Unicode

ယနေ့ည ၁နာရီခွဲ အချိန်မှာ ချန်ပီယံလိဂ် အုပ်စု H ရဲ့ ပွဲစဉ် ၂ ရဲ့ ပွဲတပွဲ အဖြစ် လိုင်လီ အသင်း နဲ့ ချယ်လ်ဆီး အသင်း တို့ဟာ လိုင်လီ အိမ်ကွင်း Stade Pierre Mauroy မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။ ၂သင်းလုံး ဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာ ကိုယ်စီ အရှုံးရလဒ် တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လိုင်လီ အသင်း ဟာ အေဂျက်ဇ် အသင်း ကို အဝေးကွင်း မှာ ၃ – ၀ နဲ့ အရေးနိမ့် ခဲ့သလို ၊ ချယ်လ်ဆီး အသင်း ကလည်း ဗလင်စီယာ အသင်း ကို အိမ်ကွင်းမှာ ၀ – ၁ နဲ့ အရေးနိမ့် ခဲ့ပါတယ် ။

llle vs chelsea

၂သင်းလုံး ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ကို ရရှိဖို့ ကြိုးစား လာမှာ ဖြစ်တာကြောင့် အကြိတ်အနယ် ရှိပြီး ကြည့်ကောင်း လာမှာ ဖြစ်ပါတယ် ။ လိုင်လီ အသင်း ဟာ ပြီးခဲ့တဲ့ ရာသီ က ၄င်းတို့ အတွက် အထူး ခြေစွမ်း ပြသ ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား နီကိုးလပ်စ် ပီပီ ကို အာဆင်နယ် အသင်း ထံ ရောင်းချ ခဲ့ရပေမယ့် လည်း ၄င်းတို့ဟာ အရည်အသွေးကောင်းပြီး အလားအလာ ရှိတဲ့ လူငယ် ကစားသမား တွေနဲ့ အသင်း ကို ဖွဲ့စည်း ထားနိုင်တာ ကို တွေ့ရပါတယ် ။

လက်ရှိ ပြင်သစ် လီဂူးဝမ်း မှာလည်း အမှတ်ပေးဇယား ထိပ်က ပီအက်စ်ဂျီ အသင်း နဲ့ ၄မှတ် အကွာ အဆင့် ၄ နေရာ မှာ ရပ်တည် နေတာကြောင့် လိုင်လီ အသင်း ရဲ့ အနေအထား မဆိုးဘူး လို့ ဆိုရမှာ ဖြစ်ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လိုင်လီ အသင်း နည်းပြ ခရစ်စတော့ဖ် ဂေါ်လ်တီယာ က ၄င်းတို့ အသင်း ဟာ ချယ်လ်ဆီး အသင်း ကို ရှိန်နေမှာ မဟုတ်ကြောင်း ၊ သူ့ရဲ့ လူငယ် ကစားသမား တွေရဲ့ ခြေစွမ်း အပေါ် ယုံကြည်မှု အပြည့် ရှိကြောင်း ဆိုခဲ့ပါတယ် ။

ဂေါ်လ်တီယာ က ” ချန်ပီယံလိဂ် မှာ ဘယ် အရာမဆို အလောင်းအစား တခုလိုပဲ အကုန် ဘာမဆို ဖြစ်နိုင်ပါတယ် ။ ပြိုင်ဖက် အသင်း ကစား နေတဲ့ လိဂ် ဟာ အဆင့်အတန်း မြင့်တယ် ဆိုတာ ကျွန်တော် သိထားပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ဒီပွဲကို ချဉ်းကပ်ဖို့ ကြောက်ရွံ့ မနေသင့်ပါဘူး ။ ကျွန်တော့ ကစားသမား တွေဟာ ချယ်လ်ဆီး အသင်း ကို အပြန်အလှန် ယှဉ်ပြိုင် ကစား နိုင်မယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိထားပါတယ် ။ ”

lille

” လက်ရှိ ကျွန်တော် တို့ အသင်း ပိုင်ဆိုင် ထားတဲ့ လူငယ် အစုအဖွဲ့ ဟာ ချယ်လ်ဆီး အသင်း ဖက်ကို လှပတဲ့ ၊ အချိတ်အဆက် ရှိတဲ့ တွဲလုံး တွေနဲ့ ထိုးဖောက် နိုင်မယ် လို့ ယုံကြည်ပါတယ် ။ တွန်းတွန်းတိုက်တိုက် ကစားပုံ နဲ့လည်း တုန့်ပြန် ကစားပြဖို့ ရှိပါတယ် ။ ဒီလို ပုံစံမျိုး ကျွန်တော့ အသင်းသား တွေကို ပြင်ဆင် လေ့ကျင့်ပေးနေ ခဲ့တာ ဖြစ်ပါတယ် ။ ကျွန်တော် တို့ အနေနဲ့ ကိုယ် ကျွမ်းကျင်တဲ့ ပုံစံ နဲ့ ကစားပုံ စတိုင်လ် အတိုင်း ကစားဖို့ ကြိုးစားမှာပါ ။ ”

” အခု ကျွန်တော့ ကစားသမား တွေဟာ ကြံ့ခိုင်မှု ပုံစံကောင်း တခု ကို ရထားတာကြောင့် ပွဲချိန် ပထမ မိနစ် ကနေ စပြီး ပွဲပြီးတဲ့ အထိ ၁၀၀ ရာနှုန်းပြည့် ပေးဆပ် ကစားနိုင်မယ် လို့ ကျွန်တော် ယုံကြည် နေပါတယ် ။ ကျွန်တော် တို့ဟာ မနက်ဖြန် မှာ ရင်ဆိုင်ရမယ့် ပြိုင်ဖက် အသင်း အပေါ် ရှိန်နေမှာ မဟုတ်ပါဘူး ။ သူတို့ ကစား နေတဲ့ လိဂ် ပြိုင်ပွဲ ရဲ့ အဆင့်အတန်း ဘယ်လောက် အထိ မြင့်မား နေပါစေ ၊ ဒီ အချက် က ကျွန်တော့ တို့ကို တုန်လှုပ် ခြောက်ခြား စေမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော် တို့ ပိုင်ဆိုင် ထားတဲ့ ခွန်အား မှန်သမျှ ကို အကုန် အသုံးချပြီး ပွဲကို ချဉ်းကပ် ကစားသွားမှာပါ ။ ဒါဟာ ကျွန်တော် တို့ အသုံးပြုနေကျ ထုံးတမ်း တခုပါပဲ ။ ကျွန်တော် တို့မှာ ကိုယ်ပိုင် အတွေ့အကြုံ များစွာ ရှိသလို ၊ အားသာချက် တချို့ လည်း ပိုင်ဆိုင် ထားတာကြောင့် ပြိုင်ဖက် အသင်း ကို ကောင်းကောင်း ဒုက္ခ ပေးနိုင်မယ် လို့ ယုံကြည် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

remy

ထို့အပြင် ဂေါ်လ်တီယာ က လက်ရှိ ၄င်းတို့ ပိုင်ဆိုင် ထားတဲ့ ပရီးမီးယားလိဂ် ကစားသမား ဟောင်း ၃ဦး ဖြစ်တဲ့ တိုက်စစ်မှူး လိုရစ် ရမ်မီ နဲ့ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ် ၊ ခံစစ်မှူး ဟိုဆေး ဖွန်တီ တို့ကို ပိုင်ဆိုင် ထားတာ ဟာ သူတို့ အတွက် နောက်ထပ် အားသာချက် တခု ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။ ရမ်မီ ဟာ မော်ရင်ဟို ချယ်လ်ဆီး အသင်း ကို ဒုတိယ အကြိမ် ကိုင်တွယ်ခဲ့တုန်းက နယူးကာဆယ် မှ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ ကစားခဲဖူးပါတယ် ။

SPORTS MYANMAR

Unicode

ခ်ယ္လ္ဆီး အသင္း ကို ရွိန္ေနမွာမဟုတ္ဘူး လို႕ လိုင္လီ နည္းျပ ေဂၚလ္တီယာ ေျပာၾကား

ယေန႕ည ၁နာရီခြဲ အခ်ိန္မွာ ခ်န္ပီယံလိဂ္ အုပ္စု H ရဲ႕ ပြဲစဥ္ ၂ ရဲ႕ ပြဲတပြဲ အျဖစ္ လိုင္လီ အသင္း နဲ႕ ခ်ယ္လ္ဆီး အသင္း တို႕ဟာ လိုင္လီ အိမ္ကြင္း Stade Pierre Mauroy မွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္ ။ ၂သင္းလံုး ဟာ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ မွာ ကိုယ္စီ အရႈံးရလဒ္ ေတြနဲ႕ ရင္ဆိုင္ခဲ့ရျပီး လိုင္လီ အသင္း ဟာ ေအဂ်က္ဇ္ အသင္း ကို အေဝးကြင္း မွာ ၃ – ၀ နဲ႕ အေရးနိမ့္ ခဲ့သလို ၊ ခ်ယ္လ္ဆီး အသင္း ကလည္း ဗလင္စီယာ အသင္း ကို အိမ္ကြင္းမွာ ၀ – ၁ နဲ႕ အေရးနိမ့္ ခဲ့ပါတယ္ ။

၂သင္းလံုး ဒီရာသီ ပထမဆံုး ခ်န္ပီယံလိဂ္ ႏိုင္ပြဲ ကို ရရွိဖို႕ ၾကိဳးစား လာမွာ ျဖစ္တာေၾကာင့္ အၾကိတ္အနယ္ ရွိျပီး ၾကည့္ေကာင္း လာမွာ ျဖစ္ပါတယ္ ။ လိုင္လီ အသင္း ဟာ ျပီးခဲ့တဲ့ ရာသီ က ၄င္းတို႕ အတြက္ အထူး ေျခစြမ္း ျပသ ခဲ့တဲ့ ေတာင္ပံ တိုက္စစ္ ကစားသမား နီကိုးလပ္စ္ ပီပီ ကို အာဆင္နယ္ အသင္း ထံ ေရာင္းခ် ခဲ့ရေပမယ့္ လည္း ၄င္းတို႕ဟာ အရည္အေသြးေကာင္းျပီး အလားအလာ ရွိတဲ့ လူငယ္ ကစားသမား ေတြနဲ႔ အသင္း ကို ဖြဲ႕စည္း ထားႏိုင္တာ ကို ေတြ႕ရပါတယ္ ။

လက္ရွိ ျပင္သစ္ လီဂူးဝမ္း မွာလည္း အမွတ္ေပးဇယား ထိပ္က ပီအက္စ္ဂ်ီ အသင္း နဲ႕ ၄မွတ္ အကြာ အဆင့္ ၄ ေနရာ မွာ ရပ္တည္ ေနတာေၾကာင့္ လိုင္လီ အသင္း ရဲ႕ အေနအထား မဆိုးဘူး လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လိုင္လီ အသင္း နည္းျပ ခရစ္စေတာ့ဖ္ ေဂၚလ္တီယာ က ၄င္းတို႕ အသင္း ဟာ ခ်ယ္လ္ဆီး အသင္း ကို ရွိန္ေနမွာ မဟုတ္ေၾကာင္း ၊ သူ႕ရဲ႕ လူငယ္ ကစားသမား ေတြရဲ႕ ေျခစြမ္း အေပၚ ယံုၾကည္မႈ အျပည့္ ရွိေၾကာင္း ဆိုခဲ့ပါတယ္ ။

 

ေဂၚလ္တီယာ က ” ခ်န္ပီယံလိဂ္ မွာ ဘယ္ အရာမဆို အေလာင္းအစား တခုလိုပဲ အကုန္ ဘာမဆို ျဖစ္ႏိုင္ပါတယ္ ။ ျပိဳင္ဖက္ အသင္း ကစား ေနတဲ့ လိဂ္ ဟာ အဆင့္အတန္း ျမင့္တယ္ ဆိုတာ ကြ်န္ေတာ္ သိထားပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ဒီပြဲကို ခ်ဥ္းကပ္ဖို႕ ေၾကာက္ရြံ႕ မေနသင့္ပါဘူး ။ ကြ်န္ေတာ့ ကစားသမား ေတြဟာ ခ်ယ္လ္ဆီး အသင္း ကို အျပန္အလွန္ ယွဥ္ျပိဳင္ ကစား ႏိုင္မယ္ ဆိုတာ ကြ်န္ေတာ္ ေကာင္းေကာင္း သိထားပါတယ္ ။ ”

” လက္ရွိ ကြ်န္ေတာ္ တို႕ အသင္း ပိုင္ဆိုင္ ထားတဲ့ လူငယ္ အစုအဖြဲ႕ ဟာ ခ်ယ္လ္ဆီး အသင္း ဖက္ကို လွပတဲ့ ၊ အခ်ိတ္အဆက္ ရွိတဲ့ တြဲလံုး ေတြနဲ႕ ထိုးေဖာက္ ႏိုင္မယ္ လို႕ ယံုၾကည္ပါတယ္ ။ တြန္းတြန္းတိုက္တိုက္ ကစားပံု နဲ႕လည္း တုန္႕ျပန္ ကစားျပဖို႕ ရွိပါတယ္ ။ ဒီလို ပံုစံမ်ိဳး ကြ်န္ေတာ့ အသင္းသား ေတြကို ျပင္ဆင္ ေလ့က်င့္ေပးေန ခဲ့တာ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ အေနနဲ႕ ကိုယ္ ကြ်မ္းက်င္တဲ့ ပံုစံ နဲ႕ ကစားပံု စတိုင္လ္ အတိုင္း ကစားဖို႔ ၾကိဳးစားမွာပါ ။ ”

 

” အခု ကြ်န္ေတာ့ ကစားသမား ေတြဟာ ၾကံ့ခိုင္မႈ ပံုစံေကာင္း တခု ကို ရထားတာေၾကာင့္ ပြဲခ်ိန္ ပထမ မိနစ္ ကေန စျပီး ပြဲျပီးတဲ့ အထိ ၁၀၀ ရာႏႈန္းျပည့္ ေပးဆပ္ ကစားႏိုင္မယ္ လို႕ ကြ်န္ေတာ္ ယံုၾကည္ ေနပါတယ္ ။ ကြ်န္ေတာ္ တို႕ဟာ မနက္ျဖန္ မွာ ရင္ဆိုင္ရမယ့္ ျပိဳင္ဖက္ အသင္း အေပၚ ရွိန္ေနမွာ မဟုတ္ပါဘူး ။ သူတို႕ ကစား ေနတဲ့ လိဂ္ ျပိဳင္ပြဲ ရဲ႕ အဆင့္အတန္း ဘယ္ေလာက္ အထိ ျမင့္မား ေနပါေစ ၊ ဒီ အခ်က္ က ကြ်န္ေတာ့ တို႕ကို တုန္လႈပ္ ေျခာက္ျခား ေစမွာ မဟုတ္ပါဘူး ။ ”

” ကြ်န္ေတာ္ တို႕ ပိုင္ဆိုင္ ထားတဲ့ ခြန္အား မွန္သမွ် ကို အကုန္ အသံုးခ်ျပီး ပြဲကို ခ်ဥ္းကပ္ ကစားသြားမွာပါ ။ ဒါဟာ ကြ်န္ေတာ္ တို႕ အသံုးျပဳေနက် ထံုးတမ္း တခုပါပဲ ။ ကြ်န္ေတာ္ တို႕မွာ ကိုယ္ပိုင္ အေတြ႕အၾကံဳ မ်ားစြာ ရွိသလို ၊ အားသာခ်က္ တခ်ိဳ႕ လည္း ပိုင္ဆိုင္ ထားတာေၾကာင့္ ျပိဳင္ဖက္ အသင္း ကို ေကာင္းေကာင္း ဒုကၡ ေပးႏိုင္မယ္ လို႕ ယံုၾကည္ မိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ထို႕အျပင္ ေဂၚလ္တီယာ က လက္ရွိ ၄င္းတို႕ ပိုင္ဆိုင္ ထားတဲ့ ပရီးမီးယားလိဂ္ ကစားသမား ေဟာင္း ၃ဦး ျဖစ္တဲ့ တိုက္စစ္မွဴး လိုရစ္ ရမ္မီ နဲ႕ ကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္ ၊ ခံစစ္မွဴး ဟိုေဆး ဖြန္တီ တို႕ကို ပိုင္ဆိုင္ ထားတာ ဟာ သူတို႕ အတြက္ ေနာက္ထပ္ အားသာခ်က္ တခု ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္ ။ ရမ္မီ ဟာ ေမာ္ရင္ဟို ခ်ယ္လ္ဆီး အသင္း ကို ဒုတိယ အၾကိမ္ ကိုင္တြယ္ခဲ့တုန္းက နယူးကာဆယ္ မွ ခ်ယ္လ္ဆီး သို႕ ေျပာင္းေရႊ႕ ကစားခဲဖူးပါတယ္ ။

SPORTS MYANMAR