အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ က မန်ချက်စတာယူနိုက်တက် အသင်း နဲ့ ပွဲမှာ တီယာနေး ၊ ဘယ်လာရင် တို့ကို အသုံးမပြု ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းလင်း ပြောကြား သွားခဲ့ပြီး အမ်းမရိတ်မှာ ကစားမယ့် စတန်းဒက်လိဂ် အသင်းနဲ့ ယူရိုပါလိဂ် အုပ်စု ပွဲမှာတော့ သူတို့နှစ်ဦးစလုံးကို ပွဲထွက် အသုံးပြုသွားမယ်လို့ အရိပ်အမြွက် ဆိုပါတယ် ။

အမ်မရီ က စတန်းဒက်လိဂ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပွဲမှာ တီယာနေး ကို ချန်လှပ် ခဲ့တာဟာ ဒဏ်ရာ ပြဿနာ အသေးစားလေး ရှိနေတာကြောင့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ မကစားခိုင်းခဲ့တာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် အမ်မရီ က ဘယ်လာရင် ဟာလည်း ယူ-၂၃ အသင်းနဲ့ ပွဲချိန်ပြည့် ကစားခဲ့တာကြောင့် မန်ယူနိုက်တက် နဲ့ ပွဲမှာ မကစားခိုင်း ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့်လည်း အမ်မရီ က ဒီကြားရက်မှာ ကစားမယ့် ယူရိုပါလိဂ် အုပ်စု ပွဲစဉ်မှာတော့ သူတို့ နှစ်ဦးစလုံးဟာ ပွဲထွက် ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောကြား လိုက်ပါတယ်။

အမ်မရီ က တီယာနေး နဲ့ ပတ်သက်ပြီး ” တီယာနေး ကို အချိန်ပေးဖို့ လိုအပ်ပါတယ် ၊ သူ့ကိုယ်သူ ယုံကြည်မှု ပိုရလာဖို့ လေ့ကျင့်ရေး ကော ပွဲကစားခွင့်ကော ပေးဖို့ လိုအပ် နေပါသေးတယ် ။ ကြာသပတေးနေ့ပွဲက သူ့အတွက် အခွင့်အရေးကောင်းတစ်ရပ်ပါပဲ ၊ အကြောင်းကတော့ သူ ကစားဖို့ အဆင်သင့် ဖြစ်နေပြီ မို့လို့ပါ ။ ”

” သူ့အနေနဲ့ ကစားခွင့် ရပြီး ယုံကြည်မှု တည်ဆောင်နိုင်မှာ ဖြစ်သလို ဘယ်လောက်အထိ တိုးတက်လာသလဲ ဆိုတာ သက်သေပြနိုင်တော့မှာပါ။မန်ချက်စတာ အသင်းနဲ့ ပွဲမှာ သူ မကစားနိုင်ခဲ့တာက ဒဏ်ရာ ပြဿနာ အသေးစား ရှိနေလို့ပါ ၊ အရေးတော့ မကြီးပါဘူး။ဒါပေမယ့် ဆရာဝန်က သူ့ကို မခေါ်သွားဘဲ မနက်ဖြန် ကစားမယ့် ပွဲအတွက် တစ်ယောက်တည်း လေ့ကျင့်ခိုင်းတာက ပိုကောင်းမယ်လို့ ပြောလို့ပါ။”

ဆက်လက်ပြီး အမ်မရီ က စတန်းဒက်လိဂ် အသင်းနဲ့ ပွဲမှာ ဘယ်လာရင် ပွဲထွက် ပါဝင် ကစားမှာလား ဆိုတာကို ” ဘယ်လာရင် က ဒဏ်ရာကြောင့် ကိုးလလောက် ကာလရှည်ကြာ အနားယူခဲ့ရတော့ ပြီးခဲ့တစ်ပတ်က ပွဲမှာ ၁၅ မိနစ်လောက် ကစားခွင့် ပေးဖို့ လိုအပ်မယ် ထင်လို့ ကစားခွင့် ပေးခဲ့တာပါ ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ဆဲလ်တစ် အသင်းကနေ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ တီယာနေး ဟာ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံးပွဲအဖြစ် နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

” နောက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားလာဖို့ ယူ-၂၃ အသင်း နဲ့ ကစားခိုင်းခဲ့ပါတယ်။ကွင်းထဲမှာ ပြန်ကစားရတာ ခံစားချက် ကောင်းမွန် နေလို့ပါ၊မနက်ဖြန်ကစားမယ့် ပွဲမှာ ပါဝင်မှာလားဆိုတာက ဒီနေ့လုပ်မယ့် လေ့ကျင့်ရေး အစီအစဉ်အပေါ် မူတည်ပါတယ်၊သူ့အနေနဲ့ ကစားဖို့ အဆင်ပြေတယ်ဆိုရင်တော့ ကစားခွင့် ပေးသွားမှာပါ ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

စတန္းဒက္လိဂ္ အသင္းနဲ႔ ပြဲမွာ ဘယ္လာရင္၊တီယာေနးတို႔ကို ပြဲထြက္ကစားခြင့္ ေပးသြားဖို႔ ရွိ၊မရွိ ေျပာၾကားလိုက္တဲ့ အမ္မရီ
==================================

အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ က မန္ခ်က္စတာယူနိုက္တက္ အသင္း နဲ႔ ပြဲမွာ တီယာေနး ၊ ဘယ္လာရင္ တို႔ကို အသုံးမျပဳ ခဲ့တဲ့ အေၾကာင္းအရင္းကို ရွင္းလင္း ေျပာၾကား သြားခဲ့ၿပီး အမ္းမရိတ္မွာ ကစားမယ့္ စတန္းဒက္လိဂ္ အသင္းနဲ႔ ယူရိုပါလိဂ္ အုပ္စု ပြဲမွာေတာ့ သူတို႔ႏွစ္ဦးစလုံးကို ပြဲထြက္ အသုံးျပဳသြားမယ္လို႔ အရိပ္အႁမြက္ ဆိုပါတယ္ ။

အမ္မရီ က စတန္းဒက္လိဂ္ အသင္းနဲ႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႔ ပြဲမွာ တီယာေနး ကို ခ်န္လွပ္ ခဲ့တာဟာ ဒဏ္ရာ ျပႆနာ အေသးစားေလး ရွိေနတာေၾကာင့္ ႀကိဳတင္ ကာကြယ္တဲ့ အေနနဲ႔ မကစားခိုင္းခဲ့တာ ျဖစ္ေၾကာင္း ရွင္းလင္း ေျပာၾကား သြားခဲ့ပါတယ္ ။

ဒါ့အျပင္ အမ္မရီ က ဘယ္လာရင္ ဟာလည္း ယူ-၂၃ အသင္းနဲ႔ ပြဲခ်ိန္ျပည့္ ကစားခဲ့တာေၾကာင့္ မန္ယူနိုက္တက္ နဲ႔ ပြဲမွာ မကစားခိုင္း ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္ ။ ဒါေပမယ့္လည္း အမ္မရီ က ဒီၾကားရက္မွာ ကစားမယ့္ ယူရိုပါလိဂ္ အုပ္စု ပြဲစဥ္မွာေတာ့ သူတို႔ ႏွစ္ဦးစလုံးဟာ ပြဲထြက္ ကစားဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ ေျပာၾကား လိုက္ပါတယ္။

အမ္မရီ က တီယာေနး နဲ႔ ပတ္သက္ၿပီး ” တီယာေနး ကို အခ်ိန္ေပးဖို႔ လိုအပ္ပါတယ္ ၊ သူ႔ကိုယ္သူ ယုံၾကည္မွု ပိုရလာဖို႔ ေလ့က်င့္ေရး ေကာ ပြဲကစားခြင့္ေကာ ေပးဖို႔ လိုအပ္ ေနပါေသးတယ္ ။ ၾကာသပေတးေန႔ပြဲက သူ႔အတြက္ အခြင့္အေရးေကာင္းတစ္ရပ္ပါပဲ ၊ အေၾကာင္းကေတာ့ သူ ကစားဖို႔ အဆင္သင့္ ျဖစ္ေနၿပီ မို႔လို႔ပါ ။ ”

” သူ႔အေနနဲ႔ ကစားခြင့္ ရၿပီး ယုံၾကည္မွု တည္ေဆာင္နိုင္မွာ ျဖစ္သလို ဘယ္ေလာက္အထိ တိုးတက္လာသလဲ ဆိုတာ သက္ေသျပနိုင္ေတာ့မွာပါ။မန္ခ်က္စတာ အသင္းနဲ႔ ပြဲမွာ သူ မကစားနိုင္ခဲ့တာက ဒဏ္ရာ ျပႆနာ အေသးစား ရွိေနလို႔ပါ ၊ အေရးေတာ့ မႀကီးပါဘူး။ဒါေပမယ့္ ဆရာဝန္က သူ႔ကို မေခၚသြားဘဲ မနက္ျဖန္ ကစားမယ့္ ပြဲအတြက္ တစ္ေယာက္တည္း ေလ့က်င့္ခိုင္းတာက ပိုေကာင္းမယ္လို႔ ေျပာလို႔ပါ။”

ဆက္လက္ၿပီး အမ္မရီ က စတန္းဒက္လိဂ္ အသင္းနဲ႔ ပြဲမွာ ဘယ္လာရင္ ပြဲထြက္ ပါဝင္ ကစားမွာလား ဆိုတာကို ” ဘယ္လာရင္ က ဒဏ္ရာေၾကာင့္ ကိုးလေလာက္ ကာလရွည္ၾကာ အနားယူခဲ့ရေတာ့ ၿပီးခဲ့တစ္ပတ္က ပြဲမွာ ၁၅ မိနစ္ေလာက္ ကစားခြင့္ ေပးဖို႔ လိုအပ္မယ္ ထင္လို႔ ကစားခြင့္ ေပးခဲ့တာပါ ။

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕တုန္းက ဆဲလ္တစ္ အသင္းကေန ေျပာင္းေရႊ႕ ေရာက္ရွိလာတဲ့ တီယာေနး ဟာ အာဆင္နယ္ ကစားသမား ဘဝ ပထမဆုံးပြဲအျဖစ္ ေနာ္တင္ဟမ္ ေဖာရက္စ္ အသင္း နဲ႔ ပြဲမွာ ပြဲထြက္ ကစားခြင့္ ရခဲ့ၿပီး ေျခစြမ္းၿပ ကစားနိုင္ခဲ့ပါတယ္။

” ေနာက္ေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မွု ျမင့္မားလာဖို႔ ယူ-၂၃ အသင္း နဲ႔ ကစားခိုင္းခဲ့ပါတယ္။ကြင္းထဲမွာ ျပန္ကစားရတာ ခံစားခ်က္ ေကာင္းမြန္ ေနလို႔ပါ၊မနက္ျဖန္ကစားမယ့္ ပြဲမွာ ပါဝင္မွာလားဆိုတာက ဒီေန႔လုပ္မယ့္ ေလ့က်င့္ေရး အစီအစဥ္အေပၚ မူတည္ပါတယ္၊သူ႔အေနနဲ႔ ကစားဖို႔ အဆင္ေျပတယ္ဆိုရင္ေတာ့ ကစားခြင့္ ေပးသြားမွာပါ ။ ” လို႔ ေျဖၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR