Serge Gnabry

Unicode

ယနေ့ နံနက်အစောပိုင်း မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းက စပါး အသင်းကို ရ-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ အထူးခြေစွမ်းပြသသွားခဲ့တာ ကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန် တောင်ပံစားသမားလေး ဂနာဘရီဖြစ်ပြီး တဦးတည်း ၄ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

gnabryပွဲအစမှာပဲအိမ်ရှင်စပါး အသင်း ဆွန်ဟောင်မင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကင်မစ်ချ်၊ လီဝန်ဒေါစကီးတို့ရဲ့ဂိုးတွေကို ပထမပိုင်းအတွင်း ပြန်ပြီးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာလည်းဂနာဘရီက ဘိုင်ယန်မြူးနစ် အသင်းအတွက်နောက်ထပ် ၂ဂိုးဆက်တိုက် ထပ်မံသွင်းယူပေးခဲ့ပါတယ်။

စပါးအတွက် ချေပဂိုးတဂိုးကို ဟယ်ရီကိန်းက ပြန်သွင်းပေးခဲ့ပေမယ့် လီဝန်ဒေါစကီးနဲ့ ဂနာဘရီတို့က နောက်ထပ်၃ ဂိုးဆက်တိုက်ထပ်သွင်းခဲ့လို့ အခုလိုဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။စပါး အသင်းအတွက်တော့ အဓိက ပြိုင်ပွဲကြီးတွေ အတွင်း ပထမဆုံးအဖြစ်အိမ်ကွင်းမှာ ပေးဂိုး ရဂိုးအထိခွင့်ပြုခဲ့ရတဲ့ ပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဂနာဘရီဟာ စပါး အသင်းရဲ့ ခါးသီးမြို့ခံ ပြိုင်ဘက်အာဆင်နယ်အသင်းနဲ့ လူငယ် ကစားသမား ဘဝကို ဖြတ်သန်းခဲ့ဖူးသူဖစ်ပြီး စီနီယာ အသင်းမှာ လည်းပွဲအချို့ ပါဝင်ခွင့်ရထားခဲ့ဖူးသူဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာတော့ ဂျာမန်ကလပ် ဝါဒါဘရီမင်အသင်းကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။အဆိုပါ ရာသီ ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ဂနာဘရီက လိဂ်ပွဲ ၂၇ ပွဲကစားအပြီး ၁၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူ့ရဲ့ ခြေစွမ်း နဲ့ အလားအလာကောင်းတွေကို ကြိုမြင်တဲ့ အတွက်ကြောင့်လည်း ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်းက ၂၁၀၇ခုနှစ်မှာ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်လို အသင်းမျိုးမှာ နာမည်ကြီး ကစားသမားတွေ များပြားလွန်းတာကြောင့် ဂနာဘရီတယောက် ဟော်ဖန်ဟိမ်းအသင်းကို တရာသီ အငှားထွက်ကစားခဲ့ရသေးတာဖြစ်ပါတယ်။ဟော်ဖန်ဟိန်းအသင်းမှာလည်းဆက်ပြီးခြေစွမ်းပြသခဲ့တဲ့ သူ့ကို ဘိုင်ယန်အသင်းကယမန်နှစ်ကစတင်ပြီး အခွင့်အရေးတွေပေးနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်ဘင်နဲ့ ရစ်ဘာရီတို့ မရှိတော့တဲ့ အခုရာသီ မှာမှ ဂနာဘရီ တယောက် လွတ်လွတ်လပ်လပ်တောက်ပခွင့်ရနေခဲ့တာဖြစ်ပါတယ်။ဒီရာသီဘိုင်ယန် အသင်းရဲ့ ဘွန်ဒက်လီဂါ ၆ပွဲမှာ ၅ပွဲအထိ ပါဝင်ခွင့်ရရှိထားပြီးသွင်းဂိုးတဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ဒါကြောင့် သူ့အသင်းဟောင်းရဲ့ မြို့ခံပြိုင်ဘက် စပါး အသင်းနဲ့ ပွဲစဉ်မှာလည်းတိုက်စစ်မှာ လီဝန်ဒေါစကီး၊ ကော်တင်ဟိုိ၊ကိုးမန်း တို့နဲ့အတူတွဲဖက်ပြီး ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။စပါး အသင်းနဲ့ အာဆင်နယ်ပရိသတ်တွေကြား မုန်းတီးမှုဟာ ကြီးမားလွန်းတာဖြစ်ပြီး ဂနာဘရီရဲ့ ပွဲအတွင်းခြေစွမ်းကြောင့် အာဆင်နယ်ဖန်တွေ ကျေနပ်ခဲ့ကြပါတယ်။

ပွဲအပြီး Sky sports နဲ့ အင်တာဗျူးမှာတော့ ဂနာဘရီက – ” လက်ရှိခံစားချက်ကို စကားလုံးတွေ အဖြစ်ပြောပြဖို့ တကယ်ခက်ပါတယ်။ကျွန်တော်တို့ ရ-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အကြောင်းကိုဖြစ်ပါတယ်။ဒီလိုရလဒ်မျိုးကို ကျွန်တော်တို့ တဦးတယောက်ကမှ စိတ်ကူးယဉ်ထားခဲ့ကြဖူးတာမဟုတ်ပါဘူး။တဦးတည်း လေးဂိုး အထိသွင်းယူနိုင်ခဲ့တာကလည်း အံ့မခန်း ခံစားချက်မျိုး
ကိုဖြစ်စေပါတယ်။အာဆင်နယ်ပရိသတ်တွေအကုန်လုံးကလည်း ဒါကိုနှစ်သက်ပျော်ရွှင်နေမယ်လို့ ကျွန်တော်တွေးမိပါတယ်။

ကျွန်တော်တို့ အသင်းအတွက် လည်း ကြီးကျယ်ခန်းနားတဲ့ရလဒ်မျိုး ထွက်ပေါ်ခဲ့တယ် ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ဒါကြောင့်လည်း ယနေ့ညနေမှာပျော်ရွှင်မှုတွေနဲ့ အောင်ပွဲခံသွားမှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ အခုပွဲစဉ်မှာ အနီရောင် ဂျာစီကို ဝတ်ဆင်ကစားသွားခဲ့တာဖြစ်ပြီး အိမ်ရှင်စပါးတို့ကတော့ သူတို့ရဲ့ အဖြူရောင်ဂျာစီ ကို ဝတ်ဆင်သွားခဲ့ပါတယ်။အခုလိုဂိုးပြတ်ချေမှုန်းနိုင်ခဲ့အပြီးမှာ ဂနာဘရီက သူ့အသင်းဟောင်း အာဆင်နယ် ပရိသတ်တွေရဲ့ မေတ္တာကို ခံယူတဲ့ လုပ်ရပ်တခုကိုလည်း လုပ်ဆောင်သွားခဲ့ပါသေးတယ်။

gnabry

ဒါကတော့ သူ့ရဲ့ တွစ်တာ အကောင့်ကနေ သူ့ရဲ့ သွင်းဂိုး လေးဂိုး အတွက် အောင်ပွဲခံနေတဲ့ ပုံလေးပုံ နဲ့ အတူ ” North London is RED ” ဆိုတဲ့ စာသားနဲ့ အတူ ဖော်ပြခဲ့ပြီး စပါး ပရိသတ်တွေ ကို ခနဲ့ သွားခဲ့တာဖြစ်ပါတယ်။ဂနာဘရီဟာဂျာမနီ လက်ရွေးစင်အသင်းအတွက် လည်း ၁၀ပွဲကစား ၉ဂိုးအထိသွင်းယူပေးထားတဲ့ ကစားသမားတဦးဖြစ်ပါတယ်။

SPORTMYANMAR

Zawgyi

စပါး အသင္းဘက္ကိုတဦးတည္း ၄ဂိုးသြင္းယူခဲ႔သလို၊ပြဲအျပီးမွာ အာဆင္နယ္ဖန္ေတြ သေဘာက်စရာလုပ္ရပ္တခုထပ္ျပီးလုပ္ေဆာင္ခဲ႔တဲ႔ #ဂနာဘရီ
==================================

ယေန႔ နံနက္အေစာပိုင္း မွာ ကစားသြားခဲ႔တဲ႔ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္ အသင္းက စပါး အသင္းကို ၇-၂ ဂိုးနဲ႕ အႏိုင္ရခဲ႔ပါတယ္။
ဒီပြဲမွာ အထူးေျခစြမ္းျပသသြားခဲ႔တာ ကေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဂ်ာမန္ ေတာင္ပံစားသမားေလး ဂနာဘရီျဖစ္ျပီး တဦးတည္း ၄ဂိုးအထိသြင္းယူႏိုင္ခဲ႔တာျဖစ္ပါတယ္။

ပြဲအစမွာပဲအိမ္ရွင္စပါး အသင္း ဆြန္ေဟာင္မင္ရဲ႕ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ႔ေပမယ့္ ကင္မစ္ခ်္၊ လီဝန္ေဒါစကီးတို႔ရဲ႕ဂိုးေတြကို ပထမပိုင္းအတြင္း ျပန္ျပီးခြင့္ျပဳခဲ႔ရတာျဖစ္ပါတယ္။ဒုတိယပိုင္းစတင္ျပီး မျကာခင္မွာလည္းဂနာဘရီက ဘိုင္ယန္ျမဴးနစ္ အသင္းအတြက္ေနာက္ထပ္ ၂ဂိုးဆက္တိုက္ ထပ္မံသြင္းယူေပးခဲ႕ပါတယ္။

စပါးအတြက္ ေခ်ပဂိုးတဂိုးကို ဟယ္ရီကိန္းက ျပန္သြင္းေပးခဲ႔ေပမယ့္ လီဝန္ေဒါစကီးနဲ႔ ဂနာဘရီတို႔က ေနာက္ထပ္၃ ဂိုးဆက္တိုက္ထပ္သြင္းခဲ႔လို႕ အခုလိုဂိုးျပတ္အေရးနိမ့္ခဲ႔ရတာျဖစ္ပါတယ္။စပါး အသင္းအတြက္ေတာ့ အဓိက ျပိဳင္ပြဲျကီးေတြ အတြင္း ပထမဆံုးအျဖစ္အိမ္ကြင္းမွာ ေပးဂိုး ၇ဂိုးအထိခြင့္ျပဳခဲ႔ရတဲ႔ ပြဲအျဖစ္ မွတ္တမ္းဝင္သြားခဲ႔ပါတယ္။

ဂနာဘရီဟာ စပါး အသင္းရဲ႕ ခါးသီးျမိဳ႔ခံ ျပိဳင္ဘက္အာဆင္နယ္အသင္းနဲ႔ လူငယ္ ကစားသမား ဘဝကို ျဖတ္သန္းခဲ႔ဖူးသူဖစ္ျပီး စီနီယာ အသင္းမွာ လည္းပြဲအခ်ိဳ႔ ပါဝင္ခြင့္ရထားခဲ႔ဖူးသူျဖစ္ပါတယ္။၂၀၁၆ ခုႏွစ္မွာေတာ့ ဂ်ာမန္ကလပ္ ဝါဒါဘရီမင္အသင္းကိုေျပာင္းေရႊ႕သြားခ႔ဲတာျဖစ္ပါတယ္။အဆိုပါ ရာသီ ဘြန္ဒက္လီဂါ ျပိဳင္ပြဲမွာ ဂနာဘရီက လိဂ္ပြဲ ၂၇ ပြဲကစားအျပီး ၁၁ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။သူ႔ရဲ႕ ေျခစြမ္း နဲ႔ အလားအလာေကာင္းေတြကို ျကိုျမင္တဲ႔ အတြက္ေျကာင့္လည္း ဂ်ာမန္ ထိပ္သီး ဘိုင္ယန္ ျမဴးနစ္ အသင္းက ၂၁၀၇ခုႏွစ္မွာ ေခၚယူသြားခဲ႔တာျဖစ္ပါတယ္။

 

ဘိုင္ယန္လို အသင္းမ်ိဳးမွာ နာမည္ျကီး ကစားသမားေတြ မ်ားျပားလြန္းတာေျကာင့္ ဂနာဘရီတေယာက္ ေဟာ္ဖန္ဟိမ္းအသင္းကို တရာသီ အငွားထြက္ကစားခဲ႔ရေသးတာျဖစ္ပါတယ္။ေဟာ္ဖန္ဟိန္းအသင္းမွာလည္းဆက္ျပီးေျခစြမ္းျပသခဲ႔တဲ႔ သူ႔ကို ဘိုင္ယန္အသင္းကယမန္ႏွစ္ကစတင္ျပီး အခြင့္အေရးေတြေပးေနခဲ႔တာျဖစ္ပါတယ္။

ဒါေပမယ့္ ေရာ္ဘင္နဲ႔ ရစ္ဘာရီတို႔ မရွိေတာ့တဲ႔ အခုရာသီ မွာမွ ဂနာဘရီ တေယာက္ လြတ္လြတ္လပ္လပ္ေတာက္ပခြင့္ရေနခဲ႔တာျဖစ္ပါတယ္။ဒီရာသီဘိုင္ယန္ အသင္းရဲ႕ ဘြန္ဒက္လီဂါ ၆ပြဲမွာ ၅ပြဲအထိ ပါဝင္ခြင့္ရရွိထားျပီးသြင္းဂိုးတဂိုးနဲ႔ ဖန္တီးမွဳ ၂ျကိမ္စြမ္းေဆာင္ေပးထားႏိုင္ခဲ႔ပါတယ္။ဒါေျကာင့္ သူ႔အသင္းေဟာင္းရဲ႕ ျမိဳ႔ခံျပိဳင္ဘက္ စပါး အသင္းနဲ႔ ပြဲစဥ္မွာလည္းတိုက္စစ္မွာ လီဝန္ေဒါစကီး၊ ေကာ္တင္ဟုိိ၊ကိုးမန္း တို႔နဲ႔အတူတြဲဖက္ျပီး ပါဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။စပါး အသင္းနဲ႔ အာဆင္နယ္ပရိသတ္ေတြျကား မုန္းတီးမွဳဟာ ျကီးမားလြန္းတာျဖစ္ျပီး ဂနာဘရီရဲ႕ ပြဲအတြင္းေျခစြမ္းေျကာင့္ အာဆင္နယ္ဖန္ေတြ ေက်နပ္ခဲ႔ျကပါတယ္။

ပြဲအျပီး Sky sports နဲ႔ အင္တာဗ်ဴးမွာေတာ့ ဂနာဘရီက – ” လက္ရွိခံစားခ်က္ကို စကားလံုးေတြ အျဖစ္ေျပာျပဖို႔ တကယ္ခက္ပါတယ္။က်ြန္ေတာ္တို႔ ၇-၂ ဂိုးနဲ႕ အႏိုင္ရခဲ႔တဲ႕ အေျကာင္းကိုျဖစ္ပါတယ္။ဒီလိုရလဒ္မ်ိဳးကို က်ြန္ေတာ္တို႔ တဦးတေယာက္ကမွ စိတ္ကူးယဥ္ထားခဲ႔ျကဖူးတာမဟုတ္ပါဘူး။တဦးတည္း ေလးဂိုး အထိသြင္းယူႏိုင္ခဲ႔တာကလည္း အံ့မခန္း ခံစားခ်က္မ်ိဳး
ကိုျဖစ္ေစပါတယ္။အာဆင္နယ္ပရိသတ္ေတြအကုန္လံုးကလည္း ဒါကိုႏွစ္သက္ေပ်ာ္ရႊင္ေနမယ္လို႔ က်ြန္ေတာ္ေတြးမိပါတယ္။

က်ြန္ေတာ္တို႕ အသင္းအတြက္ လည္း ျကီးက်ယ္ခန္းနားတဲ႔ရလဒ္မ်ိဳး ထြက္ေပၚခဲ႔တယ္ ဆိုတာ အားလံုးအသိပဲျဖစ္ပါတယ္။ဒါေျကာင့္လည္း ယေန႔ညေနမွာေပ်ာ္ရႊင္မွဳေတြနဲ႔ ေအာင္ပြဲခံသြားမွာျဖစ္ပါတယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

ဘိုင္ယန္အသင္းဟာ အခုပြဲစဥ္မွာ အနီေရာင္ ဂ်ာစီကို ဝတ္ဆင္ကစားသြားခဲ႔တာျဖစ္ျပီး အိမ္ရွင္စပါးတို႔ကေတာ့ သူတို႔ရဲ႕ အျဖဴေရာင္ဂ်ာစီ ကို ဝတ္ဆင္သြားခဲ႔ပါတယ္။အခုလိုဂိုးျပတ္ေခ်မွဳန္းႏိုင္ခဲ႔အျပီးမွာ ဂနာဘရီက သူ႔အသင္းေဟာင္း အာဆင္နယ္ ပရိသတ္ေတြရဲ႔ ေမတၲာကို ခံယူတဲ႕ လုပ္ရပ္တခုကိုလည္း လုပ္ေဆာင္သြားခဲ႔ပါေသးတယ္။

ဒါကေတာ့ သူ႔ရဲ႕ တြစ္တာ အေကာင့္ကေန သူ႔ရဲ႕ သြင္းဂိုး ေလးဂိုး အတြက္ ေအာင္ပြဲခံေနတဲ႔ ပံုေလးပံု နဲ႔ အတူ ” North London is RED ” ဆိုတဲ႔ စာသားနဲ႔ အတူ ေဖာ္ျပခဲ႔ျပီး စပါး ပရိသတ္ေတြ ကို ခန႔ဲ သြားခဲ႔တာျဖစ္ပါတယ္။ဂနာဘရီဟာဂ်ာမနီ လက္ေရြးစင္အသင္းအတြက္ လည္း ၁၀ပြဲကစား ၉ဂိုးအထိသြင္းယူေပးထားတဲ႔ ကစားသမားတဦးျဖစ္ပါတယ္။

SPORTMYANMAR