အာဆင္နယ္ အသင္းကုိ ႏွစ္ေပါင္း ၂၂ ႏွစ္ေက်ာ္ၾကာ နည္းျပခဲ့တဲ့ ဂႏၲဝင္ နည္းျပၾကီး အာဆင္ဝင္းဂါး က တစ္ေန႔ တစ္ခ်ိန္က်ရင္ သူ႔ရဲ႕ တပည့္ေဟာင္း ျဖစ္သူ ပက္ထရစ္ ဗီအဲရာ ကုိ အာဆင္နယ္ အသင္း နည္းျပ အျဖစ္ ျမင္ေတြ႕ ခ်င္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား လုိက္ပါတယ္ ။

အာဆင္နယ္ အသင္း ေခါင္းေဆာင္ေဟာင္း ဗီအဲရာ ဟာ ကစားသမား ဘဝ က အနားယူခ်ိန္မွာ မန္စီးတီး အကယ္ဒမီ နည္းျပ အျဖစ္ ဝင္ေရာက္ လုပ္ကုိင္ခဲ့ျပီး ၂၀၁၅ ခုႏွစ္မွာေတာ့ အေမရိကန္ ေဘာလုံး ကလပ္ နယူးေယာ့ခ္ စတီး အသင္းမွာ နည္းျပ ဘဝ ကုိ စတင္ ခဲ့ပါတယ္ ။

ဗီအဲရာ ဟာ ယခု လက္ရွိ အခ်ိ္န္မွာေတာ့ ျပင္သစ္ လီဂူး ကလပ္ နုိက္စ္ အသင္းကုိ ကုိင္တြယ္ ေနျပီး အမွတ္ေပး ဇယား အဆင့္ ၈ ေနရာမွာ ရပ္တည္ ေနနုိင္ေအာင္ စြမ္းေဆာင္ ေပးထားပါတယ္ ။ ဗီ အဲ ရာ ဟာ အာ ဆင္ နယ္ အ သင္း ၂၀၀၃-၂၀၀၄ ခု ႏွစ္ တုန္း က ပ ရီး မီး ယား လိဂ္ ဖ လား ကုိ တစ္ ရာ သီ လုံး ရႈံး ပြဲ မ ရွိ စံ ခ်ိန္ နဲ႔ ရ ရွိ တုန္း က အ သင္း ကုိ အ ဓိ က ေမာင္း ႏွင္ ခဲ့ သူ တစ္ ဦး ပါ ။

အာဆင္ဝင္းဂါး ကေတာ့ သူ႔ရဲ႕ တပည့္ေဟာင္း ျဖစ္သူ ဗီအဲရာကုိ အာဆင္နယ္ အသင္း နည္းျပ အျဖစ္ ျမင္ေတြ႕ ခ်င္ ေၾကာင္း နဲ႔ နုိင္ငံ အသင္း တစ္သင္းကုိ နည္းျပဖုိ႔ကေတာ့ ေစာေနေသးေၾကာင္း မွတ္ ခ်က္ ေပး သြား ခဲ့ ပါ တယ္ ။

အာဆင္း က Canal Football Club နဲ႔ အင္တာဗ်ဴးမွာ ” ဗီအဲရာကုိ အာဆင္နယ္ အသင္း နည္းျပ အျဖစ္ တစ္ေန႔က်ရင္ ျမင္ေတြ႕ ခ်င္ ပါ တယ္ ။ သူ႔ အသက္အရြယ္ က နုိင္ငံ အသင္း တစ္သင္းကုိ နည္းျပ ဖုိ႔ အ တြက္ ငယ္ ေန ပါ ေသး တယ္ ။ ကလပ္ အသင္းေတြမွာ နည္းျပ ဘဝကုိ ျဖတ္သန္းျပီး စိတ္ရွည္ရွည္ နဲ႔ ပညာယူရမွာပါ ။ ”

” အသက္ ငယ္ငယ္ရြယ္ရြယ္ နဲ႔ပဲ နယူးေယာ့ခ္ အသင္းကုိ ကုိင္တြယ္ ခဲ့ပါတယ္ ၊ အခုေတာ့ နုိက္စ္ အသင္းမွာေပါ့ ။ သူ ပုိပုိျပီး ရင့္က်က္ တည္ျငိမ္လာဖုိ႔ ၊ ပေရာ္ဖက္ရွင္နယ္ ပီသဖုိ႔ သင္ယူ ရဦးမွာပါ ။ ”

” ဗီအဲရာ က ၾသဇာတိကၠမ နဲ႕ ျပည့္စုံ တဲ့ သူပါ ။ ရည္မြန္ျပီး ၾသဇာ အာဏာ ေညာင္းတဲ့ လူမ်ဳိး ပါ ။ နုိက္စ္ အသင္းမွာ အခက္အခဲ မ်ဳိးစုံ နဲ႔ သူ ၾကံဳ ေတြ႕ ခဲ့ ရ ေပ မယ့္ စိတ္ပ်က္ အားငယ္တဲ့ပုံ လုံး ဝ မေပါက္ပါဘူး ။ အခုလုိ နည္းျပေတြ ကပ္ဆုိက္ ေနတဲ့ အခ်ိန္မွာေတာင္မွေပါ့ ။ ” လုိ႔ ေျပာၾကား လုိက္ပါတယ္ ။

ဗီအဲရာ ဟာ သူ႔ရဲ႕ ပထမဦးဆုံး ရာသီမွာတင္ နုိက္စ္ အသင္းကုိ ျပင္သစ္လီဂူးမွာ ထိပ္ဆံုး ၁၀ သင္း စာရင္း ဝင္ေအာင္ စြမ္းေဆာင္ ေပးထားနုိင္ေပမယ့္ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း ျဖစ္သူ အြန္နရီ ကေတာ့ ရလဒ္ေတြ ဆုိးရြားမႈေၾကာင့္ မုိနာကုိ အသင္း နည္းျပ ရာထူးကေန ထုတ္ပယ္ ခံခဲ့ရပါတယ္ ။

SPORTS MYANMAR

Unicode

တပည့်ဟောင်းတစ်ဦးကို အာဆင်နယ် အသင်း နည်းပြ အဖြစ် မြင်တွေ့ ချင်ကြောင်း ဖွင့်ဟ ပြောကြားလိုက်တဲ့ #အာဆင်ဝင်းဂါး
=============================

အာဆင်နယ် အသင်းကို နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ နည်းပြခဲ့တဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က တစ်နေ့ တစ်ချိန်ကျရင် သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ပက်ထရစ် ဗီအဲရာ ကို အာဆင်နယ် အသင်း နည်းပြ အဖြစ် မြင်တွေ့ ချင် ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း ဗီအဲရာ ဟာ ကစားသမား ဘဝ က အနားယူချိန်မှာ မန်စီးတီး အကယ်ဒမီ နည်းပြ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် ဘောလုံး ကလပ် နယူးယော့ခ် စတီး အသင်းမှာ နည်းပြ ဘဝ ကို စတင် ခဲ့ပါတယ် ။

ဗီအဲရာ ဟာ ယခု လက်ရှိ အချိ်န်မှာတော့ ပြင်သစ် လီဂူး ကလပ် နိုက်စ် အသင်းကို ကိုင်တွယ် နေပြီး အမှတ်ပေး ဇယား အဆင့် ၈ နေရာမှာ ရပ်တည် နေနိုင်အောင် စွမ်းဆောင် ပေးထားပါတယ် ။ ဗီ အဲ ရာ ဟာ အာ ဆင် နယ် အ သင်း ၂၀၀၃-၂၀၀၄ ခု နှစ် တုန်း က ပ ရီး မီး ယား လိဂ် ဖ လား ကို တစ် ရာ သီ လုံး ရှုံး ပွဲ မ ရှိ စံ ချိန် နဲ့ ရ ရှိ တုန်း က အ သင်း ကို အ ဓိ က မောင်း နှင် ခဲ့ သူ တစ် ဦး ပါ ။

အာဆင်ဝင်းဂါး ကတော့ သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ဗီအဲရာကို အာဆင်နယ် အသင်း နည်းပြ အဖြစ် မြင်တွေ့ ချင် ကြောင်း နဲ့ နိုင်ငံ အသင်း တစ်သင်းကို နည်းပြဖို့ကတော့ စောနေသေးကြောင်း မှတ် ချက် ပေး သွား ခဲ့ ပါ တယ် ။

အာဆင်း က Canal Football Club နဲ့ အင်တာဗျူးမှာ ” ဗီအဲရာကို အာဆင်နယ် အသင်း နည်းပြ အဖြစ် တစ်နေ့ကျရင် မြင်တွေ့ ချင် ပါ တယ် ။ သူ့ အသက်အရွယ် က နိုင်ငံ အသင်း တစ်သင်းကို နည်းပြ ဖို့ အ တွက် ငယ် နေ ပါ သေး တယ် ။ ကလပ် အသင်းတွေမှာ နည်းပြ ဘဝကို ဖြတ်သန်းပြီး စိတ်ရှည်ရှည် နဲ့ ပညာယူရမှာပါ ။ ”

” အသက် ငယ်ငယ်ရွယ်ရွယ် နဲ့ပဲ နယူးယော့ခ် အသင်းကို ကိုင်တွယ် ခဲ့ပါတယ် ၊ အခုတော့ နိုက်စ် အသင်းမှာပေါ့ ။ သူ ပိုပိုပြီး ရင့်ကျက် တည်ငြိမ်လာဖို့ ၊ ပရော်ဖက်ရှင်နယ် ပီသဖို့ သင်ယူ ရဦးမှာပါ ။ ”

” ဗီအဲရာ က သြဇာတိက္ကမ နဲ့ ပြည့်စုံ တဲ့ သူပါ ။ ရည်မွန်ပြီး သြဇာ အာဏာ ညောင်းတဲ့ လူမျိုး ပါ ။ နိုက်စ် အသင်းမှာ အခက်အခဲ မျိုးစုံ နဲ့ သူ ကြုံ တွေ့ ခဲ့ ရ ပေ မယ့် စိတ်ပျက် အားငယ်တဲ့ပုံ လုံး ဝ မပေါက်ပါဘူး ။ အခုလို နည်းပြတွေ ကပ်ဆိုက် နေတဲ့ အချိန်မှာတောင်မှပေါ့ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဗီအဲရာ ဟာ သူ့ရဲ့ ပထမဦးဆုံး ရာသီမှာတင် နိုက်စ် အသင်းကို ပြင်သစ်လီဂူးမှာ ထိပ်ဆုံး ၁၀ သင်း စာရင်း ဝင်အောင် စွမ်းဆောင် ပေးထားနိုင်ပေမယ့် သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ အွန်နရီ ကတော့ ရလဒ်တွေ ဆိုးရွားမှုကြောင့် မိုနာကို အသင်း နည်းပြ ရာထူးကနေ ထုတ်ပယ် ခံခဲ့ရပါတယ် ။

SPORTS MYANMAR