







SPORTS MYANMAR

Unicode

မန်စီးတီး ကစားသမားတွေရဲ့ လူချ ကစားမှုတွေ ကို သတိထားဖို့ ပြောဆိုလိုက်တဲ့ ဆိုးရှား

======================================

မန်ချက် စတာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးရှား ဟာ လာမယ့် မန်ချက် စတာ ဒါဘီ ပွဲစဉ် မတိုင် မီ မှာ ယူနိုက်တက် ကစား သမားတွေ ကို ပြိုင်ဘက် စီးတီး နဲ့ ပတ်သက် ပြီး သတိပေး စကား ပြောဆို သွားခဲ့ ပါတယ် ။ မန်စီးတီး ကစား သမား တွေ ဟာ နည်းစနစ် ကျကျ ပြစ်ဒဏ် ဘောတွေ ကျုးလွန် လိမ့်မယ် လို့ ဆိုးရှား က ကြိုတင် သတိပေး သွားခဲ့ ပြီး အန္တရာယ် ရှိတဲ့ ဧရိယာ တွေ မှာ လက်လွတ် စပယ် မဖျက်ထုတ် ကြဖို့လည်း တိုက်တွန်း သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ မနက်ဖြန် ညမှာ မြို့ခံ ပြိုင်ဘက် မန်စီးတိး ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး ၂ သင်း စလုံး အတွက် အရေးပါ တဲ့ ပွဲ အဖြစ် ရှိနေပါတယ် ။ မန်စီးတီး ဟာ အမှတ်ပေး ချန်ပီယံ ဆု အတွက် လီဗာပူး အသင်း ကို အသာရဖို့ ဒီပွဲ ကို အနိုင် လိုအပ် နေသလို မန်ချက် စတာ ယူနိုက်တက် ကလည်း ချန်ပီယံ လိဂ် ၀င်ခွင့် ကို ဆက်လက် မျှော်လင့် နိုင်ဖို့ အတွက် ဒီပွဲ မှာ အနိုင် ရလဒ် ကို လိုအပ် နေခဲ့ ပါတယ် ။

မန်စီးတီး ဟာ ဂွာဒီယိုလာ လက်အောက် မှာ ကောင်းးမွန် တဲ့ ကစားပုံ ကို ဖော်ဆောင် နေ ပါတယ် ။ ဒါပေမယ့် ဆိုးရှား ကတော့ စီးတီး ဟာ ဘောလုံး ဆုံးရှုံး သွားတဲ့ အချိန် မှာ ကြမ်းကြမ်း တမ်းတမ်း ကစား တတ်ပြီး ဒါကို သတိပြု ဖို့ တိုက်တွန်း သွားခဲ့ ပါတယ် ။

“စီးတီး ရဲ့ ဖိ ကစားမှု အတွက် အဆင်သင့် ဖြစ်နေဖို့ လို အပ် ပါတယ် ။ သူတို့ ဟာ ဘောလုံး ခြေထဲ ရှိနေတဲ့ အချိန် မှာ အရမ်း ကောင်းအောင် ကစားတတ် ကြတာမို့ ကျွန်တော်တို့ ရဲ့ ခံစစ် က လည်း ထက်မြက် နေဖို့ လိုအပ် မှာပါ ။ ကျွန်တော်တို့ ဘောလုံး ပြန်ရ သွားပြီ ဆိုရင် လည်း စီးတီး ဘက် က ကြမ်းကြမ်း ဖျက်ထုတ်မှု တွေ အတွက် အသင့် ပြင်ထား ရပါမယ်”

“သူတို့ ဟာ ဘောလုံး ဆုံးရှုံး သွားတာ နဲ့ အတင်းဝင် အတင်းလု ကစားတတ် ပါတယ် ။ ကိုယ့်ရဲ့ ခြေကျင်းဝတ် တွေ ၊ ဖနောင့်တွေ ကို ကန်ခံ ရနိုင် ပါတယ် ။ ကျွန်တော်တို့ ရဲ့ တန်ပြန် တိုက်စစ် တွေ ကို လွယ်လွယ် နဲ့ မစတင် နိုင် အောင် သူတို့ ဖြစ်တဲ့ နည်းနဲ့ တားဆီး ကြမှာပါ ။ သူတို့ လူချ ကစားနိုင်ပါတယ် ။ ဒါကို သံသယ ဖြစ်စရာ မလို ပါဘူး”

“စီးတီး ဟာ တိုက်စစ် အသားပေး တဲ့ အသင်း ဖြစ်သလို ဘောလုံး ပျက်သွားတဲ့ အခါ မှာလည်း သူတို့ နောက်တန်း ကို မရောက် ခင် မှာ ကတည်းက ၀ိုင်းပြီး ၀င်လု ဖျက်ထုတ် တတ်ကြပါတယ် ။ ဒီ အတွက် ကျွန်တော်တို့ ဘက်က ပြင်ဆင် စရာ တွေ ကို ပြင်ဆင် ထားရ မှာပါ” လို့ ဆိုးရှား က ဆိုသွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ က အဲဗာတန် ကို အဝေးကွင်း မှာ ၄ – ၀ ဖြင့် အရှက်တကွဲ အရေးနိမ့် ခဲ့ ပြီး နောက်ဆုံး ၈ ပွဲ မှာ ၆ ပွဲ မြောက် ရှုံးနိမ့် ခဲ့ရတာလည်း ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ဆိုးရှား က တော့ ဒီလို ဆက်တိုက် ရှုံးနိမ့် မှု ၊ အရှက်ကွဲ မှု တွေ ဟာ ဒီပွဲ ကို အနိုင် ကစားဖို့ အတွက် တွန်းအာား တစ်ရပ် ဖြစ်စေ လိမ့်မယ် လို့ ယုံကြည် ကြောင်း ဆိုသွား ခဲ့ ပါတယ် ။

“ကစား သမားတွေ နာကျင် နေကြ ပါတယ် ။ ဒီ နာကျင် မှု တွေ ကို အနိုင် ပြန် ကစားပြီး ဖာထေး မယ် ဆိုရင် ဒီလိုပွဲ မျိုး က အကောင်းဆုံး ပါပဲ ။ အဲဗာတန် နဲ့ ပွဲ အပြိး မှာ ကျွန်တော်တို့ အစည်း အဝေး လုပ် ခဲ့ကြ ပါတယ် ။ ကစား သမားတွေ အားလုံး စိတ်ပျက် နေခဲ့ ကြတာ အမှန် ပါ ။ ဒါက ခုလာမယ့် ပွဲ အတွက် တွန်းအား တစ်ရပ် ဖြစ်လာ နိုင် ပါတယ်” လို့ ဆိုးရှား က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR