ခ်ဲလ္ဆီး အသင္း ရဲ႕ လူငယ္ ေတာင္ပံ ကစား သမားေလး ဟတ္ဆန္ အိုဒြဳိင္း ဟာ လာမယ့္ ရက္ အနည္းငယ္ အတြင္း သူ႔ရဲ႕ ဖေနာင့္ေၾကာ ဒဏ္ရာ ကို ခြဲစိတ္ ကုသ ေတာ့မယ္ လို႔ ၾကားသိရ ပါတယ္ ။ ခ်ဲလ္ဆီး ကလည္း ဟတ္ဆန္ အိုဒြဳိင္း ကို စာခ်ဳပ္ သစ္ ခ်ဳပ္ဆုိ ႏုိင္ဖို႔ အတြက္ လုပ္ေဆာင္ သြားမယ္ လို႔ ၾကားသိရ ပါတယ္ ။

ရီးရဲ မက္ဒရစ္ ေတာင္ပံ ကစား သမား ဂါရတ္ ေဘးလ္ ဟာ အသင္း မွာ ဆက္လက္ ရွိေန မွာ ျဖစ္ေၾကာင္း ေအးဂ်င့္ က အသင္း တာ၀န္ ရွိသူေတြ နဲ႔ ေတြ႕ဆံု ေဆြးေႏြး အၿပီး မွာ အတည္ျပဳ ေျပာဆို သြားခဲ့ ပါတယ္ ။ ဒါေပမယ့္ ေဘးလ္ ဟာ ေတာင္ပံ ကစား သမား သစ္ေတြ အတြက္ လမ္းဖြင့္ ေပးဖို႔ ယခင္ ကစား ခဲ့ဖူးတဲ့ ေနာက္ခံလူ ေနရာ ကို ျပန္ ဆင္း ကစား ဖြယ္ ရွိေနတယ္ လို႔ လည္း သိရ ပါတယ္ ။

ဖရန္႔ဖြတ္ ဟာ ဘင္ဖီကာ က ေန အၿပီးသတ္ ေခၚယူ ထားတဲ့ တုိက္စစ္မႈး လူကာ ဂ်ဳိဗစ္ ကို ယူရို သန္း ၈၀ ေစ်း သတ္မွတ္ ထားတယ္ လို႔ သိရ ပါတယ္ ။ လက္တေလာ မွာေတာ့ ဂ်ဳိဗစ္ ကို ရီးးရဲ မက္ဒရစ္ နဲ႔ ဘာစီလုိနာ တို႔ က ေစာင့္ၾကည့္ ေနၾက ပါတယ္ ။

မန္စီးတီး ကြင္းလယ္လူ ကီဗင္ ဒီဘရုိင္း ကေတာ့ ဒဏ္ရာ ကေန အခ်ိန္ မီ သက္သာလာ မွာ မဟုတ္ဘဲ မနက္ျဖန္ ကစားမယ့္ မန္ခ်က္စတာ ဒါဘီ ကို လြဲေခ်ာ္ မယ္ လို႔ သိရွိရ ပါတယ္ ။

ဘာစီလုိနာ ကေန ထြက္ခြာ ၿပီး ဗစ္ဆယ္ ကိုေဘး အသင္း မွာ ကစား ေနတဲ့ စပိန္ ကြင္းလယ္လူ ေဟာင္း အင္နီေယစတာ ဟာ အသင္း ရဲ႕ ကပၸတိန္ သစ္ အျဖစ္ ပိုေဒ့ါစကီး ရဲ႕ ေနရာ ကို ရယူ လုိက္ႏုိင္ တယ္ လို႔ သိရ ပါတယ္ ။

ဘုိင္ယန္ ျမဳးနစ္ အသင္း ကေတာ့ အာဆင္နယ္ တို႔ ပစ္မွတ္ ထား ေနတဲ့ PSG ကြင္းလယ္လူ အန္ကြန္ကူ ကို ေခၚယူ ဖုိ႔ စိတ္၀င္ စား ေနတယ္ လို႔ ၾကားသိရ ပါတယ္ ။

PSG အသင္း ကေတာ့ တိုက္စစ္မႈး ကာဗာနီ ရဲ႕ ေနရာကို အစားထိုး ဖို႔ အတြက္ အင္တာ မီလန္ တုိက္စစ္မႈး အီကာဒီ ကို ယူရို သန္း ၇၀ ၀န္းက်င္ ျဖင့္ ကမ္းလွမ္း ဖို႔ အဆင္သင့္ ရွိေနတယ္ လို႔ သိရ ပါတယ္ ။

အသက္လက္တီကို မက္ဒရစ္ အသင္း ဟာ လီဗာပူး ကေန အငွားထြက္ ကစား ေနတဲ့ ကြင္းလယ္လူ မာကို ဂရူဂ်စ္ ကို ၀ယ္ယူ လုိတယ္ လို႔ သတင္း ၾကားသိ ရ ပါတယ္ ။

ရုိးမား တုိက္စစ္မႈး ဇစ္ကို ဟာ ၀က္စ္ဟမ္း ရဲ႕ ကမ္းလွမ္း မႈ ကုိ ပယ္ခ် ထားၿပီး အီကာဒီ ထြက္ခြာ ဖို႔ ရွိေနတဲ့ အင္တာမီလန္ အသင္း ကို ေျပာင္းေရႊ႕ ဖို႔ စိတ္အား ထက္သန္ ေနတယ္ လို႔ သိရ ပါတယ္ ။

စပါး ကြင္းလယ္လူ အဲရစ္ ဒိုင္ယာ ဟာ အုိင္ယက္စ္ နဲ႔ ကစားမယ့္ ခ်န္ပီယံ လိဂ္ ဆီမီး ဖုိင္နယ္ ပြဲ အမီ ႀကံ႕ခိုင္ လာခဲ့ၿပီ လုိ႔ ပုိခ်က္တီႏို က သတင္း ေကာင္း ေျပာဆို သြားခဲ့ ပါတ္ယ ။

ဂ်ဳဗင္တပ္ အသင္း ကေတာ့ ေျခစြမ္းျပ ေနတဲ့ တုိက္စစ္မႈး ေလး မြဳိက္စ္ ကိန္း ကို ၂၀၂၄ ခုႏွစ္ အထိ စာခ်ဳပ္ သက္တမ္းတိုး ခ်ဳပ္ဆို ဖုိ႔ စီစဥ္ ေနတယ္ လို႔ သတင္း ၾကားသိရ ပါတယ္ ။

SPORTS MYANMAR

Unicode

အိုဒွိုင်း ရဲ့ ဒဏ်ရာ ၊ နောက်တန်းလူ ဖြစ်လာနိုင်တဲ့ ဘေးလ် နဲ့ . . . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

=================================================

ချဲလ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစား သမားလေး ဟတ်ဆန် အိုဒွိုင်း ဟာ လာမယ့် ရက် အနည်းငယ် အတွင်း သူ့ရဲ့ ဖနောင့်ကြော ဒဏ်ရာ ကို ခွဲစိတ် ကုသ တော့မယ် လို့ ကြားသိရ ပါတယ် ။ ချဲလ်ဆီး ကလည်း ဟတ်ဆန် အိုဒွိုင်း ကို စာချုပ် သစ် ချုပ်ဆို နိုင်ဖို့ အတွက် လုပ်ဆောင် သွားမယ် လို့ ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် တောင်ပံ ကစား သမား ဂါရတ် ဘေးလ် ဟာ အသင်း မှာ ဆက်လက် ရှိနေ မှာ ဖြစ်ကြောင်း အေးဂျင့် က အသင်း တာဝန် ရှိသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေး အပြီး မှာ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။ ဒါပေမယ့် ဘေးလ် ဟာ တောင်ပံ ကစား သမား သစ်တွေ အတွက် လမ်းဖွင့် ပေးဖို့ ယခင် ကစား ခဲ့ဖူးတဲ့ နောက်ခံလူ နေရာ ကို ပြန် ဆင်း ကစား ဖွယ် ရှိနေတယ် လို့ လည်း သိရ ပါတယ် ။

ဖရန့်ဖွတ် ဟာ ဘင်ဖီကာ က နေ အပြီးသတ် ခေါ်ယူ ထားတဲ့ တိုက်စစ်မှုး လူကာ ဂျိုဗစ် ကို ယူရို သန်း ၈၀ စျေး သတ်မှတ် ထားတယ် လို့ သိရ ပါတယ် ။ လက်တလော မှာတော့ ဂျိုဗစ် ကို ရီးးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ တို့ က စောင့်ကြည့် နေကြ ပါတယ် ။

မန်စီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရိုင်း ကတော့ ဒဏ်ရာ ကနေ အချိန် မီ သက်သာလာ မှာ မဟုတ်ဘဲ မနက်ဖြန် ကစားမယ့် မန်ချက်စတာ ဒါဘီ ကို လွဲချော် မယ် လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ ကနေ ထွက်ခွာ ပြီး ဗစ်ဆယ် ကိုဘေး အသင်း မှာ ကစား နေတဲ့ စပိန် ကွင်းလယ်လူ ဟောင်း အင်နီယေစတာ ဟာ အသင်း ရဲ့ ကပ္ပတိန် သစ် အဖြစ် ပိုဒေ့ါစကီး ရဲ့ နေရာ ကို ရယူ လိုက်နိုင် တယ် လို့ သိရ ပါတယ် ။

ဘိုင်ယန် မြုးနစ် အသင်း ကတော့ အာဆင်နယ် တို့ ပစ်မှတ် ထား နေတဲ့ PSG ကွင်းလယ်လူ အန်ကွန်ကူ ကို ခေါ်ယူ ဖို့ စိတ်ဝင် စား နေတယ် လို့ ကြားသိရ ပါတယ် ။

PSG အသင်း ကတော့ တိုက်စစ်မှုး ကာဗာနီ ရဲ့ နေရာကို အစားထိုး ဖို့ အတွက် အင်တာ မီလန် တိုက်စစ်မှုး အီကာဒီ ကို ယူရို သန်း ရ၀ ၀န်းကျင် ဖြင့် ကမ်းလှမ်း ဖို့ အဆင်သင့် ရှိနေတယ် လို့ သိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် အသင်း ဟာ လီဗာပူး ကနေ အငှားထွက် ကစား နေတဲ့ ကွင်းလယ်လူ မာကို ဂရူဂျစ် ကို ၀ယ်ယူ လိုတယ် လို့ သတင်း ကြားသိ ရ ပါတယ် ။

ရိုးမား တိုက်စစ်မှုး ဇစ်ကို ဟာ ၀က်စ်ဟမ်း ရဲ့ ကမ်းလှမ်း မှု ကို ပယ်ချ ထားပြီး အီကာဒီ ထွက်ခွာ ဖို့ ရှိနေတဲ့ အင်တာမီလန် အသင်း ကို ပြောင်းရွှေ့ ဖို့ စိတ်အား ထက်သန် နေတယ် လို့ သိရ ပါတယ် ။

စပါး ကွင်းလယ်လူ အဲရစ် ဒိုင်ယာ ဟာ အိုင်ယက်စ် နဲ့ ကစားမယ့် ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ပွဲ အမီ ကြံ့ခိုင် လာခဲ့ပြီ လို့ ပိုချက်တီနို က သတင်း ကောင်း ပြောဆို သွားခဲ့ ပါတ်ယ ။

ဂျုဗင်တပ် အသင်း ကတော့ ခြေစွမ်းပြ နေတဲ့ တိုက်စစ်မှုး လေး မွိုက်စ် ကိန်း ကို ၂၀၂၄ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို ဖို့ စီစဉ် နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR