upson
Unicode
ဝက်စ်ဟမ်း နဲ့ လက်စတာ စီးတီး အသင်း တို့ရဲ့ ခံစစ် ကစား သမား ဟောင်း တစ်ဦး ဖြစ်တဲ့ မက်သရူး အက်ပ်ဆွန် က လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဂန္ဓဝင် နည်းပြ ကြီး ဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန် အသင်း မှ ထွက်ခွာ သွားတဲ့ ဒဏ်ကို အခု ထက်ထိ ခံစား နေရဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ferguson
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် နည်းပြ ကြီး ဖြစ်တဲ့ ဆာ အဲလက်စ် ဖာဂူဆန် ဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှ ထွက်ခွာ သွား ခဲ့တဲ့ 6 နှစ် အထိ ရှိနေ ခဲ့ ပါပြီ ။ အဲ့ဒီ နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် အသင်း မှာ နည်းပြ အပြောင်း အလဲ လေးကြိမ် အထိ ဖြစ်ပေါ် ခဲ့ ပေမယ့် ထူးခြား တဲ့ တိုးတက် မှု တွေကို ယူနိုက်တက် မှာ မမြင် တွေ့ရ သေး ပါဘူး ။
” ယူနိုက်တက်ဟာ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ ထွက်ခွာ သွားတဲ့ ဒဏ်ကို ခံစား နေရတာ ပါ ။ သူဟာ အသင်း ကို သူ့ရဲ့ ကိုယ်ပိုင် နည်းလမ်း တစ်ခု နဲ့ အောင်မြင် မုှ လမ်းကြောင်း အပေါ် ရောက်ရှိ အောင် မောင်းနှင် ခဲ့တာ ပါ ”
” ဒါ့ကြောင့် သူ ( ဖာဂူဆန် ) ပြီးလို့ ဘယ်သူ ပဲ အသင်း ကို ရောက်ရှိ လာပါ စေ ၊ အသင်း ကို ပိုကောင်း အောင် လုပ်ဆောင် နိုင်မယ် ဆိုရင် ဒါဟာ လှပ လွန်းတဲ့ ၊ ထူးကဲ လှတဲ့ အရာ ကို လုပ်ဆောင် ပြခြင်း ပဲ ဖြစ်နေ ပါ လိမ့်မယ် ”
” အဲ့ဒီ တုန်းက လူတွေ ရဲ့ မျှော်လင့်ချက် တွေက လည်း အရမ်း ကို ကြီးမား ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒီနောက် အဓိက ပြသနာ တစ်ခု က ဖာဂူဆန် မရှိ တော့တဲ့ နောက် အသင်း ကို လူ အင်အား ဖြည့်တင်း ရေးနဲ့ ကစားသမား ကောင်းတွေ ပိုင်ဆိုင် နိုင်ရေး ပဲ ဖြစ်ခဲ့ ပါတယ် ”
” ဒါ့အပြင် ရောက်ရှိ လာတဲ့ နည်းပြ တွေ အတွက် လည်း ဖြေရှင်း ရမယ့် ပုစ္ဆာ တွေ များစွာ ရှိနေ ခဲ့ ပါတယ် ။ အသင်း မှာ မှန်ကန် တဲ့ ဖွဲ့စည်းပုံ ကို ပိုင်ဆိုင် နေပြီ လား ? အခု အချိန် မှာ အဆုံးသတ် အနေ နဲ့ အဲ့ဒီ မေးခွန်း ကို ဖြေရမယ် ဆိုရင် နိုး လို့ပဲ ဖြေရ ပါ လိမ့်မယ် ” လို့ အက်ပ်ဆွန် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဆိုးလ်ရှား ဟာ မိုယက်စ် ၊ ဗန်ဟားလ် နဲ့ မော်ရင်ဟို တို့ရဲ့ နောက် ယူနိုက်တက် ရဲ့ နည်းပြ သစ် ဖြစ်လာ ခဲ့ပြီး တာထွက် ကောင်းခဲ့ ပေမယ့် နောက်ပိုင် ဆက်တိုက် ဆိုသလို ရုန်းကန် ခဲ့ရ ပါတယ် ။ လက်ရှိ ရာသီ မှာ ယူနိုက်တက် ဟာ နိုင်ပွဲ 2 ပွဲသာ ရယူ ထားနိုင် ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 10 နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။
mourinho van ger moyes man utd
အခုတော့ ကြောက် စရာ ကောင်းတဲ့ အိပ်မက် ဆိုးတွေ ပျောက်ကွယ် သွားတဲ့ နောက် ပြိုင်ဖက် အသင်း အတွက် ယူနိုက်တက် ရဲ့ အိုးလ် ထရပ်ဖို့ဒ် မြေကို သွားရောက် ကစား ရခြင်း က လွယ်ကူ နေခဲ့ ပြီ ဖြစ်ကြောင်း အက်ပ်ဆွန် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ဒီ အချိန် မှာ အိုးလ် ထရပ်ဖို့ဒ် ကို သွားရောက် ကစား ရခြင်း က ခင်ဗျား တို့ အတွက် အလွယ်ကူ ဆုံး အချိန် တစ်ခု ဖြစ်သွား ခဲ့ရ ပါပြီ ။ အရင် နှစ် 20 ကျော် လောက်က ဆိုရင် အိုးလ် ထရပ်ဖို့ဒ် ကို အာဆင်နယ် တို့ သွားရောက် ကစား ခြင်းက ပြင်းထန် လှတဲ့ ပြိုင်ဆိုင် မှု တွေကို ဖြစ်ပေါ် စေခဲ့ တယ်လေ ”
” အဲ့ဒီ တုန်းက အိုးလ် ထရပ်ဖို့ဒ် မှာ သရေ တစ်မှတ် ရယူ နိုင် ခဲ့ရင် တစ်ကယ့် ကို မှန်ကန် တဲ့ အလုပ် တစ်ခု လုပ်နိုင် ခဲ့တယ် လို့ ခံစားချက် ဖြစ်ပေါ် ခဲ့ရ ပါတယ် ။ အထူးသဖြင့် အဲ့ဒီ အချိန် တုန်းက အိုးလ် ထရပ်ဖို့ဒ် မှာ ကစား ရတဲ့ နောက်ဆုံး မိနစ် 20 က အရမ်း ကို ခက်ခဲ တဲ့ ပွဲချိန် တွေကို ဖြစ်ပေါ် စေခဲ့ ပါတယ် ”
” အဲ့ဒီလို အချိန် မှာ ကွင်းထဲ ပရိသတ် တွေရဲ့ အားပေး မှု တွေကို အရမ်း ကို ထူးကဲ လွန်းနေ ခဲ့ပြီး ဘောလုံး ဟာ ဂိုး ဧရိယာ ထဲကို မကြာ ခန ဝဲပျံ နေခဲ့ သလို ပြိုင်ဖက် ရဲ့ ဂိုးပိုက် ကိုလည်း လှုပ်ခတ် စေခဲ့ ပါတယ် ။ အဲ့ဒီ အချိန် ဟာ ပြိုင်ဖက် အသင်းတွေ အတွက် ဖိအား အများဆုံး အခိုက် အတန့် တွေ ပါပဲ ”
solskajer
” အဲ့တာ တွေကို အခုတော့ ခင်ဗျား ဟာ ဒီ အသင်း ဆီမှာ တစ်ခါ မှ မတွေ့မြင် ခဲ့ရ ပါဘူး ။ ဒါဟာ သူ ( ဆိုးလ်ရှား ) ဆက်လက် ကြိုးစား လုပ်ဆောင် ရမယ့် အလုပ် တစ်ခု ဖြစ်ပြီး တက်စွမ်း သမျှ အသင်း ကို ပြန်လည် မြှင့်တင် နိုင်အောင် တည်ဆောက် သွားရ ပါ့မယ် ” လို့ အက်ပဆွန် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက်ရ ပါတယ် ။
#Sports_Myanmar
Zawgyi
အိုးလ် ထရပ်ဖို့ဒ်ကို သွားရောက် ကစားရတာဟာ အရမ်းကို လွယ်ကူနေ ပါပြီလို့ ဖွင့်ဟရင်း သူတို့ အတွက် ကြောက်စရာ အကောင်းဆုံး အချိန် ၊ မိနစ်တွေနဲ့ နှိုင်းယှဉ် ပြောကြားသွားတဲ့ #အက်ပ်ဆွန်
=================
#Sports_Myanmar