Ter stegen

Unicode

နူးကမ့်မှာ ကစားသွားခဲ့တဲ့ချန်ပီယံလိဂ် အုပ်စုပွဲစဉ် မှာ ဘာစီလိုနာ အသင်းက အင်တာမီလန် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ ဧည့်သည် အင်တာမီလန် အသင်းက မာတီနက်ဇ်ရဲ့ ဂိုးနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့လို့ ဘာစီလိုနာတို့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ ဘာစီလိုနာအသင်း ချေပဂိုး ကော အနိုင်ဂိုးပါရရှိခဲ့တာဖြစ်ပါတယ်။ဂိုးတွေကို ပွဲချိန် ၅၈မိနစ်နဲ့ ပွဲချိန် ၈၄ မိနစ်မှာဆွာရက်ဇ်တဦးတည်းကသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မက်ဆီကတော့ ဒဏ်ရာကနေ ပြန်သက်သာအပြီး အခုပွဲမှာပါဝင် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒီအာဂျင်တီးနား သားကြီးဟာ အခုရာသီ အစကတည်းက ဒဏ်ရာပြသနာရှိနေလို့ ဘာစီလိုနာအသင်းရဲ့ ပွဲအများစုကို လွဲချော်နေခဲ့ရတာဖြစ်ပါတယ်။သူမပါဝင်နိုင်တဲ့ ပွဲအများစုမှာလည်း ဘာစီလိုနာ အသင်းရလဒ်တွေ သိပ်မကောင်းခဲ့တာ ဖြစ်ပါတယ်။

အခုပွဲမတိုင်မီ ကစားထားခဲ့တဲ့ ဂီတာဖေး အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ထားခဲ့တဲ့ မက်ဆီတယောက် အသင်းနဲ့အတူပြန်လည်ပါဝင် နိုင်ခဲ့တာကို ဂိုးသမားဖြစ်သူ တာစတီဂျန်က ဝမ်းမြောက်နေပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး တာစတီဂျန်က –

” ကျွန်တော်တို့အသင်း ဒီနေ့ ပွဲမှာ အရမ်းကောင်းတဲ့ သွင်းဂိုး ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ကျွန်တော်တို့အသင်းအမှားအယွင်း အချို့လည်း လုပ်မိခဲ့ပေမယ့် ဂိုးတွေပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။သူတို့( အင်တာ ) အသင်းဟာ အရည်အသွေးကြွယ်ဝတဲ့ အသင်းဖြစ်ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ကျွန်တော်တို့အသင်း ဒုက္ခရောက် ခဲ့ရတာတွေ အများကြီး ရှိခဲ့တယ်ဆိုပေမယ့် ဒါဟာ ဘောလုံးပွဲတပွဲရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။အင်တာအသင်းဟာဘောလုံးကို ဘယ်လိုကစားရမယ်ဆိုတာသိနားလည်ကြပြီး အတော်လေးကောင်းကောင်းကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ကွင်းအတွင်းကို မက်ဆီ ပြန်ရောက်ရှိနေတဲ့ အချိန်တိုင်းမှာ သူက ကျွန်တော်တို့ကို အမြဲတမ်းပျော်ရွှင်အောင်လုပ်ပေးပါတယ်။ဖြတ်တင်ဘောတွေ၊ ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေကိုသူက အကောင်းဆုံး ကြိုစားပြီး စွမ်းဆောင်ပေးပါတယ်။

သူ ပွဲချိန်ပြည့်ကစားသွားခဲ့ လို့လည်းကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။အရင်ပွဲတွေမှာ ဆိုရင်ဒဏ်ရာပြသနာရှိနေလို့ ဒါမျိုးမလုပ်ဆောင်နိုင်ခဲ့ပါဘူး။သူဒဏ်ရာထပ်မတွေ့ရဖို့တော့ကျွန်တော်တို့မျှော်လင့်ပါတယ်။ကွင်းထဲမှာသူပါဝင်နေတဲ့ပွဲကိုကစားရတာအမြဲတမ်းလွယ်ကူပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းကို ဝေဖန်ပြစ်တင်နေကြတဲ့ သူတွေကို ဆွာရက်ဇ်ရဲ့သွင်းဂိုးတွေက ပါးစပ်ပိတ်ပေးလိုက်သလိုဖြစ်သွားခဲ့တယ်လို့ လည်း တာစတီဂျန်က ယုံကြည်နေပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး တာစတီဂျန်က –

” ဆွာရက်ဇ်က လူတော်တော်များများရဲ့ ပါးစပ်တွေကို ပိတ်ပစ်လိုက်ခဲ့တာဖြစ်ပါတယ်။သူဟာပွဲအပေါ်ကိုအမြဲအာရုံစိုက်ပြီးအကောင်းဆုံးကိုလုပ်ဆောင်ပေးပါတယ်။အမြဲတမ်းလည်းတိုက်ပွဲဝင်နေတတ်သူဖြစ်ပါတယ်။ကျွန်တော်တို့ဟာကိုယ့် အသင်းရဲ့ တိုက်စစ် မှာ ဘယ်လို ကစားသမားမျိုးရှိထားတယ်ဆိုတာကို သိနားလည်ကြပါတယ်။သူဟာ အဲ့ဒီနေရာကို ဂိုးတွေသွင်းယူပေးဖို့ အတွက် အမြဲတမ်းရောက် ရှိနေတာ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM

Zawgyi

မက္ဆီနဲ႔အတူ ကစားရတဲ႔ပြဲတိိုင္းကအျမဲတမ္းလြယ္ကူပါတယ္လို႔ ဆိုလိုက္တဲ႔ #တာစတီဂ်န္
=================================

ႏူးကမ့္မွာ ကစားသြားခဲ႔တဲ႔ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ မွာ ဘာစီလိုနာ အသင္းက အင္တာမီလန္ အသင္းကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ဒီပြဲမွာ ဧည့္သည္ အင္တာမီလန္ အသင္းက မာတီနက္ဇ္ရဲ႕ ဂိုးနဲ႔ ပထမပိုင္းကို ဦးေဆာင္ခဲ႔လို႔ ဘာစီလိုနာတို႔ ေနာက္ကေန လိုက္ကစားခဲ႕ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း မွာေတာ့ ဘာစီလိုနာအသင္း ေခ်ပဂိုး ေကာ အႏိုင္ဂိုးပါရရွိခဲ႔တာျဖစ္ပါတယ္။ဂိုးေတြကို ပြဲခ်ိန္ ၅၈မိနစ္နဲ႔ ပြဲခ်ိန္ ၈၄ မိနစ္မွာဆြာရက္ဇ္တဦးတည္းကသြင္းယူေပးသြားခဲ႔တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမား မက္ဆီကေတာ့ ဒဏ္ရာကေန ျပန္သက္သာအျပီး အခုပြဲမွာပါဝင္ ေျခစြမ္းျပသႏိုင္ခဲ႔ပါတယ္။

ဒီအာဂ်င္တီးနား သားျကီးဟာ အခုရာသီ အစကတည္းက ဒဏ္ရာျပသနာရွိေနလို႕ ဘာစီလိုနာအသင္းရဲ႕ ပြဲအမ်ားစုကို လြဲေခ်ာ္ေနခဲ႔ရတာျဖစ္ပါတယ္။သူမပါဝင္ႏိုင္တဲ႕ ပြဲအမ်ားစုမွာလည္း ဘာစီလိုနာ အသင္းရလဒ္ေတြ သိပ္မေကာင္းခဲ႔တာ ျဖစ္ပါတယ္။

အခုပြဲမတိုင္မီ ကစားထားခဲ႔တဲ႔ ဂီတာေဖး အသင္းနဲ႕ ပြဲစဥ္ကို လြဲေခ်ာ္ထားခဲ႔တဲ႔ မက္ဆီတေယာက္ အသင္းနဲ႕အတူျပန္လည္ပါဝင္ ႏိုင္ခဲ႔တာကို ဂိုးသမားျဖစ္သူ တာစတီဂ်န္က ဝမ္းေျမာက္ေနပါတယ္။ဒီအေျကာင္းနဲ႔ပတ္သက္ျပီး တာစတီဂ်န္က –

” က်ြန္ေတာ္တို႔အသင္း ဒီေန႔ ပြဲမွာ အရမ္းေကာင္းတဲ႔ သြင္းဂိုး ၂ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။က်ြန္ေတာ္တို႔အသင္းအမွားအယြင္း အခ်ိဳ႕လည္း လုပ္မိခဲ႔ေပမယ့္ ဂိုးေတြျပန္သြင္းႏိုင္ခဲ႔တာျဖစ္ပါတယ္။သူတို႔( အင္တာ ) အသင္းဟာ အရည္အေသြးျကြယ္ဝတဲ႕ အသင္းျဖစ္ျပီး ပြဲကိုဦးေဆာင္ႏိုင္ခဲ႕ပါတယ္။

ဒီပြဲမွာ က်ြန္ေတာ္တို႔အသင္း ဒုကၡေရာက္ ခဲ႔ရတာေတြ အမ်ားျကီး ရွိခဲ႔တယ္ဆိုေပမယ့္ ဒါဟာ ေဘာလံုးပြဲတပြဲရဲ႕ အစိတ္အပိုင္းေတြျဖစ္ပါတယ္။အင္တာအသင္းဟာေဘာလံုးကို ဘယ္လိုကစားရမယ္ဆိုတာသိနားလည္ျကျပီး အေတာ္ေလးေကာင္းေကာင္းကို လုပ္ေဆာင္ႏိုင္ခဲ႔ျကပါတယ္။

ကြင္းအတြင္းကို မက္ဆီ ျပန္ေရာက္ရွိေနတဲ႔ အခ်ိန္တိုင္းမွာ သူက က်ြန္ေတာ္တို႔ကို အျမဲတမ္းေပ်ာ္ရႊင္ေအာင္လုပ္ေပးပါတယ္။ျဖတ္တင္ေဘာေတြ၊ ဂိုးဖန္တီးမွဳေတြ၊ သြင္းဂိုးေတြကိုသူက အေကာင္းဆံုး ျကိုစားျပီး စြမ္းေဆာင္ေပးပါတယ္။

သူ ပြဲခ်ိန္ျပည့္ကစားသြားခဲ႔ လို႔လည္းက်ြန္ေတာ္တို႔ ေပ်ာ္ရႊင္မိပါတယ္။အရင္ပြဲေတြမွာ ဆုိရင္ဒဏ္ရာျပသနာရွိေနလို႕ ဒါမ်ိဳးမလုပ္ေဆာင္ႏိုင္ခဲ႔ပါဘူး။သူဒဏ္ရာထပ္မေတြ႔ရဖို႕ေတာ့က်ြန္ေတာ္တို႔ေမ်ွာ္လင့္ပါတယ္။ကြင္းထဲမွာသူပါဝင္ေနတဲ႕ပြဲကိုကစားရတာအျမဲတမ္းလြယ္ကူပါတယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

ဘာစီလိုနာ အသင္းကို ေဝဖန္ျပစ္တင္ေနျကတဲ႔ သူေတြကို ဆြာရက္ဇ္ရဲ႕သြင္းဂိုးေတြက ပါးစပ္ပိတ္ေပးလိုက္သလိုျဖစ္သြားခဲ႔တယ္လို႕ လည္း တာစတီဂ်န္က ယံုျကည္ေနပါတယ္။ဒီအေျကာင္းနဲ႔ပတ္သက္ျပီး တာစတီဂ်န္က –

” ဆြာရက္ဇ္က လူေတာ္ေတာ္မ်ားမ်ားရဲ႕ ပါးစပ္ေတြကို ပိတ္ပစ္လိုက္ခဲ႔တာျဖစ္ပါတယ္။သူဟာပြဲအေပၚကိုအျမဲအာရံုစုိက္ျပီးအေကာင္းဆံုးကိုလုပ္ေဆာင္ေပးပါတယ္။အျမဲတမ္းလည္းတိုက္ပြဲဝင္ေနတတ္သူျဖစ္ပါတယ္။က်ြန္ေတာ္တို႔ဟာကုိယ့္ အသင္းရဲ႕ တိုက္စစ္ မွာ ဘယ္လို ကစားသမားမ်ိဳးရွိထားတယ္ဆိုတာကို သိနားလည္ျကပါတယ္။သူဟာ အဲ႔ဒီေနရာကို ဂိုးေတြသြင္းယူေပးဖို႔ အတြက္ အျမဲတမ္းေရာက္ ရွိေနတာ ျဖစ္ပါတယ္ ” လို႕ေျပာခဲ႔ပါတယ္။

SM