀ အသင္း ဟာ ဒုတိယပြဲ စဥ္ မွာ ပဲေလ့စ္ ကို သေရ ၊ တတိယ ပြဲစဥ္ မွာ ဒါဘီ ေကာင္တီ အသင္း ကို ရွဳံးနိမ့္ ခဲ့ ပါတယ္ ။ ယူႏုိက္တက္ ရဲ႕ ဒီရာသီ အဖြင့္ ပြဲစဥ္ ၁ ကေန ၃ အထိ ရလဒ္ေတြ ကလည္း ဒီအတုိင္းပဲ ျဖစ္ေနခဲ့ ပါတယ္ ။ ဖာဂူဆန္ ရဲ႕ ယူနုိ္က္တက္ အသင္း ဟာ ေနာက္ထပ္ ၂ ပြဲ ဆက္တိုက္ ရွဳံးခဲ့ ၿပီး ဆဌမေျမာက္ ပြဲစဥ္ မွ သာ ႏုိင္ပြဲ ျပန္ရ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပြဲစဥ္ ၇ မွာ မန္စီးတီး ကို ၅ – ၁ နဲ႔ အေရးနိမ့္ ခဲ့ၿပီး အေျခအေန ေတြ အလြန္ ဆုိးရြား လာခဲ့ ပါတယ္ ။

ယူႏုိက္တက္ ဟာ အဆိုပါ အခ်ိန္ မွာ အဆင့္ ၁၆ အထိ ေရာက္သြား ခဲ့ၿပီး ဖာဂူဆန္ ကို ထုတ္ပယ္ ကာ အဲဗာတန္ နည္းျပ ေဟာင္း ေဟာင္း၀က္ ကန္ဒဲလ္ ကို ခန္႔အပ္ မယ္လို႔ သတင္းေတြ က်ယ္ေလာင္စြာ ေပၚထြက္ လာခဲ့ ပါတယ္ ။ ယူႏုိက္တက္ ဟာ ကြင္းလယ္လူ ေပါလ္ အင့္စ္ ကို ၀က္စ္ဟမ္း ယူႏုိက္တက္ ကေန ေခၚယူ ခဲ့သလို ဒန္နီ ေ၀ါေလ့စ္ ကိုလည္း ေဆာက္သမ္တန္ ကေန ေခၚယူခဲ့ျပန္ ပါတယ္ ( အဆိုပါ ကာလ တုန္းက အေျပာင္းအေရႊ႕ ေစ်းကြက္ သည္ အၾကာႀကီး ဖြင့္လွစ္ ခဲ့သည္ )

မန္စီးတီး ကို ဂုိးျပတ္ အေရးနိမ့္ ခဲ့တဲ့ ပြဲမွာ ၿမဳိ႕ခံ ၿပဳိင္ဘက္ ပရိသတ္ေတြ ဟာ “ဖာဂူဆန္ ဆက္ေနပါ” လို႔ ေအာ္ဟစ္ ေလွာင္ေျပာင္ ခဲ့ၾက ပါတယ္ ။ ပြဲအၿပီး မွာ ဖာဂူဆန္ ဟာ အိမ္ကို တန္းျပန္သြား ခဲ့ၿပီး အိပ္ယာထဲ ကို တန္း၀င္ ခဲ့တယ္ လို႔ ျပန္ေျပာင္း ေျပာျပ ခဲ့သလို စံခ်ိန္တင္ ေနာက္ခံလူသစ္ ပယ္လစ္စတာ ဟာလည္း စိတ္ဆုိး ေဒါသထြက္ ေနတဲ့ ယူႏုိက္တက္ ပရိသတ္ ၄ ဦး က ေနာက္ကေန ေတာက္ေလ်ာက္ လိုက္လာ ျခင္းကို ခံခဲ့ရ တယ္ လုိ႔ ျပန္ေျပာင္း ေျပာျပ ခဲ့ၾက ပါတယ္ ။

ယူႏုိက္တက္ ဘုတ္အဖြဲ႕ ကေတာ့ လက္ရွိ နည္းျပ ဆုိးရွား ကို ယုံၾကည္ အားေပး ေနခဲ့ သလိုပဲ ၁၉၈၉ ခုႏွစ္ တုန္းက ဖာဂူဆန္ ကို ေထာက္ခံ အားေပး ခဲ့ကာ ၁၉၉၂ – ၉၃ အထိ ဆက္ရွိ ေနမယ့္ စာခ်ဳပ္သစ္ ကို ခ်ဳပ္ဆို ခဲ့ ပါတယ္ ။ ဒါေပမယ့္ အသင္းရဲ႕ ရလဒ္ေတြ ကေတာ့ ဆက္တုိက္ ဆိုးရြား ေနခဲ့ၿပီး ဒီဇင္ဘာ အထိ ဆယ္ပြဲ ဆက္တိုက္ ႏုိင္ပြဲ ေပ်ာက္ခဲ့ရ ပါတယ္ ။

ဒါေပမယ့္ ဖာဂူဆန္ အတြက္ အလွည့္ အေျပာင္း ျဖစ္ဖို႔ FA Cup က အေၾကာင္း ဖန္လာ ခဲ့ ပါတယ္ ။ ရာသီ အကုန္ မွာ အဆင့္ ၁၃ သာ ရရွိခဲ့ ေပမယ့္ ခရစၥတယ္ ပဲေလ့စ္ ကို အႏုိင္ ရၿပီး မန္ခ်က္စတာ ယူႏုိက္တက္ နည္းျပ ဘ၀ ပထမဆံုး ဖလား အျဖစ္ FA Cup ကို ဆာအဲလက္စ္ ရယူ ႏုိင္ခဲ့ ပါတယ္ ။ ဒါဟာ မန္ခ်က္စတာ ယူႏုိက္တက္ အသင္း ကို ေနာက္ထပ္ ၂၃ ႏွစ္ ၾကာ ကိုင္တြယ္ၿပီး ဆုဖလား ေပါင္ ၃၈ လံုး ရယူေပးမယ့္ သူ တစ္ဦး ရဲ႕ ေအာင္ျမင္မႈ အစျပဳ ခဲ့ရာ ပဲ ျဖစ္ ပါတယ္ ။

ယူႏုိ္က္တက္ ဟာ လည္း ယခု ရာသီ မွာ အလြန္ အေျခအေန ဆုိးရြား ေနၿပီး ကစား သမားေတြ ၊ နည္းျပ နဲ႔ အဖြဲ႕၀င္ေတြ ၊ အသင္း ဘုတ္အဖြဲ႕၀င္ေတြ အေပၚ မွာ ပရိသတ္ေတြ ရဲ႕ စိတ္ရွည္ သည္းခံမႈ ေတြ ကုန္ဆံုး ေနၿပီ ျဖစ္ ပါတယ္ ။ ဒါေပမယ့္ ဆိုးရွား ကေတာ့ ဘုတ္အဖြဲ႕ရဲ႕ ေထာက္ခံမႈ ကို ရရွိ ထားဆဲပါ ။ ဆာအဲလက္စ္ ဖာဂူဆန္ လိုမ်ဳိး ျဖစ္လာ မလား ဆုိတာ ကေတာ့ ေစာင့္ၾကည့္ ရမွာပဲ ျဖစ္ပါတယ္ . . .

SPORTS MYANMAR