Unicode

ယနေ့ မနက် က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၂ ရဲ့ ပွဲစဉ် တပွဲ ဖြစ်တဲ့ Group H ရဲ့ လိုင်လီ အသင်း နဲ့ ချယ်လ်ဆီး အသင်း တို့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ ချယ်လ်ဆီး အသင်း ဟာ တမ်မီ အေဘရာဟမ် ၊ ဝီလီယံ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ၁ – ၂ ရလဒ် နဲ့ ခက်ခက်ခဲခဲ အနိုင် ၃မှတ် ကို စတင် ယူဆောင် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဒါဟာ လမ်းပတ် ရဲ့ နည်းပြ ဘဝ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲလည်း ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှ ၂ဖက် အသင်းသား တွေရဲ့ စွမ်းဆောင်ရည် တွေကို အခုလိုပဲ အကဲဖြတ် သုံးသပ် ထားပေးပါတယ် ။

chelsea

ချယ်လ်ဆီး

ဂိုးသမား – ကီပါ ( Rating – 6 )

ကီပါ ဟာ ယနေ့ မနက် က ပွဲမှာ ပေးဂိုး တဂိုး ခွင့်ပြု ခဲ့ရတယ် ဆိုပေမယ့် အရေးပါတဲ့ ကာကွယ်မှု တချို့ နဲ့ တားဆီးမှု တချို့ ကို အကောင်းဆုံး ပြုလုပ် ပေးခဲ့ပါတယ် ။

chelsea

ခံစစ်မှူး – အက်ဇ်ပီလီကွီတာ ( Rating – 7 ) ၊ ကတ်ဇူးမား ၊ တိုမိုရီ ( Rating – 6 )

ပုံစံ ၂မျိုး ပြောင်းကစား ခဲ့ရတဲ့ အက်ဇ်ပီလီကွီတာ ဟာ ယနေ့ မနက် က ပွဲမှာ အမှား နည်းခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ပထမပိုင်း မှာ ခံစစ်မှူး အနေနဲ့ ကစားပေး ခဲ့ပြီး ဒုတိယပိုင်း အိုဒွိုင်း ဝင်ရောက် လာတဲ့ အချိန် မှာ ညာအစွန် ခံစစ် ကို အက်ဇ်ပီလီကွီတာ အကောင်းဆုံး နိုင်နိုင်နင်းနင်း နဲ့ ကစား ပေးနိုင်ခဲ့ပါတယ် ။

ဇူးမား ကတော့ ယနေ့ မနက် က ပွဲမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တချို့ ကို ပြုလုပ်ခဲ့ပြီး ထောင့်ကန်ဘော က ပေးဂိုး ခွင့်ပြုလိုက်ရတဲ့ အနေအထား မှာလည်း ပြိုင်ဖက် တိုက်စစ်မှူး အိုဆင်ဟမ် ကို ရှေ့က ကြိုကာပြီး ခေါင်းတိုက် ဖျက်ထုတ်ဖို့ ကြိုးစား ခဲ့ပေမယ့် အရာမထင် ခဲ့ရပါဘူး ။

တိုမိုရီ ကတော့ အေဘရာဟမ် ရဲ့ အဖွင့်ဂိုး အတွက် ဖန်တီးမှု ပြုလုပ် ပေးခဲ့သလို ၊ ကောင်းမွန် တဲ့ တားဆီးမှု တချို့ ကို လုပ်ဆောင် နိုင်ခဲ့ပေမယ့် တချက် တချက် မှားယွင်းတဲ့ နောက်ပြန်ပေးမှု တွေကြောင့် ချယ်လ်ဆီး အသင်း ဒုက္ခ ရောက်ခါနီး အနေအထား တွေကို ကြုံတွေ့ ခဲ့ရပါယ် ။

Wing-backs – ရိစ်ဂျိမ်းစ် ၊ မားကို့စ် အလွန်ဆို ( Rating – 7 )

ပထမဆုံး ချန်ပီယံလိဂ် အဖွင့် ပွဲထွက်ခွင့် ကို ရရှိခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် လူငယ် နောက်ခံလူ ရိစ်ဂျိမ်းစ် ရဲ့ ကစားပုံ က အလားအလာ ကောင်းပေမယ့် အတွေ့အကြံု နည်းပါးခြင်း က သူ့ရဲ့ စွမ်းဆောင်ရည် တွေကိုပါ ကျဆင်း စေခဲ့ပါတယ် ။ ကောင်းမွန်တဲ့ ဖြတ်တင်ဘော တချို့ ကို ပြုလုပ် ပေးနိုင်ခဲ့ပေမယ့် လိုအပ်ချက် များစွာ ရှိနေဆဲ ဖြစ်ပါတယ် ။

chelsea

အလွန်ဆို ကတော့ အဓိက ဘယ်နောက်ခံလူ အီမာဆင် ဒဏ်ရာကြောင့် နားနေရလို့ ပွဲထွက်ခွင့် ရနေတယ် ဆိုပေမယ့် သူ့ အလုပ်သူ အကောင်းဆုံး လုပ်ဆောင် နေခဲ့ပါတယ် ။ ယနေ့ မနက် က ပွဲမှာ ၄င်းရဲ့ တိုက်စစ် အတွက် ပံ့ပိုးမှု တွေက အတော်လေး အားရစရာ ကောင်းခဲ့ပါတယ် ။

chelsea

ကွင်းလယ် – အန်ဂိုလို ကန်တေ ၊ ဂျော်ဂျင်ဟို ( Rating – 7 )

ကန်တေ ဟာ ယနေ့ မနက် ပွဲစဉ် မှာ ခါတိုင်းလောက် တော့ ပြင်းပြင်းထန်ထန် မကစား နေခဲ့တာကို တွေ့ခဲ့ ရပါတယ် ။ သူ့ရဲ့ ကြံ့ခိုင်မှု မပြည့်ဝခြင်း က အဓိက ဖြစ်ခဲ့ပေမယ့် အတတ်နိုင်ဆုံး တော့ ပြိုင်ဖက် အသင်း ရဲ့ တန်ပြန် တိုက်စစ် တွေကို ကြိုးစား တားဆီး ခဲ့ပါတယ် ။

ဂျော်ဂျင်ဟို ကတော့ တပွဲထက် တပွဲ ပိုကောင်းတဲ့ ကစားပုံ တွေ ၊ ပေးပို့မှု တွေ ဆက်လက် ပြုလုပ် ထားနေဆဲ ဖြစ်ပါတယ် ။ လမ်းပတ် လက်အောက် မှာ သူ့ရဲ့ အဝေးဘော ပေးပို့မှု တွေ အတော်လေး တိုးတက်လာပြီး ယနေ့ မနက် က ပွဲမှာလည်း အဝေးဘော ကနေ တဆင့် ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် လမ်းကြောင်း ကို စတင် ခဲ့တာ ကို တွေ့ခဲ့ရပါတယ် ။ ဒါ့အပြင် ပထမပိုင်း ပြီးခါနီးမှာ သူ့ရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့လို့ နစ်နာ ခဲ့ရပါတယ် ။

တိုက်စစ် – ဝီလီယံ ( Rating – 7 ) ၊ အေဘရာဟမ် ( Rating – 8 ) ၊ မေဆင်မောင့် ( Rating – 6 )

အသင်း အတွက် အနိုင်ဂိုး သွင်းယူ ပေးခဲ့တဲ့ ဝီလီယံ ဟာ တပွဲလုံး ညံ့ဖျင်းခဲ့သမျှ လှပတဲ့ မြေထောက် ကန်ချက် နဲ့ အတူ ချယ်လ်ဆီး အသင်း ကို ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ရစေခဲ့ပါတယ် ။ သို့ပေမယ့် လည်း ဘောလုံးကိုင် ကစားတာ အချိန် အရမ်း ကြာလွန်းတာကြောင့် လမ်းပတ် ရဲ့ မြန်နှုန်းမြင့် ကစားဟန် ထဲမှာ အံဝင်ဖို့ လိုအပ်ချက် ရှိနေဆဲ ဖြစ်ပါတယ် ။

chelsea

လိုင်လီ နဲ့ ပွဲက မေဆင်မောင့် ရဲ့ ခြေစွမ်း ကတော့ သာမန် လို့ပဲ ပြောရမှာပါ ။ ပုံမှန် အတိုင်း တိုက်စစ် အတွက် ပံ့ပိုးမှု တချို့ ပြုလုပ် ခဲ့တယ် ၊ အေဘရာဟမ် နဲ့ ချိတ်ဆက် ကစားခဲ့ပါတယ် ။ အကောင်းဆုံး ကြိုးစားမှု တခု က ဝီလီယံ ရဲ့ ပေးပို့မှု ကို အဆုံးသတ် ခဲ့ရာမှာ ပြိုင်ဖက် ဂိုးသမား မိုက်ဂနန် ကာကွယ် သွားနိုင်ခဲ့တဲ့ တကြိမ် ပါပဲ ။

chelsea

တမ်မီ အေဘရာဟမ် အတွက် ကတော့ အသက် ၂၂ နှစ်ပြည့် မွေးနေ့ မှာ အခုလို ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုး ရရှိလိုက်လို့ အပျော်ကြီး ပျော်နေမှာ ဖြစ်သလို ၊ တကယ့် အမှတ်တရကောင်း လည်း ဖြစ်စေမှာပါ ။ အမြင့်ဘော ထိန်းသိမ်းပုံ ပိုပြီး ကောင်းမွန် လာသလို ၊ ပြိုင်ဖက် ရဲ့ ခံစစ် ကိုလည်း အချိန်ပြည့် ဒုက္ခ ပေးနိုင်ခဲ့တဲ့ အေဘရာဟမ် ဟာ ယနေ့ မနက် က ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ် ။

chelsea

လိုင်လီ အသင်းသား တွေရဲ့ စွမ်းဆောင်ရည်များ

ဂိုးသမား – မိုက်ဂနန် ( Rating – 6 )
နောက်တန်း – ဆီလစ် ၊ ဂါဘရီရယ် ၊ မက်ဒါဗာ ( Rating – 6 ) ၊ ဖွန်တီ ( Rating – 7 )
ကွင်းလယ် – အီကိုနီ ၊ အန်ဒရေ ( Rating – 7 ) ၊ ဆိုမာရီ ( Rating – 6 )
တိုက်စစ် – ဘမ်ဘာ ၊ အရူဂျို ၊ အိုဆင်ဟမ် ( Rating – 7 )

SPORTS MYANMAR

Zawgyi

ဖရန္႕ လမ္းပတ္ ရဲ႕ နည္းျပ ဘဝ ပထမဆံုး ခ်န္ပီယံလိဂ္ ႏိုင္ပြဲ ျဖစ္ခဲ့တဲ့ လိုင္လီ ၁ – ၂ ခ်ယ္လ္ဆီး ပြဲစဥ္ မွ ၂ဖက္ အသင္းသား ေတြရဲ႕ စြမ္းေဆာင္ရည္မ်ား ( Players’ Ratings )

ယေန႕ မနက္ က ကစား သြားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္ ၂ ရဲ႕ ပြဲစဥ္ တပြဲ ျဖစ္တဲ့ Group H ရဲ႕ လိုင္လီ အသင္း နဲ႕ ခ်ယ္လ္ဆီး အသင္း တို႕ ထိပ္တိုက္ ေတြ႕ဆံုခဲ့ရာ ခ်ယ္လ္ဆီး အသင္း ဟာ တမ္မီ ေအဘရာဟမ္ ၊ ဝီလီယံ တို႕ရဲ႕ သြင္းဂိုး ေတြနဲ႕ အတူ ၁ – ၂ ရလဒ္ နဲ႕ ခက္ခက္ခဲခဲ အႏိုင္ ၃မွတ္ ကို စတင္ ယူေဆာင္ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။ ဒါဟာ လမ္းပတ္ ရဲ႕ နည္းျပ ဘဝ ပထမဆံုး ခ်န္ပီယံလိဂ္ ႏိုင္ပြဲလည္း ျဖစ္ပါတယ္ ။ ထို ပြဲစဥ္ မွ ၂ဖက္ အသင္းသား ေတြရဲ႕ စြမ္းေဆာင္ရည္ ေတြကို အခုလိုပဲ အကဲျဖတ္ သံုးသပ္ ထားေပးပါတယ္ ။

ခ်ယ္လ္ဆီး

ဂိုးသမား – ကီပါ ( Rating – 6 )

ကီပါ ဟာ ယေန႕ မနက္ က ပြဲမွာ ေပးဂိုး တဂိုး ခြင့္ျပဳ ခဲ့ရတယ္ ဆိုေပမယ့္ အေရးပါတဲ့ ကာကြယ္မႈ တခ်ိဳ႕ နဲ႕ တားဆီးမႈ တခ်ိဳ႕ ကို အေကာင္းဆံုး ျပဳလုပ္ ေပးခဲ့ပါတယ္ ။

ခံစစ္မွဴး – အက္ဇ္ပီလီကြီတာ ( Rating – 7 ) ၊ ကတ္ဇူးမား ၊ တိုမိုရီ ( Rating – 6 )

ပံုစံ ၂မ်ိဳး ေျပာင္းကစား ခဲ့ရတဲ့ အက္ဇ္ပီလီကြီတာ ဟာ ယေန႕ မနက္ က ပြဲမွာ အမွား နည္းခဲ့တယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ပထမပိုင္း မွာ ခံစစ္မွဴး အေနနဲ႕ ကစားေပး ခဲ့ျပီး ဒုတိယပိုင္း အိုဒိြဳင္း ဝင္ေရာက္ လာတဲ့ အခ်ိန္ မွာ ညာအစြန္ ခံစစ္ ကို အက္ဇ္ပီလီကြီတာ အေကာင္းဆံုး ႏိုင္ႏိုင္နင္းနင္း နဲ႕ ကစား ေပးႏိုင္ခဲ့ပါတယ္ ။

ဇူးမား ကေတာ့ ယေန႕ မနက္ က ပြဲမွာ မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ တခ်ိဳ႕ ကို ျပဳလုပ္ခဲ့ျပီး ေထာင့္ကန္ေဘာ က ေပးဂိုး ခြင့္ျပဳလိုက္ရတဲ့ အေနအထား မွာလည္း ျပိဳင္ဖက္ တိုက္စစ္မွဴး အိုဆင္ဟမ္ ကို ေရွ႕က ၾကိဳကာျပီး ေခါင္းတိုက္ ဖ်က္ထုတ္ဖို႕ ၾကိဳးစား ခဲ့ေပမယ့္ အရာမထင္ ခဲ့ရပါဘူး ။

တိုမိုရီ ကေတာ့ ေအဘရာဟမ္ ရဲ႕ အဖြင့္ဂိုး အတြက္ ဖန္တီးမႈ ျပဳလုပ္ ေပးခဲ့သလို ၊ ေကာင္းမြန္ တဲ့ တားဆီးမႈ တခ်ိဳ႕ ကို လုပ္ေဆာင္ ႏိုင္ခဲ့ေပမယ့္ တခ်က္ တခ်က္ မွားယြင္းတဲ့ ေနာက္ျပန္ေပးမႈ ေတြေၾကာင့္ ခ်ယ္လ္ဆီး အသင္း ဒုကၡ ေရာက္ခါနီး အေနအထား ေတြကို ၾကံဳေတြ႕ ခဲ့ရပါယ္ ။

Wing-backs – ရိစ္ဂ်ိမ္းစ္ ၊ မားကို႕စ္ အလြန္ဆို ( Rating – 7 )

ပထမဆံုး ခ်န္ပီယံလိဂ္ အဖြင့္ ပြဲထြက္ခြင့္ ကို ရရွိခဲ့တဲ့ အသက္ ၁၉ ႏွစ္ အရြယ္ လူငယ္ ေနာက္ခံလူ ရိစ္ဂ်ိမ္းစ္ ရဲ႕ ကစားပံု က အလားအလာ ေကာင္းေပမယ့္ အေတြ႕အၾကံဳ နည္းပါးျခင္း က သူ႕ရဲ႕ စြမ္းေဆာင္ရည္ ေတြကိုပါ က်ဆင္း ေစခဲ့ပါတယ္ ။ ေကာင္းမြန္တဲ့ ျဖတ္တင္ေဘာ တခ်ိဳ႕ ကို ျပဳလုပ္ ေပးႏိုင္ခဲ့ေပမယ့္ လိုအပ္ခ်က္ မ်ားစြာ ရွိေနဆဲ ျဖစ္ပါတယ္ ။

အလြန္ဆို ကေတာ့ အဓိက ဘယ္ေနာက္ခံလူ အီမာဆင္ ဒဏ္ရာေၾကာင့္ နားေနရလို႕ ပြဲထြက္ခြင့္ ရေနတယ္ ဆိုေပမယ့္ သူ႔ အလုပ္သူ အေကာင္းဆံုး လုပ္ေဆာင္ ေနခဲ့ပါတယ္ ။ ယေန႕ မနက္ က ပြဲမွာ ၄င္းရဲ႕ တိုက္စစ္ အတြက္ ပံ့ပိုးမႈ ေတြက အေတာ္ေလး အားရစရာ ေကာင္းခဲ့ပါတယ္ ။

ကြင္းလယ္ – အန္ဂိုလို ကန္ေတ ၊ ေဂ်ာ္ဂ်င္ဟို ( Rating – 7 )

ကန္ေတ ဟာ ယေန႕ မနက္ ပြဲစဥ္ မွာ ခါတိုင္းေလာက္ ေတာ့ ျပင္းျပင္းထန္ထန္ မကစား ေနခဲ့တာကို ေတြ႕ခဲ့ ရပါတယ္ ။ သူ႕ရဲ႕ ၾကံ့ခိုင္မႈ မျပည့္ဝျခင္း က အဓိက ျဖစ္ခဲ့ေပမယ့္ အတတ္ႏိုင္ဆံုး ေတာ့ ျပိဳင္ဖက္ အသင္း ရဲ႕ တန္ျပန္ တိုက္စစ္ ေတြကို ၾကိဳးစား တားဆီး ခဲ့ပါတယ္ ။

ေဂ်ာ္ဂ်င္ဟို ကေတာ့ တပြဲထက္ တပြဲ ပိုေကာင္းတဲ့ ကစားပံု ေတြ ၊ ေပးပို႕မႈ ေတြ ဆက္လက္ ျပဳလုပ္ ထားေနဆဲ ျဖစ္ပါတယ္ ။ လမ္းပတ္ လက္ေအာက္ မွာ သူ႕ရဲ႕ အေဝးေဘာ ေပးပို႕မႈ ေတြ အေတာ္ေလး တိုးတက္လာျပီး ယေန႕ မနက္ က ပြဲမွာလည္း အေဝးေဘာ ကေန တဆင့္ ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္ လမ္းေၾကာင္း ကို စတင္ ခဲ့တာ ကို ေတြ႕ခဲ့ရပါတယ္ ။ ဒါ့အျပင္ ပထမပိုင္း ျပီးခါနီးမွာ သူ႕ရဲ႕ ကန္ခ်က္ တိုင္ထိ ထြက္ခဲ့လို႕ နစ္နာ ခဲ့ရပါတယ္ ။

တိုက္စစ္ – ဝီလီယံ ( Rating – 7 ) ၊ ေအဘရာဟမ္ ( Rating – 8 ) ၊ ေမဆင္ေမာင့္ ( Rating – 6 )

အသင္း အတြက္ အႏိုင္ဂိုး သြင္းယူ ေပးခဲ့တဲ့ ဝီလီယံ ဟာ တပြဲလုံး ညံ့ဖ်င္းခဲ့သမွ် လွပတဲ့ ေျမေထာက္ ကန္ခ်က္ နဲ႕ အတူ ခ်ယ္လ္ဆီး အသင္း ကို ပထမဆံုး ခ်န္ပီယံလိဂ္ ႏိုင္ပြဲ ရေစခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ေဘာလံုးကိုင္ ကစားတာ အခ်ိန္ အရမ္း ၾကာလြန္းတာေၾကာင့္ လမ္းပတ္ ရဲ႕ ျမန္ႏႈန္းျမင့္ ကစားဟန္ ထဲမွာ အံဝင္ဖို႕ လိုအပ္ခ်က္ ရွိေနဆဲ ျဖစ္ပါတယ္ ။

လိုင္လီ နဲ႕ ပြဲက ေမဆင္ေမာင့္ ရဲ႕ ေျခစြမ္း ကေတာ့ သာမန္ လို႕ပဲ ေျပာရမွာပါ ။ ပံုမွန္ အတိုင္း တိုက္စစ္ အတြက္ ပံ့ပိုးမႈ တခ်ိဳ႕ ျပဳလုပ္ ခဲ့တယ္ ၊ ေအဘရာဟမ္ နဲ႕ ခ်ိတ္ဆက္ ကစားခဲ့ပါတယ္ ။ အေကာင္းဆံုး ၾကိဳးစားမႈ တခု က ဝီလီယံ ရဲ႕ ေပးပို႕မႈ ကို အဆံုးသတ္ ခဲ့ရာမွာ ျပိဳင္ဖက္ ဂိုးသမား မိုက္ဂနန္ ကာကြယ္ သြားႏိုင္ခဲ့တဲ့ တၾကိမ္ ပါပဲ ။

တမ္မီ ေအဘရာဟမ္ အတြက္ ကေတာ့ အသက္ ၂၂ ႏွစ္ျပည့္ ေမြးေန႕ မွာ အခုလို ပထမဆံုး ခ်န္ပီယံလိဂ္ သြင္းဂိုး ရရွိလိုက္လို႕ အေပ်ာ္ၾကီး ေပ်ာ္ေနမွာ ျဖစ္သလို ၊ တကယ့္ အမွတ္တရေကာင္း လည္း ျဖစ္ေစမွာပါ ။ အျမင့္ေဘာ ထိန္းသိမ္းပံု ပိုျပီး ေကာင္းမြန္ လာသလို ၊ ျပိဳင္ဖက္ ရဲ႕ ခံစစ္ ကိုလည္း အခ်ိန္ျပည့္ ဒုကၡ ေပးႏိုင္ခဲ့တဲ့ ေအဘရာဟမ္ ဟာ ယေန႕ မနက္ က ပြဲစဥ္ ရဲ႕ အေကာင္းဆံုး ကစားသမား ျဖစ္ပါတယ္ ။

လိုင္လီ အသင္းသား ေတြရဲ႕ စြမ္းေဆာင္ရည္မ်ား

ဂိုးသမား – မိုက္ဂနန္ ( Rating – 6 )
ေနာက္တန္း – ဆီလစ္ ၊ ဂါဘရီရယ္ ၊ မက္ဒါဗာ ( Rating – 6 ) ၊ ဖြန္တီ ( Rating – 7 )
ကြင္းလယ္ – အီကိုနီ ၊ အန္ဒေရ ( Rating – 7 ) ၊ ဆိုမာရီ ( Rating – 6 )
တိုက္စစ္ – ဘမ္ဘာ ၊ အရူဂ်ိဳ ၊ အိုဆင္ဟမ္ ( Rating – 7 )

SPORTS MYANMAR