Liverpool

Unicode

ယာဂန်ကလော့က သူ့ရဲ့ အသင်း အနေနဲ့ ရက်ဘူးဇဲလ်ဘု အသင်းနဲ့ ပွဲက ခံစစ် ကစားပုံမျိုးနဲ့သာ ဆိုရင် လာမည့် စနေနေ့မှာ လက်စတာစီးတီး ဂိုးသွင်းစက် ဂျေမီဗာဒီရဲဲ့ ချေမှုန်းမှုကို ခံရလိမ့်မယ်လို့ သတိပေး သွားခဲ့ပါတယ်။ လီဗာပူးဟာ မနေ့ညက စိတ်လှုပ်ရှား စရာ ကောင်းခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဇဲလ်ဘု အသင်းကို ၄-၃ နဲ့ အနိုင် ရရှိ ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးဟာ ၃ ဂိုးပြတ် နိုင်နေတာ ကနေ ချေပဂိုး ၃ ဂိုးစလုံးကို ပြန်ပေးခဲ့ရတာ ဖြစ်ပြီး ကလော့က ဒါကို ဆိုးရွားတဲ့ ခံစစ်ကစားပုံလို့ မှတ်ချက်ပေး လိုက်ပါတယ်။ မိုဆာလား ဟာ ၆၉ မိနစ်မှာ လီဗာပူး အတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တာ ဖြစ်ပေမယ့် ကလော့က သူ့ရဲ့ အသင်း အနေနဲ့ လာမည့် စနေနေ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ ဒီရာသီ ပုံစံကောင်း ရနေတဲ့ ဂျေမီဗာဒီ နဲ့ လက်စတာ တို့ကို ဒီလို ခံစစ် ကစားပုံမျိုး ပြသ သွားလို့ မရဘူးလို့ သတိပေး လိုက်ပါတယ်။

လီဗာပူး နည်းပြဟောင်း ရော်ဂျာဟာ လက်စတာကို ဒီရာသီ အမှတ်ပေးဇယား ရဲ့ အဆင့် ၃ နေရာကို ပို့ဆောင် ပေးထားခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့် အတွက် ပရီးမီးယားလိဂ် ရဲ့ big 6 ကို ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ် နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗာဒီ ကလည်း ဒီရာသီ အသင်း အတွက် ငါးဂိုး သွင်းကာ ခြေစွမ်းပြ ကစားနေပြီး ယာဂန်ကလော့က ဇဲလ်ဘု နဲ့ ပွဲကလို ပုံစံမျိုးတွေ မှားယွင်းခဲ့မယ် ဆိုရင် ဗာဒီ တစ်ဦးတည်း ငါးဂိုးလောက် သွင်းသွားမှာ ဖြစ်တယ်လို့ သူ့အသင်းကို သတိပေး သွားခဲ့ပါတယ်။

လီဗာပူးဟာ ပွဲချိန် ၃၆ မိနစ် အတွင်းမှာတင် အကောင်းဆုံး တိုက်စစ် ကစားပုံနဲ့ ဇဲလ်ဘုကို ၃-၀ နဲ့ အနိုင် ရထား ခဲ့ပေမယ့် ဧည့်သည့်အသင်းဟာ ပွဲချိန် ၁ နာရီ အတွင်းမှာပဲ ဂိုးအားလုံးကို ပြန်လည် ချေပခဲ့တာ ဖြစ်ပါတယ်။

ကလော့ က “ကျွန်တော် ဒါကို ဘယ်လို ရှင်းပြ ရမှာလဲ? ကျွန်တော်တို့ဟာ ပထမပိုင်း မိနစ် ၃၀ လောက်မှာ အရမ်းကို ကောင်းမွန်လှတဲ့ ကစားပုံကို ပြသ ခဲ့တာတော့ သိသာ ထင်ရှားပါတယ်။ ကျွန်တော်တို့ဟာ သူတို့ မနှစ်သက်တာ အားလုံးလုပ်ခဲ့ပြီး မြန်နှုန်းမြင့် ကစားပုံ ၊ သွင်းဂိုး ၃ ဂိုး သွင်းယူ ခဲ့ပြီး ၊ ဒီထက်တောင် ဂိုးရသင့် ခဲ့ပါတယ်။ သူတို့ နည်းစနစ် အပြောင်းအလဲ လုပ်ခဲ့ပြီး ဒါဟာ ကျွန်တော်တို့ အတွက် ပြသနာ မဟုတ်ခဲ့ ပေမယ့် ဒါကို အလုပ်ဖြစ်အောင် ခွင့်ပြု ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ပွဲချည်းကပ်ပုံကို အကြောင်းရင်း တစ်ချို့ကြောင့် ပြောင်းလဲ ခဲ့ပါတယ်။ တစ်ချို့ဟာ ပွဲကို ထိန်းချုပ်ချင် နေပြီး တစ်ချို့ဟာ တိုက်စစ်ဆင် ကစားချင်ကြပါတယ်။ အခြား နေရာတွေကလည်း ဟိုလုပ်ရမလို ဒီလုပ်ရမလို ဖြစ်နေခဲ့ပါတယ်။

အဓိက ပြသနာကတော့ ကျွန်တော်တို့ ကွင်းလယ်ပိုင်းမှာ အခြေအနေ အားလုံးကို အပြီးသတ်ဖို့ ကြိုးစားခဲ့လို့ပါ။ သူတို့ဟာ ခံစစ် ဧရိယာမှာ ကွင်းလယ်လူ တစ်ဦးလျော့ချ ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ စွန့်စားလိုက်တာ ဖြစ်ပြီး နံပါတ် ၁၀ကို ကျွန်တော်တို့ ကွင်းလယ်စည်း နောက်မှာ ထားကစား ခဲ့ပါတယ်။ သူတို့ရဲ့ ကွင်းလယ်မှာ တစ်ယောက်လျော့ နေပေမယ့် ကျွန်တော်တို့ဟာ အလယ်ကနေပဲ ထိုးဖောက်ဖို့ ကြိုးစား နေတုန်းပါ။ ကျွန်တော်တို့ အဲဒီမှာ ဘောလုံးတွေ ဆုံးရှုံးခဲ့ပါတယ်။ သူတို့ဟာ နံပါတ် ၁၀ ကို ဘောလုံး ထိုးပေးလိုက်ပြီး သူဟာ ဖာဘင်ညို ရဲ့ နောက်မှာ ဘောလုံးကို ကိုင်ကစား နိုင်ခဲ့ကာ တန်ပြန် တိုက်စစ်ဆင် ခဲ့ပါတယ်။ ဒါဟာ ပွဲရဲ့ အဟုန်ကို အပြောင်းအလဲ ဖြစ်စေ ခဲ့ပါတယ်။

ဇဲလ်ဘု ရဲ့ သမိုင်းကြောင်း အရ သူတို့ဟာ အလွယ်အတူ အားမလျော့တက် ပါဘူး။ အန်ဖီးမှာ ၃-၀ နဲ့ ရှံုးနေပြီ ဆိုရင် လက်လျော့သွားတက်တဲ့ အသင်းတွေ ရှိခဲ့ပေမယ့် သူတို့ မပါပါဘူး။ ကျွန်တော်တို့ တံခါးဖွင့်ပေး ခဲ့ပြီး သူတို့ဟာ ဒီကနေ ဖြတ်ကျော် ၀င်ရောက် ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပေးလိုက်ရတဲ့ ဂိုး ၃ ဂိုး စလုံးမှာ ဘောလုံးတွေ လွယ်လွယ် ဆုံးရှံုး ခဲ့ပါတယ်။ ကိုယ့်ဘက်က ၃-၁ နဲ့ နိုင်နေရဲ့သားနဲ့ တန်ပြန်တိုက်စစ် ဆင်ခံရတယ် ဆိုတာ အဓိပ္ပာယ်တော့ မရှိပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် အရမ်းကို ကြီးကြယ်တဲ့ သင်ခန်းစာ ဖြစ်ပြီး ၄-၃ နဲ့ ရှံုးခဲ့မယ် ဆိုရင်လည်း မပြောင်းလဲပါဘူး။ အခု ကျွန်တော်တို့ နိုင်ခဲ့တဲ့ အတွက် အိုကေပါတယ်။ အများကြီး သင်ယူရအုံးမှာပါ။

ကျွန်တော်တို့ အများကြီး တိုးတက်ဖို့ လိုအပ်ဆိုတာ သိထားပါတယ်။ အခု ဆို၇င် အားလုံး သိသွားပြီ ထင်ပါတယ်။ ဒါဟာ အိုကေပါတယ်။ ကျွန်တော်တို့ လိုတာထက် ပိုပြီး အားထုတ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် ရလဒ်ကောင်းကိုတော့ ရယူ နိုင်ခဲ့ပါတယ်။ အုပ်စုမှာ ၃ မှတ် ရခဲ့တာကြောင့် ခရီးဆက်လို့ ရသွားပါပြီ။ အခုဆိုရင် ပြန်လည် အားယူပြီး လက်စတာ နဲ့ ရင်ဆိုင် သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့ က “လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက်နဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ အသင်းရဲ့ စရိုက်လက္ခဏာ တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အရာတွေ အများကြီး လုပ်ခဲ့တာကြောင့် ဒီလို မဟုတ်ဘူးပြောရင် ရူးမိုက်ရာ ကျပါလိမ့်မယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ ကိုယ့်ကိုကို်ယ် ယုံကြည်မှု ဆုံးရှံုး ခဲ့မယ် ဆိုရင် ပွဲတွေမှာ ပိုမို ခက်ခဲ သွားပါလိမ့်မယ်။ ဒီည အတွက်တော့ အလုပ်ပြီးမြောက် ခဲ့ပါပြီ။

ဒါပေမယ့် စနေနေ့မှာလည်း ဒီလိုမျိုး အလုပ် ရှိပါတယ်။ ကျွန်တော်တို့မှာ recover လုပ်ဖို့ အချိန် ၃ ရက်ပဲ ရပါတယ်။ ခရစ်ရှန်ဖူ့ချ်ဟာ ဒီပွဲကို သတင်းတင်ဆက်သူ အနေနဲ့ လာကြည့်ခဲ့ပါတယ်။ အခြား လက်စတာ ကစားသမားတွေလည်း ဆိုဖာမှာ ထိုင်ပြီး ဒီပွဲကို ကြည့်ခဲ့ ကြမှာပါ။ ဒါ့ကြောင့် ဒါဟာ လာမည့် ပွဲအတွက် ပြင်ဆင်ရာမှာ အနည်းငယ် ခက်ခဲမှု ရှိပါတယ်။ သေချာတာကတော့ ကျွန်တော်တို့သာ ဒီညကလို ခံစစ် ကစားပုံမျိုး ပြသခဲ့မယ် ဆိုရင် ဂျေဗီဗာဒီ တစ်ဦးတည်း ငါးဂိုးလောက် သွင်းနိုင် လိမ့်မယ်လို့ ဘရန်ဒန်ရော်ဂျာ တွေးနေ ပါလိမ့်မယ်။” လို့ ဆိုလိုက်ပါတယ်။

SM

Zawgyi

ဇဲလ္ဘုနဲ႕ ပြဲမွာ လီဗာပူးတို႕ ဘာေတြ မွားယြင္းခဲ့သလဲဆိုတာ ရွင္းျပလိုက္ျပီး ဒီလို ခံစစ္ကစားပံုမ်ိဳးနဲ႕သာ ဆုိရင္ ေဂ်မီဗာဒီ တစ္ဦးတည္း ၅ ဂုိးသြင္းသြားလိမ့္မယ္လို႕ ဆုိလိုက္တဲ့ ယာဂန္ကေလာ့

ယာဂန္ကေလာ့က သူ႕ရဲ႕ အသင္း အေနနဲ႕ ရက္ဘူးဇဲလ္ဘု အသင္းနဲ႕ ပြဲက ခံစစ္ ကစားပံုမ်ိဳးနဲ႕သာ ဆုိရင္ လာမည့္ စေနေန႕မွာ လက္စတာစီးတီး ဂိုးသြင္းစက္ ေဂ်မီဗာဒီရဲဲ႕ ေခ်မွဳန္းမွဳကို ခံရလိမ့္မယ္လို႕ သတိေပး သြားခဲ့ပါတယ္။ လီဗာပူးဟာ မေန႕ညက စိတ္လွဳပ္ရွား စရာ ေကာင္းခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ဇဲလ္ဘု အသင္းကို ၄-၃ နဲ႕ အႏုိင္ ရရွိ ခဲ့ပါတယ္။

ဒါေပမယ့္ လီဗာပူးဟာ ၃ ဂုိးျပတ္ ႏုိင္ေနတာ ကေန ေခ်ပဂိုး ၃ ဂိုးစလံုးကို ျပန္ေပးခဲ့ရတာ ျဖစ္ျပီး ကေလာ့က ဒါကုိ ဆုိးရြားတဲ့ ခံစစ္ကစားပံုလို႕ မွတ္ခ်က္ေပး လိုက္ပါတယ္။ မိုဆာလား ဟာ ၆၉ မိနစ္မွာ လီဗာပူး အတြက္ အႏုိင္ဂုိးကုိ သြင္းယူ ေပးခဲ့တာ ျဖစ္ေပမယ့္ ကေလာ့က သူ႕ရဲ႕ အသင္း အေနနဲ႕ လာမည့္ စေနေန႕ ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲစဥ္မွာ ဒီရာသီ ပံုစံေကာင္း ရေနတဲ့ ေဂ်မီဗာဒီ နဲ႕ လက္စတာ တုိ႕ကို ဒီလို ခံစစ္ ကစားပံုမ်ိဳး ျပသ သြားလို႕ မရဘူးလို႕ သတိေပး လိုက္ပါတယ္။

လီဗာပူး နည္းျပေဟာင္း ေရာ္ဂ်ာဟာ လက္စတာကို ဒီရာသီ အမွတ္ေပးဇယား ရဲ႕ အဆင့္ ၃ ေနရာကို ပို႕ေဆာင္ ေပးထားခဲ့ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ပရီးမီးယားလိဂ္ ရဲ႕ big 6 ကို ယွဥ္ျပိဳင္ႏုိင္ဖို႕ ရည္ရြယ္ ေနတဲ့ အသင္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဗာဒီ ကလည္း ဒီရာသီ အသင္း အတြက္ ငါးဂိုး သြင္းကာ ေျခစြမ္းျပ ကစားေနျပီး ယာဂန္ကေလာ့က ဇဲလ္ဘု နဲ႕ ပြဲကလို ပံုစံမ်ိဳးေတြ မွားယြင္းခဲ့မယ္ ဆုိရင္ ဗာဒီ တစ္ဦးတည္း ငါးဂိုးေလာက္ သြင္းသြားမွာ ျဖစ္တယ္လို႕ သူ႕အသင္းကို သတိေပး သြားခဲ့ပါတယ္။

လီဗာပူးဟာ ပြဲခ်ိန္ ၃၆ မိနစ္ အတြင္းမွာတင္ အေကာင္းဆံုး တုိက္စစ္ ကစားပံုနဲ႕ ဇဲလ္ဘုကို ၃-၀ နဲ႕ အႏုိင္ ရထား ခဲ့ေပမယ့္ ဧည့္သည့္အသင္းဟာ ပြဲခ်ိန္ ၁ နာရီ အတြင္းမွာပဲ ဂိုးအားလံုးကို ျပန္လည္ ေခ်ပခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ က “ကၽြန္ေတာ္ ဒါကို ဘယ္လို ရွင္းျပ ရမွာလဲ? ကၽြန္ေတာ္တုိ႕ဟာ ပထမပိုင္း မိနစ္ ၃၀ ေလာက္မွာ အရမ္းကို ေကာင္းမြန္လွတဲ့ ကစားပံုကို ျပသ ခဲ့တာေတာ့ သိသာ ထင္ရွားပါတယ္။ ကၽြန္ေတာ္တုိ႕ဟာ သူတုိ႕ မႏွစ္သက္တာ အားလံုးလုပ္ခဲ့ျပီး ျမန္ႏွဳန္းျမင့္ ကစားပံု ၊ သြင္းဂိုး ၃ ဂုိး သြင္းယူ ခဲ့ျပီး ၊ ဒီထက္ေတာင္ ဂုိးရသင့္ ခဲ့ပါတယ္။ သူတုိ႕ နည္းစနစ္ အေျပာင္းအလဲ လုပ္ခဲ့ျပီး ဒါဟာ ကၽြန္ေတာ္တုိ႕ အတြက္ ျပသနာ မဟုတ္ခဲ့ ေပမယ့္ ဒါကို အလုပ္ျဖစ္ေအာင္ ခြင့္ျပဳ ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ကလည္း ပြဲခ်ည္းကပ္ပံုကို အေၾကာင္းရင္း တစ္ခ်ိဳ႕ေၾကာင့္ ေျပာင္းလဲ ခဲ့ပါတယ္။ တစ္ခ်ိဳ႕ဟာ ပြဲကို ထိန္းခ်ဳပ္ခ်င္ ေနျပီး တစ္ခ်ိဳ႕ဟာ တုိက္စစ္ဆင္ ကစားခ်င္ၾကပါတယ္။ အျခား ေနရာေတြကလည္း ဟုိလုပ္ရမလို ဒီလုပ္ရမလို ျဖစ္ေနခ့ဲပါတယ္။

အဓိက ျပသနာကေတာ့ ကၽြန္ေတာ္တုိ႕ ကြင္းလယ္ပိုင္းမွာ အေျခအေန အားလံုးကို အျပီးသတ္ဖို႕ ၾကိဳးစားခ့ဲလို႕ပါ။ သူတုိ႕ဟာ ခံစစ္ ဧရိယာမွာ ကြင္းလယ္လူ တစ္ဦးေလ်ာ့ခ် ခဲ့ပါတယ္။ ဘာလို႕လဲ ဆုိေတာ့ သူတုိ႕ဟာ စြန္႕စားလိုက္တာ ျဖစ္ျပီး နံပါတ္ ၁၀ကို ကၽြန္ေတာ္တုိ႕ ကြင္းလယ္စည္း ေနာက္မွာ ထားကစား ခဲ့ပါတယ္။ သူတုိ႕ရဲ႕ ကြင္းလယ္မွာ တစ္ေယာက္ေလ်ာ့ ေနေပမယ့္ ကၽြန္ေတာ္တုိ႕ဟာ အလယ္ကေနပဲ ထိုးေဖာက္ဖို႕ ၾကိဳးစား ေနတုန္းပါ။ ကၽြန္ေတာ္တုိ႕ အဲဒီမွာ ေဘာလံုးေတြ ဆံုးရွံဳးခဲ့ပါတယ္။ သူတုိ႕ဟာ နံပါတ္ ၁၀ ကို ေဘာလံုး ထိုးေပးလုိက္ျပီး သူဟာ ဖာဘင္ညိဳ ရဲ႕ ေနာက္မွာ ေဘာလံုးကို ကိုင္ကစား ႏုိင္ခဲ့ကာ တန္ျပန္ တုိက္စစ္ဆင္ ခဲ့ပါတယ္။ ဒါဟာ ပြဲရဲ႕ အဟုန္ကို အေျပာင္းအလဲ ျဖစ္ေစ ခဲ့ပါတယ္။

ဇဲလ္ဘု ရဲ႕ သမိုင္းေၾကာင္း အရ သူတုိ႕ဟာ အလြယ္အတူ အားမေလ်ာ့တက္ ပါဘူး။ အန္ဖီးမွာ ၃-၀ နဲ႕ ရွံဳးေနျပီ ဆုိရင္ လက္ေလ်ာ့သြားတက္တဲ့ အသင္းေတြ ရွိခဲ့ေပမယ့္ သူတုိ႕ မပါပါဘူး။ ကၽြန္ေတာ္တုိ႕ တံခါးဖြင့္ေပး ခဲ့ျပီး သူတုိ႕ဟာ ဒီကေန ျဖတ္ေက်ာ္ ၀င္ေရာက္ ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႕ဟာ ေပးလိုက္ရတဲ့ ဂုိး ၃ ဂိုး စလံုးမွာ ေဘာလံုးေတြ လြယ္လြယ္ ဆံုးရွံဳး ခဲ့ပါတယ္။ ကိုယ့္ဘက္က ၃-၁ နဲ႕ ႏုိင္ေနရဲ႕သားနဲ႕ တန္ျပန္တုိက္စစ္ ဆင္ခံရတယ္ ဆုိတာ အဓိပၸာယ္ေတာ့ မရွိပါဘူး။ ဒါေပမယ့္ ဒီလိုျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႕ အတြက္ အရမ္းကို ၾကီးၾကယ္တဲ့ သင္ခန္းစာ ျဖစ္ျပီး ၄-၃ နဲ႕ ရွံဳးခဲ့မယ္ ဆုိရင္လည္း မေျပာင္းလဲပါဘူး။ အခု ကၽြန္ေတာ္တုိ႕ ႏုိင္ခဲ့တဲ့ အတြက္ အုိေကပါတယ္။ အမ်ားၾကီး သင္ယူရအံုးမွာပါ။

ကၽြန္ေတာ္တုိ႕ အမ်ားၾကီး တုိးတက္ဖို႕ လိုအပ္ဆိုတာ သိထားပါတယ္။ အခု ဆုိ၇င္ အားလံုး သိသြားျပီ ထင္ပါတယ္။ ဒါဟာ အုိေကပါတယ္။ ကၽြန္ေတာ္တုိ႕ လိုတာထက္ ပိုျပီး အားထုတ္ခဲ့ၾက ပါတယ္။ ဒါေပမယ့္ ရလဒ္ေကာင္းကိုေတာ့ ရယူ ႏုိင္ခဲ့ပါတယ္။ အုပ္စုမွာ ၃ မွတ္ ရခဲ့တာေၾကာင့္ ခရီးဆက္လို႕ ရသြားပါျပီ။ အခုဆုိရင္ ျပန္လည္ အားယူျပီး လက္စတာ နဲ႕ ရင္ဆုိင္ သြားမွာပါ။” လို႕ ဆုိလိုက္ပါတယ္။

ဆက္လက္ျပီး ကေလာ့ က “လြန္ခဲ့တဲ့ ၂ ႏွစ္ ၃ ႏွစ္ ေလာက္နဲ႕ ယွဥ္လိုက္မယ္ ဆုိရင္ေတာ့ အသင္းရဲ႕ စရိုက္လကၡဏာ တုိးတက္လာခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႕ ေကာင္းမြန္တဲ့ အရာေတြ အမ်ားၾကီး လုပ္ခဲ့တာေၾကာင့္ ဒီလို မဟုတ္ဘူးေျပာရင္ ရူးမုိက္ရာ က်ပါလိမ့္မယ္။ ဒါေပမယ့္ အခု ကၽြန္ေတာ္တုိ႕ ကိုယ့္ကိုကို္ယ္ ယံုၾကည္မွဳ ဆံုးရွံဳး ခဲ့မယ္ ဆုိရင္ ပြဲေတြမွာ ပိုမို ခက္ခဲ သြားပါလိမ့္မယ္။ ဒီည အတြက္ေတာ့ အလုပ္ျပီးေျမာက္ ခဲ့ပါျပီ။

ဒါေပမယ့္ စေနေန႕မွာလည္း ဒီလိုမ်ိဳး အလုပ္ ရွိပါတယ္။ ကၽြန္ေတာ္တုိ႕မွာ recover လုပ္ဖို႕ အခ်ိန္ ၃ ရက္ပဲ ရပါတယ္။ ခရစ္ရွန္ဖူ႕ခ်္ဟာ ဒီပြဲကို သတင္းတင္ဆက္သူ အေနနဲ႕ လာၾကည့္ခဲ့ပါတယ္။ အျခား လက္စတာ ကစားသမားေတြလည္း ဆုိဖာမွာ ထိုင္ျပီး ဒီပြဲကို ၾကည့္ခဲ့ ၾကမွာပါ။ ဒါ့ေၾကာင့္ ဒါဟာ လာမည့္ ပဲြအတြက္ ျပင္ဆင္ရာမွာ အနည္းငယ္ ခက္ခဲမွဳ ရွိပါတယ္။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္တုိ႕သာ ဒီညကလို ခံစစ္ ကစားပံုမ်ိဳး ျပသခဲ့မယ္ ဆုိရင္ ေဂ်ဗီဗာဒီ တစ္ဦးတည္း ငါးဂိုးေလာက္ သြင္းႏုိင္ လိမ့္မယ္လို႕ ဘရန္ဒန္ေရာ္ဂ်ာ ေတြးေန ပါလိမ့္မယ္။” လို႕ ဆုိလိုက္ပါတယ္။

SM