အာဆင်နယ် ဟာ လူငယ် ကစား သမားလေး ဆာ့ဂျ် ဂနာဘီ ကို ၂၀၁၆ ခုနှစ် တုန်းက ၀ါဒါဘရီမင် အသင်းထံ ပေါင် ၄.၅ သန်း နဲ့ ရောင်းထုတ် ခဲ့ ပါတယ် ။ ၃ နှစ် အကြာ မှာတော့ ဂနာဘီ ဟာ လန်ဒန် ကို ဘိုင်ယန်မြုးနစ် ကစား သမား အဖြစ် နဲ့ ပြန်ရောက် လာခဲ့ပြီး တော့တင်ဟမ် ဟော့စပါး အသင်း ဘက်ကို တစ်ယောက်တည်း ၄ ဂိုး သွင်းကာ ထူးရှယ် ခြေစွမ်းပြ သွားခဲ့ ပါတယ် ။ အာဆင်နယ် မှာ ရှိခဲ့စဉ် က ပွဲကစား ခွင့် မရရှိခဲ့ဘဲ ၀က်စ်ဘရွန်း ကို အငှားထွက် ကစားခဲ့ မှု ဟာလည်း အိပ်မက်ဆိုး တစ်ခုလို သာ ဖြစ်ခဲ့ရ ပါတယ် ။

ဘရီမင် မှာ ပုံစံ ကောင်းတွေ ပြသ နိုင်ခဲ့တဲ့ ဂနာဘီ ဟာ ၂၀၁၇ ရာသီ မှာတော့ ဘိုင်ယန်မြုးနစ် အသင်းဆီ ရောက်လာ ခဲ့ ပြီး ပထမဆုံး ရာသီ မှာ ဟော့ဖမ်ဟမ်း အသင်းထံ အငှား ထွက် ကစားခဲ့ ပါတယ် ။ အဆိုပါ ရာသီမှာ ဟော့ဖမ်ဟမ်း အတွက် ၁၁ ဂိုး သွင်းယူ ပေးခဲ့ကာ ပုံစံ ကောင်းတွေ ဆက်လက် ပြသ နိုင်ခဲ့ ပါတယ် ။ ဒါကြောင့် ယမန်နှစ် ရာသီ က စလို့ ဂနာဘီ ဟာ ဘိုင်ယန် မြုးနစ် မှာ ကစားခွင့် ရရှိလာခဲ့ ပြီး ရော်ဘင် ၊ ရီဘာရီ တို့ မကစားနိုင်ချိန် မှာ အခွင့် အရေးတွေ ပိုင်ဆိုင်နိုင် ခဲ့ ပါတယ် ။

အခု အချိန် မှာတော့ ဂနာဘီ ဟာ ဘိုင်ယန် မြုးနစ် အသင်းရဲ့ အားထားရတဲ့ တောင်ပံ ကစား သမား တစ်ဦး ဖြစ်နေ ခဲ့ကာ ဂျာမန် ကလပ် ရဲ့ အိပ်မက်တွေ ကို အကောင်အထည် ဖော်ပေးမယ့် အရေးပါသူ တစ်ဦး လည်း ဖြစ်လာခဲ့ ပါတယ် ။ အင်္ဂါနေ့ ညက ကစား ခဲ့တဲ့ ပွဲ အပြီး မှာတော့ ဂနာဘီ ရဲ့ အမည် ဟာ ဥရောပ သတင်းစာ တွေ မှာ နေရာယူ လာခဲ့ပြီး ပြင်သစ်သား လေး အပေါ် စိတ်ဝင်စားမှု တွေလည်း မြင့်တက် လာခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ လန်ဒန်မှာ ဆက်နေပြီး အောင်ပွဲ ခံခဲ့ ကာ ဂနာဘီ ကို အသင်းသား တွေ နဲ့ ၀န်ထမ်းတွေ က မတ်တပ်ရပ် ကာ လက်ခုပ်တီး ဂုဏ်ပြု ခဲ့ကြ ပါတယ် ။ ဒါ့အပြင် စပါး နဲ့ ပွဲ အပြီးမှာ တော့ ဂနာဘီ ဟာ အလွန် ကောင်းမွန်တဲ့ မှတ်တမ်း တစ်ခု ကိုလည်း ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

ဒါကတော့ ဂနာဘီ ဟာ ပြင်သစ် နာမည်ကျော် သတင်းစာ L’Equipe ရဲ့ Rating သတ်မှတ်ချက် အရ ၁၀ မှတ်ပြည့် ရရှိ ခဲ့ပြီး ဘောလုံး သမိုင်း တစ်လျောက် မှာ ဒီလို ရယူ နိုင်တဲ့ ၁၀ ဦး မြောက် ( ၁၁ ကြိမ် မြောက် ) ကစား သမား ဖြစ်လာ ခဲ့ ပါတယ် ။ ဒီလိုမျိုး မှတ်တမ်း ကောင်း ဟာ လက်ရှိ ဘောလုံး လောက ရဲ့ အအောင်မြင်ဆုံး ကစား သမား တစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ပင် ရယူ ထားနိုင် ခြင်း မရှိသေးတာ ကြောင့် ဂနာဘီ အတွက် ဂုဏ်ယူ စရာ ဖြစ်စေ ခဲ့ ပါတယ် ။

ရွှေဘောလုံး ဆု ကို ပေးအပ် ချီးမြှင့်တဲ့ L’Equipe သတင်းစာ ဟာ ဘောလုံးသမား တွေ ရဲ့ တစ်ပွဲချင်း စွမ်းဆောင်ရည် တွေ ကို အမြဲတမ်း အကဲဖြတ် အမှတ်ပေး နေခဲ့ပြီး ၁၉၈၈ ခုနှစ် က စတင်ကာ ယနေ့ အထိ ကစား သမား ၁၁ ဦး က အမြင့်ဆုံး Rating ဖြစ်တဲ့ ၁၀/၁၀ မှတ် အပြည့် ကို ၁၂ ကြိမ် ရယူနိုင် ခဲ့ ပါတယ် ။ ဒီ ဆယ်ဦး ထဲ မှာ ဘာစီလိုနာ တိုက်စစ်မှုး မက်ဆီ ကတော့ ၁၀/၁၀ Rating ကို ၂ ကြိမ် ရယူ နိုင်တဲ့ တစ်ဦးတည်းသော ကစား သမား အဖြစ် ရှိနေခဲ့ ပါတယ် ။

ဒီလို ကောင်းမွန်တဲ့ ဂုဏ်ယူ စရာ မှတ်တမ်း ကို မက်ဆီ ၊ နေမာ ၊ လီဝန်ဒေါ့စကီး တို့ လို နာမည်ကျော် ကစား သမားတွေ က ရရှိ ခဲ့ဖူး ပြီး ယမန်နှစ် ချန်ပီယံ လိဂ် တုန်းက လည်း တာဒစ် ( အိုင်ယက်စ် ) နဲ့ လူးကပ် မော်ရာ တို့ ဟာ ဒီလို ၁၀ မှတ်ပြည့် မှတ်တမ်း ကောင်း ကို ရရှိခဲ့ ပါတယ် ။

SPORTS MYANMAR

Zawgyi

ရိုနယ္ဒို ေတာင္မရခဲ့ဖူးေသးတဲ့ မွတ္တမ္းေကာင္းတစ္ခု ကို ရယူႏိုင္ခဲ့တဲ့ ဂနာဘီ

==========================================

အာဆင္နယ္ ဟာ လူငယ္ ကစား သမားေလး ဆာ့ဂ်္ ဂနာဘီ ကို ၂၀၁၆ ခုႏွစ္ တုန္းက ၀ါဒါဘရီမင္ အသင္းထံ ေပါင္ ၄.၅ သန္း နဲ႔ ေရာင္းထုတ္ ခဲ့ ပါတယ္ ။ ၃ ႏွစ္ အၾကာ မွာေတာ့ ဂနာဘီ ဟာ လန္ဒန္ ကို ဘုိင္ယန္ျမဳးနစ္ ကစား သမား အျဖစ္ နဲ႔ ျပန္ေရာက္ လာခဲ့ၿပီး ေတာ့တင္ဟမ္ ေဟာ့စပါး အသင္း ဘက္ကို တစ္ေယာက္တည္း ၄ ဂုိး သြင္းကာ ထူးရွယ္ ေျခစြမ္းျပ သြားခဲ့ ပါတယ္ ။ အာဆင္နယ္ မွာ ရွိခဲ့စဥ္ က ပြဲကစား ခြင့္ မရရွိခဲ့ဘဲ ၀က္စ္ဘရြန္း ကို အငွားထြက္ ကစားခဲ့ မႈ ဟာလည္း အိပ္မက္ဆိုး တစ္ခုလို သာ ျဖစ္ခဲ့ရ ပါတယ္ ။

ဘရီမင္ မွာ ပံုစံ ေကာင္းေတြ ျပသ ႏုိင္ခဲ့တဲ့ ဂနာဘီ ဟာ ၂၀၁၇ ရာသီ မွာေတာ့ ဘုိင္ယန္ျမဳးနစ္ အသင္းဆီ ေရာက္လာ ခဲ့ ၿပီး ပထမဆံုး ရာသီ မွာ ေဟာ့ဖမ္ဟမ္း အသင္းထံ အငွား ထြက္ ကစားခဲ့ ပါတယ္ ။ အဆိုပါ ရာသီမွာ ေဟာ့ဖမ္ဟမ္း အတြက္ ၁၁ ဂိုး သြင္းယူ ေပးခဲ့ကာ ပံုစံ ေကာင္းေတြ ဆက္လက္ ျပသ ႏုိင္ခဲ့ ပါတယ္ ။ ဒါေၾကာင့္ ယမန္ႏွစ္ ရာသီ က စလို႔ ဂနာဘီ ဟာ ဘုိင္ယန္ ျမဳးနစ္ မွာ ကစားခြင့္ ရရွိလာခဲ့ ၿပီး ေရာ္ဘင္ ၊ ရီဘာရီ တို႔ မကစားႏုိင္ခ်ိန္ မွာ အခြင့္ အေရးေတြ ပုိင္ဆုိင္ႏုိင္ ခဲ့ ပါတယ္ ။

အခု အခ်ိန္ မွာေတာ့ ဂနာဘီ ဟာ ဘုိင္ယန္ ျမဳးနစ္ အသင္းရဲ႕ အားထားရတဲ့ ေတာင္ပံ ကစား သမား တစ္ဦး ျဖစ္ေန ခဲ့ကာ ဂ်ာမန္ ကလပ္ ရဲ႕ အိပ္မက္ေတြ ကို အေကာင္အထည္ ေဖာ္ေပးမယ့္ အေရးပါသူ တစ္ဦး လည္း ျဖစ္လာခဲ့ ပါတယ္ ။ အဂၤါေန႔ ညက ကစား ခဲ့တဲ့ ပြဲ အၿပီး မွာေတာ့ ဂနာဘီ ရဲ႕ အမည္ ဟာ ဥေရာပ သတင္းစာ ေတြ မွာ ေနရာယူ လာခဲ့ၿပီး ျပင္သစ္သား ေလး အေပၚ စိတ္၀င္စားမႈ ေတြလည္း ျမင့္တက္ လာခဲ့ ပါတယ္ ။

ဘိုင္ယန္ ဟာ လန္ဒန္မွာ ဆက္ေနၿပီး ေအာင္ပြဲ ခံခဲ့ ကာ ဂနာဘီ ကို အသင္းသား ေတြ နဲ႔ ၀န္ထမ္းေတြ က မတ္တပ္ရပ္ ကာ လက္ခုပ္တီး ဂုဏ္ျပဳ ခဲ့ၾက ပါတယ္ ။ ဒါ့အျပင္ စပါး နဲ႔ ပြဲ အၿပီးမွာ ေတာ့ ဂနာဘီ ဟာ အလြန္ ေကာင္းမြန္တဲ့ မွတ္တမ္း တစ္ခု ကိုလည္း ပုိင္ဆုိင္ ႏုိင္ခဲ့ ပါတယ္ ။

ဒါကေတာ့ ဂနာဘီ ဟာ ျပင္သစ္ နာမည္ေက်ာ္ သတင္းစာ L’Equipe ရဲ႕ Rating သတ္မွတ္ခ်က္ အရ ၁၀ မွတ္ျပည့္ ရရွိ ခဲ့ၿပီး ေဘာလံုး သမိုင္း တစ္ေလ်ာက္ မွာ ဒီလို ရယူ ႏုိင္တဲ့ ၁၀ ဦး ေျမာက္ ( ၁၁ ႀကိမ္ ေျမာက္ ) ကစား သမား ျဖစ္လာ ခဲ့ ပါတယ္ ။ ဒီလိုမ်ဳိး မွတ္တမ္း ေကာင္း ဟာ လက္ရွိ ေဘာလံုး ေလာက ရဲ႕ အေအာင္ျမင္ဆံုး ကစား သမား တစ္ဦး ျဖစ္တဲ့ ခရစၥတီယာႏို ရိုနယ္ဒို ပင္ ရယူ ထားႏုိင္ ျခင္း မရွိေသးတာ ေၾကာင့္ ဂနာဘီ အတြက္ ဂုဏ္ယူ စရာ ျဖစ္ေစ ခဲ့ ပါတယ္ ။

ေရႊေဘာလံုး ဆု ကို ေပးအပ္ ခ်ီးျမွင့္တဲ့ L’Equipe သတင္းစာ ဟာ ေဘာလံုးသမား ေတြ ရဲ႕ တစ္ပြဲခ်င္း စြမ္းေဆာင္ရည္ ေတြ ကို အၿမဲတမ္း အကဲျဖတ္ အမွတ္ေပး ေနခဲ့ၿပီး ၁၉၈၈ ခုႏွစ္ က စတင္ကာ ယေန႔ အထိ ကစား သမား ၁၁ ဦး က အျမင့္ဆံုး Rating ျဖစ္တဲ့ ၁၀/၁၀ မွတ္ အျပည့္ ကို ၁၂ ႀကိမ္ ရယူႏုိင္ ခဲ့ ပါတယ္ ။ ဒီ ဆယ္ဦး ထဲ မွာ ဘာစီလုိနာ တိုက္စစ္မႈး မက္ဆီ ကေတာ့ ၁၀/၁၀ Rating ကို ၂ ႀကိမ္ ရယူ ႏုိင္တဲ့ တစ္ဦးတည္းေသာ ကစား သမား အျဖစ္ ရွိေနခဲ့ ပါတယ္ ။

ဒီလို ေကာင္းမြန္တဲ့ ဂုဏ္ယူ စရာ မွတ္တမ္း ကို မက္ဆီ ၊ ေနမာ ၊ လီ၀န္ေဒါ့စကီး တို႔ လို နာမည္ေက်ာ္ ကစား သမားေတြ က ရရွိ ခဲ့ဖူး ၿပီး ယမန္ႏွစ္ ခ်န္ပီယံ လိဂ္ တုန္းက လည္း တာဒစ္ ( အုိင္ယက္စ္ ) နဲ႔ လူးကပ္ ေမာ္ရာ တို႔ ဟာ ဒီလို ၁၀ မွတ္ျပည့္ မွတ္တမ္း ေကာင္း ကို ရရွိခဲ့ ပါတယ္ ။

SPORTS MYANMAR