ozil

Unicode

ဂန်းနား ကွင်းလယ်လူဟောင်း ရေးပါလာ က မန်ယူနိုက်တက် အသင်း နဲ့ ကစားဖို့ မန်ချက်စတာ ကို လိုက်ပါ သွားတဲ့ လူစာရင်းကနေ ချန်လှပ် ခံခဲ့ရတဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာဖွယ် ရှိနေကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

အိုဇေးလ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၂ ပွဲသာ ပါဝင် ကစားပေးထားရပြီး ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်းကို ၂၀၁၃ ခုနှစ်က ရီးရဲလ် မက်ဒရစ် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာသူလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အိုဇေးလ် ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူပါ ။

အိုဇေးလ် ဟာ ပြီးခဲ့တဲ့ရာသီကတည်းက နည်းပြ အူနိုင်း အမ်မရီ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့ဘဲ ၊ ပွဲထွက် လူစာရင်းမှာ ပါလိုက် မပါလိုက်ဘဲ နဲ့ တစ်ရာသီလုံးကို ဖြတ်သန်း ခဲ့ရပါတယ် ။ နည်းပြ အမ်မရီ ဟာ နည်းစနစ်ပိုင်း အရကော ၊ အိုဇေလ် ရဲ့ ကြံခိုင်မှု အရကော ပွဲထွက် လူစာရင်း ကနေ အိုဇေးလ် ကို မကြာခဏ ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ရေးပါလာ က မန်ယူနိုက်တက် နဲ့ ပွဲမှာ ချန်လှပ် ခံခဲ့ရတဲ့ အိုဇေးလ် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး talkSPORT မှာ ” ကျနော်တို့ အနေနဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်နေကြသလဲ ဆိုတာ မသိပါဘူး၊လေ့ကျင့်ရေးကွင်းမှာ အခြေအနေ ဘယ်လို ရှိသလဲ နဲ့ လေ့ကျင့်ရေး ကွင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်က ဘယ်လို ဖြစ်နေလဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။”

” အမ်မရီ အနေနဲ့ အိုဇေးလ် ဆီက တုန့်ပြန်မှု ကောင်းကောင်း မျှော်လင့်ထားပြီး ကစားသမားက မပေးနိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် အမ်မရီ က လူငယ် ကစားသမားတွေကိုပဲ အသုံးပြု နေတာ ဖြစ်မှာပါ ။ ”

” အိုဇေးလ် လို ကမ္ဘာ့ချန်ပီယံ တစ်ဦး ၊ အသင်းမှာ လစာ အများဆုံး ရနေတဲ့ ကစားသမား တစ်ဦးကို ချန်လှပ်ရဲတဲ့ အမ်မရီ ရဲ့ ဆုံးဖြတ်ချက် က ရဲတင်းလွန်းပါတယ် ၊ ဒါပေမယ့် မန်ယူနိုက်တက် နဲ့ ပွဲမှာ အူဘာမီယန်း ကို ထောက်ပံ့ပေးဖို့ အိုဇေးလ် လို ကစားသမားမျိုး လိုအပ်တာတော့ အမှန်ပါပဲ။”

” ဒါပေမယ့် အိုဇေးလ် ရဲ့ အနာဂတ် က အာဆင်နယ် အသင်းမှာ ဆက်ရှိမှာလား ဆိုတာ ကျနော် ကိုယ်တိုင်လည်း မပြောတတ်တော့ပါဘူး ။ ဒီရာသီက သူ့ရဲ့ နောက်ဆုံး ရာသီ ဖြစ်သွားနိုင်တယ်လို့ ကျနော် ထင်မြင် မိပါတယ် ။ ” လို့ သုံးသပ် သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

မန္ယူနိုက္တက္နဲ႔ ပြဲမွာ ခ်န္လွပ္ခံခဲ့ရတဲ့ အိုေဇးလ္ ရဲ့ အနာဂတ္နဲ႔ ပတ္သက္ၿပီး ခန႔္မွန္းမွု ျပဳလုပ္လိုက္တဲ့ ေရးပါလာ
==================================

ဂန္းနား ကြင္းလယ္လူေဟာင္း ေရးပါလာ က မန္ယူနိုက္တက္ အသင္း နဲ႔ ကစားဖို႔ မန္ခ်က္စတာ ကို လိုက္ပါ သြားတဲ့ လူစာရင္းကေန ခ်န္လွပ္ ခံခဲ့ရတဲ့ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းကေန ထြက္ခြာဖြယ္ ရွိေနေၾကာင္း သုံးသပ္ ေျပာၾကား လိုက္ပါတယ္ ။

အိုေဇးလ္ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ ၂ ပြဲသာ ပါဝင္ ကစားေပးထားရၿပီး ဝက္ဖိုဒ့္ အသင္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ နဲ႔ ေနာ္တင္ဟမ္ ေဖာရက္ အသင္း နဲ႔ ကာရာေဘာင္း ဖလားပြဲ ေတြမွာသာ ပြဲထြက္ ကစားခြင့္ ရထားပါတယ္ ။

အသက္ ၃၀ အရြယ္ ရွိၿပီ ျဖစ္တဲ့ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းကို ၂၀၁၃ ခုႏွစ္က ရီးရဲလ္ မက္ဒရစ္ အသင္းကေန ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၅၀ နဲ႔ ေရာက္ရွိ လာသူလည္း ျဖစ္ပါတယ္ ။ ဒါ့အျပင္ အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းက အာဆင္နယ္ အသင္းနဲ႔ သုံးႏွစ္ခြဲ စာခ်ဳပ္ သက္တမ္း တိုးထားၿပီး တစ္ပတ္ လစာ ေပါင္ ၃၅၀၀၀၀ အထိ ရရွိေနသူပါ ။

အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ရာသီကတည္းက နည္းၿပ အူနိုင္း အမ္မရီ လက္ထက္မွာ ပုံမွန္ ပြဲထြက္ခြင့္ မရခဲ့ဘဲ ၊ ပြဲထြက္ လူစာရင္းမွာ ပါလိုက္ မပါလိုက္ဘဲ နဲ႔ တစ္ရာသီလုံးကို ျဖတ္သန္း ခဲ့ရပါတယ္ ။ နည္းၿပ အမ္မရီ ဟာ နည္းစနစ္ပိုင္း အရေကာ ၊ အိုေဇလ္ ရဲ့ ႀကံခိုင္မွု အရေကာ ပြဲထြက္ လူစာရင္း ကေန အိုေဇးလ္ ကို မၾကာခဏ ခ်န္လွပ္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ ေဝဖန္မွု ေတြနဲ႔ ရင္ဆိုင္ ခဲ့ရပါတယ္ ။

ေရးပါလာ က မန္ယူနိုက္တက္ နဲ႔ ပြဲမွာ ခ်န္လွပ္ ခံခဲ့ရတဲ့ အိုေဇးလ္ ရဲ့ အနာဂတ္ နဲ႔ ပတ္သက္ၿပီး talkSPORT မွာ ” က်ေနာ္တို႔ အေနနဲ႔ ေနာက္ကြယ္မွာ ဘာေတြ ျဖစ္ေနၾကသလဲ ဆိုတာ မသိပါဘူး၊ေလ့က်င့္ေရးကြင္းမွာ အေျခအေန ဘယ္လို ရွိသလဲ နဲ႔ ေလ့က်င့္ေရး ကြင္းမွာ သူ႔ရဲ့ စြမ္းေဆာင္ရည္က ဘယ္လို ျဖစ္ေနလဲဆိုတာ က်ေနာ္တို႔ မသိနိုင္ပါဘူး။”

” အမ္မရီ အေနနဲ႔ အိုေဇးလ္ ဆီက တုန႔္ျပန္မွု ေကာင္းေကာင္း ေမၽွာ္လင့္ထားၿပီး ကစားသမားက မေပးနိုင္ေသးတာလည္း ျဖစ္နိုင္ပါတယ္။ဒါေၾကာင့္ အမ္မရီ က လူငယ္ ကစားသမားေတြကိုပဲ အသုံးျပဳ ေနတာ ျဖစ္မွာပါ ။ ”

” အိုေဇးလ္ လို ကမၻာ့ခ်န္ပီယံ တစ္ဦး ၊ အသင္းမွာ လစာ အမ်ားဆုံး ရေနတဲ့ ကစားသမား တစ္ဦးကို ခ်န္လွပ္ရဲတဲ့ အမ္မရီ ရဲ့ ဆုံးျဖတ္ခ်က္ က ရဲတင္းလြန္းပါတယ္ ၊ ဒါေပမယ့္ မန္ယူနိုက္တက္ နဲ႔ ပြဲမွာ အူဘာမီယန္း ကို ေထာက္ပံ့ေပးဖို႔ အိုေဇးလ္ လို ကစားသမားမ်ိဳး လိုအပ္တာေတာ့ အမွန္ပါပဲ။”

 

” ဒါေပမယ့္ အိုေဇးလ္ ရဲ့ အနာဂတ္ က အာဆင္နယ္ အသင္းမွာ ဆက္ရွိမွာလား ဆိုတာ က်ေနာ္ ကိုယ္တိုင္လည္း မေျပာတတ္ေတာ့ပါဘူး ။ ဒီရာသီက သူ႔ရဲ့ ေနာက္ဆုံး ရာသီ ျဖစ္သြားနိုင္တယ္လို႔ က်ေနာ္ ထင္ျမင္ မိပါတယ္ ။ ” လို႔ သုံးသပ္ သြားခဲ့ပါတယ္ ။

SPORTS MYANMAR