Unicode

ချန်ပီယံ လိဂ် ပွဲစဉ်တွေ အပြီး မှာတော့ ယူရိုပါ လိဂ် ပွဲစဉ် တွေ ရောက်ရှိ လို့ လာခဲ့ ပါပြီ ။ ပွဲစဉ် ၁ မှာ ၀ုဗ် က လွဲရင် အာဆင်နယ် နဲ့ မန်ချက် စတာ ယူနိုက်တက် တို့ အဆင်ပြေ ခဲ့ကြ ပါတယ် ။ ယခု ပွဲစဉ် ၂ မှာ လည်း ၀ုဗ် ဟာ ဥရောပ အတွေ့ အကြုံရှိ တဲ့ ဘက်ဆစ်တပ် ရဲ့ တူရကီ ကွင်းကို သွား ကစား ရမှာ ဖြစ်လို့ အခြေ အနေ မကောင်းနိုင် ပါဘူး ။ ယူနိုက်တက် ကတော့ အဝေးကွင်း မှာ နယ်သာလန် ကလပ် အယ်ခမာ နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး အာဆင်နယ် ကတော့ အိမ်ကွင်း မှာ ဘယ်လ်ဂျီယံ ကလပ် စတန်းဒတ်လိဂ် နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။

ဒါကြောင့် မနက်ဖြန် မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် နဲ့ ၀ုဗာဟမ်တန် အသင်း တို့ရဲ့ ယူရိုပါလိဂ် ပွဲစဉ် ခန့်မှန်းချက် တွေ ကို ( Sky Sports ) ဖော်ပြ ပေးလိုက် ရ ပါတယ် . . .

၁ ။ အေဇက် အယ်ခမာ – မန်ချက်စတာ ယူနိုက်တက်
လက်ရှိ မှာတော့ မန်ချက် စတာ ယူနိုက်တက် ဟာ တစ်ပွဲ တိုး ဗျုဟာ တွေ နဲ့ ရှေ့ဆက် နေရ ပါတယ် ။ ပုံမှန် ဆိုရင် တော့ ဒီပွဲ မျိုး ကို ယူနိုက်တက်တို့ အေးအေး ဆေးဆေး ကျော်ဖြတ် နိုင်မယ် လို့ ထင်ချင် စရာ ပါ ။ အသင်း သားတွေ ရဲ့ ခြေစွမ်း နဲ့ အားထုတ်မှု တွေ ကို နည်းပြ ဆိုးရှား မကျေနပ် ဒေါသထွက် နေတာ တွေ ကို အင်တာဗျုး တွေ မှာ တွေ့ရ မှာပါ ။ အသင်း မှာ က ထွက်ချင် တဲ့ သူတွေ နဲ့ ၊ သုံးမရ တဲ့ သူတွေ နဲ့ ပြည့်နှက် နေ ပါတယ် ။

အသင်းရဲ့ ယုံကြည်မှုတွေ က ကျဆင်း လာသလို ကိုယ့် အတွက် သာ ကစား နေတဲ့ ပုံစံမျိုး တွေ ကိုလည်း မြင်လာ ရ ပါတယ် ။ အယ်ခမာ ဟာ နည်းစနစ် ပိုင်း အားကောင်း တဲ့ အသင်းပါ ။ ယူနိုက်တက် ကို ကျိန်းသေ ပေါက် အန္တရာယ် ပြုနိုင် ပါတယ် ။ ဒါပေမယ့် လိဂ် အဆင့် ချင်း ကွာတာ ကြောင့် ယူနိုက်တက် ဟာ အယ်ခမာ အတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခု ဖြစ်နေ ဦးမှာပါ ။ ပြည်တွင်း ဘက်ကို ပိုမို အားထည့် ဖို့ လိုတာ ကြောင့် ယူရိုပါ လိဂ် မှာ စောစော စီးစီး အခြေအနေ ကောင်းနေ ဖို့ လိုအပ် ပါတယ် ။
ခန့်မှန်းချက် – အယ်ခမာ ၀ – ၁ မန်ချက်စတာ ယူနိုက်တက်

man utd v astana

၂ ။ ဘက်ဆစ်တပ် – ၀ုဗာဟမ်တန်
ဒီနှစ် ပရီးမီးယား လိဂ် အတွက် ပထမဆုံး နိုင်ပွဲ ကို ၀ုဗ် တို့ ရှာဖွေ နိုင်ခဲ့ ပါပြီ ။ သူ့ရဲ့ ကစား သမား အချို့ ဟာ ပင်ပန်း နေကြတယ် လို့ နည်းပြ ဆန်းတို့ က ဆိုခဲ့ ပါတယ် ။ ဒါဘာ ကြောင့် လည်း ဆိုတော့ နူနို ဆန်းတို့ ဟာ လူစာရင်း ကို အပြောင်း အလဲ မလုပ် ခဲ့လို့ပါ ။ ကစား သမား သစ် ၃-၄ ယောက်လောက် ထပ်ရောက် လာပေမယ့် ပွဲထွက် စာရင်း ကတော့ မနှစ် က နဲ့ မခြားနားခဲ့ ပါဘူး ။ ပွဲဆက်များလာချိန် မှာ ဒါတွေ က ဒုက္ခ ရောက်တတ် ပါတယ် ။

၀က်ဖိုဒ့် နဲ့ ပွဲမှာ ၀ုဗ် တို့ ရလဒ် ကောင်းခဲ့ ပါတယ် ။ ခံစစ် ကစားပုံလည်း ကောင်းပါတယ် ။ ဒါပေမယ့် ဘက်ဆစ်တပ် ဟာ ဥရောပ အတွေ့ အကြုံရှိ သလို အိမ်ကွင်း မှာ ဆိုရင် အသင်းကြီးတွေ ကို တောင် အန္တရာယ် ပေးနိုင် ပါတယ် ။ ဒါကြောင့် တူရကီ ခရီးစဉ် ဟာ ၀ုဗ် အတွက် လွယ်ကူမှာ မဟုတ်တာ အသေအချာ ပါပဲ ။
ခန့်မှန်းချက် – ဘက်ဆစ်တပ် ၂ – ၁ ၀ုဗ်

frankfurt-arsenal

၃ ။ အာဆင်နယ် – စတန်းဒတ်လိဂ်
အာဆင်နယ် ရဲ့ လူငယ်လေး တွေ ကို နောက်ထပ် မြင်တွေ့ ရမယ့် ပွဲပါ ။ စတန်းဒတ်လိဂ် ဟာ အာဆင်နယ် အတွက် ပြိုင်ဘက် မဟုတ်ပါဘူး ။ ဒါပေမယ့် တန်ပြန် တိုက်စစ် တစ်ချက် တော့ သတိပြု ရပါမယ် ။ အာဆင်နယ် လူငယ်တွေ ဟာ ဘောလုံး ကိုင် ကစားတတ် ဖို့ သင်ကြား ပေးထားပုံ ပါပဲ ၊ ဘောလုံး ခြေထဲ ရှိနေ ချိန် မှာ ပိုပြီး ကောင်းတတ် ကြပါတယ် ။ အကြီးတွေ ထဲ က ဟိုးဒင်း နဲ့ ဘယ်လာရင် တို့ လောက်ပဲ ပါလာနိုင် ပါတယ် ။

အိုးထရက်ဖိုဒ့် ပွဲမှာ မပါတဲ့ တိုင်ယာနီ လည်း ပါလာနိုင် ပါတယ် ။ ဂျိုးဝီးလော့ ၊ ဘာကာယို ဆာကာ နဲ့ မာတင်နယ်လီ တို့ ဟာ စတန်းဒတ်လိဂ် ကို ကောင်းကောင်း ထိုးဖောက်နိုင် ပါတယ် ။ သူတို့ ဟာ အသင်းကြီး မှာတောင် ၀င် ကစားလို့ ရတဲ့ အဆင့် ကို စပြီး ရောက်နေ ကြပါပြီ ။ အာဆင်နယ် လူငယ်တွေ အတွက်တော့ ယူရိုပါလိဂ် ဟာ တကယ်ကောင်းမွန်တဲ့ စွန့်စားခန်း ခရီးရှည်ကြီး ဖြစ်နေ မှာပါ ။
ခန့်မှန်းချက် – အာဆင်နယ် ၃ – ၀ စတန်းဒတ်လိဂ်

ပရိသတ်ကြီးတို့ ရဲ့ ခန့်မှန်းချက် တွေ က ရော ဘယ်လို ဖြစ်မလဲ ဗျာ . . .

SPORTS MYANMAR

Zawgyi

မန္ခ်က္စတာ ယူႏုိက္တက္ ၊ အာဆင္နယ္ ၊ ၀ုဗ္ တို႔ရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ေတြ အတြက္ ခန္႔မွန္းခ်က္မ်ား

==========================================

ခ်န္ပီယံ လိဂ္ ပြဲစဥ္ေတြ အၿပီး မွာေတာ့ ယူရိုပါ လိဂ္ ပြဲစဥ္ ေတြ ေရာက္ရွိ လို႔ လာခဲ့ ပါၿပီ ။ ပြဲစဥ္ ၁ မွာ ၀ုဗ္ က လြဲရင္ အာဆင္နယ္ နဲ႔ မန္ခ်က္ စတာ ယူႏုိက္တက္ တို႔ အဆင္ေျပ ခဲ့ၾက ပါတယ္ ။ ယခု ပြဲစဥ္ ၂ မွာ လည္း ၀ုဗ္ ဟာ ဥေရာပ အေတြ႕ အႀကဳံရွိ တဲ့ ဘက္ဆစ္တပ္ ရဲ႕ တူရကီ ကြင္းကို သြား ကစား ရမွာ ျဖစ္လုိ႔ အေျခ အေန မေကာင္းႏုိင္ ပါဘူး ။ ယူႏုိက္တက္ ကေတာ့ အေ၀းကြင္း မွာ နယ္သာလန္ ကလပ္ အယ္ခမာ နဲ႔ ရင္ဆုိင္ ရမွာ ျဖစ္ၿပီး အာဆင္နယ္ ကေတာ့ အိမ္ကြင္း မွာ ဘယ္လ္ဂ်ီယံ ကလပ္ စတန္းဒတ္လိဂ္ နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာ ျဖစ္ ပါတယ္ ။

ဒါေၾကာင့္ မနက္ျဖန္ မွာ ယွဥ္ၿပဳိင္ ကစားမယ့္ မန္ခ်က္စတာ ယူႏုိက္တက္ ၊ အာဆင္နယ္ နဲ႔ ၀ုဗာဟမ္တန္ အသင္း တို႔ရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ ခန္႔မွန္းခ်က္ ေတြ ကို ( Sky Sports ) ေဖာ္ျပ ေပးလိုက္ ရ ပါတယ္ . . .

၁ ။ ေအဇက္ အယ္ခမာ – မန္ခ်က္စတာ ယူႏုိက္တက္
လက္ရွိ မွာေတာ့ မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ တစ္ပြဲ တိုး ဗ်ဳဟာ ေတြ နဲ႔ ေရွ႕ဆက္ ေနရ ပါတယ္ ။ ပံုမွန္ ဆိုရင္ ေတာ့ ဒီပြဲ မ်ဳိး ကို ယူႏုိက္တက္တို႔ ေအးေအး ေဆးေဆး ေက်ာ္ျဖတ္ ႏုိင္မယ္ လုိ႔ ထင္ခ်င္ စရာ ပါ ။ အသင္း သားေတြ ရဲ႕ ေျခစြမ္း နဲ႔ အားထုတ္မႈ ေတြ ကို နည္းျပ ဆုိးရွား မေက်နပ္ ေဒါသထြက္ ေနတာ ေတြ ကို အင္တာဗ်ဳး ေတြ မွာ ေတြ႕ရ မွာပါ ။ အသင္း မွာ က ထြက္ခ်င္ တဲ့ သူေတြ နဲ႔ ၊ သံုးမရ တဲ့ သူေတြ နဲ႔ ျပည့္ႏွက္ ေန ပါတယ္ ။

အသင္းရဲ႕ ယံုၾကည္မႈေတြ က က်ဆင္း လာသလို ကိုယ့္ အတြက္ သာ ကစား ေနတဲ့ ပံုစံမ်ဳိး ေတြ ကိုလည္း ျမင္လာ ရ ပါတယ္ ။ အယ္ခမာ ဟာ နည္းစနစ္ ပုိင္း အားေကာင္း တဲ့ အသင္းပါ ။ ယူႏိုက္တက္ ကို က်ိန္းေသ ေပါက္ အႏၱရာယ္ ျပဳႏုိင္ ပါတယ္ ။ ဒါေပမယ့္ လိဂ္ အဆင့္ ခ်င္း ကြာတာ ေၾကာင့္ ယူႏုိက္တက္ ဟာ အယ္ခမာ အတြက္ ႀကီးမားတဲ့ အခက္အခဲ တစ္ခု ျဖစ္ေန ဦးမွာပါ ။ ျပည္တြင္း ဘက္ကို ပုိမို အားထည့္ ဖို႔ လုိတာ ေၾကာင့္ ယူရိုပါ လိဂ္ မွာ ေစာေစာ စီးစီး အေျခအေန ေကာင္းေန ဖုိ႔ လိုအပ္ ပါတယ္ ။
ခန္႔မွန္းခ်က္ – အယ္ခမာ ၀ – ၁ မန္ခ်က္စတာ ယူႏုိက္တက္

 

၂ ။ ဘက္ဆစ္တပ္ – ၀ုဗာဟမ္တန္
ဒီႏွစ္ ပရီးမီးယား လိဂ္ အတြက္ ပထမဆံုး ႏုိင္ပြဲ ကို ၀ုဗ္ တုိ႔ ရွာေဖြ ႏုိင္ခဲ့ ပါၿပီ ။ သူ႔ရဲ႕ ကစား သမား အခ်ဳိ႕ ဟာ ပင္ပန္း ေနၾကတယ္ လို႔ နည္းျပ ဆန္းတို႔ က ဆုိခဲ့ ပါတယ္ ။ ဒါဘာ ေၾကာင့္ လည္း ဆုိေတာ့ ႏူႏို ဆန္းတို႔ ဟာ လူစာရင္း ကို အေျပာင္း အလဲ မလုပ္ ခဲ့လုိ႔ပါ ။ ကစား သမား သစ္ ၃-၄ ေယာက္ေလာက္ ထပ္ေရာက္ လာေပမယ့္ ပြဲထြက္ စာရင္း ကေတာ့ မႏွစ္ က နဲ႔ မျခားနားခဲ့ ပါဘူး ။ ပြဲဆက္မ်ားလာခ်ိန္ မွာ ဒါေတြ က ဒုကၡ ေရာက္တတ္ ပါတယ္ ။

၀က္ဖိုဒ့္ နဲ႔ ပြဲမွာ ၀ုဗ္ တို႔ ရလဒ္ ေကာင္းခဲ့ ပါတယ္ ။ ခံစစ္ ကစားပံုလည္း ေကာင္းပါတယ္ ။ ဒါေပမယ့္ ဘက္ဆစ္တပ္ ဟာ ဥေရာပ အေတြ႕ အႀကဳံရွိ သလို အိမ္ကြင္း မွာ ဆိုရင္ အသင္းႀကီးေတြ ကို ေတာင္ အႏၱရာယ္ ေပးႏိုင္ ပါတယ္ ။ ဒါေၾကာင့္ တူရကီ ခရီးစဥ္ ဟာ ၀ုဗ္ အတြက္ လြယ္ကူမွာ မဟုတ္တာ အေသအခ်ာ ပါပဲ ။
ခန္႔မွန္းခ်က္ – ဘက္ဆစ္တပ္ ၂ – ၁ ၀ုဗ္

၃ ။ အာဆင္နယ္ – စတန္းဒတ္လိဂ္
အာဆင္နယ္ ရဲ႕ လူငယ္ေလး ေတြ ကို ေနာက္ထပ္ ျမင္ေတြ႕ ရမယ့္ ပြဲပါ ။ စတန္းဒတ္လိဂ္ ဟာ အာဆင္နယ္ အတြက္ ၿပဳိင္ဘက္ မဟုတ္ပါဘူး ။ ဒါေပမယ့္ တန္ျပန္ တိုက္စစ္ တစ္ခ်က္ ေတာ့ သတိျပဳ ရပါမယ္ ။ အာဆင္နယ္ လူငယ္ေတြ ဟာ ေဘာလံုး ကိုင္ ကစားတတ္ ဖို႔ သင္ၾကား ေပးထားပံု ပါပဲ ၊ ေဘာလံုး ေျခထဲ ရွိေန ခ်ိန္ မွာ ပိုၿပီး ေကာင္းတတ္ ၾကပါတယ္ ။ အႀကီးေတြ ထဲ က ဟိုးဒင္း နဲ႔ ဘယ္လာရင္ တို႔ ေလာက္ပဲ ပါလာႏုိင္ ပါတယ္ ။

အိုးထရက္ဖိုဒ့္ ပြဲမွာ မပါတဲ့ တုိင္ယာနီ လည္း ပါလာႏုိင္ ပါတယ္ ။ ဂ်ဳိး၀ီးေလာ့ ၊ ဘာကာယို ဆာကာ နဲ႔ မာတင္နယ္လီ တို႔ ဟာ စတန္းဒတ္လိဂ္ ကို ေကာင္းေကာင္း ထိုးေဖာက္ႏုိင္ ပါတယ္ ။ သူတို႔ ဟာ အသင္းႀကီး မွာေတာင္ ၀င္ ကစားလိ႔ု ရတဲ့ အဆင့္ ကို စၿပီး ေရာက္ေန ၾကပါၿပီ ။ အာဆင္နယ္ လူငယ္ေတြ အတြက္ေတာ့ ယူရိုပါလိဂ္ ဟာ တကယ္ေကာင္းမြန္တဲ့ စြန္႔စားခန္း ခရီးရွည္ႀကီး ျဖစ္ေန မွာပါ ။
ခန္႔မွန္းခ်က္ – အာဆင္နယ္ ၃ – ၀ စတန္းဒတ္လိဂ္

 

ပရိသတ္ႀကီးတို႔ ရဲ႕ ခန္႔မွန္းခ်က္ ေတြ က ေရာ ဘယ္လို ျဖစ္မလဲ ဗ်ာ . . .

SPORTS MYANMAR