Azpilicueta
Unicode
ချယ်လ်ဆီး အသင်း ဟာ ယနေ့ည မှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယမြောက် ပွဲစဉ် အဖြစ် ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီ အသင်း ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ် ။ ၂သင်းစလုံး ဒီရာသီ ချန်ပီယံလိဂ် အဖွင့်ပွဲ မှာ အရေးနိမ့် ထားတာကြောင့် ဒီနေ့ည ပွဲကို အနိုင်ကစားဖို့ ၂သင်းလုံး အသည်းအသန် ကြိုးစား လာဖို့ ရှိနေပါတယ် ။
llle vs chelsea
ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တပတ် အတွင်း မှာမှ ဒီရာသီ မှာ ဖြစ်ပေါ် နေတဲ့ မှတ်တမ်းဆိုး တွေကို ချေဖျက်ပြ ထားခဲ့တဲ့ အသင်း ဖြစ်ပါတယ် ။ ဒီရာသီ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ကို ဂရင်စဘီ အသင်း နဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် မှာ ရ – ၁ ဆိုတဲ့ ဂိုးပြတ် အနိုင် ရလဒ် နဲ့ ရယူ နိုင်ခဲ့သလို ပြီးခဲ့တဲ့ စနေနေ့ ကလည်း ဘရိုက်တန် အသင်း ကို ၂ – ၀ နဲ့ အနိုင်ယူ ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ကို ရှာဖွေ သွားနိုင် ခဲ့ပါတယ် ။
ထို့ အတွက်ကြောင့် လမ်းပတ် နဲ့ ချယ်လ်ဆီး လူငယ် အစုအဖွဲ့ ဟာ ယနေ့ည မှာလည်း လိုင်လီ အသင်း ကို အနိုင်ယူပြီး ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ကို ရှာဖွေ နိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး အသင်း ရဲ့ အသင်း ခေါင်းဆောင် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ကတော့ လိုင်လီ အသင်း ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ၄င်းတို့ထက် အတွေ့အကြုံ နည်းတယ် ဆိုပေမယ့် လက်ရှိ ခြေစွမ်း နဲ့ အဆင့်အတန်း ကို လျှော့မတွက် သင့်ကြောင်း ဆိုခဲ့ပါတယ် ။
chelsea
အက်ဇ်ပီလီကွီတာ က ” လိုင်လီ ဟာ ကျွန်တော် တို့ အသင်း ထက် ချန်ပီယံလိဂ် အတွေ့အကြံု နည်းကောင်း နည်းနိုင်ပါတယ် ။ ဒါပေမယ့် သူတို့ဟာ ဒီပွဲ ကို အိမ်ကွင်း မှာ လက််ခံ ကစား ရမှာပါ ။ သူတို့မှာ ကြီးကျယ်တဲ့ အားပေး ပရိသတ် တွေ ရှိပါတယ် ။ လိုင်လီ အသင်း ဟာ ဒီ အချက် ကို အသုံးချပြီး ကျွန်တော် တို့ကို အတင်းအကြပ် ဖိအားပေး ကစားသွားဖို့ ရှိနေပါတယ် ။ ဒါကြောင့်မို့ ဒါဟာ ထူးခြားတဲ့ ပွဲစဉ် တခု ဖြစ်လာမှာပါ ။ ”
” ဒီလို ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ပြန်ပါခွင့် ရဖို့ လိုင်လီ အသင်း ဟာ အတော်လေး ကို ပြုပြင် ကြိုးစား ခဲ့ရတာပါ ။ သူတို့ အသင်း ဟာ အရည်အသွေးကောင်း များစွာ ပိုင်ဆိုင် ထားပါတယ် ။ ဘယ်လို ရလဒ်မျိုး ၊ အခြေအနေမျိုး ၊ အခွင့်အရေးမျိုး မဆို ဖန်တီး နိုင်စွမ်း ရှိပါတယ် ။ ဘောလုံး ပေးပို့မှု ၊ တိုက်စစ် တွဲလုံး ၊ ဂိုးဖန်တီးမှု အားလုံး စွမ်းဆောင် နိုင်ပါတယ် ။ ”
” နောက်ပြီး သူတို့ ဟာ လိုရစ် ရမ်မီ လို အတွေ့အကြံု ရင့် ကစားသမား တချို့ လည်း ပိုင်ဆိုင် ထားပါတယ် ။ ရမ်မီ နဲ့ ကျွန်တော် အရင် က ချယ်လ်ဆီး အသင်း မှာ အတူတူ ကစားခဲ့ဖူးပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ။ ကျွန်တော် တို့ အနေနဲ့ လိုင်လီ ကို လာပြီး အနိုင် ၃မှတ် ရအောင် ကစားပြီး စတမ်းဖို့ဒ် ဘရစ်ချ် ကို အနိုင် ရလဒ် သယ်ဆောင် သွားနိုင်ဖို့ လိုပါတယ် ။ ဒါဟာ ကျွန်တော် တို့ မနက်ဖြန် ပွဲမှာ ကြိုးစား လုပ်ဆောင် သွားမယ့် အရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
တဖက် မှာလည်း လိုင်လီ အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျိုနသန် ဘမ်ပါ က ၄င်းတို့ရဲ့ ပြိုင်ဖက် ချယ်လ်ဆီး အသင်း ဟာ ရာသီ အဖွင့် မလှ ခဲ့ပေမယ့် နောက်ပိုင်း မှာ ရစ်သမ် ပြန်မှန်လာပြီ ဖြစ်ကြောင်း ၊ သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ရဲ့ အားနည်းချက် တွေကို အသုံးချပြီး ရလဒ်ကောင်း ထွက်ပေါ်အောင် လုပ်ဆောင် သွားချင်ကြောင်း ဆိုခဲ့ပါတယ် ။
lille
ဘမ်ပါ က ” ချယ်လ်ဆီး အသင်း ဟာ ရာသီ အဖွင့် မကောင်းခဲ့တာ ကျွန်တော် တို့ သိထားပါတယ် ။ ဒါပေမယ့် သူတို့ဟာ အခု အချိန် ပရီးမီးယားလိဂ် မှာ ဂိုးတွေ အများကြီး ရထားပြီးပါပြီ ။ ကျွန်တော် တို့ဖက်ကတော့ သွင်းဂိုး တွေ နည်းနေတယ် ဆိုပေမယ့် ချယ်လ်ဆီး အသင်း ကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ ခြေစွမ်း ကိုတော့ ပိုင်ဆိုင် ထားပါတယ် ။ ကျွန်တော် တို့ဟာ သူတို့ရဲ့ တိုက်စစ် ကိုရော ၊ ခံစစ် ကိုပါ ဒုက္ခ ပေးနိုင်ဖို့ ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
SPORTS MYANMAR
Zawgyi
လိုင်လီ အသင်း အကြောင်း သတိပေးရင်း ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ကို စတမ်းဖို့ဒ် ဘရစ်ခ်ျ သို့ ယူဆောင်လာဖို့ အသင်းဖော် တွေကို တိုက်တွန်းလိုက်တဲ့ #အက်ဇ်ပီလီကွီတာ
SPORTS MYANMAR